Home Parenting သားယောကျ်ားလေးနဲ့ သမီးမိန်းကလေးမှာ ဘယ်သူက ပြုစုပျိုးထောင်ရပိုခက်သလဲ?

သားယောကျ်ားလေးနဲ့ သမီးမိန်းကလေးမှာ ဘယ်သူက ပြုစုပျိုးထောင်ရပိုခက်သလဲ?

0
သားယောကျ်ားလေးနဲ့ သမီးမိန်းကလေးမှာ ဘယ်သူက ပြုစုပျိုးထောင်ရပိုခက်သလဲ?

တချို့ မိဘတွေက သားယောကျ်ားလေးတွေထက် သမီးငယ်တွေကို ပြုစုပျိုးထောင်ရတာက ပိုလွယ်ကူတယ်လို့ စွဲမြဲယုံကြည်ထားကြပါတယ်။ တစ်ချို့မိဘတွေကတော ဒီကိစ္စကို လုံးဝသဘောမတူဘဲ သားတွေဟာ သမီးမိန်းကလေးတွေထက် ကိုင်တွယ်ရ ပိုလွယ်ကြောင်း ပြောကြပါတယ်။ မေမေတို့ကော… သားသားနဲ့ မီးမီးမှာ ဘယ်သူက ထိန်းကျောင်းရပိုလွယ်တယ်လို့ ထင်ပါသလဲ?

တစ်ဖက်က မြက်ပင်က အမြဲတမ်းပိုစိမ်းနေပုံရမှန်း ကျွန်တော်တို့ သိကြပါတယ်။ သို့သော် အမှန်တရားက သင့်ကလေးရဲ့ လိင်အမျိုးအစားဟာ သင့်မိဘအုပ်ထိန်းမှုအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ဘယ်သူက ပိုလွယ်လဲလို့ တွေးနေတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပါ။

သားယောကျ်ားလေးတွေကို ပြုစုပျိုးထောင်ခြင်းနှင့် ဆက်စပ်နေတဲ့ စိန်ခေါ်မှုတွေ

သားယောကျ်ားလေး ပျိုးထောင်ခြင်းက တစ်ခါတစ်ရံမှာ ပင်ပန်းနွမ်းနယ်နိုင်ပြီး အကြောင်းရင်းအားလုံးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ခိုက်ရန်ဒေါသစိတ်များပါတယ်

ခိုက်ရန်ဒေါသတွေနဲ့ ပတ်သတ်လာတဲ့အခါ ကိစ္စအများစုမှာ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ပိုပြင်းထန်ပါတယ်။ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် testosterone ပိုထုတ်လေ့ရှိပြီး သူတို့ဦးနှောက်က မိန်းကလေးတွေထက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖို့ ပိုစိတ်ဝင်စားလေ့ရှိတာနဲ့ ဆက်စပ်နေပါတယ်။ ယောကျ်ားလေးမွေးတဲ့ မိဘတွေဟာ သူတို့ရဲ့သားတွေက ဆိုဖာ ဒါမှမဟုတ် လှေကားကနေ ပြုတ်ကျမှာကို၊ အမြင့်တွေကနေ ခုန်ချမှာကို မကြာခဏ စိတ်ပူနေရလေ့ရှိပါတယ်။ မိန်းကလေးတွေက ရန်လိုစိတ်မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ တချို့ကိစ္စတွေမှာ မေမေတို့သမီးလေးတွေဟာ ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားတတ်တာကို သတိပြုမိနိုင်ပြီး ဒါကလည်း ပုံမှန်ပဲ ဖြစ်ပါတယ်။

  • ပြောဆိုဆက်ဆံမှု မပြေလည်တတ်ပါဘူး

သားယောကျ်ားလေးတွေထက် သမီးမိန်းကလေးတွေနဲ့ စကားပြောဆိုဆက်ဆံရတာ ပိုလွယ်ကူပါတယ်။ မေမေတို့အနေနဲ့ သမီးရဲ့တစ်နေ့တာ ကျောင်းကိစ္စကို (သို့) သူမကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲအကြောင်းကို သမီးနှင့်အတူ စကားစမြည်ပြောနိုင်ချေပိုများပါတယ်။ သားယောကျ်ားလေးတွေ ပဋိပက္ခဖြစ်နေချိန် (သို့) ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေချိန်မှာတောင် သူတို့နဲ့ ပြောဆိုဆက်ဆံရခြင်းက စိန်ခေါ်မှု ဖြစ်နို်ငပါတယ်။ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ရင်ဖွင့်ဖို့ အချိန်ပိုယူရလေ့ရှိပါတယ်။ လူ့အဖွဲ့အစည်းက ယောကျ်ားလေးတွေဟာ “ကြမ်းတမ်းတယ်” လို့မျှော်လင့်တတ်ကြပါတယ်။

