မိဘတွေဟာ တကယ်ကို ကလေးတွေရဲ့ Role Model ဖြစ်သင့်ပါတယ်။ အထူးသဖြင့် Role Model ကောင်း ပို့ဖြစ်သင့်တာကြောင့် ဒီဆောင်းပါးလေးကို အောက်ကိုနည်းနည်းဆွဲချလိုက်ရအောင်။
၁။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်ပါ
သင့်ရဲ့ နေ့စဉ်အလုပ်တွေကို ယုံကြည်မှုရှိရှိနဲ့ လုပ်ပါ။ အပြုသဘောစွမ်းအင်တွေနဲ့ ကြိုးစားပါ။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို သွားနေရင်းလုပ်ပါ။ သင့်ရဲ့ ကလေးလေးတွေ သင့်ကို မော်ကြည့်လိုက်တိုင်း အဆင်သင့်ဖြစ်နေပါစေ။ သင့်ရဲ့ နေ့စဉ်ဘဝတွေမှာ အကောင်းဆုံးခြေလှမ်းတွေနဲ့ ရှေ့ဆက်သွားပါ။ သင့်ကို Role Model ကောင်းတစ်ယောက်ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။

၂။ သင့်ရဲ့ စကားလုံးတွေကို ထိန်းသိမ်းပါ
သင့်ကလေးတွေကို သင်ပေးနိုင်မယ့်တဲ့အရာတွေထဲက အကောင်းဆုံးတစ်ခုက ယုံကြည်အားထားလို့ရတဲ့ လူကြီးတစ်ယောက်အဖြစ် တည်ရှိနေခြင်းပါပဲ။ ကလေးတွေကို တစ်ခုခုလုပ်ပေးဖို့ ကတိပေးထားတဲ့အခါ လုပ်ပေးဖြစ်အောင် လုပ်ပေးပါ။ တစ်ခုခုအကြောင်းပြပြီး ကတိမတည်ခြင်းဟာ ကလေးကို လိမ်လည်ရာရောက်ပြီး အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ ဒီအကျင့်ဟာ ကလေးတွေဆီကိုလည်း ကူးစက်နိုင်ပါတယ်။ နောက်တစ်ခုရှိတာက ကလေးရဲ့ အရှေ့မှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အယုတ္တအနတ္တစကားလုံးတွေ ပြောတာကို ရှောင်ကြဉ်ပါ။ ကလေးတွေဟာ အရမ်းအတုခိုးလွယ်ပါတယ်။

၃။ ကိုယ်ကျင့်တရားတန်ဖိုးတွေကို အဓိကသင်ပေးပါ
role model တစ်ယောက်အနေနဲ့ သင်ဟာ ပညာရှိပြီး လွှမ်းမိုးမှုရှိသူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ သင်ဟာ ဘဝထဲကဘယ်လိုအရာတွေကိုပဲဖြစ်ဖြစ် နားလည်ထားတယ်။ ကလေးအများစုဟာ အားကစားသမားတွေ၊ အဆိုတော်တွေနှင့် သရုပ်ဆောင်တွေ စတဲ့ သူတို့နှစ်သက်ရာ role model ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ လက်တွေ့ဘဝ role models တွေကိုလည်းလိုအပ်ပါသေးတယ်။ အထူးသဖြင့် သူတို့ကို ကိုယ်ကျင့်တရားတွေနှင့် တန်ဖိုးတွေအကြောင်း နားလည်အောင်သင်ပေးမယ့်လူတွေ လိုအပ်ပါတယ်။ လက်တွေ့ဘဝထဲက သင်လေးစားအားကျရတဲ့ လူတွေအကြောင်း ပြောပြပါ။ အရည်အသွေးတွေနှင့် အရည်အချင်းတွေအကြောင်း ပြောပြပါ။

၄။ သင့်ရဲ့ အတိတ်တွေက အမှားတွေကို သင်ခန်းစာအဖြစ် သုံးပါ
သင့်ရဲ့ အတွေ့အကြုံတွေကို သင့်သားသမီးတွေအတွက် သင်ခန်းစာအဖြစ် မျှဝေပေးပါ။ သို့ပေမယ့် ကိုယ်အချိန်တွေက ဒီလိုတွေဖြစ်ခဲ့ဖူးတာမျိုး ကလေးတွေကို အရမ်းပိတ်ပင်တာမျိုးမလုပ်ပါနဲ့။ ထိန်းကျောင်းပြုပြင်ပေးပါ။