သားသမီးတွေကို ပြုစုပျိုးထောင်ရာမှာ မိဘတိုင်းသိထားသင့်တဲ့ အရေးကြီးဆုံးအချက်များ

0
51
- Advertisement -

ကိုယ့်မှာမောင်နှမ အငယ်ရှိသူ အများစုအတွက်တော့ အရွယ်ရောက်လို့ အိမ်ထောင်ပြုလိုက်ပြီး သားသမီးမွေးဖွားလာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ၊ သွန်သင်ဆုံးမရမလဲဆိုတာနဲ့ပတ်သက်လို့ အစိမ်းသက်သက်မဖြစ်တော့ပါဘူး။ ငယ်စဥ်ကတည်းက ကိုယ့်အောက်အငယ်တွေကို မိဘတွေနဲ့အတူ ကြည့်ရှုထိန်းကျောင်းလာခဲ့ရသူတွေအတွက်တော့ အလုပ်တစ်ဖက်နဲ့ဆိုရင်တောင် အနည်းဆုံးဟန်ချက်ညီအောင် ထိန်းနိုင်ကြပါတယ်။ ဒါပေမယ့် ကိုယ်က ငယ်ငယ်တုန်းကလည်း အငယ်မရှိ၊ အခုမှ ပူပူနွေးနွေးမိဘဖြစ်တော့မယ်သူတွေအနေနဲ့တော့ သိထားသင့်တဲ့ အချက်တွေရှိကိုရှိနေပါတယ်။

ပထမဦးဆုံးအရေးကြီးအချက်ကတော့ ကိုယ့်ကလေးရဲ့အားသာချက်ကို သေချာခွဲခြားသိပါ။ ကိုယ်ကအခုလိုမျိုး ကွဲကွဲပြားပြားသိထားမယ်ဆိုရင် ကလေးရဲ့ မိမိကိုယ်မိမိအပေါ်တန်ဖိုးထားတတ်တဲ့အကျင့်ကို တည်ဆောက်ပေးတဲ့အခါ၊ အခက်အခဲနဲ့ကြုံတွေ့လာချိန်မှာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် လိုအပ်တဲ့ယုံကြည်မှုကို ပံ့ပိုးပေးဖို့ ကူညီပေးတဲ့အခါ အကျိုးရှိရှိ အသုံးချနိုင်မှာဖြစ်ပါတယ်။

ဒဏ်ပေးပြီးဆုံးမတာက ချီးမွမ်းစကားလေးတွေပြော၊ ဆုလေးတွေချီးမြှင့်ပေးခြင်းတွေလောက် ထိရောက်မှုမရှိပါဘူး။ ကလေးရဲ့အားနည်းချက်ပေါ်မှာ အာရုံစူးစိုက်ထားတာထက် သူ့ရဲ့စွမ်းရည်ကို ဖွံ့ဖြိုးအောင်လုပ်ရာမှာ အကူအညီဖြစ်စေမယ့် နည်းလမ်းတွေကိုသာရှာဖွေပါ။ မိဘအနေနဲ့ ဘေးကနေ အားပေးစကားပြောပေးမယ်ဆိုပါက ကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ချို့ယွင်းချက်တွေကို ပြန်လည်ဖြည်းဆည်းတတ်တဲ့ အကျင့်ကောင်းကို ရယူပါလိမ့်မယ်။

- Advertisement -

အကယ်လို့ သားသမီးတစ်ယောက်ထက်ပိုရှိတယ်ဆိုရင် မောင်နှမအချင်းချင်းကို မနှိုင်းယှဥ်မိပါစေနဲ့။ သူ့ထက် အကို၊ အစ်မ သို့မဟုတ် ညီ၊ ညီမကို ပိုပြီးချစ်တယ်လို့ ကလေးအနေနဲ့ ခံစားသွားရမယ်ဆိုရင် သူတို့ဘဝတစ်လျှောက်လုံး ပြိုင်ဆိုင်ခြင်းတွေကို ဖြစ်ပေါ်လာစေပြီး မိသားစုကြားမှာ ပြဿနာတွေပေါ်ပေါက်လာစေနိုင်ပါတယ်။ ဒါကြောင့် သားသမီးအားလုံးကို တန်းတူချစ်တယ်ဆိုတဲ့အကြောင်းကို သိအောင်၊ ခံစားမိအောင် ကြိုးစားပါ။