သားယောကျ်းလေးအပေါ် ဒီလိုယုံကြည်ချက်တွေကို အသုံးချတာက ကျန်းမာရေးနဲ့ မညီညွတ်သလို ရယ်စရာကောင်းတာမို့ မေမေတို့မှာ သားတစ်ယောက်ရှိတယ်ဆိုရင် ငိုဖို့ အဆင်ပြေကြောင်း သူတို့ကို ပြောပြပါ၊ သူတို့ဘာတွေကြုံနေရတယ်ဆိုတာကို ပြောပြခြင်းဖြင့် သူတို့ကို ပိုကောင်းအောင် ကူညီနိုင်မှာပါ။

  • ကာယဗလနဲ့ ဦးနှောက် ကြွက်သားစွမ်းအားနဲ့ ပတ်သတ်လာရင် ယောကျ်ားလေးတွေက အောင်နိုင်ပေမယ့် ပညာရပ်ဆိုင်ရာ ရှေ့တန်းမှာ မိန်းကလေးတွေက ပိုတော်ပါတယ်။ ပျမ်းမျှအားဖြင့် ယောကျ်ားလေးတွေက ဘာသာစကားနဲ့ fine motor skills ကို ထိတွေ့ကျွမ်းဝင်ရာမှာ မိန်းကလေးတွေထက် အနည်းငယ်နောက်ကျတာကို တွေ့ရှိရပါတယ်။ မိန်းကလေးတွေက ယောကျ်ားလေးတွေထက် ဘာသာစကားစွမ်းရည် ပိုမြင့်မားလေ့ရှိပါတယ်။ သမီးမိန်းကလေးတွေက သားယောကျ်ားလေးတွေထက်အရင် စကားစပြောလေ့ရှိသည်မှာ ဒီအချက်က သက်သေဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သတ်လာရင် ယောကျ်ားလေးတွေက မိန်းကလေးတွေထက် စိန်ခေါ်မှုပိုများတယ်လို့ ပြောလို့ရပါတယ်။ တစ်ဖက်မှာ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် အားကစားကို ပိုနှစ်သက်ကြပါတယ်။

သမီးမိန်းကလေးတွေကို ပြုစုပျိုးထောင်ခြင်းနှင့် ဆက်စပ်နေတဲ့ စိန်ခေါ်မှုတွေ

ယောကျာ်းလေးတွေမှာ စိန်ခေါ်မှုတွေ ရှိပေမယ့် မိန်းကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ ကြုံတွေ့ရမယ့် ပြဿနာအားလုံးကို ဟိုက်လိုက်မလုပ်ရင် တရားမျှတမှာ မဟုတ်ပါဘူး။ ဒါတွေက မိန်းကလေးတွေကို ပြုစုပျိုးထောင်ခြင်းနဲ့ ပတ်သတ်တဲ့ အဖြစ်အများဆုံး စိန်ခေါ်မှုတွေပါ။

  • စိတ်ခံစားမှု အတက်အကျရှိပါတယ်

မိန်းကလေးတွေက ယောကျ်ားလေးတွေထက် စိတ်ခံစားမှု ပိုများနိုင်ပါတယ်။ ဒါ ကယောကျ်ားလေးအား ခက်ခဲတဲ့ အရာတစ်ခုခုကို လက်ခံခိုင်းချိန်မှာ မိန်းကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထုတ်ပြောခွင့်ရှိတယ်ဆိုတဲ့ အချက်နဲ့ သက်ဆိုင်ပါတယ်။ သမီးမိန်းကလေးတွေဟာ ပျော်ရွင်နေရာကနေ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှုတွေ ခံစားရနိုင်ပြီး မိနစ်အနည်းငယ်မှာ ပျော်ရွှင်မှုကို ပြန်ရောက်ချင် ရောက်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတွေဟာ မှုန်ကုပ်ကုပ် ဆယ်ကျော်သက်တွေအဖြစ် ညတွင်းချင်း ပြောင်းလဲသွားတာကို မိဘအတော်များများ သတိပြုမိကြမှာပါ။ ယောကျ်ားလေးတွေနဲ့ ပတ်သတ်လာရင် အပြောင်းအလဲက သိပ်မပြင်းထန်ပါဘူး။

