သားသားမီးမီးတွေအတွက် ကျန်းမာစွာ ကိုယ်အလေးချိန်တိုးစေတဲ့ အစားအစာများ

0
82

ကလေးတွေဟာ သူတို့ကြီးပြင်းလာတာနဲ့အမျှ ကိုယ်အလေးချိန်က သဘာဝအားဖြင့် တိုးလာလေ့ရှိပါတယ်။ ကလေးအများစုက ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိပေမယ့် တချို့က မျိုးရိုးဗီဇအရ ပိန်တတ်ကြပါတယ်။ ကိုယ်အလေးချိန်နဲ့ ပုံပန်းသဏ္ဍာန်က ကလေးတစ်ယောက်ရဲ့ အလုံးစုံကျန်းမာရေးနှင့် အကုန်သက်ဆိုင်နေတာ မဟုတ်ကြပေမယ့် ကလေးတွေမှာ နိုင်ငံတကာ BMI စည်းမျဉ်းစည်းကမ်းနှုန်းဖြင့် စံနမူနာ ကိုယ်အလေးချိန် ရှိဖို့လိုပါတယ်။

သင့်ကလေးရဲ့ BMIဟာ (underweight) ပုံမှန်အောက်ကိုယ်အလေးချိန်လျော့ကျတဲ့ အမျိုးအစားမှာ ရှိလျှင် သူတို့ကို ကိုယ်အလေးချိန်တိုးဖို့ ကူညီပေးတဲ့ အစားအစာတွေ ကျွေးရပါလိမ့်မယ်။ ဒီဆောင်းပါးမှာ သားသားမီးမီးတွေအတွက် ကျန်းမာစွာ ကိုယ်အလေးချိန်တိုးစေတဲ့ အကောင်းဆုံးအစားအစာ စာရင်းကို မျှဝေပေးထားပါတယ်။

သားသားမီးမီးတွေအတွက်မှာ စံနမူနာကိုယ်အလေးချိန်က ဘာဖြစ်သင့်သလဲ?
အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာရဲ့ အဆိုအရ ကလေးရဲ့ စံပြကိုယ်အလေးချိန်ကို သူတို့ရဲ့ BMI (Body Mass Index) ဖြင့်တိုင်းတာနိုင်ပါတယ်။ သင့်ကလေးရဲ့ BMI ကို ခြေရာကောက်ဖို့ BMI တွက်နည်း ကို သုံးနိုင်ပါတယ်။

ကလေးတွေဟာ သူတို့ရဲ့အလုံးစုံဖွံ့ဖြိုးတိုးတတ်မှုအတွက် ကျန်းမာတဲ့အစားအစာများကို ကျွေးရပါမယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ပုံမှန်အောက်လျော့ကျသူတွေအတွက် ကျန်းမာစွာ ကိုယ်အလေးချိန်တိုးစေတဲ့ အစားအစာများကို ကျွေးရပါမယ်။

ကလေးအတွက် ကျန်းမာစွာ ကိုယ်အလေးချိန်တိုးစေတဲ့ အစားအစာများ
ကလေးအတွက် ကိုယ်အလေးချိန်တိုးတဲ့ အစားအစာများက သွားရေယိုစရာဖြစ်သင့်ပါတယ်။ မြေပဲယို၊ ဖျော်ရည်ဖြစ်ဖြစ် ဒါမှမဟုတ် ဂျုံပေါင်မုန့် ဖြစ်ဖြစ် သူတို့ စိတ်ဝင်စားတဲ့ အစားအသောက်ဖြစ်ရပါမယ်။ ကလေးကို ကိုယ်အလေးချိန်တိုးစေဖို့အတွက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတချို့ကတော့

၁။ ကြက်ဥများ

ကြက်ဥက အကျိုးဖြစ်ထွန်းပြီး ပရိုတိန်းကြွယ်ဝတာကြောင့် သင့်ကလေးရဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိခြင်းမှာ ကူညီနိုင်ပါတယ်။ ကြက်ဥက ခန္ဓာကိုယ် တစ်ရှုးနှင့် ကြီးထွား ကြွက်သားတွေ တည်ဆောက်တဲ့နေရာမှာ ကူညီပေးပါတယ်။ ကြက်ဥကို ကောင်းကောင်းပြုတ်ပြီး ကလေးငယ်ကို ပမာဏနည်းနည်းစီ မိတ်ဆက်ပေးရပါမယ်။ ဖော့စဖောရက်၊ ပရိုတိန်း၊ ဇင့်နှင့် ကယ်လစီယမ်ကဲ့သို့သော အာဟာရများစွာ ပါဝင်တာကြောင့် ကြက်ဥဟာ ကလေးတွေအတွက် စူပါအစားအစာဖြစ်ပါတယ်။

၂။ ကြက်သား

ကြက်သားဟာ ကလေးတွေအတွက် ကယ်လိုရီနှင့် ပရိုတိန်းမြင့်မားတဲ့ အစားအစာဖြစ်ပါတယ်။ အသည်း၊ ကျောက်ကပ်နှင့် ဗဟိုအာရုံကြောစနစ်တစ်ခုလုံး၏ လုပ်ငန်းဆောင်တာတို့ကို အကျိုးပြုပြီး သွားနှင့် အရိုးတွေကို အထောက်အကူပေးတဲ့ မရှိမဖြစ် သတ္တုဓါတ်တစ်ခုဖြစ်သော ဖော့စဖောရက်လည်း ကြွယ်ဝပါတယ်။ တစ်ရှုးကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော ကြက်သားဟာ ကလေးငယ်တွေအတွက် အကျိုးကျေးဇူးရရှိစေပါတယ်။

