သားသမီးတို့ ငယ်ငယ်လေးကတည်းက ရှူရှူးအိုးနဲ့သွားတတ်တဲ့ အကျင့်ကို သေချာထိန်းကျောင်းပေးထားပေမယ့်လည်း အိပ်ရာထဲအပေါ့သွားတတ်တာက အသက် ၄ နှစ်နှင့် ၇ နှစ်ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ခန့်မှန်းခြေအားဖြင့် ထိုအသက်ပိုင်းကြားရှိ ၁၅ ရာခိုင်နှုန်းသောကလေးတွေဟာ တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်လောက် အိပ်ရာထဲအပေါ့သွားကြပါတယ်။ ဒါကြောင့် သင့်ကလေးဆီမှာလည်း ဒီလိုဖြစ်ခဲ့မယ်ဆိုရင် ဒါဟာပုံမှန်ပဲဆိုတာကို သတိရပါ။ ပြီးတော့ အသက်ကြီးတဲ့အထိ ဒီလိုအကျင့်မပါသွားစေဖို့အတွက် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုလည်း လေ့လာလိုက်ပါ။

၁။ အိပ်ရာမဝင်ခင် သောက်တဲ့ရေပမာဏကိုလျှော့ပါ။

မနက်နဲ့နေ့လည်ခင်းအချိန်တွေမှာ ရေများများသောက်ခိုင်းပြီးတော့ ညနေစောင်းလာတာနဲ့အမျှ ရေတိုက်နှုန်းကိုလည်း တဖြည်းဖြည်းလျှော့ချလိုက်ပါ။ ဒါ့အပြင် ညအိပ်ရာမဝင်ခင် အိမ်သာသွားတတ်တဲ့အကျင့်ကောင်းလေးကိုလည်း လုပ်ပေးလိုက်ပါ။
၂။ ဆီးလွယ်စေမယ့် အစားအစာတစ်ချို့ကိုရှောင်ပါ။

အချဥ်ဓာတ်နဲ့ အရည်ဓာတ်များတဲ့ လီမွန်၊ လိမ္မော်သီး၊ နာနတ်သီး၊ ပန်းသီးတို့လို အသီးအနှံများကို ကျွေးမွေးခြင်းက ကလေးတွေကို ဆီးမထိန်းနိုင်ဖြစ်စေကာ အိပ်ရာထဲမှာ သွားမိစေနိုင်ပါတယ်။ နို့ သို့မဟုတ် ဒိန်ချဥ်တို့လို အစားအစာတွေကို ကျွေးခြင်းကလည်း ကလေးကိုပိုပြီးအိပ်ချင်စိတ်ဖြစ်စေတာကြောင့် ညဖက်အပေါ့သွားဖို့နှိုးတဲ့အခါ ခက်ခဲစေနိုင်ပါတယ်။
၃။ ညတစ်ရေးနိုး အပေါ့သွားခိုင်းပါ။

ကလေးတွေဆိုတာက အိပ်ရေးကြီးကြသူတွေဖြစ်တာကြောင့် သူတို့ဆီးအိမ်တင်းနေရင်တောင်မှ ထဖို့ခက်နိုင်ပါတယ်။ ဒါကြောင့် မိဘတွေဖြစ်တဲ့ သင်က တစ်ရေးနိုး သူတို့ကိုသွားနှိုးကာ အပေါ့သွားခိုင်းသင့်ပါတယ်။
၄။ ဆုလေးတွေပေးပါ။