နောက်ထပ်အရေးကြီးတဲ့တစ်ချက်က ကလေးရဲ့အပြုအမူ၊ ကြိုးစားအားထုတ်မှုကို သတိမူတတ်စေဖို့နဲ့ ဂရုပြုတတ်စေဖို့ဖြစ်ပါတယ်။ အကယ်လို့ ဒီလိုမျိုးအပြုသဘောဆောင်တဲ့ အာရုံစူးစိုက်မှုကို မိသားစုဝင်တွေဆီကနေ မရဘူးဆိုပါက ကလေးဟာ အပျက်သဘောဆောင်တဲ့ပုံစံနဲ့ ပြုမူပါလိမ့်မယ်။ လျစ်လျူရှုခံရတာထက် အာရုံစိုက်မိတာက ပိုကောင်းတယ်လို့ထင်တာကြောင့် ပုံစံအမျိုးမျိုးနဲ့ ဆိုးပြလာနိုင်ပါတယ်။ သည့်အတွက် ကိုယ့်ရဲ့သားသမီးနဲ့ အမြဲတမ်းစကားလေးတွေ ပြောနေပေးဖို့ အမြဲသတိရပေးပါ။

တခြားဘယ်သူဆီကမှ မလေ့လာမသင်ယူခင်မှာ အရင်လက်ပွန်းတတီးနေရတာ မိဘတွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်လုပ်သမျှ၊ ပြုမူသမျှ၊ ပြောသမျှ အရာအားလုံးကို ကြည့်ပြီး၊ နားထောင်ပြီး အနောက်ကနေ အကုန်လိုက်လုပ်တတ်ပါတယ်။ အကယ်လို့ ကိုယ်ကဒီအချက်ကို သတိမမူမိဘဲ ဆိုးဆိုးရွားရွားနေထိုင်မိမယ်ဆိုရင်တော့ သူတို့ကိုလည်း ထိုပုံစံနည်းတူ နေထိုင်ဖို့ခွင့်ပြုလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အစစအရာရာ သတိနဲ့ပြုမူပါ။

Lifestyle_Myanmar

Thinzar

Source-

Zawgyi

သားသမီးေတြကို ျပဳစုပ်ိဳးေထာင္ရာမွာ မိဘတိုင္းသိထားသင့္တဲ့ အေရးႀကီးဆုံးအခ်က္မ်ား

ကိုယ့္မွာေမာင္ႏွမ အငယ္ရွိသူ အမ်ားစုအတြက္ေတာ့ အ႐ြယ္ေရာက္လို႔ အိမ္ေထာင္ျပဳလိုက္ၿပီး သားသမီးေမြးဖြားလာတဲ့အခါ ဘယ္လိုျပဳစုေစာင့္ေရွာက္ရမလဲ၊ သြန္သင္ဆုံးမရမလဲဆိုတာနဲ႔ပတ္သက္လို႔ အစိမ္းသက္သက္မျဖစ္ေတာ့ပါဘူး။ ငယ္စဥ္ကတည္းက ကိုယ့္ေအာက္အငယ္ေတြကို မိဘေတြနဲ႔အတူ ၾကည့္ရႈထိန္းေက်ာင္းလာခဲ့ရသူေတြအတြက္ေတာ့ အလုပ္တစ္ဖက္နဲ႔ဆိုရင္ေတာင္ အနည္းဆုံးဟန္ခ်က္ညီေအာင္ ထိန္းႏိုင္ၾကပါတယ္။ ဒါေပမယ့္ ကိုယ္က ငယ္ငယ္တုန္းကလည္း အငယ္မရွိ၊ အခုမွ ပူပူေႏြးေႏြးမိဘျဖစ္ေတာ့မယ္သူေတြအေနနဲ႔ေတာ့ သိထားသင့္တဲ့ အခ်က္ေတြရွိကိုရွိေနပါတယ္။

ပထမဦးဆုံးအေရးႀကီးအခ်က္ကေတာ့ ကိုယ့္ကေလးရဲ႕အားသာခ်က္ကို ေသခ်ာခြဲျခားသိပါ။ ကိုယ္ကအခုလိုမ်ိဳး ကြဲကြဲျပားျပားသိထားမယ္ဆိုရင္ ကေလးရဲ႕ မိမိကိုယ္မိမိအေပၚတန္ဖိုးထားတတ္တဲ့အက်င့္ကို တည္ေဆာက္ေပးတဲ့အခါ၊ အခက္အခဲနဲ႔ႀကဳံေတြ႕လာခ်ိန္မွာ ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔အတြက္ လိုအပ္တဲ့ယုံၾကည္မႈကို ပံ့ပိုးေပးဖို႔ ကူညီေပးတဲ့အခါ အက်ိဳးရွိရွိ အသုံးခ်ႏိုင္မွာျဖစ္ပါတယ္။