၃။ ဆယ်လ်မွန်ငါး

ဆော်လမွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်၊ ဗီတာမင် B12၊ ဆီလီနီယမ်နှင့် choline တို့ပါဝင်တာကြောင့် ကလေးငယ်တွေမှာ အာရုံကြောကျန်းမာရေး၊ ဦးနှောက်နှင့် သိမြင်မှု လုပ်ငန်းဆောင်တာတွေ တိုးတတ်ကောင်းမွန်ရေးအတွက် ကူညီပေးပါတယ်။ တခါတရံမှာ သားသားမီးမီးတွေအတွက် အရသာရှိတဲ့ ဆော်လမွန်ငါးတစ်ခွက် ချက်ပြုတ်ပေးခြင်းက အိုင်ဒီယာကောင်းတစ်ခုဖြစ်နိုင်ပါတယ်။

၄။ တို့ဖူး

တို့ဖူးမှာ ပရိုတိန်းနှင့် မရှိမဖြစ်အမိုင်နိုအက်ဆစ်တို့ ပါဝင်ပါတယ်။ ၎င်းက ကယ်လစီယမ်၊ အပင်အခြေခံသံဓါတ်၊ မန်းဂနိစ်၊ ဖော့စဖောရက်နှင့် ဆယ်လီနီယမ်ရဲ့ အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ အာဟာရသိပ်သည်းတဲ့ အစားအစာဖြစ်ပေမယ့် ကယ်လိုရီနည်းပါးပါတယ်။ တို့ဖူးဟာ ကလေးတွေ ကြီးထွားဖို့အတွက် ကောင်းမွန်သော ကျန်းမာ အဆီနှင့် ပရိုတိန်းမြင့်မားပါတယ်။

၅။ ထန်းလျက်

ထန်းလျက်ဟာ မသန့်စင်ရသေးတဲ့ သကြားပုံစံဖြစ်ပါတယ်။ ကြံရည်နှင့် စွန်ပလွန်ကနေ ပြင်ဆင်ထားတဲ့ ထန်းလျက်ဟာ သန့်စင်ပြီးသကြားထက် ပိုကျန်းမာပါတယ်။ ထန်းလျက်မှာ သံဓါတ်အပါအဝင် မရှိမဖြစ် သတ္တုဓါတ်တွေလည်း ကြွယ်ဝပါတယ်။ ကလေးကို ကျွေးတဲ့အခါ အော်ဂဲနစ် ထန်းလျက်ကိုသာကျွေးပါ။ တချို့ မိဘတွေဟာ ထမင်းကို ဆီလေးဆမ်းပြီး ထန်းလျက်နဲ့ ကျွေးလေ့ရှိပါတယ်။ ဒါကကျန်းမာရေးနှင့် ညီညွတ်တာကြောင့် မေမေတို့လည်း တခါတလေ ကျွေးကြည့်နိုင်ပါတယ်။

၆။ ပျားရည်

သကြားအစားထိုးဖြစ်တဲ့ ပျားရည်ဟာ ကျန်းမာစွာ ကိုယ်အလေးချိန်တိုးမှုကို အားပေးတဲ့ ကာဗိုဟိုက်ဒရိတ် 82% နှင့် ရေ17%တို့ဖြင့် ဖွဲ့စည်းထားပါတယ်။ အဆီပါဝင်မှုနည်းပြီး သဘာဝ အချိုအရသာတစ်ခုဖြစ်ပါတယ်။ ပေါင်မုန့်ပေါ်မှာဆမ်းပြီး ကျွေးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

၇။ နို့

နို့က ပရိုတိန်းအရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်ကလေးမှာ lactose intolerant ဆိုတဲ့ နွားနို့နှင့် နို့ထွက်ပစ္စည်းအစားအစာနှင့် ဓါတ်မတည့်တာ၊ နို့သောက်ပြီး ဝမ်းလျောတဲ့ ပြဿနာ မရှိလျှင် နေ့စဉ် နွားနို့ တစ်ခွက်တိုက်ပေးခြင်းက ကျန်းမာသော အစားအသောက်တစ်ခုကို ထိန်းသိမ်းခြင်းမှာ ကူညီနိုင်ပါတယ်။ နွားနို့မှာ အရိုးတွေကို သန်မာစွာတည်ဆောက်ပေးတဲ့ အဆီများ၊ ကယ်လစီယမ်နှင့် မရှိမဖြစ် ဗီတာမင်များ ပါဝင်ပါတယ်။

၈။ ဒိန်ချဉ်

ကလေးအများစုက ဒိန်ချဥ်ကြိုက်ပါတယ်။ ၎င်းကို ဒီအတိုင်းကျွေးလို့ရသလို တစ်ခုခုနှင့် ရောပြီးကျွေးလို့လည်းရပါတယ်။ ဒိန်ချဉ်မှာ ကယ်လစီယမ်နှင့် ပိုတတ်စီယမ်ကြွယ်ဝတာကြောင့် ကလေးရဲ့ အရိုးကျန်းမာရေးကို တိုးတတ်စေပါတယ်။

