သားသမီးတွေကို စိတ်ဒဏ်ရာရစေနိုင်တဲ့ မိဘနှစ်ဦးကြားက အုပ်ထိန်းမှုအမှားများ

0
2375
- Advertisement -

လူအများစုက မကြာခဏဆိုသလို အတူတူမနေကြတဲ့ လင်မယားတွေကြားက သားသမီးတွေဟာ စိတ်ဒဏ်ရာရတတ်ကြတယ်လို့ ဆိုလေ့ရှိကြပါတယ်။ သို့သော်လည်း အတူတူနေနေတဲ့ မိဘနှစ်ပါးရဲ့ အကျင့်တွေ၊ စရိုက်တွေမတူညီတာကြောင့် သားသမီးတွေကို အဖက်ဖက်ကနေ စိတ်ဒဏ်ရာပေးနိုင်တာကိုတော့ သိပ်ပြီးမသိကြပါဘူး။ အမေနဲ့အဖေ ပြောပုံဆိုပုံတွေ၊ ဆက်ဆံပုံတွေနဲ့ အတူတူပေါင်းသင်းအလုပ်လုပ်ပုံတွေက ကလေးရဲ့ဘဝအရည်အသွေးကို တိုးတက်စေသလို မှေးမှိန်စေနိုင်ပါတယ်။ တစ်ဦးပေါ်တစ်ဦး လေးစားသမှု၊ နားလည်မှု၊ အတူတူပေါင်းသင်းလုပ်ကိုင်မှုတို့ကို ပြသတဲ့မိဘတွေဟာ သားသမီးတွေကို ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝကို သင်ကြားပေးရာရောက်ပါတယ်။

ဒါဆိုရင် လင်မယားနှစ်ဦးကြားက ဘယ်လိုအုပ်ထိန်းမှုအမှားတွေက သားသမီးတွေအပေါ် မကောင်းခြင်းတွေ သက်ရောက်စေသလဲဆိုတာကို အခုပဲလေ့လာလိုက်ရအောင်ပါ။

အကောင်းဆုံးမိဘတစ်ဦးဖြစ်ဖို့ ပြိုင်ဆိုင်ခြင်း

- Advertisement -

အတူတူရိုင်းပင်းကူညီပြီး ပူးတွဲလုပ်ကိုင်ခြင်းထက် တစ်ချို့စုံတွဲတွေက တစ်ဦးနဲ့တစ်ဦး ယှဥ်ပြိုင်နေကြသလိုမျိုး ပြုမူကြပါတယ်။ ညဖက်တွေဆိုရင် ကိုယ်ကပိုထရတယ် သို့မဟုတ် အမြန်ဆုံးနည်းလမ်းနဲ့ အိမ်ရှင်းနိုင်တယ်ဆိုပြီး တစ်ဖက်လူအပေါ် ယှဥ်ပြိုင်ခြင်းက ကိုယ့်နှစ်ဦးကြားဆက်ဆံရေးကိုသာမက သားသမီးအပေါ်မှာပါ ထိခိုက်လာစေနိုင်ပါတယ်။

အချစ်ဆုံးဖြစ်ဖို့ ကြိုးစားခြင်း

တစ်ခါတစ်လေကျရင် မိဘတွေက သူတို့သားသမီးရဲ့ အချစ်ဆုံးမိဘဖြစ်ဖို့အတွက် အရမ်းကြိုးစားကြပါတယ်။ အချစ်ခံရဖို့ ကြိုးစားခြင်းက သူတို့အချစ်ကိုအနိုင်ရဖို့အတွက် အစွမ်းကုန်အလိုလိုက်တာမျိုးတွေ လုပ်မိနိုင်လို့ သားသမီးကိုချစ်တာမဟုတ်တော့ဘဲ နှစ်ရာရောက်သွားပါတယ်။

ကလေးနဲ့အတူပေါင်းကြံခြင်း

ကလေးလိုချင်သမျှ အကုန်လိုက်ဝယ်ပေးပြီး နောက်ကျတော့မှ “သမီး/သားရဲ့ အဖေ/အမေ မသိစေနဲ့နော်” ဆိုပြီး နှစ်ဦးကြားလျှို့ဝှက်ချက်ထားခြင်းက မိသားစုအတွင်းမှာ ဟန်ချက်မရှိအောင်ဖြစ်စေပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်မသိအောင် လျှို့ဝှက်ထားခြင်း၊ လိမ်ညာခြင်း၊ ကွယ်ရာမှာ ကလေးနဲ့အတင်းတုပ်ခြင်း၊ သူပြောတာတွေကို သဘောမတူခြင်းတို့က လုံးဝလုပ်သင့်တဲ့ကိစ္စတွေမဟုတ်ပါဘူး။

#Lifestyle_Myanmar

#Thinzar

Ref-verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here