သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်စေမယ့်မနက်စာများ

0
127
- Advertisement -

ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတို့ မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးတတ်တဲ့အကျင့်ကို ငယ်စဥ်တည်းက သေချာသင်ကြားပေးထားမှ အရွယ်ရောက်လာတဲ့အခါမှာ ….

မနက်စာဆိုတာ တစ်နေ့တာကို အစပြုဖို့အတွက် အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ငယ်စဥ်တည်းက မနက်စာကိုပုံမှန်စားတဲ့အလေ့အကျင့်ရှိအောင် သင်ကြားပေးထားသင့်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်စေမယ့် မနက်စာကရော ဘယ်လိုမျိုးဖြစ်လဲ။ ဒါကိုဆက်ပြီးအတူတူလေ့လာကြည့်ရအောင်။

ပုံမှန်သမာရိုးကျ ကျွေးမွေးလေ့ရှိတဲ့ မနက်စာများ။

- Advertisement -

သစ်သီး။
ဟင်းသီးဟင်းရွက်။
အစေ့အဆံများ။
ပရိုတိန်း (အသား၊ ငါး၊ ကြက်ဥများ၊ အခွံမာသီးများ)
နို့ထွက်ပစ္စည်းများ (အဆီမပါတဲ့၊ အဆီပါဝင်မှုနည်းပါးတဲ့ နွားနို့၊ ချိစ်၊ ဒိန်ချဥ်)
ဥများ။
ပေါင်မုန့်မီးကင်၊ ပန်ကိတ်၊ ကွေကာအုပ်။
အစေ့အဆံတစ်ခုခု ဒါမှမဟုတ် သစ်သီးတစ်မျိုးထည့်ထားတဲ့ ဒိန်ချဥ်။

ထူးထူးဆန်းဆန်းမနက်စာများ။

ပေါင်မုန့်ကို မီးကင်ပြီး မြေပဲထောပတ်၊ ငှက်ပျောသီးတို့နဲ့ တွဲဖက်ကျွေးမွေးခြင်း။
စတော်ဘယ်ရီသီး ဒါမှမဟုတ် အခြားသောလတ်ဆတ်သည့် သစ်သီးတစ်မျိုးမျိုးကို ချိစ်ခရင်မ်ဖြင့် ရောစပ်ပြီး ဆန်းဒွစ်ချ်လုပ်ကျွေးခြင်း။
အသားညှပ်ပေါင်မုန့်အဖြစ် ပေါင်မုန့်အဖြူအချောထည်ကို အသားတစ်မျိုးမျိုး၊ ခရမ်းချဥ်သီး၊ ဆလက်ရွက်တို့ညှပ်ပြီး စီစဥ်ပေးခြင်း။

ခပ်မြန်မြန်စားသောက်နိုင်မည့် မနက်စာအမျိုးအစားများ။

တကယ်လို့ သားသားမီးမီးတို့က အိပ်ရာထနောက်ကျပြီး မနက်စာကို ခပ်သွက်သွက်လေ းစားရတော့မယ်ဆိုရင်တော့ သူတို့လေးတွေအတွက် ဒိန်ချဥ်နဲ့ လတ်ဆတ်တဲ့သစ်သီးတို့ကို ပြင်ဆင်ကျွေးမွေးနိုင်ပါတယ် ချစ်မေမေတို့ရေ။

ချစ်မေမေတို့အနေနဲ့ သားသားမီးမီးတို့အတွက် မနက်စာကျွေးမွေးတဲ့နေရာမှာ အစေ့အဆံပါဝင်ဖို့နဲ့ အဆီပါဝင်မှုနည်းပါးတဲ့ ဒါမှမဟုတ် အဆီလုံးဝမပါတဲ့ နွားနို့၊ ဒိန်ချဥ်တို့ကို ဦးစားပေးကျွေးမွေးသင့်ပါတယ်။ သားသားမီးမီးတို့အတွက် မနက်စာပြင်ဆင်ပေးတဲ့နေရာမှာလည်း အနားကပ်မှ ပျာယာခတ်ပြီး ပြင်ဆင်ပေးတာထက် အစောကြီးတည်းက သေချာလေး စနစ်တကျကြိုတင်ပြင်ဆင်ပေးထားတာ ပိုမကောင်းဘူးလားရှင့်။

နောက်ပြီး အင်မတန်ငယ်ရွယ်သေးတဲ့ သားသားမီးမီးတို့ကို မနက်စာကျွေးတဲ့နေရာမှာလည်း ချစ်မေမေတို့ကိုယ်တိုင် အတူတကွ ပါဝင်အားဖြည့်ပေးသင့်ပါတယ်။ အဲ့ဒါမှ သူတို့လည်း မနက်စာကို ပိုမိုကောင်းမွန်စွာ စားသုံးနိုင်မှာပါ။ အရွယ်ရောက်ပြီး သားသားမီးမီးတို့အတွက်ဆိုရင်တော့ သူတို့အတွက် မနက်စာကို သူတို့ယူစားရလွယ်ကူတဲ့နေရာမှာ ထားပေးထားမယ်ဆိုရင် သူတို့က ချစ်မေမေတို့ရဲ့ အကူအညီမပါဘဲ မနက်စာကို အလွယ်တကူ စားသုံးနိုင်ပါလိမ့်မယ်။

အချို့သော သားသားမီးမီးလေးတွေက နွားနို့မကြိုက်တတ်ကြဘူးဆိုရင် သူတို့အတွက် အခြားသောရွေးချယ်စရာတစ်ခုခုအဖြစ် ဒိန်ချဥ်လိုမျိုး အရာကို စီစဥ်ပေးထားသင့်ပါတယ်။ မနက်ခင်းဆိုရင် အလုပ်များတတ်တာ နားလည်ပေမယ့် ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတို့အတွက် ကောင်းမွန်တဲ့မနက်စာကို ဖန်တီးပြင်ဆင်ပေးနိုင်ဖို့ဆိုတာက ဦးစားပေးကိစ္စပဲမဟုတ်ပါလား ချစ်မေမေတို့ရေ။ မနက်စာပုံမှန်မစားတဲ့သူရဲ့ ဦးနှောက်က ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကျဆင်းတတ်ပါတယ်။ အဲ့ဒါကြောင့် ချစ်မေမေတို့ရဲ့ သားသားမီးမီးလေးတို့ မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးတတ်တဲ့အကျင့်ကို ငယ်စဥ်တည်းက သေချာသင်ကြားပေးထားမှ အရွယ်ရောက်လာတဲ့အခါမှာ အဆင်ပြေနိုင်မှာဖြစ်တဲ့အကြောင်း အကြံဥာဏ်ပေးလိုက်ရပါတယ်နော်။

#HM

#ChitMayMay

Source: kidshealth, scholastic

LEAVE A REPLY

Please enter your comment!
Please enter your name here