၉။ သစ်သီးခြောက်များနင့် အခွံမာသီးများ

ရေခဲမုန့်ပေါ်မှာတင်ပြီးဖြစ်စေ၊ ဖျော်ရည်ထဲထည့်ပြီးဖြစ်စေ သရေစာအဖြစ် ကျွေးနိုင်ပါတယ်။ သစ်သီးခြောက်နှင့် အခွံမာသီးမှာ almonds၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ တရုတ်ဇီးသီး စတဲ့အစေ့အဆန် အမျိုးမျိုးရှိပါတယ်။ ၎င်းတို့မှာ သံဓါတ်၊ ဗီတာမင်များနှင့် မဂ္ဂနီဆီယမ်တို့ ကြွယ်ဝပါတယ်။

၁၀။ ပဲအမျိုးမျိုး

ပဲမျိုးစုံနှင့် ပဲနီလေးတို့မှာ ပရိုတိန်းဓါတ်ကြွယ်ဝပါတယ်။ ပျှမ်းမျှအားဖြင့် ပဲ ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၃၀၀နီးပါး ပါဝင်ပါတယ်။ ပဲမျိုးစုံဟာ စိတ်အပြောင်းအလဲကို ကုသပေးပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတဲ့ ပျော်ဝင်အမျှင်ဓါတ် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သင့်ကလေးဟာ အစားဇီဇာကြောင်သူဖြစ်လျှင် သူနှစ်သက်တဲ့ ပုံစံနှင့် ပဲကို ချက်ပြုတ်ကျွေးကြည့်ပါ။

၁၁။ ငှက်ပျောသီး

ငှက်ပျောသီးမှာ အစာကြေဖို့လွယ်တဲ့ အာဟာရဓါတ်တွေပါဝင်ပါတယ်။ အမျှင်ဓါတ်မြင့်မားတာကြောင့် ဦးနှောက်စွမ်းအားကို တိုးမြှင့်ပေးပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင် B6 တို့ကြွယ်ဝတာကြောင့် သွေးအားနည်းတဲ့ ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

၁၂။ ထောပတ်သီး

ဗီတာမင်၊ ပိုတတ်စီယမ်၊ အဆီနှင့် အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ထောပတ်သီးဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိမှုအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ထောပတ်သီးဟာ ဗီတာမင် B6 နှင့် C,E,K တို့ရဲ့ အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ ထောပတ်သီးဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးကို တိုးမြှင့်ခြင်းမှာ အကျိုးကျေးဇူးရှိတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်၊ ဘီတာ ကရိုတိန်း၊ လူတိန်းတို့လည်း ပေးစွမ်းပါတယ်။

၁၃။ ပြောင်းဖူး

ပြောင်းဖူးက ကလေးတွေကြိုက်နှစ်သက်တဲ့ အစားအစာဖြစ်ပါတယ်။ ပြောင်းဖူးမှာ မျက်လုံးကျန်းမာရေးကို မြှင့်တင်ပေးတဲ့ carotenoids ကြွယ်ဝပါတယ်။ ပြောင်းဖူးဟာ ကလေးတွေ ကိုယ်အလေးချိန်တိုးဖို့အတွက် အစွမ်းထက် အစားအသောက် substanceတစ်ခုဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

၁၄။ အသီးဖျော်ရည်

ကလေးတွေဟာ ရောင်စုံလေးတွေ၊ သက်တန့်လေးတွေကို ချစ်ကြပါတယ်။ အသီးတွေမှာ ရောင်စုံကာလာလေးတွေ ရှိတာကြောင့် ကျန်းမာရေးကောင်းဖို့အတွက် ကလေးတွေကို ကျွေးသင့်ပါတယ်။ ကလေးငယ်တွေကို အသီးကျွေးတဲ့အခါ တစ်ကိုက်စာလှီးပြီး နည်းနည်းစီကျွေးရပါမယ်။ နို့နည်းနည်းထည့်ပြီး အရသာရှိတဲ့ ဖျော်ရည်အဖြစ် ပြုလုပ်ကျွေးနိုင်ပါတယ်။ သစ်သီးဖျော်ရည်မှာ ဗီတာမင်၊ သတ္တုဓါတ်များ၊ အာဟာရနှင့် အမျှင်ဓါတ်တို့ ပါဝင်ပါတယ်။ နေ့စဥ်အစားအသောက်မှာ ထည့်သွင်းပေးရပါမယ်။

၁၅။ ကန်စွန်းဥ နှင့်အာလူး

ကန်စွန်းဥနှင့် အာလူးမှာ သံ၊ ကယ်လစီယမ်နှင့် ဆီလီနီယမ်ကဲ့သို့သော ဗီတာမင် ဘီ၊ စီ၊ အမျှင်ဓါတ်နှင့် သတ္တုဓါတ်တို့ ကြွယ်ဝပါတယ်။ သူတို့မှာ အင်တီအောက်ဆီဒင့် မြင့်မားပြီး ခန္ဓာကိုယ်အတွက် ဘီတာ-ကရိုတိန်းစုပ်ယူမှုကို တိုးတတ်ကောင်းမွန်စေပါတယ်။ ကန်စွန်းဥကြော်က ပြင်ဆင်ဖို့ အလွယ်ဆုံး သရေစာတစ်ခုဖြစ်ပါတယ်။

