သားသမီးတွေအပေါ် သက်ရောက်လာနိုင်တဲ့ ဂိမ်းကစားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

0
109
- Advertisement -

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာတာနဲ့အမျှ ဂိမ်းတွေကလည်း ကလေးငယ်တွေကြားမှာ တဖြည်းဖြည်းနဲ့ ရေပန်းစားလာပါတယ်။ ဖြတ်တောက်ရခက်ခဲတဲ့ ဂိမ်းတွေအပေါ်စွဲလမ်းစိတ်တွေကြောင့်လည်း ကိုယ့်ရဲ့သားငယ်သမီးငယ်တွေအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေဖြစ်လာမှာကို မိဘတိုင်း၊ လူကြီးတိုင်းက စိုးရိမ်တတ်ကြပါတယ်။ ငယ်ရွယ်တဲ့စိတ်ကလေးတွေပေါ်မှာ ဗီဒီယိုဂိမ်းတွေက ဘယ်လိုမျိုးကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်လာစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကတဆင့် ပြောပြပေးချင်ပါတယ်။

ကောင်းကျိုးများ

• ဂိမ်းကစားခြင်းက ကလေးငယ်တွေရဲ့ ထိုးထွင်းဥာဏ်ကို ဖွံ့ဖြိုးစေပြီး မှတ်ဥာဏ်စွမ်းရည်တွေ၊ ခြေချောင်း၊ လက်ချောင်းလေးတွေ လှုပ်ရှားသန်မာစေဖို့တွေမှာ အထောက်အကူဖြစ်စေပါတယ်။
• ဗီဒီယိုဂိမ်းတွေ ကစားခြင်းဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်းရည်ကို ရရှိမှာဖြစ်ပြီး အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်မှုကို သိနားလည်လာကာ ပိုပြီးတော့လည်း နိုးနိုးကြားကြား ရှိလာမှာဖြစ်ပါတယ်။ ရေတိုမှတ်ဥာဏ်ကိုလည်း တိုးတက်စေသလို ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ပိုပြီးတော့ တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ချမှတ်နိုင်စေမှာပါ။
• ဂိမ်းကစားနေစဥ်အတွင်းမှာ ဗျူဟာတွေချမှတ်တတ်မယ်၊ အနိုင်ရရှိတဲ့အခါမှာလည်း အောင်မြင်မှုဆိုတာကို သဘောပေါက်ကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုစွမ်းအားလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
• တခြားကလေးတွေထက် ဂိမ်းကစားလေ့ရှိတဲ့ကလေးငယ်တွေဆီမှာ အာရုံစူးစိုက်အား၊ မြန်ဆန်နှုန်း၊ အလုပ်နှစ်ခုတစ်ပြိုင်နက်လုပ်ခြင်း၊ စိတ်ကူးစိတ်သန်း၊ တိကျမှုတွေကို ပိုပြီးမြင်တွေ့နိုင်ပါလိမ့်မယ်။

- Advertisement -

ဆိုးကျိုးများ

• ဆိုးကျိုးအနေနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာကျန်းမာရေးအပေါ် မကောင်းတဲ့သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။ နာရီပေါင်းမြောက်မြားစွာ တစ်နေရာတည်းမှာ ငုပ်တုတ်ထိုင်ခြင်းကြောင့် အဝလွန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးတွေခြောက်ခြင်း၊ လက်ကောက်ဝတ်အကြောကပ်ခြင်း တို့လို အခြေအနေများကို ကြုံတွေ့လာရနိုင်ပါတယ်။
• တချို့သောဂိမ်းတွေက ပစ်ခတ်တာ၊ သတ်ဖြတ်တာတွေ အများကြီး ပါဝင်တာကြောင့် ဒေါသတွေဖြစ်ပေါ်လာရာကနေ ရန်မူတဲ့အကျင့်ကို ရသွားစေနိုင်ပါတယ်။
• ဂိမ်းကစားချိန်၊ စာလုပ်ချိန် သီးသန့်စီမထားဘဲ ဂိမ်းချည်းပဲ တချိန်လုံးဆော့နေမယ်ဆိုရင်တော့ ကျောင်းစာတွေမှာ အဆင့်၊ အမှတ်တွေနည်းလာကာ မကြာခဏကျောင်းပြေးရာမှတဆင့် ကျောင်းထွက်တဲ့အခြေအနေမျိုးတွေပါ ကြုံလာရမှာပါ။

