သားသမီးလေးတွေကို မုသားမပြောတတ်စေဖို့အတွက် ဘယ်လိုသွန်သင်ဆုံးမရမလဲ

0
95
- Advertisement -

မိဘတိုင်းကတော့ သားသမီးတွေငယ်ရွယ်စဥ်မှာ လိမ်တာမကောင်းဘူး၊ အမှန်ကိုပဲပြောရတယ်လို့ ဆိုဆုံးမလေ့ရှိတတ်ကြပေမယ့်လည်း တစ်ခါတစ်ရံမှာ မိဘတွေဆူမှာကြောက်လို့ အရိုက်ခံမှာကြောက်တဲ့စိတ်တို့ကြောင့် မရည်ရွယ်ဘဲနဲ့ မုသားကျူးလွန်လိုက်မိတတ်ကြပါတယ်။ ဒီလိုအကျင့်မျိုးက အသက်ကြီးတဲ့အထိ စွဲကပ်မသွားစေဖို့အတွက် မိဘများအနေနဲ့ အရင်ဆုံး ဘယ်လိုပြုမူပြီးတော့ ဆုံးမရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ မိဘများကိုယ်တိုင်ကိုက ရိုးသားရပါမယ်

ကလေးတွေကို ဘယ်အရာကမှန်တယ်၊ မှားတယ်ဆိုပြီး သွန်သင်ဆုံးမနေတဲ့အချိန်မှာ လိမ်‌ပြောဖို့မကြိုးစားပါနဲ့။ ဘယ်လိုပဲ ကိစ္စအသေးအမွှားလေးပဲဖြစ်နေပါစေ အမှန်ကိုအမှန်အတိုင်းပြောပြပါ။

- Advertisement -

၂။အမှားလုပ်မိရင် လုပ်မိကြောင်း ဝန်ခံပါ

ငါမိဘပဲဆိုပြီးတော့ အမှားလုပ်မိတာ ဘာမှမဖြစ်ဘူးလို့ မတွေးလိုက်ပါနဲ့။ သားသမီးတွေကို ကတိပေးထားပြီးသား ကိစ္စကို မေ့လျော့သွားခဲ့တယ်ဆိုရင် အမှန်အတိုင်းပြောပြပြီး တောင်းပန်လိုက်ပါ။

၃။ ဥပမာပေးဖို့အတွက် မီဒီယာကိုအသုံးပြုပါ

ကလေးတွေကို ရိုးရိုးသားသားပြောဆိုတတ်ဖို့အတွက် ‌သွန်သင်ဆုံးမချင်တဲ့မိဘတွေဟာ ရုပ်ရှင်တွေကြည့်နေချိန် သို့မဟုတ် စာအုပ်တွေဖတ်နေချိန်တွေကိုလည်း အကျိုးရှိရှိ အသုံးချတတ်ပါတယ်။ အမှားလုပ်မိတဲ့အခန်းကိုရောက်တဲ့အခါ ခဏ ရပ်လိုက်ပြီး ဘာလို့မှားတယ်ဆိုတဲ့အကြောင်းနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့အကြောင်းကို သေချာရှင်းပြပေးလိုက်ပါ။

၄။ ရိုးသားဖို့ဆိုတာ အချိန်ယူတတ်ကြောင်းကို သေချာနားလည်ပါ

အရွယ်ငယ်သေးတဲ့ သားငယ်သမီးငယ်တို့ကို မှန်ကန်ရိုးသားတတ်ဖို့ဆုံးမတဲ့အခါ အရွယ်ရောက်ပြီးသားသူတွေကို ဆုံးမတဲ့စကားတွေနဲ့ ပြောလို့မရသလို အချိန်ယူရမယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ပါ။ အတင်းအကြပ်ဖိအားပေးတာမျိုးမလုပ်ဘဲနဲ့ အချိန်ရှိရင်ရှိသလိုမျိုး အသုံးချပြီးတော့ ဆုံးမသွန်သင်ပေးပါ။