ဒဏ္ေပးၿပီးဆုံးမတာက ခ်ီးမြမ္းစကားေလးေတြေျပာ၊ ဆုေလးေတြခ်ီးျမႇင့္ေပးျခင္းေတြေလာက္ ထိေရာက္မႈမရွိပါဘူး။ ကေလးရဲ႕အားနည္းခ်က္ေပၚမွာ အာ႐ုံစူးစိုက္ထားတာထက္ သူ႔ရဲ႕စြမ္းရည္ကို ဖြံ႕ၿဖိဳးေအာင္လုပ္ရာမွာ အကူအညီျဖစ္ေစမယ့္ နည္းလမ္းေတြကိုသာရွာေဖြပါ။ မိဘအေနနဲ႔ ေဘးကေန အားေပးစကားေျပာေပးမယ္ဆိုပါက ကေလးေတြဟာ သူတို႔ရဲ႕ကိုယ္ပိုင္ခ်ိဳ႕ယြင္းခ်က္ေတြကို ျပန္လည္ျဖည္းဆည္းတတ္တဲ့ အက်င့္ေကာင္းကို ရယူပါလိမ့္မယ္။

အကယ္လို႔ သားသမီးတစ္ေယာက္ထက္ပိုရွိတယ္ဆိုရင္ ေမာင္ႏွမအခ်င္းခ်င္းကို မႏႈိင္းယွဥ္မိပါေစနဲ႔။ သူ႔ထက္ အကို၊ အစ္မ သို႔မဟုတ္ ညီ၊ ညီမကို ပိုၿပီးခ်စ္တယ္လို႔ ကေလးအေနနဲ႔ ခံစားသြားရမယ္ဆိုရင္ သူတို႔ဘဝတစ္ေလွ်ာက္လုံး ၿပိဳင္ဆိုင္ျခင္းေတြကို ျဖစ္ေပၚလာေစၿပီး မိသားစုၾကားမွာ ျပႆနာေတြေပၚေပါက္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ သားသမီးအားလုံးကို တန္းတူခ်စ္တယ္ဆိုတဲ့အေၾကာင္းကို သိေအာင္၊ ခံစားမိေအာင္ ႀကိဳးစားပါ။

ေနာက္ထပ္အေရးႀကီးတဲ့တစ္ခ်က္က ကေလးရဲ႕အျပဳအမူ၊ ႀကိဳးစားအားထုတ္မႈကို သတိမူတတ္ေစဖို႔နဲ႔ ဂ႐ုျပဳတတ္ေစဖို႔ျဖစ္ပါတယ္။ အကယ္လို႔ ဒီလိုမ်ိဳးအျပဳသေဘာေဆာင္တဲ့ အာ႐ုံစူးစိုက္မႈကို မိသားစုဝင္ေတြဆီကေန မရဘူးဆိုပါက ကေလးဟာ အပ်က္သေဘာေဆာင္တဲ့ပုံစံနဲ႔ ျပဳမူပါလိမ့္မယ္။ လ်စ္လ်ဴရႈခံရတာထက္ အာ႐ုံစိုက္မိတာက ပိုေကာင္းတယ္လို႔ထင္တာေၾကာင့္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဆိုးျပလာႏိုင္ပါတယ္။ သည့္အတြက္ ကိုယ့္ရဲ႕သားသမီးနဲ႔ အၿမဲတမ္းစကားေလးေတြ ေျပာေနေပးဖို႔ အၿမဲသတိရေပးပါ။

တျခားဘယ္သူဆီကမွ မေလ့လာမသင္ယူခင္မွာ အရင္လက္ပြန္းတတီးေနရတာ မိဘေတြျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ္လုပ္သမွ်၊ ျပဳမူသမွ်၊ ေျပာသမွ် အရာအားလုံးကို ၾကည့္ၿပီး၊ နားေထာင္ၿပီး အေနာက္ကေန အကုန္လိုက္လုပ္တတ္ပါတယ္။ အကယ္လို႔ ကိုယ္ကဒီအခ်က္ကို သတိမမူမိဘဲ ဆိုးဆိုး႐ြား႐ြားေနထိုင္မိမယ္ဆိုရင္ေတာ့ သူတို႔ကိုလည္း ထိုပုံစံနည္းတူ ေနထိုင္ဖို႔ခြင့္ျပဳလိုက္သလို ျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္ အစစအရာရာ သတိနဲ႔ျပဳမူပါ။

Lifestyle_Myanmar

Thinzar

LEAVE A REPLY

Please enter your comment!
Please enter your name here