သားသမီးတို့ ငယ်ရွယ်စဥ်ကတည်းက ကြိုတင်သင်ပေးထားသင့်တဲ့ အလေ့အကျင့်ကောင်းများ

0
10

အလေ့အကျင့်တွေဆိုတာ အချိန်ကြာသွားရင် ပြုပြင်ရတာ အင်မတန်ခက်ခဲလှပါတယ်။ ဒါကြောင့်မို့ သင်ရလွယ်ကူတဲ့ သားသမီးတွေငယ်ရွယ်စဥ်မှာ အခွင့်အရေးယူပြီးတော့ အလေ့အကျင့်ကောင်းလေးတွေကို သင်ပေးထားဖို့က အင်မတန်အရေးကြီးပါတယ်။ ကလေးတွေက မကောင်းတဲ့အကျင့်တွေဆိုရင် ပိုလုပ်တတ်ကြတာမို့ မိဘတွေဖြစ်တဲ့ သင်က လမ်းကြောင်းတည့်ပေးမှသာလျှင် အသက်ကြီးတဲ့အထိ အကျင့်ကောင်းလေးတွေ ပါသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် အရာရာကို စူးစမ်းလေ့လာပြီး သင်ယူနေတဲ့ သားသမီးတို့ ငယ်တုန်းမှာ ဘယ်လိုမျိုး အလေ့အကျင့်ကောင်းလေးတွေကို သင်ပေးထားရမလဲဆိုတာကို အခုပဲပြောပြပေးချင်ပါတယ်။

သန့်ရှင်းမှု

ကလေးတွေဖြစ်တဲ့အတွက် ဆော့ချင်တိုင်းဆော့တတ်ကြပြီး မိဘတွေက သေချာမသင်ပြပေးဘူးဆိုရင် မကြာခဏဆိုသလို နေချင်တိုင်း နေကြပါလိမ့်မယ်။ လက်သည်းခြေသည်း အမြဲညှပ်ပေးပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အမြဲလုပ်ပေးဖို့ကို သေသေချာချာ သင်ကြားပေးလိုက်ပါ။

သပ်ရပ်မှု

သန့်ရှင်းမှုက ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အကျင့်ကောင်းဖြစ်ပြီး သပ်ရပ်မှုကတော့ ကလေးရဲ့ပတ်ဝန်းကျင်အတွက် သင်ကြားပေးရမှာဖြစ်ပါတယ်။ ၂၀ အရွယ်ရောက်တဲ့အထိ အိပ်ရာလိုက်သိမ်းပေးရတာမျိုး၊ ခင်းပေးရတာမျိုး မလိုချင်ဘူးဆိုရင်တော့ ငယ်စဥ်ကတည်းက သပ်သပ်ရပ်ရပ် နေထိုင်တတ်အောင် သင်ကြားပေးဖို့ လိုပါလိမ့်မယ်။

လေးစားတတ်မှု

ဒီနေ့ခေတ် ကလေးငယ်တွေအများစုက စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေသုံးပြီးတော့ပဲ အချိန်ကုန်တတ်ကြတာများတာကြောင့် သူတို့ပတ်ဝန်းကျင်က လူတွေအပေါ် အာရုံမစိုက်နိုင်ကြတော့ပါဘူး။ လူကြီးတွေနဲ့စကားပြောတဲ့အခါ မျက်နှာချင်းဆိုင်စကားပြောတာမျိုး၊ ရိုရိုသေသေပြုမူတာမျိုး၊ ယဥ်ယဥ်ကျေးကျေးစကားပြောတာမျိုးတို့ကို ပြုလုပ်ရမှာက လူ့ကျင့်ဝတ်ဖြစ်တဲ့အတွက် အခုလိုအကျင့်မျိုးက ငယ်ငယ်ကတည်းက သင်ပေးထားဖို့ လိုကိုလိုအပ်ပါတယ်။