မိဘတွေပြုလုပ်ရမယ့်အရာများ

• ဂိမ်းဆော့ကစားခြင်းရဲ့ မကောင်းတဲ့သက်ရောက်မှုတွေ ကလေးတွေအပေါ်မှာ လျော့နည်းစေဖို့အတွက် ကိုယ့်သားသမီးက ဘယ်လိုဂိမ်းအမျိုးအစားကို ဆော့နေသလဲဆိုတာ မိဘတွေအနေနဲ့ သေချာအနီးကပ်ကြည့်ဖို့လိုအပ်ပါတယ်။
• ကလေးက ပူဆာလို့ ဂိမ်းဝယ်ပေးတော့မယ်ဆိုရင် အဖုံးမှာဖော်ပြထားတဲ့ အသက်အပိုင်းအခြား ကန့်သတ်ချက်ကို အရင်ဆုံးစစ်ဆေးကြည့်ပါ။ ဒါ့အပြင် အကြမ်းဖက်မှုတွေ အမြောက်အမြားပါဝင်တဲ့ ဂိမ်းတွေဆိုရင် ဘယ်လောက်ပဲပူဆာပူဆာ ဝယ်ပေးဖို့မသင့်ပါဘူး။
• နောက်တစ်ချက်ကတော့ ကလေးတွေဂိမ်းဆော့ချိန်ကို ကြီးကြပ်ကွပ်ကဲရမှာဖြစ်ပါတယ်။ တစ်နေ့နှစ်နာရီထက်ပိုပြီးတော့ ဂိမ်းဆော့ဖို့အတွက် ခွင့်မပြုသင့်ပါဘူး။
• ကလေးတွေရဲ့ ဂိမ်းဆော့တတ်တဲ့ အလေ့အကျင့်တွေကို စောင့်ကြည့်ရန်အတွက် လူကြီးတွေမြင်သာတဲ့နေရာမှာ ဂိမ်းစက်တွေကို ထားရှိပါ။ အသက် ၂ နှစ်အောက်ငယ်တဲ့ကလေးတွေဆိုရင်တော့ လုံးဝကို ဂိမ်းပေးမဆော့သင့်ပါဘူး။
• ဂိမ်းကစားတာအပြင် စာဖတ်ခြင်း၊ အပင်စိုက်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းတွေလို တခြားအလေ့အကျင့်လေးတွေကိုလည်း လုပ်တတ်အောင် တွန်းအားပေးပါ။

