သားသားမီးမီးတို့ရဲ့အသက်အရွယ်အလိုက် ကျွေးမွေးသင့်တဲ့အဆာပြေမုန့်များ

0
330
- Advertisement -

သားသားမီးမီးလေးတို့ကို ကျွေးမယ့်အဆာပြေမုန့်က ချောင်းဆိုးစေနိုင်လား၊ ကျန်းမာရေးနဲ့ညီညွှတ်ပါ့မလားဆိုပြီး အမြဲတမ်းတွေးပူရလေ့ရှိပါတယ်……

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေက အဆာပြေမုန့်တွေစားရတာကို သဘောကျကြတယ်မဟုတ်လား။ သူတို့လေးတွေအတွက် အဓိကထမင်းကြီးအပြင် ဖြည့်စွက်အာဟာရလိုအပ်တဲ့အရွယ်မှာဆို ဖြည့်စွက်အာဟာရကို ကျွေးမွေးရပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆာပြေမုန့်ကိုလည်း အလျဥ်းသင့်သလို ကျွေးမွေးရပါတယ်။ ဒါဆိုရင် သားသားမီးမီးလေးတို့ရဲ့ အသက်အရွယ်အလိုက် ကျွေးမွေးသင့်တဲ့ အဆာပြေမုန့်လေးတွေကို ချစ်မေမေတို့သိထားရအောင် မျှဝေပးချင်ပါတယ်နော်။

အသက် (၁) နှစ်မှ (၂) နှစ်အရွယ်အထိ ကလေးငယ်များအတွက် အဆာပြေမုန့်များ။

- Advertisement -

ဒီအရွယ်လေးတွေကို အစားအသောက်ကျွေးမွေးတဲ့နေရာမှာ အင်မတန် သတိထားရမှာ အခုလိုမျိုး အဆာပြေမုန့်ကို နေ့စဥ်ပုံမှန်အချိန်ဇယားနဲ့ ကျွေးမွေးသင့်ပါတယ်။ အဲ့ဒါမှပဲ သူတို့လေးတွေက အချိန်တိုင်းမုန့်စားလို့မရဘူးဆိုတာကို သိနိုင်မှာပါ။ သူတို့လေးတွေအတွက် သကြားပါဝင်မှုနည်းပါးတဲ့ကွေကာအုပ်၊ သားသားမီးမီးတို့ဝါးစားနိုင်လောက်တဲ့ပမာဏဖြစ်အောင် လှီးပေးထားတဲ့သစ်သီးများ၊ Cracker ဘီစကစ် (သူတို့လေးတွေ မဝါးနိုင်သေးဘူးထင်ရင် ဝါးကျွေးပါ။)၊ ချိစ်ပြားလေးများနဲ့ ဒိန်ချဥ်တို့ဖြစ်ပြီး ဒါတွေကို တစ်နေ့ (၃) ကြိမ်အထိ ကျွေးမွေးနိုင်ပါတယ်။

မူကြိုအရွယ်သားသားမီးမီးတို့အတွက် အဆာပြေမုန့်များ။

မူကြိုအရွယ်သားသားမီးမီးလေးတွေ အိမ်ပြန်ရောက်တဲ့အချိန် ဒါမှမဟုတ် မူကြိုမှာနေ့လယ်နေ့ခင်း အဆာပြေမုန့်စားချိန်တို့အတွက် သစ်သီးလေးတွေကိုစိတ်ပေးတာမျိုး၊ ဒိန်ချဥ်၊ Cracker ဘီစကစ်ကိုမှ ချိစ်နဲ့တွဲဖက်စားသုံးလို့ရအောင် ပြင်ဆင်ပေးနိုင်ပါတယ်။

ကျောင်းနေအရွယ်သားသားမီးမီးတို့အတွက် အဆာပြေမုန့်များ။

အဲ့ဒီအရွယ်ရောက်လာပြီဆိုရင်တော့ သားသားမီးမီးလေးတို့က ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်နေကြပါပြီ။ အဲ့ဒါကြောင့် သူတို့လေးတွေအတွက် အစားအသောက်ပြင်ဆင်တဲ့နေရာမှာ အခက်အခဲတွေအများကြီးမရှိနိုင်တော့ပါဘူး။ အဆာပြေမုန့်တွေ စားသောက်တဲ့နေရာမှာလည်း ဘယ်အရာက ကျန်းမာရေးနဲ့ညီညွှတ်တယ်၊ ဘယ်အရာက ကျန်းမာရေးကို အထောက်အကူမဖြစ်စေနိုင်ဘူးဆိုတာကို သူတို့ကိုယ်တိုင်သိလာကြပါတယ်။ သူတို့လေးတွေအတွက် သကြားဓာတ်ပါဝင်မှုနည်းပါးတဲ့ကွေကာအုပ်နဲ့ အဆီပါဝင်မှုနည်းပါးတဲ့နို့၊ ဒိန်ချဥ် ဒါမှမဟုတ် အဆီပါဝင်မှုနည်းပါးတဲ့နို့နဲ့ဖျော်ပေးထားတဲ့ သစ်သီးဖျော်ရည်များ၊ အခွံမာသီးများနဲ့ကွတ်ကီးတို့ကို တစ်နေ့ (၂) ကြိမ်ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။

ဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့အတွက် အဆာပြေမုန့်များ။

ဒီအရွယ်ရောက်လာပြီဆိုရင် များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းလာနိုင်ပြီဆိုပေမယ့် အဆာပြေမုန့်ကတော့ တစ်နေ့ကို (၁) ကြိမ် ဒါမှမဟုတ် (၂) ကြိမ်အထိ စားတတ်ကြတုန်းပါ။ ဒီအတွက် ပြုတ်ထားတဲ့မုန်လာဥနီ ဒါမှမဟုတ် ပန်းပွင့်စိမ်းတို့ကို မရောနိစ်နဲ့တွဲဖက်စီစဥ်ပေးခြင်း၊ အဆီပါဝင်မှုနည်းပါးတဲ့မြေပဲယို၊ လတ်ဆတ်တဲ့သစ်သီးများ၊ သီဟိုဠ်စေ့နဲ့စပျစ်သီးခြောက်များ၊ ပေါက်ပေါက်ဆုပ်နဲ့ ကြက်ဥပြုတ်တို့ကို အဆာပြေအဖြစ် တွဲဖက်ကျွေးမွေးနိုင်ပါတယ်။

သားသားမီးမီးတို့ကို အဆာပြေကျွေးရတာက ချစ်မေမေတို့အတွက် အင်မတန်မှခေါင်းစားရတဲ့ကိစ္စပါ။ သူတို့လေးတွေကို ကျွေးမယ့်အဆာပြေမုန့်က ချောင်းဆိုးစေနိုင်လား၊ ကျန်းမာရေးနဲ့ညီညွှတ်ပါ့မလားဆိုပြီး အမြဲတမ်းတွေးပူရလေ့ရှိပါတယ်။ အဲ့ဒါကြောင့် အခုပြောပြပေးခဲ့တဲ့ အဆာပြေမုန့်တွေကို သားသားမီးမီးတို့ရဲ့ အသက်အရွယ်အလိုက် ကျန်းမာရေးနဲ့ညီညွှတ်အောင် ပြင်ဆင်ကျွေးမွေးကြည့်ပါလို့ အကြံပြုလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: kidshealth

LEAVE A REPLY

Please enter your comment!
Please enter your name here