အချိန်မှန်မှု

နောက်ကျတတ်တာက အကျင့်တစ်ခုလိုဖြစ်နေတတ်သူတွေအတွက် အချိန်မှန်ဖို့ဆိုတာ ဝေလာဝေးပါပဲ။ အချိန်ကိုလေးစားတတ်ပြီး အချိန်မှန်တတ်ဖို့ သင်ကြားပေးရတာဟာ တစ်ကိုယ်ကောင်းမဆန်တတ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာကို သင်ပေးတဲ့နောက်ထပ်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

လိုက်နာတတ်မှု

တစ်ချို့မိဘတွေက နှစ်ဦးလုံးအလုပ်လုပ်ကြတာဖြစ်တဲ့အတွက် သားသမီးတွေနဲ့ ထိတွေ့ဖို့အခွင့်အရေးက အင်မတန်နည်းပါးလှပါတယ်။ အခုလိုမျိုး မိဘနဲ့လက်ပွန်းတတီးမရှိတဲ့အခါ သားသမီးအများစုက အတန်ငယ်ဆန့်ကျင်သလို ပြုမူတတ်ကြပြီး ထိန်းကျောင်းဖို့ခက်ခဲလာနိုင်ပါတယ်။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို သူများအကဲ့ရဲ့ခံရတာ မကြိုက်ကြတဲ့အတွက် အတတ်နိုင်ဆုံး လူကြီးပြောစကား လိုက်နာတတ်ဖို့ သင်ပေးဖို့ အရေးကြီးလှပါတယ်။

Chit_MayMay

Thinzar

Ref-sheknows

Zawgyi

အေလ့အက်င့္ေတြဆိုတာ အခ်ိန္ၾကာသြားရင္ ျပဳျပင္ရတာ အင္မတန္ခက္ခဲလွပါတယ္။ ဒါေၾကာင့္မို႔ သင္ရလြယ္ကူတဲ့ သားသမီးေတြငယ္႐ြယ္စဥ္မွာ အခြင့္အေရးယူၿပီးေတာ့ အေလ့အက်င့္ေကာင္းေလးေတြကို သင္ေပးထားဖို႔က အင္မတန္အေရးႀကီးပါတယ္။ ကေလးေတြက မေကာင္းတဲ့အက်င့္ေတြဆိုရင္ ပိုလုပ္တတ္ၾကတာမို႔ မိဘေတြျဖစ္တဲ့ သင္က လမ္းေၾကာင္းတည့္ေပးမွသာလွ်င္ အသက္ႀကီးတဲ့အထိ အက်င့္ေကာင္းေလးေတြ ပါသြားမွာျဖစ္ပါတယ္။ ဒါဆိုရင္ အရာရာကို စူးစမ္းေလ့လာၿပီး သင္ယူေနတဲ့ သားသမီးတို႔ ငယ္တုန္းမွာ ဘယ္လိုမ်ိဳး အေလ့အက်င့္ေကာင္းေလးေတြကို သင္ေပးထားရမလဲဆိုတာကို အခုပဲေျပာျပေပးခ်င္ပါတယ္။

သန႔္ရွင္းမႈ
ကေလးေတြျဖစ္တဲ့အတြက္ ေဆာ့ခ်င္တိုင္းေဆာ့တတ္ၾကၿပီး မိဘေတြက ေသခ်ာမသင္ျပေပးဘူးဆိုရင္ မၾကာခဏဆိုသလို ေနခ်င္တိုင္း ေနၾကပါလိမ့္မယ္။ လက္သည္းေျခသည္း အၿမဲညႇပ္ေပးၿပီး တစ္ကိုယ္ရည္သန႔္ရွင္းမႈ အၿမဲလုပ္ေပးဖို႔ကို ေသေသခ်ာခ်ာ သင္ၾကားေပးလိုက္ပါ။

