သားသမီးတွေအတွက် ပဲ့ကိုင်ရှင်ဖြစ်ရတော့မယ့် မေမေတို့လိုအပ်သမျှ အကြံပြုချက်လေးတွေ

0
151
Child congratulates mom on a holiday.
- Advertisement -

ကိုယ့်ရဲ့ဝမ်းထဲမှာ ရင်သွေးလေးကို လွယ်ထားရပြီလို့ သိလိုက်ရတဲ့အခိုက်အတန့်ဟာ ဘာနဲ့မှနှိုင်းယှဥ်လို့မရလောက်အောင်ကို ကြည်နူးပီတိ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ထိုအချိန်ကစပြီးတော့ ရင်သွေးလေးအတွက် အထောက်အကူဖြစ်မယ့်အရာတွေ၊ အစားအသောက်တွေကို ရွေးချယ်စားသောက်၊ ပြုလုပ်ရပါတော့တယ်။ မွေးပြီးရင်ပြီးရောလားဆိုတော့လည်း မဟုတ်ပါဘူး။ အစားအသောက်၊ နေပုံထိုင်ပုံ၊ ပြုမူပုံ စသဖြင့် ထိန်းကျောင်းပျိုးထောင်ရတော့မှာမို့ ပိုလို့တောင် တာဝန်ကကြီးလာပါတယ်။

ဘေးပတ်ဝန်းကျင်က လူတွေကတော့ ကိုယ့်အတွက် စေတနာနဲ့ အကြံမျိုးစုံပေးတတ်ကြပေမယ့်လည်း တအားများလွန်းလာရင် ဘာလုပ်လို့လုပ်ရတော့မှန်းမသိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိတဲ့ မိဘတွေ၊ ကျွမ်းကျင်ပညာရှင်တို့တွေကနေ ပြောပြထားတဲ့ အကြံပြုချက်တွေကို စာဖတ်သူတို့အတွက် ပြန်လည်ဝေမျှပေးချင်ပါတယ်။

၁။ ရင်သွေးလေးဖွားမြင်ပြီးနောက်မှာ ကြုံတွေ့လာရမယ့် အနှီးလျှော်တာ၊ နို့ညှစ်တာ၊ ဒိုက်ပါဝယ်ရတာ စတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးမျိုးတွေးပူနေမယ့်အစား ကိုယ့်သားသမီးနဲ့အတူရှိနေရတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားပြီး ကုန်ဆုံးပါ။

၂။ အစားအသောက်ချေးများတာ၊ အကြိုက်တွေက တမျိုးထူးဆန်းတာ စသဖြင့်ကို စောစောစီးစီးကတည်းက ကြိုတင်ခန့်မှန်းထားပါ။ သူတို့အကြိုက်ကို ကိုယ်ကအခုမှ ဖြည်းဖြည်းချင်း လေ့လာရမှာဖြစ်တဲ့အတွက် မျိုးစုံလုပ်ကျွေးပါ။ အတင်းမလုပ်ပါနဲ့။ ပျာယာမခတ်ပါနဲ့။

၃။ ငယ်စဥ်ကတည်းက အိပ်ချိန်ကို တသီးတသန့် သတ်မှတ်ထားမယ်ဆိုရင် ကလေးလည်း အိပ်ရေးဝဝအိပ်နိုင်သလို မိဘဖြစ်တဲ့ သင့်အနေနဲ့လည်း ပြန်ပြီးအားမွေးနိုင်မယ့် အားလပ်ချိန်လေးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

၄။ သားသမီးကိုချစ်တဲ့စိတ်နဲ့ သူတို့လိုချင်သမျှ ပူဆာသမျှကို ငယ်ငယ်လေးကတည်းက အကုန်ဝယ်ပေးနေမယ်ဆိုရင် ကြီးလာတဲ့အခါ အကျင့်ပျက်သွားပြီး ထိန်းမနိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့ဘယ်လောက်ပဲပူဆာပူဆာ မလိုအပ်တာဆိုရင် မရဘူး၊ မဝယ်ပေးဘူး လို့ပြောတတ်အောင် ကြိုးစားပါ။

၅။ ကလေးတွေဆိုတာ အချိန်မရွေး နေထိုင်မကောင်းဖြစ်နိုင်တဲ့အတွက် ဓာတ်ဆားရည်၊ ဆေး စသဖြင့်ကို စောစောစီးစီး ကြိုတင်ဝယ်ထားခြင်းက ညဖက်အချိန်မတော် ဖျားတဲ့အခါ၊ အန်တဲ့အခါ စတိုးဆိုင်ကို ပြေးစရာလိုမှာမဟုတ်တော့ပါဘူး။

#Chit_May_May

#Thinzar

Ref- parents

LEAVE A REPLY

Please enter your comment!
Please enter your name here