သားသားမီးမီးတို့ အများစုမှာရှိတတ်တဲ့ အလေ့အကျင့်ဆိုးလေးတွေကို ဘယ်လိုပြုပြင်ပေးရမလဲ

0
11

နှာခေါင်းနှိုက်ခြင်း၊ လက်သည်းကိုက်ခြင်း၊ သွားကြိတ်ခြင်းနှင့် လက်မစုပ်ခြင်းတို့လို အကျင့်ဆိုးလေးတွေကို ငယ်ရွယ်သေးတဲ့ သားငယ်သမီးငယ်တို့က မရည်ရွယ်ဘဲနဲ့ အကျင့်ပါသွားပြီး မကြာခဏလုပ်လေ့ရှိတတ်ကြပါတယ်။ စိတ်ရှုပ်လို့၊ ပျင်းလို့ ဒါမှမဟုတ် ဒီအတိုင်း လုပ်စရာမရှိလို့ လုပ်ရင်းကနေ ဖြစ်လာတတ်တဲ့ ဒီအကျင့်ဆိုးလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ ပြဿနာတွေဖြစ်လာနိုင်တာကြောင့် နောက်ဆက်တွဲအခြေအနေဆိုးတွေကို မကြုံတွေ့ရစေဖို့အတွက် စောစောစီးစီးကတည်းက အမှန်ပြင်ပေးရမှာဖြစ်ပါတယ်။

၁။ လက်သည်းကိုက်ခြင်း

ကလေးငယ်အများစုက သူတို့ပျင်းလာရင်၊ စိတ်ညစ်၊ စိတ်ရှုပ်လာရင် ဒါမှမဟုတ် တီဗီကြည့်နေချိန်၊ စာအုပ်ဖတ်နေချိန် ဈာန်ဝင်သွားတဲ့အခါ သူတို့တောင်မသိလိုက်ဘဲ လက်သည်းကိုက်တတ်ကြပါတယ်။ တစ်ချို့ကလေးတွေကျတော့ လက်သည်းတွေကျိုးပဲ့နေလို့ ကိုက်ရာကနေ အကျင့်ပါသွားကြတာပါ။ မကြာခဏလက်သည်းကိုက်ခြင်းက ရောဂါပိုးတွေကူးစက်လာနိုင်သလို လက်သည်းတစ်ဝိုက်က အရေပြားလည်းနီရဲလာမှာဖြစ်တာကြောင့် သားသမီးက လက်သည်းကိုက်တတ်တဲ့အကျင့်ဖြစ်နေပြီဆိုရင် မိဘများအနေနဲ့ မကောင်းတဲ့အကျင့်ဆိုတာ သေချာရှင်းပြပြီးတော့ ပြုပြင်ပေးပါ။ လက်ချောင်းလေးတွေကိုသုံးပြီးတော့ အညစ်အကြေးတွေ တူးဆွခြင်းမလုပ်အောင် သင်ပေးပါ။

၂။ နှုတ်ခမ်းကိုလျှာနဲ့လျက်ခြင်း၊ ကိုက်ခြင်း

နှုတ်ခမ်းက ခြောက်သွေ့ပြီး တင်းမာနေတာကြောင့် နှုတ်ခမ်းကိုစိုစွတ်မှုရှိစေဖို့ မကြာခဏဆိုသလို လျှာနဲ့လျက်တတ်လေ့ရှိကြပါတယ်။ သွားရည်ထိတွေ့တဲ့အခါ နှုတ်ခမ်းတွေက ပိုပြီးခြောက်သွေ့တတ်တဲ့အတွက် ခဏခဏလုပ်ရာကနေ အကျင့်ဖြစ်သွားတတ်ပါတယ်။ အမြဲလိုလို နှုတ်ခမ်းကိုလျှာနဲ့ပွတ်ခြင်း၊ သွားနဲ့ကိုက်ခြင်းကြောင့် နှုတ်ခမ်းသားကဖူးရောင်လာပြီးတော့ ရောဂါပိုးတွေ ပိုပြီးကူးစက်နိုင်တဲ့အတွက်ကြောင့် နေ့စဥ်နေ့တိုင်း အသုံးပြုနိုင်တဲ့ Lip Balm ပေးထားလိုက်ပါ။ နှုတ်ခမ်းသားခြောက်တဲ့အတွက် အလွယ်တကူထုတ်သုံးနိုင်ပါလိမ့်မယ်။