#Chit_May_May

#Thinzar

Ref-aptparenting

Zawgyi

သားသမီးေတြအေပၚ သက္ေရာက္လာႏိုင္တဲ့ ဂိမ္းကစားျခင္းရဲ႕ ေကာင္းက်ိဳး ဆိုးက်ိဳးမ်ား

ႏွစ္ေတြ တစ္ႏွစ္ၿပီးတစ္ႏွစ္ ေျပာင္းလဲလာတာနဲ႔အမွ် ဂိမ္းေတြကလည္း ကေလးငယ္ေတြၾကားမွာ တျဖည္းျဖည္းနဲ႔ ေရပန္းစားလာပါတယ္။ ျဖတ္ေတာက္ရခက္ခဲတဲ့ ဂိမ္းေတြအေပၚစြဲလမ္းစိတ္ေတြေၾကာင့္လည္း ကိုယ့္ရဲ႕သားငယ္သမီးငယ္ေတြအေပၚ ဆိုး႐ြားတဲ့သက္ေရာက္မႈေတြျဖစ္လာမွာကို မိဘတိုင္း၊ လူႀကီးတိုင္းက စိုးရိမ္တတ္ၾကပါတယ္။ ငယ္႐ြယ္တဲ့စိတ္ကေလးေတြေပၚမွာ ဗီဒီယိုဂိမ္းေတြက ဘယ္လိုမ်ိဳးေကာင္းက်ိဳး ဆိုးက်ိဳးေတြ ျဖစ္လာေစႏိုင္လဲဆိုတာကို ဒီေဆာင္းပါးေလးကတဆင့္ ေျပာျပေပးခ်င္ပါတယ္။

ေကာင္းက်ိဳးမ်ား

• ဂိမ္းကစားျခင္းက ကေလးငယ္ေတြရဲ႕ ထိုးထြင္းဥာဏ္ကို ဖြံ႕ၿဖိဳးေစၿပီး မွတ္ဥာဏ္စြမ္းရည္ေတြ၊ ေျခေခ်ာင္း၊ လက္ေခ်ာင္းေလးေတြ လႈပ္ရွားသန္မာေစဖို႔ေတြမွာ အေထာက္အကူျဖစ္ေစပါတယ္။
• ဗီဒီယိုဂိမ္းေတြ ကစားျခင္းျဖင့္ ျပႆနာေျဖရွင္းႏိုင္စြမ္းရည္ကို ရရွိမွာျဖစ္ၿပီး အဖြဲ႕လိုက္ပူးေပါင္းေဆာင္႐ြက္တတ္မႈကို သိနားလည္လာကာ ပိုၿပီးေတာ့လည္း ႏိုးႏိုးၾကားၾကား ရွိလာမွာျဖစ္ပါတယ္။ ေရတိုမွတ္ဥာဏ္ကိုလည္း တိုးတက္ေစသလို ဆုံးျဖတ္ခ်က္ေတြခ်မွတ္ရာမွာ ပိုၿပီးေတာ့ တိတိက်က်နဲ႔ ျမန္ျမန္ဆန္ဆန္ ခ်မွတ္ႏိုင္ေစမွာပါ။
• ဂိမ္းကစားေနစဥ္အတြင္းမွာ ဗ်ဴဟာေတြခ်မွတ္တတ္မယ္၊ အႏိုင္ရရွိတဲ့အခါမွာလည္း ေအာင္ျမင္မႈဆိုတာကို သေဘာေပါက္ကာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈစြမ္းအားလည္း ျမႇင့္တင္ႏိုင္မွာျဖစ္ပါတယ္။
• တျခားကေလးေတြထက္ ဂိမ္းကစားေလ့ရွိတဲ့ကေလးငယ္ေတြဆီမွာ အာ႐ုံစူးစိုက္အား၊ ျမန္ဆန္ႏႈန္း၊ အလုပ္ႏွစ္ခုတစ္ၿပိဳင္နက္လုပ္ျခင္း၊ စိတ္ကူးစိတ္သန္း၊ တိက်မႈေတြကို ပိုၿပီးျမင္ေတြ႕ႏိုင္ပါလိမ့္မယ္။

