သားသမီးတွေ အရမ်းဆိုးဝါးမသွားအောင် မိဘတွေက ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ။

0
427
- Advertisement -

၁။ တစ်ယောက်နဲ့တစ်ယောက်ကို ကုန်းချောခြင်း ဒါမှမဟုတ် လိမ်းလည်ပြောဆိုခြင်းက သာမာန်ဆိုးသွမ်းတာထက် ပိုပြီးဆိုးစေပါတယ်။ ဒီအကျင့်ဆိုးက ကြီးလာတဲ့အခါ စိတ်ယုတ်မာတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ကျောင်းသားဘဝ ဆရာမက အိမ်စာပေးလို့မလုပ်ခဲ့တဲ့အခါ ဆရာမရိုက်မှာကြောက်လို့ အိမ်က မိဘတွေအပေါ် အပြစ်ပုံချခြင်း၊ တခါတလေ ကိုယ့်ရဲ့ အပြစ်လျော့ပေါ့အောင် အခြားသူတစ်ဦးဦးအပေါ် လွဲချပြီး ကုန်းချောပြီးပြောဆိုခြင်း၊ လိမ်လည်ပြောဆိုခြင်း စတဲ့အကျင့်တွေက ကလေးဘဝမှာ အကြောက်တရားကြောင့် စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ အပြစ်တစ်ခုခုရှိတိုင်း ကြိမ်းမောင်းရိုက်နှက်ပြီး သားသမီးတွေကို အကြောက်တရားနဲ့ ထိန်းချုပ်နေတာက သင့်သားသမီးကို လမ်းမှားပိုရောက်စေပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်တဲ့အချိန်ထဲက အကြောက်တရားနဲ့ အုပ်ချုပ်တာထက် သားသမီးနဲ့ မိဘကြာ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိဖို့လိုအပ်ပါတယ်။ သင့်သားသမီး အခြားသူတွေနဲ့ ဒီလိုပြဿနာဖြစ်လာတဲ့အခါ သင့်အနေနဲ့ စိတ်လိုက်မာန်ပါ အားလုံးကို မပြုမူသင့်ဘဲ ပြဿနာရဲ့ အရင်းခံကို သေချာစမ်းစစ်ဖို့လိုအပ်ပါတယ်။

၂။ တခါတလေ မသိလို့ မှားသွားတဲ့အခါ ဒီအမှားကို အမြဲလိုလိုအပြစ်တင်ပြောဆိုနေမယ်ဆိုရင် အားငယ်စိတ်ပျက်တဲ့အကျင့်၊ ကိုယ့်ကိုကိုယ် အထင်သေးတဲ့အကျင့်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့အကျင့် စတဲ့ အကျင့်ဆိုးတွေဖြစ်လာနိုင်ပါတယ်။ ငယ်စဉ်ကတည်းကနေ ကြီးလာတဲ့အထိ ဒီအကျင့်ဆိုးတွေ စိုးမိုးသွားတဲ့အခါ သင့်သားသမီးလည်း လူတောတိုးရဲတော့မှာမဟုတ်ပါဘူး။ လူကြားသူကြား ဆက်ဆံရတဲ့အခါ၊ လူကြားထဲမှာ အလုပ်လုပ်ရတဲ့အခါ တာဝန်ယူချင်စိတ်မရှိဘဲ နောက်လိုက်အဖြစ်သာကျန်ရစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့အတွေးက”ငါလုပ်လိုက်လို့ မှားသွားရင်” ဆိုတဲ့ အတွေးက ခေါင်းထဲမှာအမြဲရှိနေပြီး ကိုယ်လုပ်တဲ့အလုပ်က မှန်နေရင်တော့ မှားမြန်းမှားသွားမလား၊ တစ်ခုခုမြန်းလွဲချော်သွားမလားဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတော့ပါဘူး။ လူတိုင်းက အမှားနဲ့ မကင်းကြတဲ့သူမို့ အမှားကို မကြောက်ကြပါနဲ့။ မှားပါ။ ဒါပေမဲ့ ကိုယ်လုပ်လိုက်လို့ မှားသွားတဲ့အခါ ဒီအမှားကို အကောင်းဆုံးဖြစ်အောင် ပြန်ပြုပြင်နိုင်ဖို့သာလိုအပ်ပါတယ်။ ဒါမှလည်း ပြဿနာတစ်ခုခုကြုံလာတိုင်း အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

