စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ကြံ့ခိုင်သန်မာမှုရှိသည့် ကလေးတစ်ယောက်သည် ငယ်ရွယ်စဉ်အချိန်နှင့် ဆယ်ကျော်သက်အရွယ်တွေမှာ ရရှိလာမယ့်စိတ်ဖိစီးမှုတွေကို ထိန်းကြောင်းနိုင်ဖို့မှာ အလွန့်အလွန်ကို လွယ်ကူချောမွေ့သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ထိုကဲ့သို့ ကလေးတစ်ယောက်စိတ်ဓာတ်ခိုင်မာဖို့အတွက် မိဘများကလိုက်နာကူညီဆောင်ရွက်ပေးရမယ့် အခြေခံစည်းမျဉ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
ကလေးတို့၏ပြောစကားများကိုအချိန်ပေးနားထောင်ပါ။
မိဘများမှ မိမိတို့ရင်သွေးငယ်များပြောလာသည့် စကားများကို အချိန်ပေး၍နားထောင်ပေးခြင်း၊ ခံစားချက်တို့ကိုလက်ခံတန်ဖိုးထားပေးခြင်းသည် ကလေးများကို ကြံ့ခိုင်လာစေဖို့ အကူအညီပေးရာရောက်ပါတယ်။ သူတို့ခံစားနေရသည့် ပူပင်သောကများ၊ ကြုံတွေ့နေရသည့်ပြဿနာများကို မေးကြည့်ခြင်းဖြင့် ဒေါသများ၊ နားလည်လွဲမှုများ စုပုံမသွားအောင်လုပ်ဆောင်နိုင်ပါတယ်။
ပြဿနာဖြေရှင်းရာတွင် စိတ်ပါဝင်စားမှုရှိစေပါ။
အကယ်၍သင့်ကလေးတွင် ပြဿနာတစုံတရာရှိနေပါက ဖြေရှင်းနိုင်အောင် မည်ကဲ့သို့လုပ်ဆောင်နိုင်သလဲဆိုတာ မေးကြည့်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းက ကလေးသူငယ်တို့၏ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
စိတ်ခံစားမှုဆိုင်ရာစကားလုံးများကို မြှင့်တင်ပေးပါ။
မိဘတိုင်းက မိမိတို့၏ကလေးငယ်များကို စိတ်ပိုင်းဆိုင်းရာနှင့်ပတ်သက်၍ လိမ္မာပါးနပ်စေလိုကြပါတယ်။ ပျော်ရွှင်ခြင်း၊ စိတ်ဆိုးခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ ဒေါသထွက်ခြင်း စသဖြင့် စိတ်ခံစားမှုဆိုင်ရာစကားလုံးအသုံးအနှုန်းများကို သိနားလည်ထားခြင်းသည် မိမိကိုယ်ကိုဖော်ပြလိုသည့်အခါ အလွန်အသုံးဝင်လာမှာဖြစ်ပါတယ်။
ရိုင်းပင်းကူညီမှုရှိစေပါ။
ကလေးသူငယ်တို့အား အခြားသူများကို ကူညီဖေးမ၊ ဂရုစိုက်ရန်သင်ကြားပေးခြင်းသည် အသက်အရွယ်ကြီးထွားလာခြင်း၏ အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ထိုသို့သူတပါးကို ရိုင်းပင်းကူညီပေးခြင်းသည် မှန်ကန်သောကိုယ်ကျင့်တရား၏ အနက်အဓိပ္ပာယ်ကိုသိနားလည်အောင် သွန်သင်ပေးသလိုလည်းဖြစ်ပါတယ်။
ဝေဖန်အပြစ်တင်ပြောဆိုမှုနှင့်ပတ်သက်၍သတိထားပါ။
မိမိတို့၏ကလေးငယ်များကို ဆုံးမပြောဆိုခြင်းသည် အထောက်အကူပြုနိုင်သည်ဟု အချို့မိဘများက တွေးတောကြသော်လည်း အမှန်တကယ်တွင် ထိုကဲ့သို့ပြုလုပ်ခြင်းသည် ကလေးများကိုဒေါသထွက်၍ ပြန်လည်အာခံမှုကို ဖြစ်စေနိုင်ပါတယ်။
#Chit_MayMay
#Thinzar
Source-smartparents