၃။ နှာခေါင်းနှိုက်ခြင်း

ဒီအလေ့အကျင့်ကတော့ ကလေးအများစု ပြုလုပ်တတ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အကျင့်တစ်ခုကို ချက်ချင်းဖျောက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့်လည်း မကြာခဏနှာခေါင်းနှိုက်ခြင်းဖြင့် နှာခေါင်းသွေးယိုလာနိုင်တာကြောင့် လူကြားထဲမှာ နှာခေါင်းမနှိုက်သင့်တဲ့အကြောင်း၊ နှာချေ၊ နှာညှစ်ချင်ရင် တစ်သျှူး အသုံးပြုသင့်ကြောင်း၊ စနစ်တကျ စွန့်ပစ်သင့်ကြောင်း သင်ပေးဖို့က မိဘဖြစ်တဲ့ သင့်အပေါ်မှာမူတည်နေပါတယ်။

၄။ လက်မစုပ်ခြင်း

မွေးကင်းစကလေးအများစုနဲ့ လေးနှစ်အောက်ကလေးတို့က လက်မစုပ်တတ်ကြတဲ့ အရွယ်တွေဖြစ်ပါတယ်။ အရွယ်ကြီးလာတာနဲ့အမျှ ကလေးအများစုက ထိုအကျင့်ဆိုးပျောက်သွားတတ်ပေမယ့်လည်း တစ်ချို့ကလေးတွေကတော့ ဆက်လုပ်နေဆဲပါပဲ။ အမြဲတမ်းလက်မစုပ်ခြင်းအားဖြင့် လက်မရောင်ရမ်းခြင်းနှင့် လက်မတစ်ဝိုက် အရေပြားမာတင်းလာခြင်းတို့ကို ဖြစ်လာစေနိုင်သလို လက်သည်းပိုးကူးခြင်းတို့ကိုလည်းဖြစ်စေနိုင်တာကြောင့် လက်မမှာ အခါးတစ်ခုခုသုတ်ထားခြင်း သို့မဟုတ် ပလာစတာကပ်ပေးထားခြင်းဖြင့် တားဆီးလိုက်ပါ။

၅။ သွားကြိတ်ခြင်း

အိပ်နေချိန်တွင်းမှာ လုပ်တတ်တဲ့ သွားကြိတ်ခြင်းအလေ့အကျင့်က ဘာလို့ဖြစ်တာလဲဆိုတဲ့ အကြောင်းအရင်းအတိအကျမသိပေမယ့် စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်သားသမီးက သွားကြိတ်တတ်တဲ့အကျင့်ရှိကြောင်း သိလိုက်ပြီဆိုရင် မိဘများအနေနဲ့ သွားနှင့်ခံတွင်းစစ်ဆေးမှု ပုံမှန်လုပ်ပေးခြင်း၊ သို့မဟုတ် ခံတွင်းသန့်ရှင်းရေးမှန်မှန်လုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

Chit_MayMay

Thinzar

Ref-parenting firstcry

Zawgyi

သားသားမီးမီးတို႔ အမ်ားစုမွာရွိတတ္တဲ့ အေလ့အက်င့္ဆိုးေလးေတြကို ဘယ္လိုျပဳျပင္ေပးရမလဲ