၃။ မိဘတိုင်းက ကိုယ့်သားသမီးက အနေအေးပြီး အခြားသူတွေအပေါ်မှာလည်း အဆင်ပြေအောင်နေနိုင်ရင် ပိတီဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးက အနေအေးတာထက် အခြားသူတွေ ဘာလုပ်လုပ်၊ အနိုင်ကျင့်ကျင့် အားလုံးကို ငြိမ်ခံနေရင်တော့ မကောင်းပါဘူး။ အပေါင်းအသင်းမက် သွားတဲ့အခါ ကိုယ့်ရဲ့ အပေါင်းအသင်းက ဘာလုပ်လုပ် မှားမှားမှန်မှန် ငြိမ်ခံနေရင် မလိုအပ်ဘဲ လမ်းမှားကိုရောက်သွားနိုင်ပါတယ်။ အဓိကကတော့ အမှားနဲ့ အမှန်မှာ အမှားဘက်က အင်အားကြီးမှာနေပါစေ အမှန်တရားဘက်က ရပ်တည်ရဲတဲ့သတ္တိရှိဖို့လိုအပ်ပါတယ်။ ဒီလိုအမှားဘက်ကိုမြူဆွယ်တဲ့အခါ သူငယ်ချင်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အားနာပြီး လိုက်လျောမပေးသင့်ပါဘူး။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို မှန်ကန်တဲ့ လမ်းစဉ်ကို ချမှတ်ပေးကြပါ။ ဘာလိုအခြေအနေမှာပဲဖြစ်ဖြစ် အမှန်တရားဘက်က ရည်တည်နိုင်အောင် ဆုံးမသွန်သင်ပေးဖို့လိုအပ်ပါတယ်။

- Advertisement -

၄။ မိဘတွေရဲ့မျှော်လင်ချက်ဟာ ကိုယ့်သားသမီးကို အမြဲအောင်မြင်တဲ့သူ ဖြစ်စေချင်ကြပါတယ်။ အောင်မြင်ဖို့ဆိုတာ ကိုယ်လုပ်တဲ့အလုပ်အပေါ်ဝါသနာပါပြီး တန်ဖိုးထားချက်တတ်မှ အောင်မြင်တာပါ။ ပညာရေးက လူဘဝအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်နေပေမဲ့ ပညာတတ်တိုင်း လူတိုင်းမအောင်မြင်ပါဘူး။ ကိုယ်ကပညာရေးကို ဦးစားပေးပေမဲ့ ကိုယ့်သားသမီးက ငယ်ငယ်ထဲက ပညာရေးမှာ မထူးချွန်ဘူးဆိုလျှင် သင့်အနေနဲ့ ဒေါသထွက်ပြီး ဆန္ဒအလျှောက် ကျောင်းထုတ်ပြီး အခြားအလုပ်ကြမ်း လုပ်ခိုင်းခြင်း၊ သားသမီးအပေါ် ပညာရေးနဲ့ပတ်သတ်လာလျှင် အမြင်မကြည်တော့ခြင်း စတဲ့အပြုမူတွေမပြုလုပ်သင့်ပါဘူး။ အကောင်းဆုံးကတော့ သင့်ကလေးက ပညာရေးမှာ မထူးချွန်ပေးမဲ့ အခြားအရာတွေအပေါ်မှာ ထူးချွန်လျှင်ထူးချွန်ပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကလေးက အားကစားဘက်မှာ ဝါသနာပါလျှင် အားကစား၊ ဂီတဘက်မှာဝါသနာပါလျှင် ဂီတ စတဲ့သူ့ရဲ့ ဝါသနာတစ်ခုခုကို တတ်မြှောက်အောင် မြေတောင်မြှောက်ပေးဖို့လိုအပ်ပါတယ်။