အာလူးမှာ ဗီတာမင် အေ၊စီနှင့် အမျှင်ဓါတ်တွေပါဝင်တာကြောင့် ကလေးတွေအတွက် ကျန်းမာတဲ့ အစားအစာဖြစ်ပါတယ်။ သူတို့မှာ ကျန်းမာစွာ ကိုယ်အလေးချိန်တိုးမှုကို မြှင့်တင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်လည်း ကြွယ်ဝပါတယ်။

၁၆။ အသီးအနှံ

ကလေးတွေဟာ အရည်ရွမ်းတဲ့ အသီးအနှံတွေကို စားရတာ နှစ်သက်ကြပါတယ်။ အသီးအနှံက ကလေးရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး နာမကျန်းမှုကို ဆန့်ကျင် တိုက်ထုတ်ကူညီပေးပါတယ်။ ကလေး ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံဖြိုးဖို့ အတွက် အမျှင်ဓါတ်မြင့်မားပြီး ဗီတာမင်၊ သတ္တုဓါတ်နှင့် တခြားအာဟာရတွေပါဝင်တဲ့ အသီးအနှံတွေကို ကျွေးဖို့ မမေ့သင့်ပါဘူး။

၁၇။ တခြားဟင်းသီးဟင်းရွက်များ

ကလေးတွေဟာ အသီးအရွက်စားရမှာ မကြိုက်ကြပေမယ့် ကြွပ်ရွပြီး အရသာရှိတယ်ဆိုရင် ကြိုက်တတ်ကြပါတယ်။ သင့်ကလေးက အသီးအရွက်စားဖို့ ဇီဇာကြောင်သူဖြစ်လျှင် ကလေးဗိုက်အရမ်းဆာနေတဲ့ အချိန်မှာ ဟင်းသီးဟင်းရွက်ကို ကျွေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်မှာ ကလေးရဲ့ကျန်းမာရေးကို တိုးမြှင့်ပေးပြီး အလုံးစုံ ဖွံ့ဖြိုးမှုကို အကူအညီပေးတဲ့ မရှိမဖြစ် အာဟာရဓါတ်တွေပါဝင်ပါတယ်။

သင့်ကလေးကို ပေးတဲ့ အာဟာရအစားအစာတွေဟာ အရသာနှင့် စားချင်စဖွယ်ဖြစ်နေရပါမယ်၊။ သူတို့ရဲ့ အစာစားခြင်းအလေ့အထနဲ့ လူနေမူပုံစံမှာ အပြောင်းအလဲတစ်ခု ယူဆောင်လာခြင်းက သူတို့ကျန်းမာစွာကိုယ်အလေးချိန်တိုးဖို့ ကူညီယုံသာ မဟုတ်ဘဲ အစားအသောက် အလေ့အထကောင်းတစ်ခု တည်ဆောက်ခြင်းမှာ တာရှည်ခံတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

တစ်ချို့ကိစ္စတွေမှာ ကလေးကို ကျန်းမာတဲ့ အစားအစာတွေကျွေးနေပေမယ့် ကိုယ်အလေးချိန်က အလုံအလောက်တိုးမလာဘူးဆိုရင် နားလည်တဲ့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
မေမေတို့ရေ မေမေတို့ရဲ့ကလေးကို ကိုယ်အလေးချိန်တိုးဖို့ ဘာအစားအစာတွေကျွေးလေ့ရှိသလဲ? မှတ်ချက်လေးတွေ မျှဝေပေးသွားပါဦးနော်။

Lifestyle_Myanmar

LM_Nandar

Source- momjunction

ZawGyi

သားသားမီးမီးေတြအတြက္ က်န္းမာစြာ ကိုယ္အေလးခ်ိန္တိုးေစတဲ့ အစားအစာမ်ား
ကေလးေတြဟာ သူတို႔ႀကီးျပင္းလာတာနဲ႔အမွ် ကိုယ္အေလးခ်ိန္က သဘာဝအားျဖင့္ တိုးလာေလ့ရွိပါတယ္။ ကေလးအမ်ားစုက က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ရွိေပမယ့္ တခ်ိဳ႕က မ်ိဳး႐ိုးဗီဇအရ ပိန္တတ္ၾကပါတယ္။ ကိုယ္အေလးခ်ိန္နဲ႔ ပုံပန္းသ႑ာန္က ကေလးတစ္ေယာက္ရဲ႕ အလုံးစုံက်န္းမာေရးႏွင့္ အကုန္သက္ဆိုင္ေနတာ မဟုတ္ၾကေပမယ့္ ကေလးေတြမွာ ႏိုင္ငံတကာ BMI စည္းမ်ဥ္းစည္းကမ္းႏႈန္းျဖင့္ စံနမူနာ ကိုယ္အေလးခ်ိန္ ရွိဖို႔လိုပါတယ္။

သင့္ကေလးရဲ႕ BMIဟာ (underweight) ပုံမွန္ေအာက္ကိုယ္အေလးခ်ိန္ေလ်ာ့က်တဲ့ အမ်ိဳးအစားမွာ ရွိလွ်င္ သူတို႔ကို ကိုယ္အေလးခ်ိန္တိုးဖို႔ ကူညီေပးတဲ့ အစားအစာေတြ ေကြၽးရပါလိမ့္မယ္။ ဒီေဆာင္းပါးမွာ သားသားမီးမီးေတြအတြက္ က်န္းမာစြာ ကိုယ္အေလးခ်ိန္တိုးေစတဲ့ အေကာင္းဆုံးအစားအစာ စာရင္းကို မွ်ေဝေပးထားပါတယ္။

