သားသားမီးမီးတွေကို စကားပြောမြှင့်တင်ပေးဖို့ မေမေတို့ လုပ်ဆောင်ပေးရမယ့် လေ့ကျင့်ခန်း (၅)ခု

0
110
- Advertisement -

သင့်ရဲ့ကလေးကို စကားပြောဖို့ သင်ပေးရတာဟာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ သားသားမီးမီးတွေဟာ တစ်နှစ်အရွယ်လောက်ဆိုရင် မေမေတို့သင်ပေးတဲ့ စကားလုံး တစ်လုံးစ၊ နှစ်လုံးစလေးတွေကို နောက်ကလိုက်ပြောတတ်နေပါပြီ။ တစ်နှစ်ခွဲအရွယ်လောက်ဆိုရင်တော့ လမ်းစလျှောက်နေပြီး စကားပြောတတ်စဖြစ်လာပါပြီ။ ဒီအခါ ကလေးတွေရဲ့ ဘာသာစကားကျွမ်းကျင်မှုကို တိုးတတ်အောင် မေမေတို့က ကူညီပေးနိုင်ပါတယ်။ဒါက သင့်ကလေးရဲ့ လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အရေးပါတာကြောင့် ဖြစ်ပါတယ်။

အရမ်းငယ်သေးတဲ့ကလေးတွေဟာ ဘယ်လိုစကားပြောရမယ်ဆိုတာ မသိကြပေမယ့် သူတို့ရဲ့ body languageနဲ့ ငိုကြွေးခြင်းကတဆင့် သူတို့ကိုယ်သူတို့ ဖော်ပြနိုင်ပါတယ်။ သို့သော်လည်း သူတို့ရဲ့ နှုတ်စွမ်းရည် ဖွံ့ဖြိုးမှုက အလွန်အရေးကြီးပါတယ်။ ဒီလိုနှုတ်စွမ်းရည်ဖွံ့ဖြိုးဖို့ နည်းလမ်းတစ်ခုက သားသားမီးမီးတွေကို လေ့ကျင့်ခန်းတစ်ချို့ လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။
၁။ ခရီးထွက်တာ

လမ်းလျှောက်ထွက်တာ၊ အခြားလေ့လာရေးခရီးသွားတာက သင့်ကလေးကို ဝေါဟာရတွေ၊ အာရုံခံစားမှုအသစ်တွေ ရရှိစေတာကြောင့် ကွဲပြားခြားနားတဲ့ အတွေ့အကြုံလေးတွေ ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ခံစားချက်တွေကို ပိုပြီးလွတ်လွတ်လပ်လပ်မျှဝေဖို့ သူတို့ကိုယ်တိုင် ဖော်ပြဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။
အရောင်တွေ၊ အသံတွေ၊ အနံ့တွေ၊ ပုံသဏ္ဍာန်တွေ အပါအဝင် သူတို့မြင်တဲ့အရာတွေကို ဆွေးနွေးပါ။ စိတ်ဝင်စားစရာကောင်းတဲ့ flow နဲ့ ကျိုးကြောင်းဆီလျော်မှုနှင့်အတူ စကားပြောဆိုမှုတွေကို ဖန်တီးဖို့ သူတို့ပတ်ပတ်လည်က အရာအားလုံးရဲ့ အားသာချက်ကို ယူပါ။
၂။ ပုံပြင်ဖတ်ပြပါ

ဒီလေ့ကျင့်ခန်းက သူတို့ကို လူတွေနဲ့ အရာဝတ္တုများကို နားလည်ဖို့ စွမ်းရည်တိုးတတ်လာအောင် ကူညီပေးပါလိမ့်မယ်။ မေမေတို့က ဒါကဘယ်မှာရှိလဲဆိုတာ မေးမြန်းခြင်းဖြင့် စတင်နိုင်ပါတယ်။ သင့်ကလေးက သင်ဖော်ပြထားတဲ့ အရောင် ဒါမှမဟုတ်၊ အရာဝတ္တုတွေကို ထိပြတာ ၊ညွှန်ပြတာတို့ ပြုလုပ်ပါလိမ့်မယ်။ သင်ရဲ့တောင်းဆိုမှုကို လုပ်ဆောင်ပေးဖို့ သူတို့ကို အချိန်နည်းနည်းပေးရပါမယ်။ သူတို့ တစ်ကြိမ်နဲ့ အောင်မြင်ရင် သူတို့ရဲ့အားထုတ်မှုပေါ်မှာ ဂုဏ်ပြုပေးပါ။ လေ့ကျင့်ခန်းကို ပြန်လုပ်ပေးပါ။
၃။ ဓါတ်ပုံတွေနဲ့ စက္ကူ/ကတ္တူပြားအပိုင်းအစတွေကို ပုံညှပ်ခြင်းနှင့်အတူ ကစားပေးပါ