ႏွာေခါင္းႏႈိက္ျခင္း၊ လက္သည္းကိုက္ျခင္း၊ သြားႀကိတ္ျခင္းႏွင့္ လက္မစုပ္ျခင္းတို႔လို အက်င့္ဆိုးေလးေတြကို ငယ္႐ြယ္ေသးတဲ့ သားငယ္သမီးငယ္တို႔က မရည္႐ြယ္ဘဲနဲ႔ အက်င့္ပါသြားၿပီး မၾကာခဏလုပ္ေလ့ရွိတတ္ၾကပါတယ္။ စိတ္ရႈပ္လို႔၊ ပ်င္းလို႔ ဒါမွမဟုတ္ ဒီအတိုင္း လုပ္စရာမရွိလို႔ လုပ္ရင္းကေန ျဖစ္လာတတ္တဲ့ ဒီအက်င့္ဆိုးေလးေတြက အ႐ြယ္ေရာက္လာတာနဲ႔အမွ် ျပႆနာေတြျဖစ္လာႏိုင္တာေၾကာင့္ ေနာက္ဆက္တြဲအေျခအေနဆိုးေတြကို မႀကဳံေတြ႕ရေစဖို႔အတြက္ ေစာေစာစီးစီးကတည္းက အမွန္ျပင္ေပးရမွာျဖစ္ပါတယ္။

၁။ လက္သည္းကိုက္ျခင္း

ကေလးငယ္အမ်ားစုက သူတို႔ပ်င္းလာရင္၊ စိတ္ညစ္၊ စိတ္ရႈပ္လာရင္ ဒါမွမဟုတ္ တီဗီၾကည့္ေနခ်ိန္၊ စာအုပ္ဖတ္ေနခ်ိန္ ဈာန္ဝင္သြားတဲ့အခါ သူတို႔ေတာင္မသိလိုက္ဘဲ လက္သည္းကိုက္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ကေလးေတြက်ေတာ့ လက္သည္းေတြက်ိဳးပဲ့ေနလို႔ ကိုက္ရာကေန အက်င့္ပါသြားၾကတာပါ။ မၾကာခဏလက္သည္းကိုက္ျခင္းက ေရာဂါပိုးေတြကူးစက္လာႏိုင္သလို လက္သည္းတစ္ဝိုက္က အေရျပားလည္းနီရဲလာမွာျဖစ္တာေၾကာင့္ သားသမီးက လက္သည္းကိုက္တတ္တဲ့အက်င့္ျဖစ္ေနၿပီဆိုရင္ မိဘမ်ားအေနနဲ႔ မေကာင္းတဲ့အက်င့္ဆိုတာ ေသခ်ာရွင္းျပၿပီးေတာ့ ျပဳျပင္ေပးပါ။ လက္ေခ်ာင္းေလးေတြကိုသုံးၿပီးေတာ့ အညစ္အေၾကးေတြ တူးဆြျခင္းမလုပ္ေအာင္ သင္ေပးပါ။

၂။ ႏႈတ္ခမ္းကိုလွ်ာနဲ႔လ်က္ျခင္း၊ ကိုက္ျခင္း

ႏႈတ္ခမ္းက ေျခာက္ေသြ႕ၿပီး တင္းမာေနတာေၾကာင့္ ႏႈတ္ခမ္းကိုစိုစြတ္မႈရွိေစဖို႔ မၾကာခဏဆိုသလို လွ်ာနဲ႔လ်က္တတ္ေလ့ရွိၾကပါတယ္။ သြားရည္ထိေတြ႕တဲ့အခါ ႏႈတ္ခမ္းေတြက ပိုၿပီးေျခာက္ေသြ႕တတ္တဲ့အတြက္ ခဏခဏလုပ္ရာကေန အက်င့္ျဖစ္သြားတတ္ပါတယ္။ အၿမဲလိုလို ႏႈတ္ခမ္းကိုလွ်ာနဲ႔ပြတ္ျခင္း၊ သြားနဲ႔ကိုက္ျခင္းေၾကာင့္ ႏႈတ္ခမ္းသားကဖူးေရာင္လာၿပီးေတာ့ ေရာဂါပိုးေတြ ပိုၿပီးကူးစက္ႏိုင္တဲ့အတြက္ေၾကာင့္ ေန႔စဥ္ေန႔တိုင္း အသုံးျပဳႏိုင္တဲ့ Lip Balm ေပးထားလိုက္ပါ။ ႏႈတ္ခမ္းသားေျခာက္တဲ့အတြက္ အလြယ္တကူထုတ္သုံးႏိုင္ပါလိမ့္မယ္။