  • ဘေးကင်းဖို့အတွက် အမြဲစိုးရိမ်နေရပါတယ်

ဝန်ခံလိုက်ကြပါစို့- ကမ္ဘာကြီးက မိန်းကလေး (သို့) အမျိုးသမီးတွေအတွက် ပိုအန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေဟာ ရာဇဝတ်မှုများစွာကို အဆုံးစွန်ထိခံကြရပြီး ဘေးအန္တရာယ်ကင်းရေးက အမြဲတမ်း စိုးရိမ်စရာ ဖြစ်နေတတ်ပါတယ်။ ယောကျ်ားလေးတွေကတော့ ဘေးအန္တရာယ် မကြုံရဘူးလို့ မပြောပါဘူး။ ယောကျ်ားလေးတွေလည်း ရာဇဝတ်မှုရဲ့ သားကောင်တွေ ဖြစ်နိုင် ၊ အန္တရာယ်ကြုံနိုင်ပေမယ့် မိန်းကလေးတွေက အန္တရာယ် ပိုများပါတယ်။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သမီးလေးတွေ ညအချိန်အပြင်ထွက်တာကို စိတ်ပူတာက သာမာန်ဖြစ်ပါတယ်၊ ပျော်ပွဲစားထွက်တာမျိုး၊ ပါတီပွဲအပြီး ညဉ့်နက်မှ ပြန်လာတာမျိုးမှာ သမီးတွေအတွက် မိဘတွေ အရမ်းစိုးရိမ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက တိုးတတ်နေပေမယ့် သမီးမိန်းကလေးတွေဟာ ခွဲခြားဆက်ဆံခံနေရဆဲ၊ အနိုင်ကျင့်ခံနေရဆဲဖြစ်ပါတယ်။

  • အနိုင်ကျင့်ခြင်းနဲ့ ရွယ်တူချင်း ဖိအားပေးခြင်း

အနိုင်ကျင့်ခြင်း၊ သက်တူရွယ်တူ ဖိအားပေးခြင်းနှင့် ပတ်သတ်လာရင် မိန်းကလေးတွေက ယောကျ်ားလေးတွေထက် ပိုကြုံရတဲ့အချိန်တွေ ရှိပါတယ်။ ယောကျ်ားလေးတွေမှာဆိုရင် လက်သီးနဲ့ထိုးခံရလို့လည်း နောက်ပိုင်း အားလုံးက သူငယ်ချင်းပြန်ဖြစ်ကြပါတယ်။ သို့သော် မိန်းကလေးတွေကတော့ အနိုင်ကျင့်ခံရ၊ ရွယ်တူချင်းဖိအားပေးခံရရင် စိတ်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ မိန်းကလေးတွေဟာ အရှက်ကွဲတာ၊ ပြစ်တင်ဝေဖန်တာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် ဆယ်ကျော်သက်အရွယ်မှာ ယောကျ်ားလေးတွေ ရည်းစားထားရင် များသောအားဖြင့် ” စော်ကြည်တယ်”လို့ ယူဆကြပါတယ်။ သို့သော် မိန်းကလေးတစ်ယောက်ကို ယောကျ်ားလေးတစ်ယောက်နဲ့ တွေ့ပြီဆိုရင်တော့ တစ်ချို့ကိစ္စတွေမှာ မကောင်းတဲ့ မှတ်ချက်တွေနဲ့ အပြောခံရနိုင်ပါတယ်။

ဒါဆိုရင် ယောကျ်ားလေးနဲ့ မိန်းကလေးမှာ ဘယ်သူက ပြုစုပျိုးထောင်ရ ပိုခက်မယ်လို့ထင်လဲ။ အမှန်က မိဘအုပ်ထိန်းမှုက ခက်ခဲပါတယ်။ ကျားမ မခွဲခြားဘဲ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းက စွန့်စားမှုအပြည့်နဲ့ ဘဝအတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။

အဖြစ်မှန်နဲ့ ကမ္ဘာကြီးရဲ့ ပုံစံကို အခြေခံပြီး ယောကျ်ားလေးတွေဟာ ငယ်စဉ်မှာ ပြုစုပျိုးထောင်ရ ခက်ခဲသလို မိန်းကလေးတွေက ဆယ်ကျော်သက်အရွယ်မှာ ပြုစုပျိုးထောင်ရ ပိုခက်တယ်လို့ ထင်ပါတယ်။ ကလေးတစ်ဦးချင်းစီက ထူးခြားတာကြောင့် ပုံသေကားကျပုံစံတွေနဲ့ မသွားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းက ပျော်စရာကောင်းသလို စိန်ခေါ်မှုတွေရှိပြီး နက်နဲသိမ်မွေ့တာကိုလည်း သဘောတူရပါမယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here