သားသားမီးမီးေတြအတြက္မွာ စံနမူနာကိုယ္အေလးခ်ိန္က ဘာျဖစ္သင့္သလဲ?
အေမရိကန္ ေရာဂါကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးစင္တာရဲ႕ အဆိုအရ ကေလးရဲ႕ စံျပကိုယ္အေလးခ်ိန္ကို သူတို႔ရဲ႕ BMI (Body Mass Index) ျဖင့္တိုင္းတာႏိုင္ပါတယ္။ သင့္ကေလးရဲ႕ BMI ကို ေျခရာေကာက္ဖို႔ BMI တြက္နည္း ကို သုံးႏိုင္ပါတယ္။

ကေလးေတြဟာ သူတို႔ရဲ႕အလုံးစုံဖြံ႕ၿဖိဳးတိုးတတ္မႈအတြက္ က်န္းမာတဲ့အစားအစာမ်ားကို ေကြၽးရပါမယ္။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္ပုံမွန္ေအာက္ေလ်ာ့က်သူေတြအတြက္ က်န္းမာစြာ ကိုယ္အေလးခ်ိန္တိုးေစတဲ့ အစားအစာမ်ားကို ေကြၽးရပါမယ္။

ကေလးအတြက္ က်န္းမာစြာ ကိုယ္အေလးခ်ိန္တိုးေစတဲ့ အစားအစာမ်ား
ကေလးအတြက္ ကိုယ္အေလးခ်ိန္တိုးတဲ့ အစားအစာမ်ားက သြားေရယိုစရာျဖစ္သင့္ပါတယ္။ ေျမပဲယို၊ ေဖ်ာ္ရည္ျဖစ္ျဖစ္ ဒါမွမဟုတ္ ဂ်ဳံေပါင္မုန္႔ ျဖစ္ျဖစ္ သူတို႔ စိတ္ဝင္စားတဲ့ အစားအေသာက္ျဖစ္ရပါမယ္။ ကေလးကို ကိုယ္အေလးခ်ိန္တိုးေစဖို႔အတြက္ က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အစားအစာတခ်ိဳ႕ကေတာ့

၁။ ၾကက္ဥမ်ား

ၾကက္ဥက အက်ိဳးျဖစ္ထြန္းၿပီး ပ႐ိုတိန္းႂကြယ္ဝတာေၾကာင့္ သင့္ကေလးရဲ႕ ကိုယ္အေလးခ်ိန္ကို ထိန္းညႇိျခင္းမွာ ကူညီႏိုင္ပါတယ္။ ၾကက္ဥက ခႏၶာကိုယ္ တစ္ရႈးႏွင့္ ႀကီးထြား ႂကြက္သားေတြ တည္ေဆာက္တဲ့ေနရာမွာ ကူညီေပးပါတယ္။ ၾကက္ဥကို ေကာင္းေကာင္းျပဳတ္ၿပီး ကေလးငယ္ကို ပမာဏနည္းနည္းစီ မိတ္ဆက္ေပးရပါမယ္။ ေဖာ့စေဖာရက္၊ ပ႐ိုတိန္း၊ ဇင့္ႏွင့္ ကယ္လစီယမ္ကဲ့သို႔ေသာ အာဟာရမ်ားစြာ ပါဝင္တာေၾကာင့္ ၾကက္ဥဟာ ကေလးေတြအတြက္ စူပါအစားအစာျဖစ္ပါတယ္။

၂။ ၾကက္သား

ၾကက္သားဟာ ကေလးေတြအတြက္ ကယ္လိုရီႏွင့္ ပ႐ိုတိန္းျမင့္မားတဲ့ အစားအစာျဖစ္ပါတယ္။ အသည္း၊ ေက်ာက္ကပ္ႏွင့္ ဗဟိုအာ႐ုံေၾကာစနစ္တစ္ခုလုံး၏ လုပ္ငန္းေဆာင္တာတို႔ကို အက်ိဳးျပဳၿပီး သြားႏွင့္ အ႐ိုးေတြကို အေထာက္အကူေပးတဲ့ မရွိမျဖစ္ သတၱဳဓါတ္တစ္ခုျဖစ္ေသာ ေဖာ့စေဖာရက္လည္း ႂကြယ္ဝပါတယ္။ တစ္ရႈးႀကီးထြားမႈအတြက္ မရွိမျဖစ္လိုအပ္ေသာ ၾကက္သားဟာ ကေလးငယ္ေတြအတြက္ အက်ိဳးေက်းဇူးရရွိေစပါတယ္။

၃။ ဆယ္လ္မြန္ငါး

ေဆာ္လမြန္ငါးမွာ အိုမီဂါ ၃ ဖက္တီးအက္ဆစ္၊ ဗီတာမင္ B12၊ ဆီလီနီယမ္ႏွင့္ choline တို႔ပါဝင္တာေၾကာင့္ ကေလးငယ္ေတြမွာ အာ႐ုံေၾကာက်န္းမာေရး၊ ဦးေႏွာက္ႏွင့္ သိျမင္မႈ လုပ္ငန္းေဆာင္တာေတြ တိုးတတ္ေကာင္းမြန္ေရးအတြက္ ကူညီေပးပါတယ္။ တခါတရံမွာ သားသားမီးမီးေတြအတြက္ အရသာရွိတဲ့ ေဆာ္လမြန္ငါးတစ္ခြက္ ခ်က္ျပဳတ္ေပးျခင္းက အိုင္ဒီယာေကာင္းတစ္ခုျဖစ္ႏိုင္ပါတယ္။

