သားသားမီးမီးတို့ကို ညမအိပ်ခင်ကျွေးမွေးသင့်တဲ့ အစားအသောက်များ

0
766
- Advertisement -

သားသားမီးမီးလေးတို့ကို ညဘက်မအိပ်ခင် ဗိုက်ထဲလုံးဝအဆာမရှိဘဲမထားသင့်သလို အရမ်းကြီးပြည့်အင့်နေအောင်လည်း မကျွေးပါနဲ့နော် ….

သားသားမီးမီးလေးတို့ကို ညမအိပ်ခင် ဘာကျွေးရင်ကောင်းမလဲ၊ ဘယ်အစားအသောက်က ကျန်းမာရေးနဲ့ ညီညွှတ်မလဲဆိုတာကို ချစ်မေမေတို့ သိချင်နေပြီလား။ အခု ဒါကိုပြောပြပေးသွားပါမယ်။ သားသားမီးမီးတို့ဟာ တစ်နေ့ကို အဓိကအားဖြင့် မနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး စားလေ့ရှိသလို နေ့လယ် (၃) နာရီကနေ (၄) နာရီအတွင်းမှာတစ်ကြိမ်၊ ညစာစားပြီးချိန်နဲ့ မအိပ်ခင်အချိန်ကြားမှာ တစ်ကြိမ်၊ အဆာပြေမုန့်တွေ စားသောက်လေ့ရှိပါတယ်။

အရင်ဆုံး ညအိပ်ခါနီးမှာ ဘယ်လိုအစားအသောက်မျိုးကို ရှောင်ရှားရမလဲ အရင်ပြောပြပေးမယ်နော်။ အင်ဒီယားနားကျန်းမာရေးတက္ကသိုလ်က ဒေါက်တာ ဂျက်ဆင်ကတော့ ညမအိပ်ခင်မှာ သားသားမီးမီးတို့ကို ကဖိန်းဓာတ်ပါဝင်တဲ့ ချောကလက်လိုမျိုးအစားအစာကို မကျွေးမွေးဖို့ သတိပေးထားပါတယ်။ ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ ညအိပ်ရာဝင်မယ့်အချိန်ကနေ စပြီးရေတွက်လိုက်ရင် (၆) နာရီကြာကာလအတွင်းမှာ ချောကလက်ကျွေးတာ၊ လက်ဖက်ရည်၊ ကော်ဖီတိုက်တာမျိုးတွေကို မလုပ်သင့်ပါဘူး။ ဘာတွေကျွေးသင့်လဲဆိုတာကို အခုဆက်ပြီးပြောပြပေးမယ်နော်။

- Advertisement -

၁။ ငှက်ပျောသီး။

ငှက်ပျောသီးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို တိုးတက်ကောင်းမွန်စေပြီး ကောင်းစွာအိပ်ပျော်ဖို့အတွက်ကိုလည်း အထောက်အကူပြုနိုင်ပါတယ်။

၂။ ဒိန်ချဥ်။

အဆီနဲ့သကြားဓာတ်တွေ အများကြီးမပါဝင်တဲ့ ဒိန်ချဥ်ကလည်း သားသားမီးမီးတို့ကို ညမအိပ်ခင် ကျွေးမွေးသင့်တဲ့ အကောင်းဆုံးအစားအသောက်တစ်မျိုးပါ။

၃။ ဘယ်ရီသီး။

ဘယ်ရီသီးကလည်း သားသားမီးမီးတို့အတွက် အရသာရှိပြီး လိုအပ်တဲ့အမျှင်ဓာတ်နဲ့ဗီတာမင်ဓာတ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

၄။ ချိစ်မုန့်နှစ်ကြော်။

ချိစ်ကိုမုန့်နှစ်နဲ့လိပ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်အောင် ကြော်ကျွေးတာက ညမအိပ်ခင်အချိန်အတွက်တင်မဟုတ်ဘဲ နေ့လယ်နေ့ခင်းအဆာပြေအဖြစ်ပါ ကျွေးမွေးနိုင်ပါတယ်။ ဒီချိစ်မုန့်နှစ်ကြော်မှာ ပရိုတိန်းနဲ့ကယ်လ်ဆီယမ်ဓာတ်တွေ အပြည့်အဝပါဝင်ပြီး ပြုလုပ်ရလည်း လွယ်ကူတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

၅။ ကွေကာအုပ်။

သားသားမီးမီးတို့ကို ညမအိပ်ခင် ကွေကာအုပ်တိုက်တာကလည်း အရိုးရှင်းဆုံးနဲ့ ကျန်းမာရေးကိုညီညွှတ်စေပါတယ်။ ဒီလိုတိုက်တဲ့နေရာမှာ နွားနို့တွေ၊ သကြားတွေထပ်ထည့်ပြီး တိုက်စရာ မလိုပါဘူးနော်။

၆။ ကြက်ဥအကျက်ပြုတ်။

ကြက်ဥကိုအကျက်ပြုတ်ပြီး ကျွေးတာကလည်း သားသားမီးမီးတို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ရရှိစေပြီး ညမအိပ်ခင်မှာ ကျွေးမွေးသင့်တဲ့ အစားအသောက်တစ်မျိုးလည်းဖြစ်ပါတယ်။

၇။ ပေါင်မုန့်မြေပဲထောပတ်သုတ်။

သားသားမီးမီးလေးတို့ညမအိပ်ခင်မှာ မီးကင်ထားတဲ့ပေါင်မုန့်ကို မြေပဲထောပတ်သုတ်ပြီးတော့လည်း ကျွေးနိုင်သလို ထောပတ်နဲ့ အခြားယိုတစ်မျိုးမျိုးသုတ်ပြီးတော့လည်း ကျွေးနိုင်ပါတယ်။ ယိုနဲ့ကျွေးတဲ့အခါမှာတော့ သားသားမီးမီးတို့ချောင်းဆိုး၊ မဆိုးဆိုတာကို တစ်ချက်သတိထားပေးပါနော်။

၈။ Cracker နဲ့ ချိစ်။

Cracker ဘီစကစ်လေးတွေကို ချိစ်သုတ်ပြီးကျွေးတာကလည်း သားသားမီးမီးတို့ ညမအိပ်ခင်စားဖို့အတွက် အကောင်းဆုံး အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

ချစ်မေမေတို့ရေ….။ သားသားမီးမီးလေးတို့ ညမအိပ်ခင်မှာ ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအသောက်တစ်ခုခုကို သေချာကျွေးမွေးဖို့လိုပါတယ်နော်။ တစ်ခါတလေ သူတို့လေးတွေ ဗိုက်မဆာဘူးဆိုတဲ့အချိန်ကျရင်တော့ မကျွေးဘဲနေလို့ရပါတယ်။ ဒါပေမယ့် သားသားမီးမီးလေးတို့ကို ညဘက်မအိပ်ခင် ဗိုက်ထဲလုံးဝအဆာမရှိဘဲမထားသင့်သလို အရမ်းကြီးပြည့်အင့်နေအောင်လည်း မကျွေးပါနဲ့နော်။ လိုအပ်သလိုချင့်ချိန်ပြီးကျွေးမွေးရင်း သားသားမီးမီးတို့အတွက် ကောင်းမွန်တဲ့အိပ်စက်ချိန်တွေကို ဖန်တီးပေးကြပါလို့ အကြံပြုလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: rileychildren, yummytoodlerfood

LEAVE A REPLY

Please enter your comment!
Please enter your name here