သပ္ရပ္မႈ

သန႔္ရွင္းမႈက ကိုယ္ခႏၶာအတြက္လိုအပ္တဲ့ အက်င့္ေကာင္းျဖစ္ၿပီး သပ္ရပ္မႈကေတာ့ ကေလးရဲ႕ပတ္ဝန္းက်င္အတြက္ သင္ၾကားေပးရမွာျဖစ္ပါတယ္။ ၂၀ အ႐ြယ္ေရာက္တဲ့အထိ အိပ္ရာလိုက္သိမ္းေပးရတာမ်ိဳး၊ ခင္းေပးရတာမ်ိဳး မလိုခ်င္ဘူးဆိုရင္ေတာ့ ငယ္စဥ္ကတည္းက သပ္သပ္ရပ္ရပ္ ေနထိုင္တတ္ေအာင္ သင္ၾကားေပးဖို႔ လိုပါလိမ့္မယ္။

ေလးစားတတ္မႈ

ဒီေန႔ေခတ္ ကေလးငယ္ေတြအမ်ားစုက စမတ္ဖုန္းေတြ၊ ကြန္ပ်ဴတာေတြသုံးၿပီးေတာ့ပဲ အခ်ိန္ကုန္တတ္ၾကတာမ်ားတာေၾကာင့္ သူတို႔ပတ္ဝန္းက်င္က လူေတြအေပၚ အာ႐ုံမစိုက္ႏိုင္ၾကေတာ့ပါဘူး။ လူႀကီးေတြနဲ႔စကားေျပာတဲ့အခါ မ်က္ႏွာခ်င္းဆိုင္စကားေျပာတာမ်ိဳး၊ ႐ို႐ိုေသေသျပဳမူတာမ်ိဳး၊ ယဥ္ယဥ္ေက်းေက်းစကားေျပာတာမ်ိဳးတို႔ကို ျပဳလုပ္ရမွာက လူ႔က်င့္ဝတ္ျဖစ္တဲ့အတြက္ အခုလိုအက်င့္မ်ိဳးက ငယ္ငယ္ကတည္းက သင္ေပးထားဖို႔ လိုကိုလိုအပ္ပါတယ္။

အခ်ိန္မွန္မႈ

ေနာက္က်တတ္တာက အက်င့္တစ္ခုလိုျဖစ္ေနတတ္သူေတြအတြက္ အခ်ိန္မွန္ဖို႔ဆိုတာ ေဝလာေဝးပါပဲ။ အခ်ိန္ကိုေလးစားတတ္ၿပီး အခ်ိန္မွန္တတ္ဖို႔ သင္ၾကားေပးရတာဟာ တစ္ကိုယ္ေကာင္းမဆန္တတ္ဖို႔ ဘယ္ေလာက္အေရးႀကီးလဲဆိုတာကို သင္ေပးတဲ့ေနာက္ထပ္နည္းလမ္းတစ္ခုလည္းျဖစ္ပါတယ္။

လိုက္နာတတ္မႈ

တစ္ခ်ိဳ႕မိဘေတြက ႏွစ္ဦးလုံးအလုပ္လုပ္ၾကတာျဖစ္တဲ့အတြက္ သားသမီးေတြနဲ႔ ထိေတြ႕ဖို႔အခြင့္အေရးက အင္မတန္နည္းပါးလွပါတယ္။ အခုလိုမ်ိဳး မိဘနဲ႔လက္ပြန္းတတီးမရွိတဲ့အခါ သားသမီးအမ်ားစုက အတန္ငယ္ဆန႔္က်င္သလို ျပဳမူတတ္ၾကၿပီး ထိန္းေက်ာင္းဖို႔ခက္ခဲလာႏိုင္ပါတယ္။ ဘယ္မိဘကမွ ကိုယ့္သားသမီးကို သူမ်ားအကဲ့ရဲ႕ခံရတာ မႀကိဳက္ၾကတဲ့အတြက္ အတတ္ႏိုင္ဆုံး လူႀကီးေျပာစကား လိုက္နာတတ္ဖို႔ သင္ေပးဖို႔ အေရးႀကီးလွပါတယ္။

Chit_MayMay

Thinzar

Ref-sheknows

LEAVE A REPLY

Please enter your comment!
Please enter your name here