သားသားမီးမီးတို့အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အကောင်းဆုံးလက်ဆောင်မွန် (၅) မျိုး

0
126
- Advertisement -

ချစ်မေမေတို့အပါအဝင်မိဘတွေအားလုံးက သူတို့ရဲ့သားသားမီးမီးလေးတွေကို ဘယ်လိုမျိုးတန်ဖိုးဖြတ်မရတဲ့ လက်ဆောင်တွေပေးရမလဲဆိုတာကို အမြဲတမ်းတွေးတောနေလေ့ရှိပါတယ်။ ဒါပေမယ့် အချို့သောတန်ဖိုးဖြတ်မရတဲ့၊ အကောင်းဆုံးဆိုတဲ့ လက်ဆောင်မွန်တွေက ပိုက်ဆံပေးဝယ်လို့မရဘဲ ကိုယ်ကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပေးနိုင်တဲ့လက်ဆောင်တွေဖြစ်တာကြောင့် ဒီလက်ဆောင် (၅) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အချိန်

ကိုယ့်ရဲ့ကလေးငယ်တွေနဲ့အတူ အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးခွင့်ရဖို့က အရေးကြီးဆုံးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ တကယ်လို့ကိုယ့်ဆီမှာ အချိန်တွေအများကြီးမရှိဘူးဆိုရင်လည်း သားသားမီးမီးတို့နဲ့အတူ စာအုပ်ဖတ်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။ မိဘတွေဆီမှာ စိတ်ဖိစီးမှုတွေအများကြီးရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် တန်ဖိုးရှိတဲ့၊ ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေကို သားသားမီးမီးတို့နဲ့အတူတူ ဖြတ်သန်းနိုင်ဖို့အတွက်လည်း မမေ့လျော့ကြပါနဲ့။ သားသားမီးမီးတို့နဲ့အတူ အချိန်ကုန်ဆုံးတာက ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး မိဘနဲ့သားသမီးအကြားဆက်ဆံရေးကိုလည်း ခိုင်မာစေပါလိမ့်မယ်။

- Advertisement -

၂။ အပြုံး

ချစ်မေမေအပါအဝင် မိဘနှစ်ပါးဆီက ချိုသာတဲ့အပြုံးပန်းတစ်ပွင့်ကို မြင်ရတာက သားသမီးတွေအတွက် ပျော်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့သားသားမီးမီးလေးတွေကို ကြည့်ပြီး နှစ်နှစ်ကာကာပြုံးပြပါ၊ အဲ့ဒီအပြုံးတွေက သားသားမီးမီးတို့ဆီကိုပါ ကူးစက်သွားမှာ သေချာပါတယ်။

၃။ ပွေ့ဖက်ပါ။

နွေးထွေးကြင်နာတဲ့ပွေ့ဖက်မှုတွေက အင်မတန်အဓိပ္ပာယ်ရှိပြီး တန်ဖိုးလည်းရှိပါတယ်။ အသားချင်းထိကပ်ခွင့်ရတာက တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးစေတာကြောင့် မိဘနဲ့သားသမီးအကြား ဆက်ဆံရေးအခိုင်မြဲစေဆုံး လက်ဆောင်က နူးညံ့ညင်သာစွာပွေ့ဖက်ခြင်းဆိုတဲ့ လက်ဆောင်ပဲဖြစ်ပါတယ်။

၄။ စာလေးတစ်စောင်

သားသားမီးမီးတို့ကို ဘယ်လောက်ချစ်ကြောင်းဖော်ကျူးထားတဲ့ စာတိုလေးတစ်ကြောင်းရေးပြီး သူတို့မြင်သာတဲ့နေရာမှာ ထားရင်းနဲ့ အံ့အားသင့်အောင်လုပ်တာကလည်း အင်မတန်မှအဓိပ္ပာယ်ရှိပြီး မိဘနဲ့သားသမီးကြားက လှပတဲ့ဆက်ဆံရေးတစ်ခုကို ဖော်ကျူးနိုင်ပါလိမ့်မယ်။

၅။ အသိအမှတ်ပြုပါ။

သားသားမီးမီးတို့က အသိအမှတ်ပြုခံထိုက်တဲ့ အရာတစ်ခုကို စွမ်းဆောင်ပြနိုင်ခဲ့တယ်ဆိုရင် သူတို့အတွက်ဂုဏ်ယူကြောင်း၊ အားပေးထောက်ခံကြောင်းကို သူတို့သိအောင် ထုတ်ဖော်ပြသပါ။ ဒီလိုမျိုးလုပ်တာက သူတို့နဲ့ပတ်သက်တဲ့အရာတွေကို ကိုယ်ကအမြဲတမ်းစောင့်ကြည့်အားပေးနေတယ်ဆိုတာကို သိသာထင်ရှားစေပါတယ်။ ကိုယ့်မိဘကကိုယ့်အတွက်ဂုဏ်ယူနေရတယ်ဆိုတဲ့အသိက သားသားမီးမီးတိုင်းအတွက် ကြီးမားတဲ့ဆုလက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်။

#HM

#ChitMayMay

Source: youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here