၅။ မိဘတွေက ကိုယ့်သားသမီးစာလုပ်အောင်ဆိုပြီး သူတို့ ကြိုက်တဲ့ အရာတွေနဲ့ ချော့ချီတလှည့် မာန်ချီတလှည့်နဲ့ အမျိုးမျိုးလုပ်ယူကြတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ကောင်းမွန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်လိုချင်တာရဖို့အတွက် စာကျက်ခိုင်တဲ့အခါ ပြီးစလွယ် ကြက်တူရွေးစာအန်သလို အလွယ်သာကျက်ကြပါတယ်။ စာကို ၏၊ သည် မရွေ့နှုတ်တိုက်ကျက်ဖို့ထက် နားလည်သဘောပေါက်အောင်မှတ်သားနိုင်ဖို့က အဓိကပါ။ တကယ်နားလည်သဘောပေါက်မှသာလျှင် စာတွေ့ကိုလက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးစာလုပ်ဖို့အတွက်သူလိုကြိုက်တဲ့အရာတွေနဲ့ မြူဆွယ်နေတာထက် သင်ကိုယ်တိုင်က နားလည်းအောင် သင်ပြပေးဖို့လိုအပ်ပါတယ်။

Lifestyle_Myanmar

Thar_Nage

Zawgyi Font

သားသမီးေတြ အရမ္းဆိုးဝါးမသြားေအာင္ မိဘေတြက ဘယ္လိုျပဳျပင္ထိန္းသိမ္းမလဲ။

၁။ တစ္ေယာက္နဲ႔တစ္ေယာက္ကို ကုန္းေခ်ာျခင္း ဒါမွမဟုတ္ လိမ္းလည္ေျပာဆိုျခင္းက သာမာန္ဆိုးသြမ္းတာထက္ ပိုၿပီးဆိုးေစပါတယ္။ ဒီအက်င့္ဆိုးက ႀကီးလာတဲ့အခါ စိတ္ယုတ္မာတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ ေက်ာင္းသားဘဝ ဆရာမက အိမ္စာေပးလို႔မလုပ္ခဲ့တဲ့အခါ ဆရာမ႐ိုက္မွာေၾကာက္လို႔ အိမ္က မိဘေတြအေပၚ အျပစ္ပုံခ်ျခင္း၊ တခါတေလ ကိုယ့္ရဲ႕ အျပစ္ေလ်ာ့ေပါ့ေအာင္ အျခားသူတစ္ဦးဦးအေပၚ လြဲခ်ၿပီး ကုန္းေခ်ာၿပီးေျပာဆိုျခင္း၊ လိမ္လည္ေျပာဆိုျခင္း စတဲ့အက်င့္ေတြက ကေလးဘဝမွာ အေၾကာက္တရားေၾကာင့္ စတင္ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။ အျပစ္တစ္ခုခုရွိတိုင္း ႀကိမ္းေမာင္း႐ိုက္ႏွက္ၿပီး သားသမီးေတြကို အေၾကာက္တရားနဲ႔ ထိန္းခ်ဳပ္ေနတာက သင့္သားသမီးကို လမ္းမွားပိုေရာက္ေစပါတယ္။ ဒါ့ေၾကာင့္ ငယ္ရြယ္တဲ့အခ်ိန္ထဲက အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္တာထက္ သားသမီးနဲ႔ မိဘၾကာ ပြင့္လင္းတဲ့ ဆက္ဆံေရးရွိဖို႔လိုအပ္ပါတယ္။ သင့္သားသမီး အျခားသူေတြနဲ႔ ဒီလိုျပႆနာျဖစ္လာတဲ့အခါ သင့္အေနနဲ႔ စိတ္လိုက္မာန္ပါ အားလုံးကို မျပဳမူသင့္ဘဲ ျပႆနာရဲ႕ အရင္းခံကို ေသခ်ာစမ္းစစ္ဖို႔လိုအပ္ပါတယ္။

