သားတို့သမီးတို့ ကျောင်းနေအရွယ်ရောက်လာပြီဆိုရင် ကြိုတင်ပြင်ဆင်ပေးထားရမယ့် အရာများ

0
200
- Advertisement -

သားတွေသမီးတွေ တဖြည်းဖြည်းအရွယ်ရောက်လာလို့ ကျောင်းစတက်ရတော့မယ့်အချိန်ဟာ မိခင်၊ ဖခင်တွေအတွက်တော့ အရမ်းဗျာများရတဲ့အချိန်ပါ။ နေရာသစ်ကိုသွားရမယ်၊ သူစိမ်းကလေးတွေ၊ မရင်းနှီးသေးတဲ့ ဆရာ၊ ဆရာမတွေနဲ့လည်း တွေ့ဆုံရမယ် ပြီးရင် စည်းမျဥ်းစည်းကမ်းအသစ်တွေ နေပုံထိုင်ပုံအသစ်တွေကို သင်ယူရပါတော့မယ်။ ကိုယ့်ကလေးက ကျောင်းနဲ့ရင်းနှီးကျွမ်းဝင်မှုရှိပြီး နေသားကျသွားစေဖို့အတွက် မိဘဖြစ်တဲ့သင်က အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။

ကျင့်သားရအောင် ကြိုတင်လေ့ကျင့်ထားရမယ့် အချက်များ

ကလေးရဲ့ ကိုယ့်ကိုယ်ကို အားကိုးတတ်အောင်ဗီဇကို ဖွံ့ဖြိုးလာအောင် ကူညီပေးရမှာဟာ သူတို့လေးတွေ ကျောင်းတက်ဖို့ပြင်ဆင်ရာမှာ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

• သူတို့ဘာသာသူတို့ အိမ်သာသွားတတ်အောင်နဲ့ အိမ်သာသွားပြီး လက်ဆေးတတ်အောင် သင်ကြားပေးပါ
• သူတို့အဝတ်အစား သူတို့ဝတ်တဲ့အချိန်မှာ ကြယ်သီးတွေပါ တစ်ခါတည်း တပ်တတ်အောင် သင်ပေးပါ
• သူတို့ရဲ့ ထမင်းချိုင့်ထည့်တဲ့အခါ သို့မဟုတ် မိသားစုပျော်ပွဲထားထွက်ဖို့ အထုပ်အပိုးပြင်တဲ့အခါ အတူကူလုပ်စေပါ
• တိရိစ္ဆာန်လေးတွေကို အစာကျွေးခြင်း သို့မဟုတ် ထမင်းစားစားပွဲပြင်ဆင်ခြင်း တို့လို အိမ်မှုကိစ္စတွေကို လုပ်ဖို့တာဝန်ပေးပါ
• ကျောင်းတက်ရင် ဘယ်လိုနေမလဲဆိုပြီးတော့ အိမ်မှာအတူတူလေ့ကျင့်ကြည့်ပါ
• ညအိပ်ချိန်ကို သတ်မှတ်ထားပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားတတ်တဲ့အကျင့်ကောင်းများ အထူးသဖြင့် မနက်စာကောင်းကောင်းစားတတ်တဲ့ အကျင့်လေးတွေ မွေးမြူပေးပါ

တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင်

ကိုယ်မမြင်ဖူး၊ စကားမပြောဖူးတဲ့ သူစိမ်းတွေနဲ့တွေ့တဲ့အခါ သတ္တိရှိရှိနဲ့ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတတ်အောင်လို့

• သူတို့ရဲ့အတန်းပိုင်ဆရာ သို့မဟုတ် ဆရာမနဲ့ တွေ့ရအောင် ခေါ်သွားပေးပြီး ကျောင်းတက်နေတဲ့ တခြားကလေးတွေနဲ့လည်း မိတ်ဆက်ပေးပါ
• သူတို့ကိုပဲ အမြဲအာရုံစိုက်ခံရမယ်ဆိုတာမျိုး မခံစားတတ်အောင်လို့ ကလေးရှိတဲ့ တခြားမိသားစုကို အိမ်လည်ဖိတ်ပါ
• တခြားကလေးတွေ ဆော့နေတဲ့အချိန် ဝင်ဆော့တတ်ပြီး တခြားကလေးတွေအလှည့်ရောက်တဲ့အခါ စောင့်တတ်အောင် သွန်သင်ပါ
• သူငယ်ချင်းအဖြစ်က ရပ်မစဲရအောင် သဘောထားကွဲလွဲမှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ရှေ့ဆောင်လမ်းပြလုပ်ပေးပါ
• စိန်ခေါ်မှုအသစ်တွေ ကြုံလာရလည်း ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာနဲ့ လိုအပ်တဲ့အချိန် ဆရာ၊ ဆရာမက ကူညီပေးမယ်ဆိုတာကို သိအောင်လုပ်ပေးပါ

#Lifestyle_Myanmar

#Thinzar

Ref- pregnancybirthbaby

LEAVE A REPLY

Please enter your comment!
Please enter your name here