Home Parenting Child Care သားသားမီးမီးတွေရဲ့ အမြင်အာရုံကို စောင့်ရှောက်ဖို့ နည်းလမ်းများ

သားသားမီးမီးတွေရဲ့ အမြင်အာရုံကို စောင့်ရှောက်ဖို့ နည်းလမ်းများ

0
သားသားမီးမီးတွေရဲ့ အမြင်အာရုံကို စောင့်ရှောက်ဖို့ နည်းလမ်းများ

လူသားတွေသိရှိတဲ့ အချက်အလက်အများစုဟာ အမြင်အာရုံမှ တဆင့်ဖြစ်တာကြောင့် အမြင်အားက အရေးအပါဆုံး အာရုံတစ်ခုဖြစ်ပါတယ်။ မျက်စိကို ပုံမှန်ဂရုစိုက်ခြင်း၊ ပုံမှန် စစ်ဆေးခြင်းတွေဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့နဲ့ ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းများဖြစ်ပါတယ်။

ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ခြင်းက ကိုယ်ဝန်ဆောင်ခြင်းမှ စတင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်သောက်ခြင်းကလည်း မမွေးသေးတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် မမွေးသေးခင်ကော၊ မွေးဖွားချိန်မှာပါ ဆေးလိပ်ဖြတ်ဖို့လိုပါတယ်။ ဒါ့အပြင် ကလေးရဲ့ အမြင်အာရုံကို တိုးတတ်စေဖို့ မျက်စိစောင့်ရှောက်မှုဆိုင်ရာ အကြံပြုချက်တွေ ရှိပါတယ်။ ဒီအကြံပြုချက်တွေက ကလေးငယ်တွေမှာ မျက်လုံးထိခိုက်တာကို ကာကွယ်ပေးပါတယ်။

၁။ ကျန်းမာတဲ့ အစားအသောက်ကျွေးပါ

ကျန်းမာသောအစားအစာက ကလေးရဲ့ ကြီးထွားမှု၊ တခြားလုပ်ငန်းဆောင်တာတွေအပြင် ကလေးရဲ့အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဥတွေ၊ ငါး၊ အသားနှင့်သစ်သီးတွေအပါအဝင် ကျန်းမာသောအစားအစာတွေ စားခြင်းကို အားပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အဝါရောင် ဟင်းသီးဟင်းရွက်တွေက ဗီတာမင် A အရင်းအမြစ်ကောင်းတွေဖြစ်ပြီး မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ ဖြစ်ပါတယ်။

၂။ ရေများများတိုက်ပါ

မျက်စိကျန်းမာရေးအတွက် လုံလောက်တဲ့ ရေဓါတ်ကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သင့်ကလေးအား နေ့စဉ် အနည်းဆုံး ရေ (၄)ခွက်တိုက်ပေးနိုင်ပါတယ်။ ကလေးရဲ့ အသက် ၊လှုပ်ရှားမှုနှင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး လုံလောက်တဲ့ ပမာဏ ပြောင်းလဲနိုင်ပါတယ်၊ မျက်စိသန့်ရှင်းရေးလုပ်ငန်းစဉ်အတွက် ရေလိုအပ်ပါတယ်။

၃။ အိပ်စက်အနားယူစေပါ

မျက်စိကျန်းမာရေးကောင်းမွန်ဖို့ဆိုရင် အလုံအလောက် အိပ်စက်ခြင်း လိုအပ်ပါတယ်။ ညဘက်ကောင်းကောင်း အိပ်စက်ခြင်းက ကိုယ်ခန္ဓာကို နုပျိုစေပြီး မျက်စိကို relax ဖြစ်စေပါတယ်။ မျက်စိကျန်းမာရေးကို မြှင့်တင်ဖို့ သင့်ကလေးအား ပုံမှန်အိပ်ရေးဝဝအိပ်အောင် အားပေးရပါမယ်။

၄။ မျက်မှန်တွေကို မှန်မှန်ကန်ကန် အသုံးပြုတတ်အောင် သင်ပေးပါ

မျက်မှန်တပ်နေရတဲ့ ကလေးတွေဆိုရင် မိဘက ဂရုစိုက်ပေးရပါမယ်။ သူတို့ကို မျက်မှန်တပ်ဖို့ သင့်လျော်တဲ့ နည်းလမ်းတွေကို သင်ပေးရပါလိမ့်မယ်။ စာဖတ်တဲ့အခါ မျက်မှန်တပ်ပြီး ဖတ်ဖို့နှင့် မျက်မှန်ကျကွဲပြီး ဒဏ်ရာရနိုင်တာကြောင့် မကစားခင်မှာ မျက်မှန်တွေကို ချွတ်ထားဖို့ ပြောပြပေးပါ။

၅။ စခရင်ကြည့်ချိန်ကို ကန့်သတ်ပါ

ကလေးတွေဟာ စမတ်ဖုန်းတွေ၊ တက်ဘလက်နှင့် ဂိမ်းစက်တွေကို မကြာခဏ အသုံးပြုလေ့ရှိကြပါတယ်။ ဒီကိရိယာတွေကို ကြာရှည်အသုံးပြုခြင်းက မျက်စိကို ဖိအားဖြစ်စေနိုင်ပါတယ်။ ငါးနှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် စခရင်ကြည့်ချိန်က တစ်နာရီမပြည့်သင့်ပါဘူး။ နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင်တော့ တစ်ရက်နှင့် တစ်နာရီလောက်သာ ကြည့်သင့်ပါတယ်။ Screen time က အိပ်ရာမဝင်ခင် မဖြစ်သင့်ပါဘူး။ ၁၈ လမပြည့်သေးတဲ့ ကလေးတွေအား ဗွီဒီယိုစခရင်ကို အချိန်ကြာမြင့်စွာ မပြသင့်ပါဘူး။