၂။ တခါတေလ မသိလို႔ မွားသြားတဲ့အခါ ဒီအမွားကို အၿမဲလိုလိုအျပစ္တင္ေျပာဆိုေနမယ္ဆိုရင္ အားငယ္စိတ္ပ်က္တဲ့အက်င့္၊ ကိုယ့္ကိုကိုယ္ အထင္ေသးတဲ့အက်င့္၊ ကိုယ့္ကိုကိုယ္ယုံၾကည္မႈမရွိတဲ့အက်င့္ စတဲ့ အက်င့္ဆိုးေတြျဖစ္လာႏိုင္ပါတယ္။ ငယ္စဥ္ကတည္းကေန ႀကီးလာတဲ့အထိ ဒီအက်င့္ဆိုးေတြ စိုးမိုးသြားတဲ့အခါ သင့္သားသမီးလည္း လူေတာတိုးရဲေတာ့မွာမဟုတ္ပါဘူး။ လူၾကားသူၾကား ဆက္ဆံရတဲ့အခါ၊ လူၾကားထဲမွာ အလုပ္လုပ္ရတဲ့အခါ တာဝန္ယူခ်င္စိတ္မရွိဘဲ ေနာက္လိုက္အျဖစ္သာက်န္ရစ္ေနပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိမိရဲ႕အေတြးက”ငါလုပ္လိုက္လို႔ မွားသြားရင္” ဆိုတဲ့ အေတြးက ေခါင္းထဲမွာအၿမဲရွိေနၿပီး ကိုယ္လုပ္တဲ့အလုပ္က မွန္ေနရင္ေတာ့ မွားျမန္းမွားသြားမလား၊ တစ္ခုခုျမန္းလြဲေခ်ာ္သြားမလားဆိုၿပီး ကိုယ့္ကိုကိုယ္ယုံၾကည္မႈမရွိေတာ့ပါဘူး။ လူတိုင္းက အမွားနဲ႔ မကင္းၾကတဲ့သူမို႔ အမွားကို မေၾကာက္ၾကပါနဲ႔။ မွားပါ။ ဒါေပမဲ့ ကိုယ္လုပ္လိုက္လို႔ မွားသြားတဲ့အခါ ဒီအမွားကို အေကာင္းဆုံးျဖစ္ေအာင္ ျပန္ျပဳျပင္ႏိုင္ဖို႔သာလိုအပ္ပါတယ္။ ဒါမွလည္း ျပႆနာတစ္ခုခုႀကံဳလာတိုင္း အေကာင္းဆုံးျဖစ္ေအာင္ ကိုယ္တိုင္ေျဖရွင္းေပးႏိုင္မွာျဖစ္ပါတယ္။

၃။ မိဘတိုင္းက ကိုယ့္သားသမီးက အေနေအးၿပီး အျခားသူေတြအေပၚမွာလည္း အဆင္ေျပေအာင္ေနႏိုင္ရင္ ပိတီျဖစ္ၾကပါတယ္။ ဒါေပမဲ့ ကိုယ့္သားသမီးက အေနေအးတာထက္ အျခားသူေတြ ဘာလုပ္လုပ္၊ အႏိုင္က်င့္က်င့္ အားလုံးကို ၿငိမ္ခံေနရင္ေတာ့ မေကာင္းပါဘူး။ အေပါင္းအသင္းမက္ သြားတဲ့အခါ ကိုယ့္ရဲ႕ အေပါင္းအသင္းက ဘာလုပ္လုပ္ မွားမွားမွန္မွန္ ၿငိမ္ခံေနရင္ မလိုအပ္ဘဲ လမ္းမွားကိုေရာက္သြားႏိုင္ပါတယ္။ အဓိကကေတာ့ အမွားနဲ႔ အမွန္မွာ အမွားဘက္က အင္အားႀကီးမွာေနပါေစ အမွန္တရားဘက္က ရပ္တည္ရဲတဲ့သတၱိရွိဖို႔လိုအပ္ပါတယ္။ ဒီလိုအမွားဘက္ကိုျမဴဆြယ္တဲ့အခါ သူငယ္ခ်င္းပဲျဖစ္ျဖစ္ ဘယ္သူပဲျဖစ္ျဖစ္ အားနာၿပီး လိုက္ေလ်ာမေပးသင့္ပါဘူး။ မိဘေတြအေနနဲ႔လည္း ကိုယ့္သားသမီးကို မွန္ကန္တဲ့ လမ္းစဥ္ကို ခ်မွတ္ေပးၾကပါ။ ဘာလိုအေျခအေနမွာပဲျဖစ္ျဖစ္ အမွန္တရားဘက္က ရည္တည္ႏိုင္ေအာင္ ဆုံးမသြန္သင္ေပးဖို႔လိုအပ္ပါတယ္။

