သားသားမီးမီးတို႔ရဲ႕ အာရံုစူးစိုက္မႈကို ပိုမိုေကာင္းမြန္ေစမယ့္ အစားအစာမ်ား

0
335
- Advertisement -

သားသားမီးမီးတို႔ ေက်ာင္းစတတ္တဲ့အခါ အာရံုစူးစိုက္ႏိုင္စြမ္းက သူတို႔ရဲ႕သင္ယူမႈျဖစ္စဥ္မွာ အဓိကက်တဲ့ ကၽြမ္းက်င္မႈတစ္ခု ျဖစ္ပါတယ္ ။ က်န္းမာေရးနဲ႔ညီညြတ္ျပီး မွ်တတဲ့ စားေသာက္မႈဟာ ကေလးေတြအတြက္ အာရံုစူးစိုက္မႈေတြ၊ မွတ္ဥာဏ္ေတြ၊ စိတ္က်န္းမာေရးအေျခအေနေတြကို အျပည့္အ၀ ဖြံ႕ျဖိဳးေစဖို႔ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ေလ့လာသင္ယူၾကမယ့္ သားသားမီးမီးတို႔အတြက္ အာရံုစူးစိုက္မႈက အေရးႀကီးတာေၾကာင့္ ကေလးရဲ႕ အာရံုစူးစိုက္မႈ၊ မွတ္ဥာဏ္ကို တိုးတတ္ေစမယ့္ အစားအစာေတြကို ေကၽြးဖို႔ အေရးႀကီးပါတယ္။

က်န္းမာတဲ့ အဆီေတြက အေကာင္းဆံုးေလာင္စာျဖစ္ပါတယ္
ခႏၶာကိုယ္ဟာ ကာဗိုဟိုက္ဒရိတ္နဲ႔ အဆီကဲ့သို႔ေသာ အစားအစာ ၂မ်ိဳးကေန စြမ္းအင္ေတြ အမ်ားဆံုးရရွိပါတယ္။ ဦးေႏွာက္ဟာ function ႏွစ္ခုစလံုးကို အသံုးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ က်န္းမာတဲ့အဆီကသာ ဦးေႏွာက္ဆဲလ္ေတြကို ျမွင့္တင္ေပးၿပီး အေကာင္းဆံုးသက္တမ္း တိုးေပးတဲ့ metabolic ကို ထုတ္လုပ္ပါတယ္။ သင့္ကေလးရဲ႕ အစားအစာထဲမွာ အာရံုစူးစိုက္မႈကို တိုးျမွင့္ေစတဲ့ အစားအစာမ်ားကို ထည့္သြင္းျခင္းက တီထြင္ဖန္တီးမႈႏွင့္ မွတ္ဥာဏ္လုပ္ငန္းစဥ္ကို အားေပးပါလိမ့္မယ္။ ဒါေပမယ့္ တခ်ိဳ႕ကေလးေတြက က်န္းမာတဲ့အစားအစာဆိုရင္ စားဖို႔ျငင္းဆန္တတ္ၾကပါတယ္။ အခ်ိဳ႕ေသာ အစားအစာေတြကို သူတို႔လက္မခံဘူးဆိုရင္ တျခားအခ်ိန္ေတြမွာ ေနာက္ထပ္ႀကိဳးစားၾကည့္သင့္ပါတယ္။ သူတို႔မႀကိဳက္တဲ့အစားအစာဆိုရင္ စားခ်င္ေအာင္ ေမေမတို႔က တီထြင္ဖန္တီးမႈေလးေတြနဲ႔ ခ်က္ျပဳတ္ေပးပါ။ က်န္းမာတဲ့ အစားအစာမ်ားကို စားျခင္းရဲ႕ အက်ိဳးေက်းဇူးကို ကေလးေတြ တန္ဖိုးထားလာပါလိမ့္မယ္။

၁။ ေထာပတ္သီး
ေထာပတ္သီးမွာ monounsaturated fats ၾကြယ္ဝတာေၾကာင့္ မွတ္ဥာဏ္ႏွင့္ အာရံုစူးစိုက္မႈ ကိုပိုေကာင္းေစပါတယ္။ သားသားမီးမီးတုိ႔ စာေမးပြဲေျဖတဲ့အခါ ေထာပတ္သီးေကၽြးပါ။

