သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

0
57
- Advertisement -

နောက်ပြီး သွားတိုက်တံသုံးတယ်ဆိုရင် သားသားမီးမီးတို့ကို သွားတိုက်ပေးပြီးတိုင်းမှာ သူတို့လေးတွေရဲ့ သွားတိုက်တံကို ရေနဲ့သေချာသန့်ရှင်းဆေးကြာပေးပါ။

ချစ်မေမေတို့ရေ….။ လူတစ်ယောက်အတွက် သွားကျန်းမာရေးက အင်မတန်အရေးကြီးတာ ချစ်မေမေတို့ သိပြီးသားဖြစ်မှာပါ။ သွားကျန်းမာရေးမကောင်းရင် ခန္ဓာကိုယ်တွင်းက အခြားသောအူကလီစာတွေမှာ အခြားသောရောဂါတွေဖြစ်ပွားနိုင်တယ်လေ။ အဲ့ဒီတော့ ချစ်မေမေတို့က သားသားမီးမီးတို့ငယ်ငယ်တည်းက သူတို့လေးတွေရဲ့သွားလေးတွေကို ဂရုစိုက်ပေးသင့်တယ်နော်။ ဒါဆို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဂရုစိုက်ပေးရမလဲ မျှဝေပေးချင်ပါတယ်။

ချစ်မေမေတို့ရဲ့ သားသားမီးမီးတို့အတွက် သွားပွတ်တိုက်သုံးလို့မရသေးဘူးဆိုရင် အရင်ဆုံးချစ်မေမေတို့က သားသားမီးမီးလေးတို့ရဲ့သွားဖုံးကို လက်ချောင်းလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက်ပေးပါ။ အဲ့ဒီမတိုင်ခင် ချစ်မေမေတို့က လက်ကို သေချာလေးဆေးထားဖို့ လိုအပ်တယ်နော်။ အရမ်းငယ်သေးတဲ့အချိန်ဆိုရင်တော့ သွားတိုက်ဆေးမသုံးသင့်ပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ သွားတိုက်ဆေးတွေက သားသားမီးမီးတို့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်လို့ပါ။

- Advertisement -

နောက်ပြီး သွားတိုက်တံသုံးတယ်ဆိုရင် သားသားမီးမီးတို့ကို သွားတိုက်ပေးပြီးတိုင်းမှာ သူတို့လေးတွေရဲ့ သွားတိုက်တံကို ရေနဲ့သေချာသန့်ရှင်းဆေးကြာပေးပါ။ နောက်ပြီး လေဝင်လေထွက်ရရှိအောင် သွားပွတ်တံကို ဒေါင်လိုက်အနေအထားနဲ့ ခွက်အလွတ်ထဲမှာ ထည့်ထားပါ။ သားသားမီးမီးတို့ရဲ့ သွားပွတ်တံကို (၃) (၄) လတစ်ခါလောက် အသစ်လဲပေးဖို့လည်း မမေ့ပါနဲ့ရှင်။

အခု သားသားမီးမီးတို့ရဲ့သွားလေးတွေကို ဘယ်လိုမျိုးတိုက်ပေးရမလဲ မျှဝေပေးမယ်နော်။
၁။ အသက် (၁) နှစ်ခွဲမကျော်သေးတဲ့ သားသားမီးမီးတို့ကို သွားတိုက်တဲ့အခါ ချစ်မေမေတို့က သွားတိုက်ဆေးကို အသုံးမပြုဘဲ နူးညံ့တဲ့ ကလေးသွားပွတ်တံပေါ်မှာ ရေစွတ်ပြီးတော့ပဲတိုက်ပေးပါ။
၂။ သွားတိုက်တော့မယ်ဆိုရင် ချစ်မေမေတို့က သူတို့လေးတွေရဲ့ ပါးစပ်ကိုမြင်နိုင်မယ့် အနေအထားဖြစ်အောင် နေရာယူပါ။ မှန်ရှေ့မှာ သင့်ရင်ခွင်ထဲပိုက်ထားတာမျိုး၊ အခင်းပေါ်မှာ သူတို့လေးတွေကို လှဲထားစေတာမျိုး အစရှိသဖြင့်ပေါ့။
၃။ ပြီးရင်တော့ သားသားမီးမီးတို့ရဲ့ခေါင်းကိုလည်းထိန်း၊ နှုတ်ခမ်းကိုလည်း ‘မ’ ပေးထားပြီး စက်ဝိုင်းပုံစံအတိုင်း နူးနူးညံ့ညံ့နဲ့သွားတိုက်ပေးပါ။
၄။ နောက်ပြီး သားသားမီးမီးတို့ရဲ့သွားတစ်ချောင်းချင်းစီကို အရှေ့ပိုင်းရော အနောက်ပိုင်းရော သေချာလေးတိုက်ပေးပါ။
၅။ တကယ်လို့ ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတွေက သွားတိုက်ရတာကို မကြိုက်ဘူး၊ ရုန်းကန်ပြီး ငြင်းဆန်နေတယ်ဆိုရင် ချစ်မေမေတို့က သူတို့လေးတွေပျော်အောင် သီချင်းတွေဆိုပြီး ချော့မြူတာမျိုး ဒါမှမဟုတ် အရုပ်လေးနဲ့မြူဆွယ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

ချစ်မေမေတို့ရေ…။ သားသားမီးမီးတို့ ကောင်းစွာကြီးထွားဖွံ့ဖြိုးလာဖို့အတွက် ရောဂါဘယကင်းဝေးနေဖို့က အရေးကြီးပါတယ်နော်။ ဒီအထဲမှာ သွားကျန်းမာရေးအထူးကောင်းမွန်နေဖို့ သားသားမီးမီးတို့ရဲ့ သွားလေးတွေ ခိုင်မာတောင့်တင်းဖို့ အရေးကြီးတာပေါ့။ အဲ့ဒါကြောင့်လည်း ချစ်မေမေတို့အတွက် အခုလိုမျိုးနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်ရှင်။

#HM

#ChitMayMay

Source: raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here