အခြားလှုပ်ရှားမှုတွေနဲ့ အပြင်မှာ ကစားဖို့ သူတို့ကိုတိုက်တွန်းနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးက စခရင်ကို အချိန်ကြာကြာ အသုံးပြုရမယ်ဆိုရင် ၂၀-၂၀-၂၀ စည်းမျဉ်းကို သင်ပေးပါ။ မိနစ် ၂၀တိုင်းမှာ ပေ၂၀လောက်ကို စက္ကန့် ၂၀ကြည့်ဖို့ ဖြစ်ပါတယ်။ ဒီကျန်းမာတဲ့ နည်းလမ်းက အမြင်အာရုံကို ကောင်းစေနိုင်ပါတယ်။

၆။ ပြင်ပလှုပ်ရှားမှုတွေကို အားပေးပါ

ကလေးငယ်တွေကို အိမ်ပြင်မှာ အချိန်ပိုဖြုန်းပေးခြင်းဖြင့် myopia (အမြင်အာရုံချွတ်ယွင်းမှု) စတင်ခြင်းကို တားဆီးနို်ငပါတယ်။ ကလေးတွေကို အိမ်ထဲမှာ ဗီဒီယိုဂိမ်းတွေဆော့စေတာထက် အပြင်ဘက်မှာ ကစားဖို့ တိုက်တွန်းနို်ငပါတယ်။ အိမ်ပြင်လှုပ်ရှားမှုက ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။

၇။ မျက်စိပွတ်တာကို အားမပေးပါနဲ့

အထူးသဖြင့် မျက်လုံးယားယံတာတို့ ၊ မျက်လုံးထဲ တစ်ခုခုဝင်တာတို့ဆိုရင် မျက်လုံးကို ပွတ်မိတတ်ကြပါတယ်။ ပွတ်တိုက်ခြင်းက မျက်လုံးကို ပျက်စီးစေနိုင်ပြီး လက်တွေမှ ရောဂါပိုးတွေဟာ မျက်လုံးထဲကို ဝင်သွားပြီး မျက်ခွံအတွင်းသား ရောင်ရမ်းနာ ကဲ့သို့သော အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ပွတ်မယ့်အစား ယားယံမှုကို သက်သာစေဖို့ ကလေးအား သူတို့မျက်လုံးကို ရေအေးနဲ့ ဆေးကြောဖို့ ပြောပါ။ မိဘတွေအနေနဲ့လည်း ကလေးတွေကို သင်လျှော်တဲ့ လက်သန့်ရှင်းရေးနည်းလမ်းတွေ သင်ကြားပေးထားပါ။

၈။ ဘေးကင်းတဲ့ ကစားစရာတွေ ပေးပါ

ကလေးငယ်လေးတွေဟာ ကစားစရာတွေကနေ မျက်လုံးဒဏ်ရာရနိုင်ချေရှိပါတယ်။ သူတို့အတွက် ဘေးကင်းတဲ့ ကစားစရာတွေကို ရွေးချယ်ပေးပါ။ မျက်လုံးကို မတော်တဆ ထိခိကုက်စေနိုင်တဲ့ ကြမ်းတမ်း၊ ချွန်ထက်တဲ့ ကစားစရာတွေရှောင်ပါ။

၉။ ပုံမှန်မျက်စိစစ်ဆေးခြင်း

ပုံမှန်မျက်စိစစ်ဆေးခြင်းက ကလေးတွေမှာဖြစ်တတ်တဲ့ မျက်စိအမြင်အာရုံပြဿနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။ မျက်မှန်သုံးခြင်းနှင့် မျက်မှန်ပါဝါ လိုတိုးပိုလျှော့လုပ်ခြင်းကလည်း မဖြစ်မနေလိုအပ်ပါတယ်။ အမေရိကန် မျက်စိပညာရပ်ဆိုင်ရာ အကယ်ဒမီက နာတာရှည် မကျန်းမာတဲ့ ကလေးတွေနှင့် pediatric eye ရောဂါ မိသားစုရာဇဝင်ရှိတဲ ကလေးတွေဟာ အမြင်အာရုံပုံမှန် စစ်ဆေးသင့်တယ်လို့ အကြံပြုထားပါတယ်။

ကလေးငယ်တွေအတွက် မျက်လုံးစောင့်ရှောက်ခြင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ လက်တွေကို စနစ်တကျဆေးကြောခြင်းက မျက်စိရောဂါအပါအဝင် ကူးစက်ရောဂါများစွာရဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် လက်ဆေးခြင်းနည်းလမ်းတွေကို ငယ်ရွယ်စဉ် ကတည်းက သင်ပေးနိုင်ပါတယ်။ ကလေးငယ်တွေကို ဝက်သက်ကာကွယယ်ဆေး ထိုးပေးထားသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဝက်သက်ရောဂါက မျက်စိအမြင်အာရုံဆုံးရှုံးခြင်းနှင့် မျက်စိကွယ်ခြင်းရဲ့ အန္တရာယ်ကို တိုးမြှင့်စေတာကြောင့်ပါ။အိမ်သန့်ရှင်းတဲ့ဆေးတွေ၊ ဓါတုပစ္စည်းတွေ၊ ကွမ်းစားတဲ့အခါ သုံးတဲ့ထုံးတွေကို ကလေးတွေနဲ့ လက်လှမ်းမမီတဲ့နေရာမှာ ထားပါ။

Chit_MayMay

LM_Nandar

Source-momjunction

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here