အိပ်ရာထဲအပေါ့မသွားဖို့အတွက် သူတို့ကိုယ်သူတို့ မထိန်းနိုင်တာကြောင့် မိဘတွေက သူတို့ကိုထိန်းရပါမယ်။ ဥပမာပြောရမယ်ဆိုရင် မနက်ခင်းမှာရေသောက်ပြီး ညနေခင်းမှာ အရည်တွေသောက်တာရှောင်တာမျိုး၊ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားတာမျိုး၊ ညအိပ်ရာမဝင်ခင် အိမ်သာသွားတာမျိုး စတဲ့ အပြအမူလေးတွေကို အလိုက်တသိလုပ်ပေးခြင်းအတွက် ဆုလေးတွေပေးပါ။
Lifestyle_Myanmar
Thinzar
Source-brightside
Zawgyi
သားငယ္သမီးငယ္တို႔ အိပ္ရာထဲမွာအေပါ့သြားတတ္တဲ့ အက်င့္ကို ဘယ္လိုေဖ်ာက္ဖ်က္ေပးမလဲ
သားသမီးတို႔ ငယ္ငယ္ေလးကတည္းက ရႉရႉးအိုးနဲ႔သြားတတ္တဲ့ အက်င့္ကို ေသခ်ာထိန္းေက်ာင္းေပးထားေပမယ့္လည္း အိပ္ရာထဲအေပါ့သြားတတ္တာက အသက္ ၄ ႏွစ္ႏွင့္ ၇ ႏွစ္ၾကားမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥတစ္ခုပါ။ ခန႔္မွန္းေျခအားျဖင့္ ထိုအသက္ပိုင္းၾကားရွိ ၁၅ ရာခိုင္ႏႈန္းေသာကေလးေတြဟာ တစ္ပတ္လွ်င္ အနည္းဆုံး ၂ ႀကိမ္ေလာက္ အိပ္ရာထဲအေပါ့သြားၾကပါတယ္။ ဒါေၾကာင့္ သင့္ကေလးဆီမွာလည္း ဒီလိုျဖစ္ခဲ့မယ္ဆိုရင္ ဒါဟာပုံမွန္ပဲဆိုတာကို သတိရပါ။ ၿပီးေတာ့ အသက္ႀကီးတဲ့အထိ ဒီလိုအက်င့္မပါသြားေစဖို႔အတြက္ ဘယ္လိုကာကြယ္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြကိုလည္း ေလ့လာလိုက္ပါ။
၁။ အိပ္ရာမဝင္ခင္ ေသာက္တဲ့ေရပမာဏကိုေလွ်ာ့ပါ။
မနက္နဲ႔ေန႔လည္ခင္းအခ်ိန္ေတြမွာ ေရမ်ားမ်ားေသာက္ခိုင္းၿပီးေတာ့ ညေနေစာင္းလာတာနဲ႔အမွ် ေရတိုက္ႏႈန္းကိုလည္း တျဖည္းျဖည္းေလွ်ာ့ခ်လိုက္ပါ။ ဒါ့အျပင္ ညအိပ္ရာမဝင္ခင္ အိမ္သာသြားတတ္တဲ့အက်င့္ေကာင္းေလးကိုလည္း လုပ္ေပးလိုက္ပါ။
၂။ ဆီးလြယ္ေစမယ့္ အစားအစာတစ္ခ်ိဳ႕ကိုေရွာင္ပါ။
အခ်ဥ္ဓာတ္နဲ႔ အရည္ဓာတ္မ်ားတဲ့ လီမြန္၊ လိေမၼာ္သီး၊ နာနတ္သီး၊ ပန္းသီးတို႔လို အသီးအႏွံမ်ားကို ေကြၽးေမြးျခင္းက ကေလးေတြကို ဆီးမထိန္းႏိုင္ျဖစ္ေစကာ အိပ္ရာထဲမွာ သြားမိေစႏိုင္ပါတယ္။ ႏို႔ သို႔မဟုတ္ ဒိန္ခ်ဥ္တို႔လို အစားအစာေတြကို ေကြၽးျခင္းကလည္း ကေလးကိုပိုၿပီးအိပ္ခ်င္စိတ္ျဖစ္ေစတာေၾကာင့္ ညဖက္အေပါ့သြားဖို႔ႏႈိးတဲ့အခါ ခက္ခဲေစႏိုင္ပါတယ္။
၃။ ညတစ္ေရးႏိုး အေပါ့သြားခိုင္းပါ။
ကေလးေတြဆိုတာက အိပ္ေရးႀကီးၾကသူေတြျဖစ္တာေၾကာင့္ သူတို႔ဆီးအိမ္တင္းေနရင္ေတာင္မွ ထဖို႔ခက္ႏိုင္ပါတယ္။ ဒါေၾကာင့္ မိဘေတြျဖစ္တဲ့ သင္က တစ္ေရးႏိုး သူတို႔ကိုသြားႏႈိးကာ အေပါ့သြားခိုင္းသင့္ပါတယ္။
၄။ ဆုေလးေတြေပးပါ။
အိပ္ရာထဲအေပါ့မသြားဖို႔အတြက္ သူတို႔ကိုယ္သူတို႔ မထိန္းႏိုင္တာေၾကာင့္ မိဘေတြက သူတို႔ကိုထိန္းရပါမယ္။ ဥပမာေျပာရမယ္ဆိုရင္ မနက္ခင္းမွာေရေသာက္ၿပီး ညေနခင္းမွာ အရည္ေတြေသာက္တာေရွာင္တာမ်ိဳး၊ မဂၢနီဆီယမ္ႂကြယ္ဝတဲ့ အစားအစာေတြကို စားတာမ်ိဳး၊ ညအိပ္ရာမဝင္ခင္ အိမ္သာသြားတာမ်ိဳး စတဲ့ အျပအမူေလးေတြကို အလိုက္တသိလုပ္ေပးျခင္းအတြက္ ဆုေလးေတြေပးပါ။
Lifestyle_Myanmar
Thinzar
Source-brightside