၄။ မိဘေတြရဲ႕ေမွ်ာ္လင္ခ်က္ဟာ ကိုယ့္သားသမီးကို အၿမဲေအာင္ျမင္တဲ့သူ ျဖစ္ေစခ်င္ၾကပါတယ္။ ေအာင္ျမင္ဖို႔ဆိုတာ ကိုယ္လုပ္တဲ့အလုပ္အေပၚဝါသနာပါၿပီး တန္ဖိုးထားခ်က္တတ္မွ ေအာင္ျမင္တာပါ။ ပညာေရးက လူဘဝအတြက္ အေရးပါတဲ့ အခန္းက႑တစ္ခုျဖစ္ေနေပမဲ့ ပညာတတ္တိုင္း လူတိုင္းမေအာင္ျမင္ပါဘူး။ ကိုယ္ကပညာေရးကို ဦးစားေပးေပမဲ့ ကိုယ့္သားသမီးက ငယ္ငယ္ထဲက ပညာေရးမွာ မထူးခၽြန္ဘူးဆိုလွ်င္ သင့္အေနနဲ႔ ေဒါသထြက္ၿပီး ဆႏၵအေလွ်ာက္ ေက်ာင္းထုတ္ၿပီး အျခားအလုပ္ၾကမ္း လုပ္ခိုင္းျခင္း၊ သားသမီးအေပၚ ပညာေရးနဲ႔ပတ္သတ္လာလွ်င္ အျမင္မၾကည္ေတာ့ျခင္း စတဲ့အျပဳမူေတြမျပဳလုပ္သင့္ပါဘူး။ အေကာင္းဆုံးကေတာ့ သင့္ကေလးက ပညာေရးမွာ မထူးခၽြန္ေပးမဲ့ အျခားအရာေတြအေပၚမွာ ထူးခၽြန္လွ်င္ထူးခၽြန္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္ကေလးက အားကစားဘက္မွာ ဝါသနာပါလွ်င္ အားကစား၊ ဂီတဘက္မွာဝါသနာပါလွ်င္ ဂီတ စတဲ့သူ႔ရဲ႕ ဝါသနာတစ္ခုခုကို တတ္ေျမွာက္ေအာင္ ေျမေတာင္ေျမွာက္ေပးဖို႔လိုအပ္ပါတယ္။

၅။ မိဘေတြက ကိုယ့္သားသမီးစာလုပ္ေအာင္ဆိုၿပီး သူတို႔ ႀကိဳက္တဲ့ အရာေတြနဲ႔ ေခ်ာ့ခ်ီတလွည့္ မာန္ခ်ီတလွည့္နဲ႔ အမ်ိဳးမ်ိဳးလုပ္ယူၾကတယ္။ ဒါေပမဲ့ ဒီနည္းလမ္းက ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္လိုခ်င္တာရဖို႔အတြက္ စာက်က္ခိုင္တဲ့အခါ ၿပီးစလြယ္ ၾကက္တူေရြးစာအန္သလို အလြယ္သာက်က္ၾကပါတယ္။ စာကို ၏၊ သည္ မေရြ႕ႏႈတ္တိုက္က်က္ဖို႔ထက္ နားလည္သေဘာေပါက္ေအာင္မွတ္သားႏိုင္ဖို႔က အဓိကပါ။ တကယ္နားလည္သေဘာေပါက္မွသာလွ်င္ စာေတြ႕ကိုလက္ေတြ႕အသုံးခ်ႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလးစာလုပ္ဖို႔အတြက္သူလိုႀကိဳက္တဲ့အရာေတြနဲ႔ ျမဴဆြယ္ေနတာထက္ သင္ကိုယ္တိုင္က နားလည္းေအာင္ သင္ျပေပးဖို႔လိုအပ္ပါတယ္။

Lifestyle_Myanmar

Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here