သားသမီးများအတွက် မိဘကောင်းဖြစ်ဖို့ဘယ်လိုတွေလုပ်လို့ရမလဲ

0
2078
- Advertisement -

မိဘဖြစ်ရတာဟာ ဘဝမှာအကောင်းဆုံးဆုလဒ်တစ်ခုဖြစ်ပြီး စိန်ခေါ်မှုတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ပြီးပြည့်စုံတဲ့ မိဘအုပ်ထိန်းမှုကို ဖန်ဆင်းလို့မရနိုင်ပေမယ့် အောင်မြင်တဲ့မိဘတွေရဲ့ နည်းလမ်းပြသပေးမှုတွေကတော့ရှိပါတယ်။ သင့်ရဲ့ကလေးငယ်တွေဟာ မည်သည့်အသက်အရွယ်ဖြစ်နေပါစေ ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကို အသုံးပြုပြီး မိဘကောင်းတစ်ဦးဖြစ်စေရန်အတွက်ခိုင်မာတဲ့အုတ်မြစ်ချမှုကို ပြုလုပ်လို့ရနိုင်ပါတယ်။

သင့်ရဲ့ရင်သွေးကို ချွင်းချက်မရှိချစ်ပေးပါ

မကောင်းတဲ့အကျင့်စရိုက်တွေကို ပြုပြင်ပေးတာမျိုးလောက်နဲ့ သင်ဟာ သူတို့အပေါ်ကိုချစ်တာမျိုးဖော်ပြတာဟာ မလုံလောက်ပါဘူး။ သင့်ရင်သွေးဟာ ဘယ်သို့သောအနှုတ်လက္ခဏာဆန်တဲ့အကျင့်စရိုက်မျိုးရှိနေပါစေ သင်ဟာသူတို့အပေါ်ချစ်နေမယ်ဆိုတာမျိုး သိအောင်ပြောပြထားသင့်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်ရဲ့ ချစ်ခြင်းမေတ္တာဖြင့် ထောက်ပံ့မှုပေးပါ။ သင်သူတို့အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို နားလည်အောင်ပြောပြပေးပါ။ သင်ဟာ သူတို့အတွက် စံပြပုဂ္ဂိုလ်တစ်ယောက်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ သင်လေးစားအားကျရတဲ့ လူတစ်ယောက်ရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်တွေကို သူတို့နဲ့ရင်းနီးကျွမ်းဝင်မှုရှိအောင်ပြောပြပေးပါ။ ဘာအတွက်ကြောင့်မို့ သင်ဟာ သူ့ကို လေးစားအားကျရပြီး သင့်ရင်သွေးတွေကိုလည်း သူ့လိုကောင်းမွန်တဲ့ အကျင့်စရိုက်တွေနဲ့ လူကောင်းလူမွန်အဖြစ် ဂုဏ်ယူချင်ကြောင်း ပြောပြပေးပါ။ သို့သော် သင့်ရင်သွေးတွေအပေါ် ဖိအားပေးတဲ့ပုံစံမျိုး၊ ပုံသွင်းတဲ့ပုံစံမျိုးတော့ မဖြစ်စေပါနဲ့။

- Advertisement -

သင့်ရင်သွေးတွေအတွက် အချိန်ပေးပါ

သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ သင့်ကလေးငယ်တွေအတွက် အချိန်တစ်ခုတော့ပေးပြီး သင့်ရဲ့ နွေးထွေးမှုကို သူတို့ခံစားသိရှိနိုင်ပါစေ။ သူတို့ရဲ့အတွေး ခံစားချက်၊ စိုးရိမ်ပူပန်မှုတွေကို ဂရုတစိုက်နားထောင်ပေးပါ။ သင့်တော်မယ့် စည်းမျဉ်းစည်းကမ်းတွေချမှတ်ထားပါ။ ဆုပေး၊ဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။ ရိုက်နှက်ခြင်းမပြုတာက ကလေးငယ်တွေအတွက် ပိုပြီးကောင်းမွန်စေပါတယ်။

အပြုအမူကောင်းတွေဖြစ်ဖို့အတွက် တတ်နိုင်သမျှအာရုံစိုက်ပေးပါ

သင့်ကလေးငယ်တွေရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုများနဲ့ ရွေးချယ်မှုများကို အသိအမှတ်ပြုပြီး အားပေးပါ။ သင့်ရဲ့ အားပေးမှုဟာ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုကိုရောက်ရှိဖို့ အထောက်အကူဖြစ်စေပါတယ်။ သင့်ကလေးငယ်ရဲ့ ဝါသနာကို ထောက်ပံ့မှုပေးပါ။ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ အခွင့်အရေးပေးပါ။ အချို့သောပြသနာများကို ဝင်ရောက်ဖြေရှင်းပေးဖို့ မကြိုးစားပါနဲ့။ ဘဝဟာ ခက်ခဲပြီး လူတိုင်းဟာ အမှားနဲ့မကင်းနိုင်တာမို့ သူတို့ရဲ့ အမှားများကို ကိုယ်တိုင်သိရှိနားလည်ပါစေ။ တာဝန်ယူမှုနဲ့ တာဝန်ခံမှုဆိုသော အကြောင်းအရာကို နားလည်သဘောပေါက်ပါစေ။ အမှားများမှ သင်ခန်းစာယူတတ်သူဖြစ်စေပြီး လက်တွေ့ကျတဲ့ ပန်းတိုင်ကို လျောက်လှမ်းနိုင်ဖို့အတွက် ဆုံးဖြတ်ချက်ရဲရင့်ခိုင်မာတဲ့လူတစ်ယောက်ဖြစ်စေတာက မှန်ကန်တဲ့ လမ်းညွှန်ပြသပေးမှုဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref- Guyana

LEAVE A REPLY

Please enter your comment!
Please enter your name here