သားသားမီးမီးလေးတွေကို အသီးအနှစ်ပြုလုပ်ပြီး တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများ

0
99
- Advertisement -

ကလေးတွေအတွက် မိခင်နို့က အဓိကအစားအစာ အရင်းအမြစ် တစ်ခုဖြစ်ပြီး ဘာနဲ့မှ အစားမထိုးသင့်ပါဘူး။ သို့သော်လည်း သင့်ကလေးကို အသက် ၆လလောက်ကစပြီး အာဟာရဖြစ်စေဖို့ အသီးအနှံကြိတ်ချေပြီး ဖြည့်စွက်စာကျွေးနိုင်ပါတယ်။အသက်(၆)လရောက်လာတဲ့အခါမှာ သားသားမီးမီးလေးတွေက မိခင်နို့တစ်မျိုးတည်း မလုံလောက်တော့ပါဘူး။ ဖြည့်စွက်စာကျွေးပေးဖို့ လိုအပ်လာပါပြီ။ ဒါက သင့်ကလေးရဲ့ဖွံဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ အာဟာဓါတ်အမျိုးမျိုးကို ပေးစွမ်းပါတယ်။ ဖြည့်စွက်စာ စတင်ကျွေးချိန်မှာ မာတဲ့အစားအစာတွေကို လုံးဝမကျွေးရသေးပါ။

အသီးတွေက ဟင်းသီးဟင်းရွက်နဲ့အတူ အစားအစာပိရမစ်မှာ ဒုတိယကလာပါတယ်။ သူတို့က ကျန်းမာရေးကောင်းမွန်ဖို့ မရှိမဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ကလေးတွေကို သစ်သီးကို အနှစ်လုပ်ပြီး ကျွေးဖို့ အကောင်းဆုံးအကြောင်းပြချက်တစ်ခုကတော့ အသီးတွေမှာ ရေ 95% ပါဝင်လို့ပါပဲ။ သူတို့မှာ ကလေးတစ်ယောက်ရဲ့ အူလမ်းကြောင်းကိုထိန်းညှိပေးတဲ့ ဟင်းသီးဟင်းရွက် အမျှင်ဓါတ်တွေ ရှိပါတယ်။ နို့စို့ကလေးရဲ့အူအလေ့အကျင့်က မတူပါဘူး။ အသီးအနှံအားလုံးက အာဟာရတန်ဖိုးရှိတာ တူပေမယ့် တချို့အသီးတွေက ကလေးရဲ့ဝမ်းကိုပျော့စေနိုင်ပါတယ်။

အသီးတွေမှာ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေနဲ့ အဆီမပါတဲ့ ရိုးရိုးကာဗိုဟိုက်ဒရိတ်တို့ ပါဝင်ပါတယ်။ သူတို့အစားအသောက်ထဲမှာ အသီးထည့်ကျွေးမယ်ဆိုရင် သင့်ကလေးက စွမ်းအင်ပိုပြီး ရရှိပါလိမ့်မယ်။ အနှစ်လုပ်ထားတဲ့ အသီးတွေက အဝလွန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါကဲ့သို့ နာမကျန်းမှုများကို တားဆီးပေးတဲ့ antioxidants နှင့် micronutrients တို့ကို ပေးစွမ်းပါတယ်။

- Advertisement -

သင့်ကလေးရဲ့ အစာအစာထဲမှာ အသီးကိုအနှစ်လုပ်ပြီး ကျွေးခြင်း
ဖြည့်စွက်စာ စတင်ကျွေးချိန်မှာ အရည်ကျဲကျဲ နဲ့ food allergy ဖြစ်နိုင်ခြေနည်းတဲ့ အစားများကို စတင်ကျွေးမွေးသင့်ပါတယ်။ အစပိုင်းမှာ သင့်ကလေးကို ကြိတ်ချေထားတဲ့ အသီး ပမာဏနည်းနည်းလေးပဲ ထည့်ကျွေးရပါမယ်။ တဖြည်းဖြည်းနဲ့မှ သူတို့အစာပမာဏကို တိုးမြှင့်သင့်ပါတယ်။ အရသာကို သူတို့ ရင်းနှီးကျွမ်းဝင်ပြီး လက်ခံလာအောင်ဖြစ်ပါတယ်။ သင့်ကလေးက အနှစ်လုပ်ထားတဲ့ အသီးကို စားရင်တောင် မိခင်နို့နေရာမှာ အစားမထိုးသင့်ပါဘူး။ အာဟာရဖြည့်စွက်အနေနဲ့သာ ကျွေးရမှာပါ။ မိခင်နို့လည်း တိုက်ပေးရမှာဖြစ်ပါတယ်။