ဒါက ပြီးခဲ့တဲ့လုပ်ဆောင်မှုနဲ့ ဆင်တူဖြစ်ပေမယ့် ဓါတ်ပုံတွေနဲ့ cutoutsတွေကို အသုံးပြုပါ။ အထူးသဖြင့် စကားလုံးတွေ၊ သင်္ကေတတွေကို ဓါတ်ပုံအသုံးပြုခြင်း၊ ပုံတစ်ခုစီကို စက္ကူရုပ်ပုံလေးတွေ ညှပ်ပြီး ဖော်ပြခြင်းဖြင့် စတင်နိုင်ပါတယ်။ သူတို့က ပုံတွေအကြား ထူးခြားမှုတွေ၊ ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေကို နားလည်ဖို့ လေ့လာသင်ယူပါလိမ့်မယ်။
ပုံတစ်ခုစီကို မေမေက တစ်ကြိမ်ရှင်းပြပြီး ဘယ်သူတွေက ဘာလုပ်နေလဲဆိုတာကို သိရှိနိုင်ဖို့ ကလေးကို မေးကြည့်ပါ။ ကလေးတွေကို မေးတဲ့အခါ အစာစားခြင်း၊ ကစားခြင်း၊ အိပ်ခြင်း၊ ပြေးခြင်း အပါအဝင် ပုံတွေက သူတို့အတွက် အကျွမ်းတဝင်ရှိပြီး လွယ်ကူတာတွေ ဖြစ်သင့်ပါတယ်။
၄။ သူတို့ရဲ့နာမည်ကို ပြောတတ်စေဖို့ သင်ပေးပါ

သူတို့ရဲ့နာမည်ကို သိရှိခြင်း၏ အရေးပါမှုအပြင် ဒီလုပ်ဆောင်မှုက သင့်ကလေးရဲ့ တခြားလူတွေ၊ အရာဝတ္တုတွေနဲ့ လှုပ်ရှားမှု အမည်တွေကို သိနိုင်တဲ့ စွမ်းရည် တိုးတတ်အောင် ကူညီပေးပါလိမ့်မယ်။ သားသား နာမည်က ….ဖြစ်ပါတယ်လို့ ပြောခြင်းဖြင့် စတင်ပါ။ အကြိမ်အနည်းငယ်လောက် ထပ်ခါထပ်ခါ လေ့ကျင့်ပေးရပါမယ်။ ဒါမှသာ တူညီတဲ့မေးခွန်းကို နောက်တစ်ကြိမ်သင်မေးတဲ့အခါ သူတို့ ချက်ချင်းတုံ့ပြန်နိုင်မှာပါ။ သူတို့အဖြေမှန်ကန်တဲ့အခါ သူတို့ကို ဂုဏ်ပြုပေးဖို့ မမေ့ပါနဲ့။ သူတို့အဖြေ မမှန်ကန်ခဲ့ရင် ပြန်ပြီးလေ့ကျင့်ပေးပါ။
ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေ ဒါမှမဟုတ် ပန်းကန်ပြား၊ ဖိနပ်၊ မျက်မှန် စတဲ့ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ပစ္စည်းတွေ၊ အရုပ်တွေကဲ့သို့ တခြားအကျွမ်းတဝင်ရှိတဲ့ အရာဝတ္တုတွေနှင့်အတူ ဒီလေ့ကျင့်ခန်းကိုပဲ အသုံးပြုနိုင်ပါတယ်။
၅။ တိရိစ္ဆာန်တွေရဲ့ အသံများ