Chit_MayMay

Thinzar

Ref:fatherly

Zawgyi

သားသမီးေလးေတြကို မုသားမေျပာတတ္ေစဖို႔အတြက္ ဘယ္လိုသြန္သင္ဆုံးမရမလဲ
မိဘတိုင္းကေတာ့ သားသမီးေတြငယ္႐ြယ္စဥ္မွာ လိမ္တာမေကာင္းဘူး၊ အမွန္ကိုပဲေျပာရတယ္လို႔ ဆိုဆုံးမေလ့ရွိတတ္ၾကေပမယ့္လည္း တစ္ခါတစ္ရံမွာ မိဘေတြဆူမွာေၾကာက္လို႔ အ႐ိုက္ခံမွာေၾကာက္တဲ့စိတ္တို႔ေၾကာင့္ မရည္႐ြယ္ဘဲနဲ႔ မုသားက်ဴးလြန္လိုက္မိတတ္ၾကပါတယ္။ ဒီလိုအက်င့္မ်ိဳးက အသက္ႀကီးတဲ့အထိ စြဲကပ္မသြားေစဖို႔အတြက္ မိဘမ်ားအေနနဲ႔ အရင္ဆုံး ဘယ္လိုျပဳမူၿပီးေတာ့ ဆုံးမရမလဲဆိုတာကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ မိဘမ်ားကိုယ္တိုင္ကိုက ႐ိုးသားရပါမယ္

ကေလးေတြကို ဘယ္အရာကမွန္တယ္၊ မွားတယ္ဆိုၿပီး သြန္သင္ဆုံးမေနတဲ့အခ်ိန္မွာ လိမ္‌ေျပာဖို႔မႀကိဳးစားပါနဲ႔။ ဘယ္လိုပဲ ကိစၥအေသးအမႊားေလးပဲျဖစ္ေနပါေစ အမွန္ကိုအမွန္အတိုင္းေျပာျပပါ။

၂။အမွားလုပ္မိရင္ လုပ္မိေၾကာင္း ဝန္ခံပါ

ငါမိဘပဲဆိုၿပီးေတာ့ အမွားလုပ္မိတာ ဘာမွမျဖစ္ဘူးလို႔ မေတြးလိုက္ပါနဲ႔။ သားသမီးေတြကို ကတိေပးထားၿပီးသား ကိစၥကို ေမ့ေလ်ာ့သြားခဲ့တယ္ဆိုရင္ အမွန္အတိုင္းေျပာျပၿပီး ေတာင္းပန္လိုက္ပါ။

၃။ ဥပမာေပးဖို႔အတြက္ မီဒီယာကိုအသုံးျပဳပါ

ကေလးေတြကို ႐ိုး႐ိုးသားသားေျပာဆိုတတ္ဖို႔အတြက္ ‌သြန္သင္ဆုံးမခ်င္တဲ့မိဘေတြဟာ ႐ုပ္ရွင္ေတြၾကည့္ေနခ်ိန္ သို႔မဟုတ္ စာအုပ္ေတြဖတ္ေနခ်ိန္ေတြကိုလည္း အက်ိဳးရွိရွိ အသုံးခ်တတ္ပါတယ္။ အမွားလုပ္မိတဲ့အခန္းကိုေရာက္တဲ့အခါ ခဏ ရပ္လိုက္ၿပီး ဘာလို႔မွားတယ္ဆိုတဲ့အေၾကာင္းနဲ႔ ဘယ္လိုလုပ္ရမယ္ဆိုတဲ့အေၾကာင္းကို ေသခ်ာရွင္းျပေပးလိုက္ပါ။

၄။ ႐ိုးသားဖို႔ဆိုတာ အခ်ိန္ယူတတ္ေၾကာင္းကို ေသခ်ာနားလည္ပါ

အ႐ြယ္ငယ္ေသးတဲ့ သားငယ္သမီးငယ္တို႔ကို မွန္ကန္႐ိုးသားတတ္ဖို႔ဆုံးမတဲ့အခါ အ႐ြယ္ေရာက္ၿပီးသားသူေတြကို ဆုံးမတဲ့စကားေတြနဲ႔ ေျပာလို႔မရသလို အခ်ိန္ယူရမယ္ဆိုတာကိုလည္း နားလည္သေဘာေပါက္ပါ။ အတင္းအၾကပ္ဖိအားေပးတာမ်ိဳးမလုပ္ဘဲနဲ႔ အခ်ိန္ရွိရင္ရွိသလိုမ်ိဳး အသုံးခ်ၿပီးေတာ့ ဆုံးမသြန္သင္ေပးပါ။

Chit_MayMay

Thinzar

Ref:fatherly

LEAVE A REPLY

Please enter your comment!
Please enter your name here