သူတို့အသက်အရွယ်ပေါ်မှုတည်ပြီး စားနိုင်တဲ့ အသီးများ
သင့်ကလေးက အသက် ၆လမှာ အနှစ်လုပ်ထားတဲ့အသီးကို စတင်ကျွေးနိုင်ရင်တောင် တချို့အသီးတွေက ဓါတ်မတည့်မှု အန္တရာယ်ရှိတာကြောင့် သူတို့အသက်အရွယ်အလိုက် ကျွေးသင့်တဲ့အစားအစာတွေကို ရွေးချယ်ရပါမယ်။ အစားအစာအသစ်တစ်ခု (အနှစ်လုပ်ထားတဲ့ အသီးတစ်ခုခုကို) စတင်မိတ်မဆက်ခင်မှာ အနည်းဆုံး ၃ရက်လောက် စောင့်သင့်ပါတယ်။ သူတို့အသက်အရွယ်ပေါ်မှုတည်ပြီး ကျွေးသင့်တဲ့ အသီးတွေကို အောက်မှာဖော်ပြထားပါတယ်။

၆လအရွယ်မှာ
ဖရုံသီး၊ စပျစ်သီး(အခွံနှင့် အစေ့မပါရ)၊ ဇီးသီး၊ ငှက်ပျောသီး၊ သစ်တော်သီး၊ ပန်းသီး၊ ကီဝီသီး၊ ဖရဲသီး၊နှင့် သရက်သီး။
၆လနောက်ပိုင်းမှာ
တချို့ဆရာဝန်များက အသက်၆လကျော်ပြီးနောက်မှာ နာနတ်သီးနှင့် လိမ္မော်သီးတွေကဲ့သို့ အချဉ်ကို မိတ်ဆက်ပေးဖို့ အကြံပြုပါတယ်။ သို့သော် တခြားသူတွေက ဓါတ်မတည့် တုံ့ပြန်မှုဖြစ်နိုင်တာကြောင့် အသက် ၁၂လတိုင်အောင် စောင့်ဆိုင်းဖို့ အကြံပြုထားပါတယ်။ လိမ္မော်သီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ကို သားသားမီးမီးလေးတွေရဲ့ အစာအိမ်က ချေဖျက်နိုင်စွမ်းမရှိသေးတာကြောင့်လည်းဖြစ်ပါတယ်။
အသက် ၁၂လမှာ
တစ်နှစ်သားကလေးတွေကို မက်မွန်သီးကဲ့သို့ အသီးအနှံကျွေးဖို့ အများစုက အကြံပြုထားပါတယ်။
အသက် ၁၂လနောက်ပိုင်းမှာ
တစ်ချို့ကလေးအထူးကုများက အသက်၁နှစ်ပြည့်ပြီးနောက်ပိုင်းမှာ ဘယ်ရီသီးထည့်ကျွေးဖို့ အကြံပြုထားပါတယ်။ သို့သော် တချို့ဆရာဝန်များက ကလေးတွေမှာ ဓါတ်မတည့်တုံ့ပြန်မှုများ ရှိနိုင်တာကြောင့် အသက် ၁၅လတိုင်အောင် မကျွေးသင့်ဘူးလို့ အကြံပြုထားပါတယ်။
၂၄လနောက်ပိုင်း
သစ်သီးခြောက်များကို အသက် ၂နှစ်ကျော်ပြီးကလေးတွေကို ကျွေးဖို့ အကြံပြုထားပါတယ်။

အသီးအနှစ်ကို ပြင်ဆင်ခြင်း
ကလေးကို ကျွေးဖို့အတွက် မှည့်တဲ့အသီးကို တတ်နိုင်သမျှ ရွေးချယ်ပါ။ မမှည့်တဲ့ အသီးကို မဝယ်ပါနဲ့။
အသီးတွေကို သေသေချာချာ ဆေးကြောပါ။
အခွံခွာပြီး အတုံးသေးသေးလေးတွေ ပိုင်းပါ။ အူတိုင်များ၊ အစေ့များကို ဖယ်ပါ။
အသီးတွေကို ပြုတ်ခြင်း သို့မဟုတ် ပေါင်းခြင်းပြုလုပ်ပါ။ ပေါင်းကျွေးခြင်းဟာ အာဟာရဓာတ်များ မဆုံးရှုံးစေတဲ့အပြင် အနံ့အရသာကောင်းမွန်တာကြောင့် ကလေးများအတွက် အကောင်းဆုံးနည်းလမ်းပါ။ (ငှက်ပျောသီး ၊ ထောပတ်သီးကဲ့သို့ အသီးများ ပေါင်းဖို့ မလိုအပ်ပါဘူး)
ပန်းကန်ထဲမှာထည့််ပြီး သင့်ကလေးကို မကျွေးခင် အအေးခံထားပါ။
သကြားထည့်ခြင်း ရှောင်ကြဉ်ပါ။ အသီးမှည့်မှာ အရသာဓါတ်တွေရှိတာကြောင့် ဖြစ်ပါတယ်။ အနာဂတ်မှာ အဝလွန်ခြင်းကိုဦးတည်စေနိုင်တာကြောင့် ချိုတဲ့အစားအစာများကို ကျွေးခြင်းက သင့်ကလေးရဲ့ကျန်းမာရေးအတွက် မကောင်းပါဘူး။
မတူတဲ့ အရသာကို ရရှိနိုင်စေဖို့ တချို့အသီးများကို ပေါင်းစပ်ကျွေးနိုင်ပါတယ်။