၂။ ေဆာ္လမြန္ငါး၊ ဆာဒင္းငါး
ငါးအဆီမွာ အိုမီဂါ 3၊ အိုမီဂါ 6 ႏွင့္ ေဖာ့စဖရပ္တို႔ ၾကြယ္ဝပါတယ္။ ဦးေႏွာက္ function တိုးျမွင့္ဖို႔အတြက္ အေကာင္းဆံုး အစားအစာျဖစ္ပါတယ္။

၃။ Celery (တရုတ္နံနံ)
တရုတ္နံနံမွာ မွတ္ဥာဏ္ကို ပိုေကာင္းေစၿပီး သင္ယူျခင္းကို လြယ္ကူေခ်ာေမြ႕ေစတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးျဖစ္ေသာ လူတီအိုလင္းဓါတ္ပါဝင္ပါတယ္။

၄။ဘလူးဘယ္ရီသီး
ဘလူးဘယ္ရီသီးမွာ အယ္လ္ဇိုင္းမားကဲ့သို႔ေသာ အာရံုေၾကာဆိုင္ရာေရာဂါေတြကို ဆန္႔က်င္ကာကြယ္ေပးတဲ့ anthocyanin ႏွင့္ antioxidants တို႔ၾကြယ္ဝပါတယ္။ ဒါ့အျပင္ သင္ယူမႈ၊ စဥ္းစားေတြးေခၚမႈမ်ားႏွင့္ မွတ္ဥာဏ္ကို ျမွင့္တင္ေပးပါတယ္။ ဘလူးဘယ္ရီသီးကို ပ်ားရည္ႏွင့္အတူ ေဖ်ာ္ရည္အျဖစ္ တိုက္လို႔ရပါတယ္။ သၾကားမထည့္ပါနဲ႔။ သၾကားက အာရံုစူးစိုက္မႈကို ျမွင့္တင္မွာ မဟုတ္ပါဘူး။

၅။ ဘရိုကိုလီ (ပန္းေဂၚဖီစိမ္း)
ဒီဟင္းသီးဟင္းရြက္က အမိဝမ္းထဲမွာ ကေလးရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အားေပးယံုသာမဟုတ္ဘဲ သိျမင္မႈ function က်ဆင္းျခင္းကုိ ကာကြယ္တားဆီးေပးတဲ့ (ဗီတာမင္ ဘီ)choline ၾကြယ္ဝပါတယ္။

၆။ ၾကက္ရိုးစြပ္ျပဳတ္
ၾကက္ရိုးစြပ္ျပဳတ္က ဦးေႏွာက္ဆဲလ္ေတြကို ေရာင္ရမ္းျခမ္းႏွင့္ ေသြးေၾကာထဲသို႔ ဝင္ေရာက္တဲ့ အစားအစာနဲ႔ ဘက္တီးရီးယားအေရအတြက္ကို ေလ်ာ့ခ်ေပးပါတယ္။ ၾကက္ရိုးစြပ္ျပဳတ္ရဖို႔ ၾကက္ရိုးကို အနိမ့္ဆံုးအပူခ်ိန္နဲ႔ ၁၂နာရီကေန ၂၄နာရီေလာက္ ျပဳတ္ေပးရပါမယ္။ မုန္လာဥ၊ ဆလရီႏွင့္ ပနး္သီးရွာလကာရည္ ၂ဇြန္းထည့္ပါ။ ၁၀မိနစ္ေလာက္ေနမွ မီးဖိုေပၚကခ်ၿပီး နံနံပင္ထည့္ပါ။ အာဟာရၾကြယ္ဝတဲ့ အရိုးစြပ္ျပဳတ္ရလာပါလိမ့္မယ္။

၇။ နႏြင္း
နႏြင္းမွာ ဦးေႏွာက္ဆဲလ္သစ္ေတြ ထုတ္လုပ္ျခင္းကို လႈံ႕ေဆာ္ေပးတဲ့ အစြမ္းထက္ antioxidant ႏွင့္ anti-inflammatory တို႔ပါဝင္ပါတယ္။

၈။ ၾကက္ဥအႏွစ္
ၾကက္ဥအႏွစ္က choline အရင္းအျမစ္ေကာင္းတစ္ခုျဖစ္ၿပီး အာရံုေၾကာ transmissions(တဆင့္ပို႔ေပးျခင္း) အတြက္အေရးပါတဲ့ phospholipids လည္း ပါဝင္ပါတယ္။