ဆိုးက်ိဳးမ်ား

• ဆိုးက်ိဳးအေနနဲ႔ ျပန္ၾကည့္မယ္ဆိုရင္ေတာ့ ကိုယ္ခႏၶာက်န္းမာေရးအေပၚ မေကာင္းတဲ့သက္ေရာက္မႈေတြျဖစ္ေစႏိုင္ပါတယ္။ နာရီေပါင္းေျမာက္ျမားစြာ တစ္ေနရာတည္းမွာ ငုပ္တုတ္ထိုင္ျခင္းေၾကာင့္ အဝလြန္ျခင္း၊ အိပ္ေရးပ်က္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မ်က္လုံးေတြေျခာက္ျခင္း၊ လက္ေကာက္ဝတ္အေၾကာကပ္ျခင္း တို႔လို အေျခအေနမ်ားကို ႀကဳံေတြ႕လာရႏိုင္ပါတယ္။
• တခ်ိဳ႕ေသာဂိမ္းေတြက ပစ္ခတ္တာ၊ သတ္ျဖတ္တာေတြ အမ်ားႀကီး ပါဝင္တာေၾကာင့္ ေဒါသေတြျဖစ္ေပၚလာရာကေန ရန္မူတဲ့အက်င့္ကို ရသြားေစႏိုင္ပါတယ္။
• ဂိမ္းကစားခ်ိန္၊ စာလုပ္ခ်ိန္ သီးသန႔္စီမထားဘဲ ဂိမ္းခ်ည္းပဲ တခ်ိန္လုံးေဆာ့ေနမယ္ဆိုရင္ေတာ့ ေက်ာင္းစာေတြမွာ အဆင့္၊ အမွတ္ေတြနည္းလာကာ မၾကာခဏေက်ာင္းေျပးရာမွတဆင့္ ေက်ာင္းထြက္တဲ့အေျခအေနမ်ိဳးေတြပါ ႀကဳံလာရမွာပါ။

မိဘေတြျပဳလုပ္ရမယ့္အရာမ်ား

• ဂိမ္းေဆာ့ကစားျခင္းရဲ႕ မေကာင္းတဲ့သက္ေရာက္မႈေတြ ကေလးေတြအေပၚမွာ ေလ်ာ့နည္းေစဖို႔အတြက္ ကိုယ့္သားသမီးက ဘယ္လိုဂိမ္းအမ်ိဳးအစားကို ေဆာ့ေနသလဲဆိုတာ မိဘေတြအေနနဲ႔ ေသခ်ာအနီးကပ္ၾကည့္ဖို႔လိုအပ္ပါတယ္။
• ကေလးက ပူဆာလို႔ ဂိမ္းဝယ္ေပးေတာ့မယ္ဆိုရင္ အဖုံးမွာေဖာ္ျပထားတဲ့ အသက္အပိုင္းအျခား ကန႔္သတ္ခ်က္ကို အရင္ဆုံးစစ္ေဆးၾကည့္ပါ။ ဒါ့အျပင္ အၾကမ္းဖက္မႈေတြ အေျမာက္အျမားပါဝင္တဲ့ ဂိမ္းေတြဆိုရင္ ဘယ္ေလာက္ပဲပူဆာပူဆာ ဝယ္ေပးဖို႔မသင့္ပါဘူး။
• ေနာက္တစ္ခ်က္ကေတာ့ ကေလးေတြဂိမ္းေဆာ့ခ်ိန္ကို ႀကီးၾကပ္ကြပ္ကဲရမွာျဖစ္ပါတယ္။ တစ္ေန႔ႏွစ္နာရီထက္ပိုၿပီးေတာ့ ဂိမ္းေဆာ့ဖို႔အတြက္ ခြင့္မျပဳသင့္ပါဘူး။
• ကေလးေတြရဲ႕ ဂိမ္းေဆာ့တတ္တဲ့ အေလ့အက်င့္ေတြကို ေစာင့္ၾကည့္ရန္အတြက္ လူႀကီးေတြျမင္သာတဲ့ေနရာမွာ ဂိမ္းစက္ေတြကို ထားရွိပါ။ အသက္ ၂ ႏွစ္ေအာက္ငယ္တဲ့ကေလးေတြဆိုရင္ေတာ့ လုံးဝကို ဂိမ္းေပးမေဆာ့သင့္ပါဘူး။
• ဂိမ္းကစားတာအျပင္ စာဖတ္ျခင္း၊ အပင္စိုက္ျခင္း၊ ေျပးလႊားေဆာ့ကစားျခင္းေတြလို တျခားအေလ့အက်င့္ေလးေတြကိုလည္း လုပ္တတ္ေအာင္ တြန္းအားေပးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here