ကလေးတွေနှစ်သက်တဲ့ နောက်ထပ်လုပ်ဆောင်မှုက တိရိစ္ဆာန်တွေရဲ့ နာမည်ကို ပြန်ပြောပြဖို့ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုက တိရိစ္ဆာန်တစ်ကောင်ရဲ့အသံကို တုပဖို့နဲ့ သင့်ကလေးကို ဘာလဲဆိုတာ မေးဖို့ဖြစ်ပါတယ်။ ဥပမာ- မေမေတို့က “ညောင်ညောင်”လို့အော်ရင် ဘာကောင်လဲဆိုတာကို သားသားမီးမီးတို့က “ကြောင်” လို့ပြောရတာမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် ဘဲက ဘယ်လိုအော်လဲ၊ ခွေးက ဘယ်လိုဟောင်သလဲဆိုတာကို မေးနိုင်ပါတယ်။ သူတို့မှန်မှန်ကန်ကန်တုံ့ပြန်တာကို မြင်ပါလိမ့်မယ်။
သင့်ကလေးရဲ့ စကားပြောဆိုမှုကို မြှင့်တင်ဖို့ ဒီလေ့ကျင့်ခန်းအချို့ကို သင်ပြုလုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ကို တစ်ချိန်လုံး စကားပြောပေးဖို့နှင့် ဖိအားမပါဘဲ သူတို့ကိုယ်တိုင် ခံစားရတာတွေကို ဖော်ပြစေဖို့ ဖြစ်ပါတယ်။ မေမေ/ဖေဖေတို့ဟာ ကိုယ့်ရဲ့သားသားမီးမီးတွေကို စကားပြောသင်ဖို့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ သတိရပါ။ သူတို့ရဲ့ ဝေါဟာရကြွယ်ဝမှုကို ကူညီဖို့ စွမ်းအင်နှင့်အချိန်ကို နှစ်မြှုပ်ထားပါ။

Chit_MayMay

LM_Nandar

Zawgyi Font

သားသားမီးမီးေတြကို စကားေျပာျမွင့္တင္ေပးဖို႔ ေမေမတို႔ လုပ္ေဆာင္ေပးရမယ့္ ေလ့က်င့္ခန္း (၅)ခု

သင့္ရဲ႕ကေလးကို စကားေျပာဖို႔ သင္ေပးရတာဟာ အခ်ိန္ယူရတဲ့ လုပ္ငန္းစဥ္တစ္ခုပါ။ သားသားမီးမီးေတြဟာ တစ္ႏွစ္အရြယ္ေလာက္ဆိုရင္ ေမေမတို႔သင္ေပးတဲ့ စကားလံုး တစ္လံုးစ၊ ႏွစ္လံုးစေလးေတြကို ေနာက္ကလိုက္ေျပာတတ္ေနပါၿပီ။ တစ္ႏွစ္ခြဲအရြယ္ေလာက္ဆိုရင္ေတာ့ လမ္းစေလွ်ာက္ေနၿပီး စကားေျပာတတ္စျဖစ္လာပါၿပီ။ ဒီအခါ ကေလးေတြရဲ႕ ဘာသာစကားကၽြမ္းက်င္မႈကို တိုးတတ္ေအာင္ ေမေမတို႔က ကူညီေပးႏိုင္ပါတယ္။ဒါက သင့္ကေလးရဲ႕ လူမႈဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတတ္မႈအတြက္ အေရးပါတာေၾကာင့္ ျဖစ္ပါတယ္။

အရမ္းငယ္ေသးတဲ့ကေလးေတြဟာ ဘယ္လိုစကားေျပာရမယ္ဆိုတာ မသိၾကေပမယ့္ သူတို႔ရဲ႕ body languageနဲ႔ ငိုေၾကြးျခင္းကတဆင့္ သူတို႔ကိုယ္သူတို႔ ေဖာ္ျပႏိုင္ပါတယ္။ သို႔ေသာ္လည္း သူတို႔ရဲ႕ ႏႈတ္စြမ္းရည္ ဖြံ႔ၿဖိဳးမႈက အလြန္အေရးႀကီးပါတယ္။ ဒီလိုႏႈတ္စြမ္းရည္ဖြံ႔ၿဖိဳးဖို႔ နည္းလမ္းတစ္ခုက သားသားမီးမီးေတြကို ေလ့က်င့္ခန္းတစ္ခ်ိဳ႕ လုပ္ေဆာင္ေပးဖို႔ ျဖစ္ပါတယ္။
၁။ ခရီးထြက္တာ