၃။ ႏွာေခါင္းႏႈိက္ျခင္း

ဒီအေလ့အက်င့္ကေတာ့ ကေလးအမ်ားစု ျပဳလုပ္တတ္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ အက်င့္တစ္ခုကို ခ်က္ခ်င္းေဖ်ာက္ဖ်က္ဖို႔ဆိုတာ မျဖစ္ႏိုင္ေပမယ့္လည္း မၾကာခဏႏွာေခါင္းႏႈိက္ျခင္းျဖင့္ ႏွာေခါင္းေသြးယိုလာႏိုင္တာေၾကာင့္ လူၾကားထဲမွာ ႏွာေခါင္းမႏႈိက္သင့္တဲ့အေၾကာင္း၊ ႏွာေခ်၊ ႏွာညႇစ္ခ်င္ရင္ တစ္သွ်ဴး အသုံးျပဳသင့္ေၾကာင္း၊ စနစ္တက် စြန႔္ပစ္သင့္ေၾကာင္း သင္ေပးဖို႔က မိဘျဖစ္တဲ့ သင့္အေပၚမွာမူတည္ေနပါတယ္။

၄။ လက္မစုပ္ျခင္း

ေမြးကင္းစကေလးအမ်ားစုနဲ႔ ေလးႏွစ္ေအာက္ကေလးတို႔က လက္မစုပ္တတ္ၾကတဲ့ အ႐ြယ္ေတြျဖစ္ပါတယ္။ အ႐ြယ္ႀကီးလာတာနဲ႔အမွ် ကေလးအမ်ားစုက ထိုအက်င့္ဆိုးေပ်ာက္သြားတတ္ေပမယ့္လည္း တစ္ခ်ိဳ႕ကေလးေတြကေတာ့ ဆက္လုပ္ေနဆဲပါပဲ။ အၿမဲတမ္းလက္မစုပ္ျခင္းအားျဖင့္ လက္မေရာင္ရမ္းျခင္းႏွင့္ လက္မတစ္ဝိုက္ အေရျပားမာတင္းလာျခင္းတို႔ကို ျဖစ္လာေစႏိုင္သလို လက္သည္းပိုးကူးျခင္းတို႔ကိုလည္းျဖစ္ေစႏိုင္တာေၾကာင့္ လက္မမွာ အခါးတစ္ခုခုသုတ္ထားျခင္း သို႔မဟုတ္ ပလာစတာကပ္ေပးထားျခင္းျဖင့္ တားဆီးလိုက္ပါ။

၅။ သြားႀကိတ္ျခင္း

အိပ္ေနခ်ိန္တြင္းမွာ လုပ္တတ္တဲ့ သြားႀကိတ္ျခင္းအေလ့အက်င့္က ဘာလို႔ျဖစ္တာလဲဆိုတဲ့ အေၾကာင္းအရင္းအတိအက်မသိေပမယ့္ စိတ္ဖိစီးမႈေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ကိုယ့္သားသမီးက သြားႀကိတ္တတ္တဲ့အက်င့္ရွိေၾကာင္း သိလိုက္ၿပီဆိုရင္ မိဘမ်ားအေနနဲ႔ သြားႏွင့္ခံတြင္းစစ္ေဆးမႈ ပုံမွန္လုပ္ေပးျခင္း၊ သို႔မဟုတ္ ခံတြင္းသန႔္ရွင္းေရးမွန္မွန္လုပ္ေပးျခင္းတို႔ကို ျပဳလုပ္ေပးသင့္ပါတယ္။

Chit_MayMay

Thinzar

Ref-parenting firstcry

LEAVE A REPLY

Please enter your comment!
Please enter your name here