၉။ မုန္လာဥနီ
မုန္လာဥနီမွာ ဦးေႏွာက္ကို ပို႔ေပးတဲ့ေသြးကို တိုးျမွင့္ေစၿပီး ဦးေႏွာက္စြမ္းေဆာင္ရည္ကို ပိုမိုေကာင္းမြန္ေစတဲ့ သဘာဝႏိုက္ထရိတ္ဓါတ္ႏွင့္ အင္တီေအာက္ဆီဒင့္တို႔ ႀြယ္ဝပါတယ္။

၁၀။ အခြံမာသီး
အခြံမာသီးမ်ားက အာရံုခံဆဲလ္လုပ္ကိုင္မႈကို ေကာင္းမြန္ေစတဲ့ အင္တီေအာက္ဆီဒင့္ႏွင့္ ဗီတာမင္၊ သတၱဳဓါတ္မ်ား ၾကြယ္ဝပါတယ္။
#Lifestyle_Myanmar
#LM_Nandar

Unicode

သားသားမီးမီးတို့ရဲ့ အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေမယ့် အစားအစာများ
သားသားမီးမီးတို့ ကျောင်းစတတ်တဲ့အခါ အာရုံစူးစိုက်နိုင်စွမ်းက သူတို့ရဲ့သင်ယူမှုဖြစ်စဉ်မှာ အဓိကကျတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ် ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုဟာ ကလေးတွေအတွက် အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ကျန်းမာရေးအခြေအနေတွေကို အပြည့်အဝ ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ လေ့လာသင်ယူကြမယ့် သားသားမီးမီးတို့အတွက် အာရုံစူးစိုက်မှုက အရေးကြီးတာကြောင့် ကလေးရဲ့ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်ကို တိုးတတ်စေမယ့် အစားအစာတွေကို ကျွေးဖို့ အရေးကြီးပါတယ်။
ကျန်းမာတဲ့ အဆီတွေက အကောင်းဆုံးလောင်စာဖြစ်ပါတယ်
ခန္ဓာကိုယ်ဟာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီကဲ့သို့သော အစားအစာ ၂မျိုးကနေ စွမ်းအင်တွေ အများဆုံးရရှိပါတယ်။ ဦးနှောက်ဟာ function နှစ်ခုစလုံးကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့အဆီကသာ ဦးနှောက်ဆဲလ်တွေကို မြှင့်တင်ပေးပြီး အကောင်းဆုံးသက်တမ်း တိုးပေးတဲ့ metabolic ကို ထုတ်လုပ်ပါတယ်။ သင့်ကလေးရဲ့ အစားအစာထဲမှာ အာရုံစူးစိုက်မှုကို တိုးမြှင့်စေတဲ့ အစားအစာများကို ထည့်သွင်းခြင်းက တီထွင်ဖန်တီးမှုနှင့် မှတ်ဉာဏ်လုပ်ငန်းစဉ်ကို အားပေးပါလိမ့်မယ်။ ဒါပေမယ့် တချို့ကလေးတွေက ကျန်းမာတဲ့အစားအစာဆိုရင် စားဖို့ငြင်းဆန်တတ်ကြပါတယ်။ အချို့သော အစားအစာတွေကို သူတို့လက်မခံဘူးဆိုရင် တခြားအချိန်တွေမှာ နောက်ထပ်ကြိုးစားကြည့်သင့်ပါတယ်။ သူတို့မကြိုက်တဲ့အစားအစာဆိုရင် စားချင်အောင် မေမေတို့က တီထွင်ဖန်တီးမှုလေးတွေနဲ့ ချက်ပြုတ်ပေးပါ။ ကျန်းမာတဲ့ အစားအစာများကို စားခြင်းရဲ့ အကျိုးကျေးဇူးကို ကလေးတွေ တန်ဖိုးထားလာပါလိမ့်မယ်။

၁။ ထောပတ်သီး
ထောပတ်သီးမှာ monounsaturated fats ကြွယ်ဝတာကြောင့် မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု ကိုပိုကောင်းစေပါတယ်။ သားသားမီးမီးတို့ စာမေးပွဲဖြေတဲ့အခါ ထောပတ်သီးကျွေးပါ။

