သားတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ ပြုလုပ်ပေးရမယ့်အရာ (၄) ခု

0
1323
- Advertisement -

ကျွန်မတို့အားလုံးဟာ ကျွန်မတို့သားသမီးတွေကို ချစ်ကြပါတယ်။ တကယ်လို့ မေမေတို့ကလေးဟာ ပထမဆုံးကလေးဖြစ်မယ်ဆိုရင် တစ်ချို့အမှားအယွင်းလေးတွေလုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ မေမေတို့ရဲ့ သားသားလေးနဲ့ ပတ်သက်ပြီး လုံးဝရှောင်ကြဉ်ရမယ့် အမှားတွေကို မျှဝေပေးချင်ပါတယ်။

၁။ သူတို့ကို စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ ထိတွေ့ပါ

လူမှုအသိုင်းအဝိုင်းက ယောင်္ကျားလေးတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ်ထုတ်ဖော်ဖို့ ခွင့်ပြုထားခြင်း မရှိပါဘူး။ တကယ်တော့ သူတို့ဟာလည်း လူသားတွေမို့ ပွေ့ဖက်လိုစိတ်၊ ငိုကြွေးလိုစိတ်တွေဖြစ်ပေါ်တတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးလေးတွေရဲ့ ဒေါသတွေ၊ ပျော်ရွှင်မှုတွေနဲ့ တစ်ခြားစိတ်ခံစားချက်တွေကို ထုတ်ဖော်ခွင့်ပေးပါ။ ဒီလိုစိတ်ခံစားချက်တွေဖြစ်လာပြီဆိုရင် သင်နဲ့အတူတူ တက်ကြွစေတဲ့ activity လေးတွေလုပ်ပြီး သူတို့ရဲ့ ခံစားချက်တွေကို အကြောင်းနားထောင်ပေးရတာက ပိုမိုအဆင်ပြေပါလိမ့်မယ်။

၂။ သူတို့ဟာဘယ်တော့မှ သားကောင်မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ သမီးလေးတွေကို ကာကွယ်ချင်ကြပါတယ်။ ဒါဟာလည်း တကယ်လည်း အရေးကြီးပါတယ်။ သို့ပေမယ့် ကျွန်မတို့ရဲ့ သားသားလေးတွေဟာလည်း သားကောင်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအတွက် အမည်တွေကို သင်ပေးထားခြင်းကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် သားတွေရဲ့ Boundaries တွေကို ပြောပြထားပါ။

၃။ အားကစားမှာ တိုးတက်လာစေဖို့ ကူညီပါ

အားကစားဟာ အံ့ဩဖို့ကောင်းပေမယ့်လည်း လူတိုင်းအတွက်တော့လည်း မဟုတ်ပါဘူး။ ကလေးတွေဟာ ငယ်ငယ်ကတည်းက အားကစားတစ်ခုခုကို လေ့လာထားသင့်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေဟာ အားကစားတစ်ခုခုကို တတ်ကျွမ်းထားတဲ့အခါ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာစေပါတယ်။

၄။ သူတို့ရဲ့ အကြောက်တရားတွေနဲ့ ရင်ဖွင့်စေပါ

မေမေတို့ သိပါတယ်။ အမျိုးသားတွေလည်း ကြောက်တတ်တယ်ဆိုတာကို…။ သူတို့ကို ‘ဘာကိုမှ မကြောက်နဲ့၊ ကြောက်စရာ ဘာမှမရှိဘူး’လို့ ပြောရမယ့်အစား သူတို့ရဲ့ အကြောက်တရားအာရုံအကြောင်း ဆွေးနွေးပါ။ ရဲရင့်သူတွေမှာလည်း ကြောက်ရွံ့ချိန်တွေရှိကြောင်း၊ အမှန်တကယ်ကြောက်ရမှာက ကိုယ်တိုင်ဖြစ်ကြောင်း အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောပြပါ။

Chit_May_May

Nyein_Thu

Ref-themindjournals

LEAVE A REPLY

Please enter your comment!
Please enter your name here