၄။ တို႔ဖူး

တို႔ဖူးမွာ ပ႐ိုတိန္းႏွင့္ မရွိမျဖစ္အမိုင္ႏိုအက္ဆစ္တို႔ ပါဝင္ပါတယ္။ ၎က ကယ္လစီယမ္၊ အပင္အေျခခံသံဓါတ္၊ မန္းဂနိစ္၊ ေဖာ့စေဖာရက္ႏွင့္ ဆယ္လီနီယမ္ရဲ႕ အရင္းအျမစ္ေကာင္းတစ္ခု ျဖစ္ပါတယ္။ အာဟာရသိပ္သည္းတဲ့ အစားအစာျဖစ္ေပမယ့္ ကယ္လိုရီနည္းပါးပါတယ္။ တို႔ဖူးဟာ ကေလးေတြ ႀကီးထြားဖို႔အတြက္ ေကာင္းမြန္ေသာ က်န္းမာ အဆီႏွင့္ ပ႐ိုတိန္းျမင့္မားပါတယ္။

၅။ ထန္းလ်က္

ထန္းလ်က္ဟာ မသန္႔စင္ရေသးတဲ့ သၾကားပုံစံျဖစ္ပါတယ္။ ႀကံရည္ႏွင့္ စြန္ပလြန္ကေန ျပင္ဆင္ထားတဲ့ ထန္းလ်က္ဟာ သန္႔စင္ၿပီးသၾကားထက္ ပိုက်န္းမာပါတယ္။ ထန္းလ်က္မွာ သံဓါတ္အပါအဝင္ မရွိမျဖစ္ သတၱဳဓါတ္ေတြလည္း ႂကြယ္ဝပါတယ္။ ကေလးကို ေကြၽးတဲ့အခါ ေအာ္ဂဲနစ္ ထန္းလ်က္ကိုသာေကြၽးပါ။ တခ်ိဳ႕ မိဘေတြဟာ ထမင္းကို ဆီေလးဆမ္းၿပီး ထန္းလ်က္နဲ႔ ေကြၽးေလ့ရွိပါတယ္။ ဒါကက်န္းမာေရးႏွင့္ ညီၫြတ္တာေၾကာင့္ ေမေမတို႔လည္း တခါတေလ ေကြၽးၾကည့္ႏိုင္ပါတယ္။

၆။ ပ်ားရည္

သၾကားအစားထိုးျဖစ္တဲ့ ပ်ားရည္ဟာ က်န္းမာစြာ ကိုယ္အေလးခ်ိန္တိုးမႈကို အားေပးတဲ့ ကာဗိုဟိုက္ဒရိတ္ 82% ႏွင့္ ေရ17%တို႔ျဖင့္ ဖြဲ႕စည္းထားပါတယ္။ အဆီပါဝင္မႈနည္းၿပီး သဘာဝ အခ်ိဳအရသာတစ္ခုျဖစ္ပါတယ္။ ေပါင္မုန္႔ေပၚမွာဆမ္းၿပီး ေကြၽးတာပဲျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္။

၇။ ႏို႔

ႏို႔က ပ႐ိုတိန္းအရင္းအျမစ္ေကာင္းတစ္ခု ျဖစ္ပါတယ္။ သင့္ကေလးမွာ lactose intolerant ဆိုတဲ့ ႏြားႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းအစားအစာႏွင့္ ဓါတ္မတည့္တာ၊ ႏို႔ေသာက္ၿပီး ဝမ္းေလ်ာတဲ့ ျပႆနာ မရွိလွ်င္ ေန႔စဥ္ ႏြားႏို႔ တစ္ခြက္တိုက္ေပးျခင္းက က်န္းမာေသာ အစားအေသာက္တစ္ခုကို ထိန္းသိမ္းျခင္းမွာ ကူညီႏိုင္ပါတယ္။ ႏြားႏို႔မွာ အ႐ိုးေတြကို သန္မာစြာတည္ေဆာက္ေပးတဲ့ အဆီမ်ား၊ ကယ္လစီယမ္ႏွင့္ မရွိမျဖစ္ ဗီတာမင္မ်ား ပါဝင္ပါတယ္။

၈။ ဒိန္ခ်ဥ္

ကေလးအမ်ားစုက ဒိန္ခ်ဥ္ႀကိဳက္ပါတယ္။ ၎ကို ဒီအတိုင္းေကြၽးလို႔ရသလို တစ္ခုခုႏွင့္ ေရာၿပီးေကြၽးလို႔လည္းရပါတယ္။ ဒိန္ခ်ဥ္မွာ ကယ္လစီယမ္ႏွင့္ ပိုတတ္စီယမ္ႂကြယ္ဝတာေၾကာင့္ ကေလးရဲ႕ အ႐ိုးက်န္းမာေရးကို တိုးတတ္ေစပါတယ္။

