သားသမီးတွေနဲ့ပတ်သက်လာရင် မိဘတိုင်း မပြုလုပ်သင့်တဲ့ အမှားများ

0
78
- Advertisement -

ကိုယ်ရင်နှင့်အမျှချစ်ခင်ရတဲ့ သားငယ်သမီးငယ်လေးတွေကို ပျင်းရိသူ၊ အဝလွန်နေသူ၊ နေထိုင်မ‌ကောင်းဖြစ်နေသူ၊ စိတ်အားငယ်တတ်သူတစ်ယောက်အဖြစ်နဲ့ မပျိုးထောင်ချင်ဘူးဆိုပါက မိဘတွေအနေနဲ့ ဘယ်တော့မှမပြုလုပ်သင့်တဲ့ အမှားလေးတွေကို သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

တီဗွီ အကြာကြီးကြည့်ခွင့်ပြုခြင်း

ကလေးတွေအပျင်းပြေအောင်၊ ပျော်အောင်လို့ တီဗွီတွေ၊ မိုဘိုင်းလ်ဖုန်းတွေကို မိဘအများစုက ပေးကြည့်၊ ပေးကိုင်တတ်ကြပါတယ်။ တော်ရုံတန်ရုံအချိန်လောက် ပေးကြည့်ရင်တော့ ကိစ္စမရှိပေမယ့်လည်း အချိန်အကြာကြီးတော့ မပြသသင့်ပါဘူး။ ဒီလိုပြုလုပ်ခြင်းက သူတို့လေးတွေရဲ့ အမြင်အားကို ပျက်စီးစေနိုင်သလို မျက်စိအားနည်းမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

- Advertisement -

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားခွင့်ပြုခြင်း

ဒီနေ့ခေတ်လိုမျိုး အရာရာတိုးတက်ပြောင်းလဲနေချိန်မှာ အစားအသောက်တွေကလည်း မျိုးစုံပေါ်ထွက်လျက်ရှိနေပါတယ်။ ဒါပေမယ့် ဆားပါဝင်မှု အင်မတန်များပြားတဲ့ Fast Food တွေလို အစားအသောက်တွေကို နေ့တိုင်းနီးပါးစားခွင့်ပြုထားခြင်းက မျက်နှာအဆီတွေတိုးလာကာ ကိုယ်အလေးချိန်လည်းတက်လာမှာဖြစ်ပါတယ်။

ဘူးတွေနဲ့နို့တိုက်ခြင်း

ကျန်းမာရေးပြဿနာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်အများစုက သူတို့ရဲ့ရင်သွေးလေးတွေကို နို့ချိုမတိုက်ကျွေးကြပါဘူး။ ဘူးတွေကနေတဆင့် ကလေးတွေကို ကျွေးတတ်ကြပါတယ်။ ဘူးတွေကနေသောက်ရတာထက် မိခင်တိုက်ကျွေးတဲ့နို့ချိုကို သောက်သုံးရတဲ့ကလေးငယ်တွေဟာ အဝလွန်ခြင်းကြုံတွေ့နိုင်ခြေ နည်းပါးတယ်လို့ သုတေသီတစ်ချို့က ဆိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှုတွေကို လျစ်လျူရှုထားခြင်း

တချိန်လုံးအိမ်ထဲမှာပဲနေဖို့အတွက် တင်းကြပ်နေမယ့်အစား သားသမီးတွေကို အပြင်ထွက်ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ခိုင်းဖို့ မိဘတိုင်းက တွန်းအားပေးသင့်ပါတယ်။ ရေကူးခြင်း၊ စကိတ်စီးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကစားခြင်းတို့လို ကစားနည်းအသစ်လေးတွေကို လုပ်တတ်အောင်လို့ ဘေးနားကနေ အားပေးဖို့လိုအပ်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ မလုပ်ပေးခြင်း

မိဘတိုင်းက ကိုယ့်သားသမီးရဲ့ ကြီးထွားဖွံ့ဖြိုးနှုန်းကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလေးတွေ မှန်မှန်လုပ်ပေးပြီးတော့ သူတို့ရဲ့ အရပ်၊ ကိုယ်အလေးချိန်တို့ကို သေချာမှတ်သားထားမှသာလျှင် ကျန်းမာရေးပြဿနာတွေ မကြုံလာရအောင် ရှောင်ကြဥ်နိုင်မှာဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref-aptparenting

Zawgyi

သားသမီးေတြနဲ႔ပတ္သက္လာရင္ မိဘတိုင္း မျပဳလုပ္သင့္တဲ့ အမွားမ်ား

ကိုယ္ရင္ႏွင့္အမွ်ခ်စ္ခင္ရတဲ့ သားငယ္သမီးငယ္ေလးေတြကို ပ်င္းရိသူ၊ အဝလြန္ေနသူ၊ ေနထိုင္မ‌ေကာင္းျဖစ္ေနသူ၊ စိတ္အားငယ္တတ္သူတစ္ေယာက္အျဖစ္နဲ႔ မပ်ိဳးေထာင္ခ်င္ဘူးဆိုပါက မိဘေတြအေနနဲ႔ ဘယ္ေတာ့မွမျပဳလုပ္သင့္တဲ့ အမွားေလးေတြကို သိထားဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။

