သားသားမီးမီးတို့အရပ်ရှည်ဖို့အတွက် မဖြစ်မနေကျွေးမွေးသင့်တဲ့အစားအစာ (၅) မျိုး

0
521
- Advertisement -

သားသားမီးမီးလေးတွေ ပုံမှန်အတိုင်း အရပ်ထွက်၊ ကြီးထွားဖွံ့ဖြိုးဖို့ဆိုတာက မိဘတိုင်း တောင့်တတဲ့အရာပါ။ အဲ့ဒီထဲကမှ အပိုဆုလေးတစ်ခုအနေနဲ့ သူများထက် အရပ်လေးပိုရှည်ပြီး လူကြားသူကြားထဲမှာ ထင်းနေဖို့ဆိုတာကလည်း ချစ်မေမေတိုင်း မျှော်လင့်တောင့်တရတဲ့ အရာတစ်ခုပေါ့။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သားသားမီးမီးလေးတို့ အရပ်ရှည်ဖို့အတွက် ဘယ်လို အစားအစာတွေကို မဖြစ်မနေကျွေးမွေးသင့်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ ဥများ

ဥမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်တွေက သားသားမီးမီးလေးတို့ ဖွံ့ဖြိုးတိးတက်ဖို့အတွက် အဓိကကျတဲ့ အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ သားသားမီးမီးတို့အတွက် မနက်စာအဖြစ် ပေါင်မုန့်၊ နွားနို့တွေချည်းပဲ သီးသန့်ကျွေးမွေးနေတာထက် ကြက်ဥ ဒါမှမဟုတ် ဥတစ်မျိုးမျိုးကို ပြုတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အရသာရှိအောင် ပြင်ဆင်ကြော်လှော်ပြီးတော့ပဲဖြစ်ဖြစ် ကျွေးမွေးသင့်ပါတယ်။ မနက်စာမှာ ဒီလိုမျိုး ကြက်ဥ၊ ပေါင်မုန့်၊ နွားနို့တွေ စုံလင်သွားပြီဆိုရင်တော့ သားသားမီးမီးတို့ အရပ်ရှည်ဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်တွေနဲ့ အာဟာရဓာတ်ပေါင်းစုတွေကို ရရှိနိုင်မှာပါ။

၂။ ဒိန်ချဥ်

သားသားမီးမီးတို့အတွက် နေ့လယ်စာပြင်ဆင်ကျွေးမွေးတဲ့နေရာမှာလည်း ဒိန်ချဥ်ကို အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းထားနိုင်ပါတယ်။ ဒိန်ချဥ်မှာပါဝင်တဲ့ ပရီဘိုင်အိုတစ်က သားသားမီးမီးတို့ရဲ့ အူလမ်းကြောင်းကို ကျန်းမာစေတဲ့အပြင် ဒိန်ချဥ်ရဲ့ ဗီတာမင်ဓာတ်ကြွယ်ဝမှုကြောင့် ကယ်လ်ဆီယမ်ဓာတ်နဲ့ ဗီတာမင်ဒီတို့လိုမျိုး အရိုးကြီးထွားဖို့အတွက် အထောက်အပံ့ကောင်းဖြစ်စေနိုင်တဲ့ အာဟာရဓာတ်တွေကို ရရှိစေမှာပါ။

၃။ နွားနို့

ဒါကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ မပါမဖြစ် အစားအသောက်တစ်ခုပါ။ သားသားမီးမီးတို့အနေနဲ့ တစ်ရက်ကို နွားနို့ (၂) ခွက် အနည်းဆုံးသောက်သုံးပေးတာက သူတို့လေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်ဒီ၊ ကယ်လ်စီယမ်နဲ့ ပရိုတိန်းဓာတ်တွေကို ရရှိစေပါတယ်။

၄။ ပဲနို့

ပဲနို့မှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကြွက်သားတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ် အများအပြားပါဝင်ပါတယ်။ တကယ်လို့ ချစ်မေမေတို့ရဲ့ သားသားမီးမီးက နွားနို့နဲ့မတည့်လို့၊ အလက်ဂျစ်ရှိလို့ဆိုရင် ပဲနို့ကို တိုက်ကျွေးနိုင်ပြီး ပဲနို့ကတစ်ဆင့် လိုအပ်တဲ့ ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်နဲ့ ပရိုတိန်းဓာတ်တွေကို ရရှိစေမှာပါ။ ဒါ့အပြင် သားသားမီးမီးတို့အတွက် မုန့်ပဲသွားရည်စာပြုလုပ်တဲ့နေရာမှာလည်း အရသာပိုမိုကောင်းမွန်ဖို့အတွက် ပဲနို့ကို ပေါင်းစပ်သုံးစွဲနိုင်ပါသေးတယ်။

၅။ သစ်သီးများ

လတ်ဆတ်တဲ့ ရာသီပေါ်သစ်သီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်အများအပြားပါဝင်တာကြောင့် သားသားမီးမီးတို့အတွက် တစ်ရက်ကို သစ်သီး (၂) မျိုးကနေ (၃) မျိုးအထိ ကျွေးမွေးသင့်ပါတယ်။ ဒီလိုမျိုးကျွေးမွေးခြင်းကြောင့် သားသားမီးမီးတို့အနေနဲ့ နေ့စဥ်နေ့တိုင်း ဗီတာမင်ဓာတ်တွေ လုံလုံလောက်လောက်ရရှိနေပြီး ကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေတဲ့၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ မုန့်ပဲသွားရည်စာတွေ စားသုံးခြင်းကတစ်ဆင့်လည်း ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

#HM

#ChitMayMay

Source: medicalnewstoday

LEAVE A REPLY

Please enter your comment!
Please enter your name here