ကလေးတွေအတွက် အသီးအနှစ်လုပ်နည်း

Recipe 1: သရက်သီးနှင့် ပန်းသီးအနှစ်

ပါဝင်ပစ္စည်း
တုံးထားတဲ့ သရက်သီး ၁ခွက်
အခွံနွာပြီးစိတ်ထားတဲ့ ပန်းသီး ၁ခွက်
အသီးတွေကို သေချာဆေးကြောပြီး အတုံးသေးသေးလေးတွေ တုံးပါ။ ပေါင်းအိုးထဲမှာ ရေ ခွက်တစ်ဝက်ထည့်ပါ။ ပန်းသီးနှင့် သရက်သီးကို နူးအိသွားအောင် ၂မိနစ်လောက် ပေါင်းပေးပါ။ ချောမွတ်ပြီး အနှစ်ဖြစ်သွားတဲ့အထိ ကြိတ်ချေပေးပါ။ ပန်းကန်တစ်ခုထဲကိုထည့်ပြီး ကလေးကိုမကျွေးခင် အအေးခံထားပါ။

Recipe 2: ငှက်ပျောသီး၊ သစ်တော်သီး၊ ပန်းသီးအနှစ်

ပါဝင်ပစ္စည်းများ
ပန်းသီးတစ်လုံးရဲ့ ၄ပုံ ၁ပုံ
သစ်တော်သီး လိုသလောက်
ငှက်ပျောသီးတစ်လုံး ရဲ့ ၄ပုံ၁ပုံ
ရေဖန်ခွက်တစ်ဝက်
အသီးတွေကို အခွံနွှာပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ အိုးထဲမှာ ရေထည့်ပြီး သစ်တော်သီးနဲ့ ပန်းသီကို ၁၅မိနစ်လောက် ပေါင်းပေးပါ။ ပြီးနောက် အိုးကို မီးဖိုပေါ်ကချပါ။ အိုးအလွတ်တစ်လုံးထဲမှာ ငှက်ပျောသီးကို ခုနက ပေါင်းထားတဲ့ ပန်းသီးနှင့် သစ်တော်သီးကိုရောထည့်ပြီး ချက်ပြုတ်ပေးပါ။ ရေဖန်ခွက်တစ်ဝက်ထည့်ပြီး အသီးတွေကို အခဲတွေ/အဖက်တွေ ဖြစ်မနေအောင် အနှစ်ဖြစ်သွားတဲ့အထိ ချေပေးပါ။

Lifestyle_Myanmar

LM_Nandar

Source- steptohealth

Zawgyi Font

သားသားမီးမီးေလးေတြကို အသီးအႏွစ္ျပဳလုပ္ၿပီး တိုက္ေကၽြးျခင္း၏ အက်ိဳးေက်းဇူးမ်ား

ကေလးေတြအတြက္ မိခင္ႏို႔က အဓိကအစားအစာ အရင္းအျမစ္ တစ္ခုျဖစ္ၿပီး ဘာနဲ႔မွ အစားမထိုးသင့္ပါဘူး။ သို႔ေသာ္လည္း သင့္ကေလးကို အသက္ ၆လေလာက္ကစၿပီး အာဟာရျဖစ္ေစဖို႔ အသီးအႏွံႀကိတ္ေခ်ၿပီး ျဖည့္စြက္စာေကၽြးႏိုင္ပါတယ္။အသက္(၆)လေရာက္လာတဲ့အခါမွာ သားသားမီးမီးေလးေတြက မိခင္ႏို႔တစ္မ်ိဳးတည္း မလံုေလာက္ေတာ့ပါဘူး။ ျဖည့္စြက္စာေကၽြးေပးဖို႔ လိုအပ္လာပါၿပီ။ ဒါက သင့္ကေလးရဲ႕ဖြံၿဖိဳးမႈကို အေထာက္အကူျဖစ္ေစတဲ့ အာဟာဓါတ္အမ်ိဳးမ်ိဳးကို ေပးစြမ္းပါတယ္။ ျဖည့္စြက္စာ စတင္ေကၽြးခ်ိန္မွာ မာတဲ့အစားအစာေတြကို လံုးဝမေကၽြးရေသးပါ။