၉။ သစ္သီးေျခာက္မ်ားနင့္ အခြံမာသီးမ်ား

ေရခဲမုန္႔ေပၚမွာတင္ၿပီးျဖစ္ေစ၊ ေဖ်ာ္ရည္ထဲထည့္ၿပီးျဖစ္ေစ သေရစာအျဖစ္ ေကြၽးႏိုင္ပါတယ္။ သစ္သီးေျခာက္ႏွင့္ အခြံမာသီးမွာ almonds၊ သီဟိုဠ္ေစ့၊ သစ္ၾကားသီး၊ တ႐ုတ္ဇီးသီး စတဲ့အေစ့အဆန္ အမ်ိဳးမ်ိဳးရွိပါတယ္။ ၎တို႔မွာ သံဓါတ္၊ ဗီတာမင္မ်ားႏွင့္ မဂၢနီဆီယမ္တို႔ ႂကြယ္ဝပါတယ္။

၁၀။ ပဲအမ်ိဳးမ်ိဳး

ပဲမ်ိဳးစုံႏွင့္ ပဲနီေလးတို႔မွာ ပ႐ိုတိန္းဓါတ္ႂကြယ္ဝပါတယ္။ ပွ်မ္းမွ်အားျဖင့္ ပဲ ၁၀၀ ဂရမ္မွာ ကယ္လိုရီ ၃၀၀နီးပါး ပါဝင္ပါတယ္။ ပဲမ်ိဳးစုံဟာ စိတ္အေျပာင္းအလဲကို ကုသေပးၿပီး ေသြးတြင္းသၾကားဓါတ္ကို ထိန္းညႇိေပးတဲ့ ေပ်ာ္ဝင္အမွ်င္ဓါတ္ အရင္းအျမစ္ေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။ သင့္ကေလးဟာ အစားဇီဇာေၾကာင္သူျဖစ္လွ်င္ သူႏွစ္သက္တဲ့ ပုံစံႏွင့္ ပဲကို ခ်က္ျပဳတ္ေကြၽးၾကည့္ပါ။

၁၁။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ အစာေၾကဖို႔လြယ္တဲ့ အာဟာရဓါတ္ေတြပါဝင္ပါတယ္။ အမွ်င္ဓါတ္ျမင့္မားတာေၾကာင့္ ဦးေႏွာက္စြမ္းအားကို တိုးျမႇင့္ေပးၿပီး အျမင္အာ႐ုံကိုလည္း ေကာင္းမြန္ေစပါတယ္။ ငွက္ေပ်ာသီးမွာ ပိုတတ္စီယမ္၊ မဂၢနီဆီယမ္ႏွင့္ ဗီတာမင္ B6 တို႔ႂကြယ္ဝတာေၾကာင့္ ေသြးအားနည္းတဲ့ ကေလးေတြအတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

၁၂။ ေထာပတ္သီး

ဗီတာမင္၊ ပိုတတ္စီယမ္၊ အဆီႏွင့္ အမွ်င္ဓါတ္ႂကြယ္ဝတာေၾကာင့္ ေထာပတ္သီးဟာ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ရရွိမႈအတြက္ အေကာင္းဆုံး ျဖစ္ပါတယ္။ ေထာပတ္သီးဟာ ဗီတာမင္ B6 ႏွင့္ C,E,K တို႔ရဲ႕ အရင္းအျမစ္ေကာင္းတစ္ခု ျဖစ္ပါတယ္။ ေထာပတ္သီးဟာ ခႏၶာကိုယ္ရဲ႕ အလုံးစုံက်န္းမာေရးကို တိုးျမႇင့္ျခင္းမွာ အက်ိဳးေက်းဇူးရွိတဲ့ အိုမီဂါ၃ ဖက္တီးအက္ဆစ္၊ ဘီတာ က႐ိုတိန္း၊ လူတိန္းတို႔လည္း ေပးစြမ္းပါတယ္။

၁၃။ ေျပာင္းဖူး

ေျပာင္းဖူးက ကေလးေတြႀကိဳက္ႏွစ္သက္တဲ့ အစားအစာျဖစ္ပါတယ္။ ေျပာင္းဖူးမွာ မ်က္လုံးက်န္းမာေရးကို ျမႇင့္တင္ေပးတဲ့ carotenoids ႂကြယ္ဝပါတယ္။ ေျပာင္းဖူးဟာ ကေလးေတြ ကိုယ္အေလးခ်ိန္တိုးဖို႔အတြက္ အစြမ္းထက္ အစားအေသာက္ substanceတစ္ခုျဖစ္တဲ့ ကာဗိုဟိုက္ဒရိတ္ေတြ ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။

၁၄။ အသီးေဖ်ာ္ရည္

ကေလးေတြဟာ ေရာင္စုံေလးေတြ၊ သက္တန္႔ေလးေတြကို ခ်စ္ၾကပါတယ္။ အသီးေတြမွာ ေရာင္စုံကာလာေလးေတြ ရွိတာေၾကာင့္ က်န္းမာေရးေကာင္းဖို႔အတြက္ ကေလးေတြကို ေကြၽးသင့္ပါတယ္။ ကေလးငယ္ေတြကို အသီးေကြၽးတဲ့အခါ တစ္ကိုက္စာလွီးၿပီး နည္းနည္းစီေကြၽးရပါမယ္။ ႏို႔နည္းနည္းထည့္ၿပီး အရသာရွိတဲ့ ေဖ်ာ္ရည္အျဖစ္ ျပဳလုပ္ေကြၽးႏိုင္ပါတယ္။ သစ္သီးေဖ်ာ္ရည္မွာ ဗီတာမင္၊ သတၱဳဓါတ္မ်ား၊ အာဟာရႏွင့္ အမွ်င္ဓါတ္တို႔ ပါဝင္ပါတယ္။ ေန႔စဥ္အစားအေသာက္မွာ ထည့္သြင္းေပးရပါမယ္။