လမ္းေလွ်ာက္ထြက္တာ၊ အျခားေလ့လာေရးခရီးသြားတာက သင့္ကေလးကို ေဝါဟာရေတြ၊ အာရံုခံစားမႈအသစ္ေတြ ရရွိေစတာေၾကာင့္ ကြဲျပားျခားနားတဲ့ အေတြ႕အႀကံဳေလးေတြ ျဖစ္ပါတယ္။ ဒါက သူတို႔ရဲ႕ခံစားခ်က္ေတြကို ပိုၿပီးလြတ္လြတ္လပ္လပ္မွ်ေဝဖို႔ သူတို႔ကိုယ္တိုင္ ေဖာ္ျပဖို႔ လံႈ႔ေဆာ္ေပးပါလိမ့္မယ္။
အေရာင္ေတြ၊ အသံေတြ၊ အနံ႔ေတြ၊ ပံုသ႑ာန္ေတြ အပါအဝင္ သူတို႔ျမင္တဲ့အရာေတြကို ေဆြးေႏြးပါ။ စိတ္ဝင္စားစရာေကာင္းတဲ့ flow နဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္မႈႏွင့္အတူ စကားေျပာဆိုမႈေတြကို ဖန္တီးဖို႔ သူတို႔ပတ္ပတ္လည္က အရာအားလံုးရဲ႕ အားသာခ်က္ကို ယူပါ။
၂။ ပံုျပင္ဖတ္ျပပါ

ဒီေလ့က်င့္ခန္းက သူတို႔ကို လူေတြနဲ႔ အရာဝတၱဳမ်ားကို နားလည္ဖို႔ စြမ္းရည္တိုးတတ္လာေအာင္ ကူညီေပးပါလိမ့္မယ္။ ေမေမတို႔က ဒါကဘယ္မွာရွိလဲဆိုတာ ေမးျမန္းျခင္းျဖင့္ စတင္ႏိုင္္ပါတယ္။ သင့္ကေလးက သင္ေဖာ္ျပထားတဲ့ အေရာင္ ဒါမွမဟုတ္၊ အရာဝတၱဳေတြကို ထိျပတာ ၊ညႊန္ျပတာတို႔ ျပဳလုပ္ပါလိမ့္မယ္။ သင္ရဲ႕ေတာင္းဆိုမႈကို လုပ္ေဆာင္ေပးဖုိ႔ သူတို႔ကို အခ်ိန္နည္းနည္းေပးရပါမယ္။ သူတို႔ တစ္ႀကိမ္နဲ႔ ေအာင္ျမင္ရင္ သူတို႔ရဲ႕အားထုတ္မႈေပၚမွာ ဂုဏ္ျပဳေပးပါ။ ေလ့က်င့္ခန္းကို ျပန္လုပ္ေပးပါ။
၃။ ဓါတ္ပံုေတြနဲ႔ စကၠဴ/ကတၱဴျပားအပိုင္းအစေတြကို ပံုညွပ္ျခင္းႏွင့္အတူ ကစားေပးပါ

ဒါက ၿပီးခဲ့တဲ့လုပ္ေဆာင္မႈနဲ႔ ဆင္တူျဖစ္ေပမယ့္ ဓါတ္ပံုေတြနဲ႔ cutoutsေတြကို အသံုးျပဳပါ။ အထူးသျဖင့္ စကားလံုးေတြ၊ သေကၤတေတြကို ဓါတ္ပံုအသံုးျပဳျခင္း၊ ပံုတစ္ခုစီကို စကၠဴရုပ္ပံုေလးေတြ ညွပ္ၿပီး ေဖာ္ျပျခင္းျဖင့္ စတင္ႏိုင္ပါတယ္။ သူတို႔က ပံုေတြအၾကား ထူးျခားမႈေတြ၊ ကြဲျပားျခားနားတဲ့ လုပ္ေဆာင္ခ်က္ေတြကို နားလည္ဖို႔ ေလ့လာသင္ယူပါလိမ့္မယ္။
ပံုတစ္ခုစီကို ေမေမက တစ္ႀကိမ္ရွငး္ျပၿပီး ဘယ္သူေတြက ဘာလုပ္ေနလဲဆိုတာကို သိရွိႏုိင္ဖို႔ ကေလးကို ေမးၾကည့္ပါ။ ကေလးေတြကို ေမးတဲ့အခါ အစာစားျခင္း၊ ကစားျခင္း၊ အိပ္ျခင္း၊ ေျပးျခင္း အပါအဝင္ ပံုေတြက သူတို႔အတြက္ အကၽြမ္းတဝင္ရွိၿပီး လြယ္ကူတာေတြ ျဖစ္သင့္ပါတယ္။
၄။ သူတို႔ရဲ႕နာမည္ကို ေျပာတတ္ေစဖို႔ သင္ေပးပါ

