သားသမီးတွေကို မိဘတွေအမှတ်တမဲ့ပြုလုပ်မိကြတဲ့အုပ်ထိန်းမှုဆိုင်ရာအမှားများ

0
80
- Advertisement -

ကိုယ်ရင်နှင့်အမျှချစ်ခင်ရတဲ့ သားငယ်သမီးငယ်လေးတွေကို ပျင်းရိသူ၊ အဝလွန်နေသူ၊ နေထိုင်မ‌ကောင်းဖြစ်နေသူ၊ စိတ်အားငယ်တတ်သူတစ်ယောက်အဖြစ်နဲ့ မပျိုးထောင်ချင်ဘူးဆိုပါက မိဘတွေအနေနဲ့ ဘယ်တော့မှမပြုလုပ်သင့်တဲ့ အမှားလေးတွေကို သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

တီဗွီ အကြာကြီးကြည့်ခွင့်ပြုခြင်း

ကလေးတွေအပျင်းပြေအောင်၊ ပျော်အောင်လို့ တီဗွီတွေ၊ မိုဘိုင်းလ်ဖုန်းတွေကို မိဘအများစုက ပေးကြည့်၊ ပေးကိုင်တတ်ကြပါတယ်။ တော်ရုံတန်ရုံအချိန်လောက် ပေးကြည့်ရင်တော့ ကိစ္စမရှိပေမယ့်လည်း အချိန်အကြာကြီးတော့ မပြသသင့်ပါဘူး။ ဒီလိုပြုလုပ်ခြင်းက သူတို့လေးတွေရဲ့ အမြင်အားကို ပျက်စီးစေနိုင်သလို မျက်စိအားနည်းမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

- Advertisement -

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ စားခွင့်ပြုခြင်း

ဒီနေ့ခေတ်လိုမျိုး အရာရာတိုးတက်ပြောင်းလဲနေချိန်မှာ အစားအသောက်တွေကလည်း မျိုးစုံပေါ်ထွက်လျက်ရှိနေပါတယ်။ ဒါပေမယ့် ဆားပါဝင်မှု အင်မတန်များပြားတဲ့ Fast Food တွေလို အစားအသောက်တွေကို နေ့တိုင်းနီးပါးစားခွင့်ပြုထားခြင်းက မျက်နှာအဆီတွေတိုးလာကာ ကိုယ်အလေးချိန်လည်းတက်လာမှာဖြစ်ပါတယ်။

နို့ဗူးအသုံးပြုပြီး နို့တိုက်ခြင်း

ကျန်းမာရေးပြဿနာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်အများစုက သူတို့ရဲ့ရင်သွေးလေးတွေကို နို့ချိုမတိုက်ကျွေးကြပါဘူး။ နို့ဗူးတွေကိုအသုံးပြုပြီး ကလေးတွေကို ကျွေးတတ်ကြပါတယ်။ နို့ဗူးတွေကနေသောက်ရတာထက် မိခင်တိုက်ကျွေးတဲ့နို့ချိုကို သောက်သုံးရတဲ့ကလေးငယ်တွေဟာ အဝလွန်ခြင်းကြုံတွေ့နိုင်ခြေ နည်းပါးတယ်လို့ သုတေသီတစ်ချို့က ဆိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှုတွေကို လျစ်လျူရှုထားခြင်း

တချိန်လုံးအိမ်ထဲမှာပဲနေဖို့အတွက် တင်းကြပ်နေမယ့်အစား သားသမီးတွေကို အပြင်ထွက်ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ခိုင်းဖို့ မိဘတိုင်းက တွန်းအားပေးသင့်ပါတယ်။ ရေကူးခြင်း၊ စကိတ်စီးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကစားခြင်းတို့လို ကစားနည်းအသစ်လေးတွေကို လုပ်တတ်အောင်လို့ ဘေးနားကနေ အားပေးဖို့လိုအပ်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ မလုပ်ပေးခြင်း

မိဘတိုင်းက ကိုယ့်သားသမီးရဲ့ ကြီးထွားဖွံ့ဖြိုးနှုန်းကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလေးတွေ မှန်မှန်လုပ်ပေးပြီးတော့ သူတို့ရဲ့ အရပ်၊ ကိုယ်အလေးချိန်တို့ကို သေချာမှတ်သားထားမှသာလျှင် ကျန်းမာရေးပြဿနာတွေ မကြုံလာရအောင် ရှောင်ကြဥ်နိုင်မှာဖြစ်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- possibleparents

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here