၁၅။ ကန္စြန္းဥ ႏွင့္အာလူး

ကန္စြန္းဥႏွင့္ အာလူးမွာ သံ၊ ကယ္လစီယမ္ႏွင့္ ဆီလီနီယမ္ကဲ့သို႔ေသာ ဗီတာမင္ ဘီ၊ စီ၊ အမွ်င္ဓါတ္ႏွင့္ သတၱဳဓါတ္တို႔ ႂကြယ္ဝပါတယ္။ သူတို႔မွာ အင္တီေအာက္ဆီဒင့္ ျမင့္မားၿပီး ခႏၶာကိုယ္အတြက္ ဘီတာ-က႐ိုတိန္းစုပ္ယူမႈကို တိုးတတ္ေကာင္းမြန္ေစပါတယ္။ ကန္စြန္းဥေၾကာ္က ျပင္ဆင္ဖို႔ အလြယ္ဆုံး သေရစာတစ္ခုျဖစ္ပါတယ္။
အာလူးမွာ ဗီတာမင္ ေအ၊စီႏွင့္ အမွ်င္ဓါတ္ေတြပါဝင္တာေၾကာင့္ ကေလးေတြအတြက္ က်န္းမာတဲ့ အစားအစာျဖစ္ပါတယ္။ သူတို႔မွာ က်န္းမာစြာ ကိုယ္အေလးခ်ိန္တိုးမႈကို ျမႇင့္တင္ေပးတဲ့ ကာဗိုဟိုက္ဒရိတ္လည္း ႂကြယ္ဝပါတယ္။

၁၆။ အသီးအႏွံ

ကေလးေတြဟာ အရည္႐ြမ္းတဲ့ အသီးအႏွံေတြကို စားရတာ ႏွစ္သက္ၾကပါတယ္။ အသီးအႏွံက ကေလးရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို အားေကာင္းေစၿပီး နာမက်န္းမႈကို ဆန္႔က်င္ တိုက္ထုတ္ကူညီေပးပါတယ္။ ကေလး က်န္းက်န္းမာမာနဲ႔ ႀကီးထြားဖြံၿဖိဳးဖို႔ အတြက္ အမွ်င္ဓါတ္ျမင့္မားၿပီး ဗီတာမင္၊ သတၱဳဓါတ္ႏွင့္ တျခားအာဟာရေတြပါဝင္တဲ့ အသီးအႏွံေတြကို ေကြၽးဖို႔ မေမ့သင့္ပါဘူး။

၁၇။ တျခားဟင္းသီးဟင္း႐ြက္မ်ား

ကေလးေတြဟာ အသီးအ႐ြက္စားရမွာ မႀကိဳက္ၾကေပမယ့္ ႂကြပ္႐ြၿပီး အရသာရွိတယ္ဆိုရင္ ႀကိဳက္တတ္ၾကပါတယ္။ သင့္ကေလးက အသီးအ႐ြက္စားဖို႔ ဇီဇာေၾကာင္သူျဖစ္လွ်င္ ကေလးဗိုက္အရမ္းဆာေနတဲ့ အခ်ိန္မွာ ဟင္းသီးဟင္း႐ြက္ကို ေကြၽးသင့္ပါတယ္။ ဟင္းသီးဟင္း႐ြက္မွာ ကေလးရဲ႕က်န္းမာေရးကို တိုးျမႇင့္ေပးၿပီး အလုံးစုံ ဖြံ႕ၿဖိဳးမႈကို အကူအညီေပးတဲ့ မရွိမျဖစ္ အာဟာရဓါတ္ေတြပါဝင္ပါတယ္။

သင့္ကေလးကို ေပးတဲ့ အာဟာရအစားအစာေတြဟာ အရသာႏွင့္ စားခ်င္စဖြယ္ျဖစ္ေနရပါမယ္၊။ သူတို႔ရဲ႕ အစာစားျခင္းအေလ့အထနဲ႔ လူေနမူပုံစံမွာ အေျပာင္းအလဲတစ္ခု ယူေဆာင္လာျခင္းက သူတို႔က်န္းမာစြာကိုယ္အေလးခ်ိန္တိုးဖို႔ ကူညီယုံသာ မဟုတ္ဘဲ အစားအေသာက္ အေလ့အထေကာင္းတစ္ခု တည္ေဆာက္ျခင္းမွာ တာရွည္ခံတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

တစ္ခ်ိဳ႕ကိစၥေတြမွာ ကေလးကို က်န္းမာတဲ့ အစားအစာေတြေကြၽးေနေပမယ့္ ကိုယ္အေလးခ်ိန္က အလုံအေလာက္တိုးမလာဘူးဆိုရင္ နားလည္တဲ့ ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။
ေမေမတို႔ေရ ေမေမတို႔ရဲ႕ကေလးကို ကိုယ္အေလးခ်ိန္တိုးဖို႔ ဘာအစားအစာေတြေကြၽးေလ့ရွိသလဲ? မွတ္ခ်က္ေလးေတြ မွ်ေဝေပးသြားပါဦးေနာ္။

Lifestyle_Myanmar

LM_Nandar

Source- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here