သူတို႔ရဲ႕နာမည္ကို သိရွိျခင္း၏ အေရးပါမႈအျပင္ ဒီလုပ္ေဆာင္မႈက သင့္ကေလးရဲ႕ တျခားလူေတြ၊ အရာဝတၱဳေတြနဲ႔ လႈပ္ရွားမႈ အမည္ေတြကို သိႏုိင္တဲ့ စြမ္းရည္ တိုးတတ္ေအာင္ ကူညီေပးပါလိမ့္မယ္။ သားသား နာမည္က ….ျဖစ္ပါတယ္လို႔ ေျပာျခင္းျဖင့္ စတင္ပါ။ အႀကိမ္အနည္းငယ္ေလာက္ ထပ္ခါထပ္ခါ ေလ့က်င့္ေပးရပါမယ္။ ဒါမွသာ တူညီတဲ့ေမးခြန္းကို ေနာက္တစ္ႀကိမ္သင္ေမးတဲ့အခါ သူတို႔ ခ်က္ခ်င္းတံု႔ျပန္ႏိုင္မွာပါ။ သူတို႔အေျဖမွန္ကန္တဲ့အခါ သူတို႔ကို ဂုဏ္ျပဳေပးဖို႔ မေမ့ပါနဲ႔။ သူတို႔အေျဖ မမွန္ကန္ခဲ့ရင္ ျပန္ၿပီးေလ့က်င့္ေပးပါ။
ခႏၶာကိုယ္ရဲ႕အစိတ္အပုိင္းေတြ ဒါမွမဟုတ္ ပန္းကန္ျပား၊ ဖိနပ္၊ မ်က္မွန္ စတဲ့ မၾကာခဏ အသံုးျပဳေလ့ရွိတဲ့ ပစၥည္းေတြ၊ အရုပ္ေတြကဲ့သို႔ တျခားအကၽြမ္းတဝင္ရွိတဲ့ အရာဝတၱဳေတြႏွင့္အတူ ဒီေလ့က်င့္ခန္းကိုပဲ အသံုးျပဳႏိုင္ပါတယ္။
၅။ တိရိစာၦန္ေတြရဲ႕ အသံမ်ား

ကေလးေတြႏွစ္သက္တဲ့ ေနာက္ထပ္လုပ္ေဆာင္မႈက တိရိစာၦန္ေတြရဲ႕ နာမည္ကို ျပန္ေျပာျပဖို႔ ျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းလုပ္ေဆာင္ဖို႔ နည္းလမ္းတစ္ခုက တိရိစာၦန္တစ္ေကာင္ရဲ႕အသံကို တုပဖို႔နဲ႔ သင့္ကေလးကို ဘာလဲဆိုတာ ေမးဖို႔ျဖစ္ပါတယ္။ ဥပမာ- ေမေမတို႔က “ေညာင္ေညာင္”လို႔ေအာ္ရင္ ဘာေကာင္လဲဆိုတာကို သားသားမီးမီးတို႔က “ေၾကာင္” လို႔ေျပာရတာမ်ိဳးျဖစ္ပါတယ္။ ဒါမွမဟုတ္ ဘဲက ဘယ္လိုေအာ္လဲ၊ ေခြးက ဘယ္လုိေဟာင္သလဲဆိုတာကို ေမးႏိုင္ပါတယ္။ သူတို႔မွန္မွန္ကန္ကန္တံု႔ျပန္တာကို ျမင္ပါလိမ့္မယ္။
သင့္ကေလးရဲ႕ စကားေျပာဆိုမႈကို ျမွင့္တင္ဖို႔ ဒီေလ့က်င့္ခန္းအခ်ိဳ႕ကို သင္ျပဳလုပ္ၿပီး ျဖစ္ေကာင္းျဖစ္ႏိုိင္ပါတယ္။ အေကာင္းဆံုးကေတာ့ သူတို႔ကို တစ္ခ်ိန္လံုး စကားေျပာေပးဖို႔ႏွင့္ ဖိအားမပါဘဲ သူတို႔ကိုယ္တိုင္ ခံစားရတာေတြကို ေဖာ္ျပေစဖို႔ ျဖစ္ပါတယ္။ ေမေမ/ေဖေဖတို႔ဟာ ကိုယ့္ရဲ႕သားသားမီးမီးေတြကို စကားေျပာသင္ဖို႔ ပထမဆံုးပုဂိၢဳလ္ျဖစ္တယ္ဆိုတာ သတိရပါ။ သူတို႔ရဲ႕ ေဝါဟာရၾကြယ္ဝမႈကို ကူညီဖို႔ စြမ္းအင္ႏွင့္အခ်ိန္ကို ႏွစ္ျမွဳပ္ထားပါ။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here