တီဗြီ အၾကာႀကီးၾကည့္ခြင့္ျပဳျခင္း

ကေလးေတြအပ်င္းေျပေအာင္၊ ေပ်ာ္ေအာင္လို႔ တီဗြီေတြ၊ မိုဘိုင္းလ္ဖုန္းေတြကို မိဘအမ်ားစုက ေပးၾကည့္၊ ေပးကိုင္တတ္ၾကပါတယ္။ ေတာ္႐ုံတန္႐ုံအခ်ိန္ေလာက္ ေပးၾကည့္ရင္ေတာ့ ကိစၥမရွိေပမယ့္လည္း အခ်ိန္အၾကာႀကီးေတာ့ မျပသသင့္ပါဘူး။ ဒီလိုျပဳလုပ္ျခင္းက သူတို႔ေလးေတြရဲ႕ အျမင္အားကို ပ်က္စီးေစႏိုင္သလို မ်က္စိအားနည္းမႈေတြကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

က်န္းမာေရးနဲ႔မညီၫြတ္တဲ့ အစားအစာေတြ စားခြင့္ျပဳျခင္း

ဒီေန႔ေခတ္လိုမ်ိဳး အရာရာတိုးတက္ေျပာင္းလဲေနခ်ိန္မွာ အစားအေသာက္ေတြကလည္း မ်ိဳးစုံေပၚထြက္လ်က္ရွိေနပါတယ္။ ဒါေပမယ့္ ဆားပါဝင္မႈ အင္မတန္မ်ားျပားတဲ့ Fast Food ေတြလို အစားအေသာက္ေတြကို ေန႔တိုင္းနီးပါးစားခြင့္ျပဳထားျခင္းက မ်က္ႏွာအဆီေတြတိုးလာကာ ကိုယ္အေလးခ်ိန္လည္းတက္လာမွာျဖစ္ပါတယ္။

ဘူးေတြနဲ႔ႏို႔တိုက္ျခင္း

က်န္းမာေရးျပႆနာေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိခင္အမ်ားစုက သူတို႔ရဲ႕ရင္ေသြးေလးေတြကို ႏို႔ခ်ိဳမတိုက္ေကြၽးၾကပါဘူး။ ဘူးေတြကေနတဆင့္ ကေလးေတြကို ေကြၽးတတ္ၾကပါတယ္။ ဘူးေတြကေနေသာက္ရတာထက္ မိခင္တိုက္ေကြၽးတဲ့ႏို႔ခ်ိဳကို ေသာက္သုံးရတဲ့ကေလးငယ္ေတြဟာ အဝလြန္ျခင္းႀကဳံေတြ႕ႏိုင္ေျခ နည္းပါးတယ္လို႔ သုေတသီတစ္ခ်ိဳ႕က ဆိုပါတယ္။

ကိုယ္လက္လႈပ္ရွားမႈေတြကို လ်စ္လ်ဴရႈထားျခင္း

တခ်ိန္လုံးအိမ္ထဲမွာပဲေနဖို႔အတြက္ တင္းၾကပ္ေနမယ့္အစား သားသမီးေတြကို အျပင္ထြက္ၿပီးေတာ့ ကိုယ္လက္လႈပ္ရွားမႈေလးေတြ လုပ္ခိုင္းဖို႔ မိဘတိုင္းက တြန္းအားေပးသင့္ပါတယ္။ ေရကူးျခင္း၊ စကိတ္စီးျခင္း၊ ၾကက္ေတာင္႐ိုက္ျခင္း၊ ေဘာလုံးကစားျခင္းတို႔လို ကစားနည္းအသစ္ေလးေတြကို လုပ္တတ္ေအာင္လို႔ ေဘးနားကေန အားေပးဖို႔လိုအပ္ပါတယ္။

ပုံမွန္က်န္းမာေရးစစ္ေဆးမႈမ်ား မလုပ္ေပးျခင္း

မိဘတိုင္းက ကိုယ့္သားသမီးရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးႏႈန္းကို မ်က္ျခည္မျပတ္ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္လည္း ပုံမွန္က်န္းမာေရးစစ္ေဆးမႈေလးေတြ မွန္မွန္လုပ္ေပးၿပီးေတာ့ သူတို႔ရဲ႕ အရပ္၊ ကိုယ္အေလးခ်ိန္တို႔ကို ေသခ်ာမွတ္သားထားမွသာလွ်င္ က်န္းမာေရးျပႆနာေတြ မႀကဳံလာရေအာင္ ေရွာင္ၾကဥ္ႏိုင္မွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here