သားသားမီးမီးတို့ကို ဟင်းသီးဟင်းရွက်စားချင်စိတ်ရှိအောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းများ

0
58
- Advertisement -

ဟင်းသီးဟင်းရွက်ကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ပေါင်းစုံကို ပေးစွမ်းနိုင်တာကြောင့် ချစ်မေမေတို့က သားသားမီးမီးတို့ကို ဟင်းသီးဟင်းရွက်စားချင်စိတ်ရှိလာအောင်

ချစ်မေမေတို့ရေ…။ သားသားမီးမီးတို့က ဟင်းသီးဟင်းရွက်မစားဘူးဆိုရင် ချစ်မေမေတို့လည်း ခေါင်းကိုက်မှာပဲနော်။ ဘာလို့လဲဆိုတော့ သားသားမီးမီးတို့ရဲ့ တစ်နေ့တာ စားသောက်တဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်လုံလောက်မျှတစွာ ပါဝင်ဖို့ လိုအပ်တာကြောင့် အသား၊ ငါးတို့အပြင် ဟင်းသီးဟင်းရွက်တွေကိုလည်း စားသောက်ပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဟင်းသီးဟင်းရွက်မကြိုက်တဲ့ သားသားမီးမီးတို့ကို ဟင်းသီးဟင်းရွက်စားချင်စိတ်ရှိလာအောင် ချစ်မေမေတို့ဘက်က လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ ဥပမာလေးတွေနဲ့ရှင်းပြပါ။

- Advertisement -

ချစ်မေမေတို့ရေ…။ သားသားမီးမီးတို့က ဟင်းသီးဟင်းရွက်စားချင်စိတ်မရှိဘူးဆိုရင် ဟင်းသီးဟင်းရွက်ရဲ့ကောင်းကျိုးလေးတွေကို ဥပမာလေးတွေ၊ ရုပ်ပြပုံလေးတွေနဲ့ ချိတ်ဆက်ပြီး ဥပမာပေးရှင်းပြပါ။ ချစ်မေမေတို့က အာပေါက်မတတ်ရှင်းပြရတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ပါ။ အဲ့ဒီရဲ့အကျိုးကျေးဇူးလေးတွေကို ချစ်မေမေတို့ သေချာပေါက် ပြန်လည်ခံစားရမှာပါ။

၂။ ဟင်းသီးဟင်းရွက်မှန်မှန်ကျွေးပါ။

သားသားမီးမီးတို့က ဟင်းသီးဟင်းရွက်ကို ပထမဆုံးစားကြည့်တဲ့အခါ မကြိုက်တာမျိုးက ပုံမှန်ပါပဲ။ ဒါပေမယ့် စိတ်မလျှော့ပါနဲ့။ သူတို့အစားစားတဲ့အချိန်တိုင်းမှာ ချစ်မေမေတို့က ဟင်းသီးဟင်းရွက်တွေထည့်ကျွေးပေးပါ။ နောက်ပိုင်းမှာတော့ သားသားမီးမီးတို့က စမ်းသပ်စားသောက်ရင်းနဲ့ နောက်ပိုင်းမှာ ဟင်းသီးဟင်းရွက်စားတဲ့အကျင့်တစ်ခုရရှိသွားပါလိမ့်မယ်။

၃။ ဟင်းသီးဟင်းရွက်စားတိုင်း ချီးကျူးပါ။

သားသားမီးမီးတို့ ဟင်းသီးဟင်းရွက်တစ်ခါစားတိုင်း ချစ်မေမေတို့က ချီးကျူးပေးပါ။ ငယ်ရွယ်သေးတဲ့ သားသားမီးမီးတို့ကို ချီးကျူးတယ်ဆိုရင် သူတို့လေးတွေက သိပ်ကိုပျော်တတ်ကြတာနော်။ အဲ့ဒီတော့ ချစ်မေမေတို့က ဒီနည်းလမ်းလေးကိုလည်း မဖြစ်မနေ အသုံးချကြည့်ပါရှင်။

၄။ ဟင်းသီးဟင်းရွက်တွေချက်တဲ့အခါ သားသားမီးမီးတို့ကိုလည်း ပူးပေါင်းခိုင်းပါ။

ချစ်မေမေတို့က ဟင်းသီးဟင်းရွက်နဲ့ပတ်သက်တဲ့ ဟင်းလျာတွေကို ချက်ပြုတ်တဲ့အခါမှာ သားသားမီးမီးတို့က အန္တရာယ်ကင်းတဲ့နေရာကနေ ပူးပေါင်းပါဝင်ခိုင်းပါ။ အဲ့ဒီလိုမကြာမကြာပြုလုပ်ပေးတာက ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ဟင်းသီးဟင်းရွက်နဲ့ ပိုမိုရင်းနှီးလာစေပြီး ဟင်းသီးဟင်းရွက်စားချင်စိတ်တွေ ပိုမိုဖြစ်ပေါ်လာပါလိမ့်မယ်နော်။

၅။ အဆာပြေအနေနဲ့ ထည့်သွင်းကျွေးမွေးပါ။

ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ဟင်းသီးဟင်းရွက်နဲ့ ပိုမိုရင်းနှီးစေချင်တယ်ဆိုရင် သူတို့လေးတွေကို အဆာပြေကျွေးမွေးတဲ့အခါ ဟင်းသီးဟင်းရွက်ပါ ထည့်သွင်းကျွေးမွေးနိုင်ပါတယ်။ ဥပမာပြရရင် မုန်လာဥတို့၊ ခရမ်းချဥ်သီးတို့ကို သူတို့စားနေကျ အဆာပြေအစားအသောက်တွေထဲမှာ သင့်တော်သလို ထည့်သွင်းကျွေးမွေးကြည့်ပါနော်။

၆။ ပုံစံမျိုးစုံဖြင့် ချက်ကျွေးပါ။

ဟင်းသီးဟင်းရွက်တွေကို တစ်နေ့နဲ့တစ်နေ့ မတူညီတဲ့နည်းမျိုးစုံနဲ့ ချက်ပြုတ်ကျွေးမွေးတာက သားသားမီးမီးတို့ကို ပျင်းရိငြီးငွေ့စေမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဒီနေ့မှာဟင်းရည်နဲ့ဆိုရင် နောက်နေ့ကျ ကြော်ကျွေးတာ၊ နောက်တစ်နေ့ကျ အခြားသောနည်းလမ်းတစ်မျိုးနဲ့ ပြင်ဆင်ကျွေးမွေးတာ အစရှိသဖြင့် နည်းလမ်းမျိုးစုံနဲ့ ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်နော်။

ချစ်မေမေတို့ရေ…။ အချို့သော သားသားမီးမီးတို့က အသားကောင်းကောင်းစားပေမယ့် ဟင်းသီးဟင်းရွက်လုံးဝမစားတာကြောင့် အာဟာရဓာတ်မညီမမျှဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ပေါင်းစုံကို ပေးစွမ်းနိုင်တာကြောင့် ချစ်မေမေတို့က သားသားမီးမီးတို့ကို ဟင်းသီးဟင်းရွက်စားချင်စိတ်ရှိလာအောင် ဆွဲဆောင်နိုင်ဖို့အတွက် အခုလိုနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here