၂။ ဆော်လမွန်ငါး၊ ဆာဒင်းငါး
ငါးအဆီမှာ အိုမီဂါ 3၊ အိုမီဂါ 6 နှင့် ဖော့စဖရပ်တို့ ကြွယ်ဝပါတယ်။ ဦးနှောက် function တိုးမြှင့်ဖို့အတွက် အကောင်းဆုံး အစားအစာဖြစ်ပါတယ်။

၃။ Celery (တရုတ်နံနံ)
တရုတ်နံနံမှာ မှတ်ဉာဏ်ကို ပိုကောင်းစေပြီး သင်ယူခြင်းကို လွယ်ကူချောမွေ့စေတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်သော လူတီအိုလင်းဓါတ်ပါဝင်ပါတယ်။

၄။ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အယ်လ်ဇိုင်းမားကဲ့သို့သော အာရုံကြောဆိုင်ရာရောဂါတွေကို ဆန့်ကျင်ကာကွယ်ပေးတဲ့ anthocyanin နှင့် antioxidants တို့ကြွယ်ဝပါတယ်။ ဒါ့အပြင် သင်ယူမှု၊ စဉ်းစားတွေးခေါ်မှုများနှင့် မှတ်ဉာဏ်ကို မြှင့်တင်ပေးပါတယ်။ ဘလူးဘယ်ရီသီးကို ပျားရည်နှင့်အတူ ဖျော်ရည်အဖြစ် တိုက်လို့ရပါတယ်။ သကြားမထည့်ပါနဲ့။ သကြားက အာရုံစူးစိုက်မှုကို မြှင့်တင်မှာ မဟုတ်ပါဘူး။

၅။ ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း)
ဒီဟင်းသီးဟင်းရွက်က အမိဝမ်းထဲမှာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးယုံသာမဟုတ်ဘဲ သိမြင်မှု function ကျဆင်းခြင်းကို ကာကွယ်တားဆီးပေးတဲ့ (ဗီတာမင် ဘီ)choline ကြွယ်ဝပါတယ်။

၆။ ကြက်ရိုးစွပ်ပြုတ်
ကြက်ရိုးစွပ်ပြုတ်က ဦးနှောက်ဆဲလ်တွေကို ရောင်ရမ်းခြမ်းနှင့် သွေးကြောထဲသို့ ဝင်ရောက်တဲ့ အစားအစာနဲ့ ဘက်တီးရီးယားအရေအတွက်ကို လျော့ချပေးပါတယ်။ ကြက်ရိုးစွပ်ပြုတ်ရဖို့ ကြက်ရိုးကို အနိမ့်ဆုံးအပူချိန်နဲ့ ၁၂နာရီကနေ ၂၄နာရီလောက် ပြုတ်ပေးရပါမယ်။ မုန်လာဥ၊ ဆလရီနှင့် ပနး်သီးရှာလကာရည် ၂ဇွန်းထည့်ပါ။ ၁၀မိနစ်လောက်နေမှ မီးဖိုပေါ်ကချပြီး နံနံပင်ထည့်ပါ။ အာဟာရကြွယ်ဝတဲ့ အရိုးစွပ်ပြုတ်ရလာပါလိမ့်မယ်။

၇။ နနွင်း
နနွင်းမှာ ဦးနှောက်ဆဲလ်သစ်တွေ ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးတဲ့ အစွမ်းထက် antioxidant နှင့် anti-inflammatory တို့ပါဝင်ပါတယ်။

၈။ ကြက်ဥအနှစ်
ကြက်ဥအနှစ်က choline အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး အာရုံကြော transmissions(တဆင့်ပို့ပေးခြင်း) အတွက်အရေးပါတဲ့ phospholipids လည်း ပါဝင်ပါတယ်။

၉။ မုန်လာဥနီ
မုန်လာဥနီမှာ ဦးနှောက်ကို ပို့ပေးတဲ့သွေးကို တိုးမြှင့်စေပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေတဲ့ သဘာဝနိုက်ထရိတ်ဓါတ်နှင့် အင်တီအောက်ဆီဒင့်တို့ ြွယ်ဝပါတယ်။

၁၀။ အခွံမာသီး
အခွံမာသီးများက အာရုံခံဆဲလ်လုပ်ကိုင်မှုကို ကောင်းမွန်စေတဲ့ အင်တီအောက်ဆီဒင့်နှင့် ဗီတာမင်၊ သတ္တုဓါတ်များ ကြွယ်ဝပါတယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here