သားသမီးတွေရဲ့ အနာဂတ်အတွက် ဖခင်ကောင်းတဦးရဲ့ အရေးပါမှု ရာခိုင်နှုန်းများ

0
252
- Advertisement -

မိဘတွေရဲ့ အုပ်ထိန်းပဲ့ပြင်မှုအကြောင်းကို တွေးလိုက်တဲ့အခါတိုင်းမှာ ကျနော်တို့ဟာ မိခင်ကိုဘဲပြေးမြင်မိတတ်ကြပါတယ်။ ဒါပေမယ့် မိခင်တွေနည်းတူ ဖခင်တွေဟာလည်းကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးပါအရာရောက်ကြတာကို မေ့လျော့နေတတ်ကြပါတယ်။ ဖခင်တွေရဲ့ ချစ်ခြင်းမေတ္တာကရော စံမူနာတခုအဖြစ်သတ်မှတ်ခြင်းခံရဖို့ မထိုက်တန်ဘူးလားဆိုတာကို ဒီအချက်အလက်တွေနဲ့ ဖော်ပြပေးချင်ပါတယ်။

ကလေးတွေရဲ့ ဉာဏ်ရည်ကို ပိုပြီး ထက်မြက်စေပါတယ်

သုတေသနပြုချက်များအရ ဖခင်တွေဟာ မိခင်တွေနည်းတူ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတာကိုတွေ့ရှိခဲ့ကြပါတယ်။ ဖခင်တွေရဲ့ အခန်းကဏ္ဍကို ထပ်ပြီးသုံးသပ်ကြည့်တဲ့အခါမှာ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့အားပေးထောက်ခံမှုကိုရရှိတဲ့ သားသမီးတွေဟာ သိမြင်မှုစွမ်းရည်နဲ့ ပညာရေးအောင်မြင်မှုများပိုမိုရရှိတာကို တွေ့ခဲ့ရပါတယ်။ ဖခင်ကောင်းရှိတဲ့ ကလေးငယ်တွေဟာ ရန်လိုခြင်း၊ စိတ်ဓါတ်ပျက်ပြားမှုနည်းခြင်း၊ အမူအကျင့်ဆိုင်ရာများဆိုးဝါးခြင်း စတဲ့ပြဿနာတွေမရှိဘဲ ကြီးပြင်းလာနိုင်တဲ့ ရာခိုင်နှုန်းများပြားတာကိုတွေ့ရှိကြရပါတယ်။ ဖခင်တယောက်ရဲ့ ကောင်းမွန်တဲ့သွန်သင်ဆုံးမမှုမျိုးကိုရရှိတဲ့ ကလေးငယ်တွေဟာ စိတ်ဖိစီးမှုများနဲ့ စိတ်ရှုပ်ထွေးမှုများကို ပိုမိုခံနိုင်ရည်ရှိခြင်း၊ ပြဿနာများကို ဖြေရှင်းရန်နဲ့ လိုက်လျောညီထွေမှုရှိအောင်လုပ်ဆောင်နိုင်စွမ်းရှိခြင်း၊ မူးယစ်ဆေးဝါးပြဿနာများဖြစ်ပွားမှုနည်းပါးခြင်းနဲ့ စိတ်ဓါတ်ကျမှုနည်းပါးခြင်း အစရှိတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်တတ်ကြတာကို တွေ့ရှိခဲ့ရပါတယ်။

ဖခင်တယောက်ရဲ့ အရေးပါမှု

မိသားစုတစုမှာ ဖခင်တဦးရဲ့ အခန်းကဏ္ဍဟာ မိသားစုရဲ့ စီးပွားရေးကို ဦးစီးဦးဆောင်ပြုတာအပြင် သူရဲ့ အိမ်ထောင်ဘက်ကို ပြုမူဆက်ဆံပုံ၊ သားသမီးတွေကို ချစ်ခင်ကြင်နာဂရုစိုက်ပုံတွေဟာ ကလေးတွေရဲ့ စံနမူနာဖြစ်စေပြီး ကလေးတွေရဲ့အနာဂတ်မှာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများရရှိစေပါတယ်။ သုတေသနပြုချက်များအရ အိမ်ထောင်ဖက်ကို လေးစားမှုပြတဲ့ ဖခင်တွေရဲ့ သားယောက်ျားလေးတွေဟာ ကြီးပြင်းလာချိန်တွင်အမျိုးသမီးများကို အကြမ်းဖက်ခြင်း၊ ရန်လိုခြင်းများ နည်းပါးပြီး သမီးတွေကတော့ သူတို့ရဲ့ အိမ်ထောင်ဖက်ကို ငြူစူစောင်းမြောင်းမှုများနည်းပါးခြင်း၊ ဒေါသတကြီးအော်ဟစ်ပြောဆိုမှုများနည်းပါးခြင်းနဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ထုဆစ်ပုံဖော်နိုင်တဲ့ အကျင့်ကောင်းတွေရရှိကြတယ်လို့ ဆိုပါတယ်။

ဖခင်မဲ့တဲ့ ရလဒ်များကိုဆန်းစစ်ကြည့်ခြင်း

ဖခင်မဲ့တဲ့ ရလဒ်တွေရဲ့ အသိသာအထင်ရှားဆုံးတခုကတော့ မိသားစုစီးပွားရေးအင်အားချို့တဲ့တာဘဲဖြစ်ပါတယ်။ ငွေကြေးအင်အားချို့တဲ့ပြီဆိုကတည်းက သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမူပေါင်းသင်းဆက်ဆံရေးတွေပါ နောက်ဆက်တွဲအနေနဲ့ ပါဝင်လာပြီဘဲဖြစ်ပါတယ်။ ဖခင်တွေဟာ မိသားစုကို ကာယပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးကို ကာကွယ်ပေးပြီး မိသားစုရဲ့ သူရဲကောင်းတဦးလည်းဖြစ်ပါတယ်။ သူတို့ဟာ မိသားစုကို လုံခြုံစိတ်ချမှုပေးပြီး အနိုင်ကျင့်ခြင်းများမှသည် ကလေးသူငယ်အလွဲသုံးစားပြုမှုများအထိ မည်သည့်အရာကိုမဆို အတားအဆီးဖြစ်စေပါတယ်။ ဖခင်ရှိနေတယ်ဆိုတဲ့ အသိစိတ်ဟာ သားသမီးတွေကို ရဲရင့်တည်ကြည်စေခြင်း၊ တိကျခိုင်မာတဲ့ ဆုံးဖြတ်များရှိစေခြင်း၊ အားကိုးယုံကြည်လို့ရခြင်း
အစရှိတဲ့ အထောက်အပံ့ကောင်းတွေကို ရရှိစေရုံသာမက အရေးကြီးဆုံးဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုများကိုပါရရှိစေတာမို့ မိသားစုတစုမှာ ဖခင်ရဲ့ အရေးပါတဲ့ကဏ္ဍတွေကို မမေ့လျော့စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-medicaldaily

LEAVE A REPLY

Please enter your comment!
Please enter your name here