အသီးေတြက ဟင္းသီးဟင္းရြက္နဲ႔အတူ အစားအစာပိရမစ္မွာ ဒုတိယကလာပါတယ္။ သူတို႔က က်န္းမာေရးေကာင္းမြန္ဖို႔ မရွိမျဖစ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ကေလးေတြကို သစ္သီးကို အႏွစ္လုပ္ၿပီး ေကၽြးဖို႔ အေကာင္းဆံုးအေၾကာင္းျပခ်က္တစ္ခုကေတာ့ အသီးေတြမွာ ေရ 95% ပါဝင္လို႔ပါပဲ။ သူတို႔မွာ ကေလးတစ္ေယာက္ရဲ႕ အူလမ္းေၾကာင္းကိုထိန္းညိွေပးတဲ့ ဟင္းသီးဟင္းရြက္ အမွ်င္ဓါတ္ေတြ ရွိပါတယ္။ ႏို႔စို႔ကေလးရဲ႕အူအေလ့အက်င့္က မတူပါဘူး။ အသီးအႏွံအားလံုးက အာဟာရတန္ဖိုးရွိတာ တူေပမယ့္ တခ်ိဳ႕အသီးေတြက ကေလးရဲ႕ဝမ္းကိုေပ်ာ့ေစႏိုင္ပါတယ္။

အသီးေတြမွာ ဗီတာမင္ေတြ၊ သတၱဳဓါတ္ေတြနဲ႔ အဆီမပါတဲ့ ရိုးရိုးကာဗိုဟုိက္ဒရိတ္တို႔ ပါဝင္ပါတယ္။ သူတို႔အစားအေသာက္ထဲမွာ အသီးထည့္ေကၽြးမယ္ဆိုရင္ သင့္ကေလးက စြမ္းအင္ပိုၿပီး ရရွိပါလိမ့္မယ္။ အႏွစ္လုပ္ထားတဲ့ အသီးေတြက အဝလြန္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ကင္ဆာႏွင့္ ႏွလံုးေသြးေၾကာဆိုင္၇ာ ေရာဂါကဲ့သို႔ နာမက်န္းမႈမ်ားကို တားဆီးေပးတဲ့ antioxidants ႏွင့္ micronutrients တို႔ကို ေပးစြမ္းပါတယ္။

သင့္ကေလးရဲ႕ အစာအစာထဲမွာ အသီးကိုအႏွစ္လုပ္ၿပီး ေကၽြးျခင္း
ျဖည့္စြက္စာ စတင္ေကြၽးခ်ိန္မွာ အရည္က်ဲက်ဲ နဲ႔ food allergy ျဖစ္ႏိုင္ေျခနည္းတဲ့ အစားမ်ားကို စတင္ေကြၽးေမြးသင့္ပါတယ္။ အစပိုင္းမွာ သင့္ကေလးကို ႀကိတ္ေခ်ထားတဲ့ အသီး ပမာဏနည္းနညး္ေလးပဲ ထည့္ေကၽြးရပါမယ္။ တျဖည္းျဖည္းနဲ႔မွ သူတို႔အစာပမာဏကို တိုးျမွင့္သင့္ပါတယ္။ အရသာကို သူတို႔ ရင္းႏွီးကၽြမ္းဝင္ၿပီး လက္ခံလာေအာင္ျဖစ္ပါတယ္။ သင့္ကေလးက အႏွစ္လုပ္ထားတဲ့ အသီးကို စားရင္ေတာင္ မိခင္ႏို႔ေနရာမွာ အစားမထိုးသင့္ပါဘူး။ အာဟာရျဖည့္စြက္အေနနဲ႔သာ ေကၽြးရမွာပါ။ မိခင္ႏို႔လညး္ တိုက္ေပးရမွာျဖစ္ပါတယ္။

သူတို႔အသက္အရြယ္ေပၚမႈတည္ၿပီး စားႏိုင္တဲ့ အသီးမ်ား
သင့္ကေလးက အသက္ ၆လမွာ အႏွစ္လုပ္ထားတဲ့အသီးကို စတင္ေကၽြးနုိင္ရင္ေတာင္ တခ်ိဳ႕အသီးေတြက ဓါတ္မတည့္မႈ အႏၱရာယ္ရွိတာေၾကာင့္ သူတို႔အသက္အရြယ္အလိုက္ ေကၽြးသင့္တဲ့အစားအစာေတြကို ေရြးခ်ယ္ရပါမယ္။ အစားအစာအသစ္တစ္ခု (အႏွစ္လုပ္ထားတဲ့ အသီးတစ္ခုခုကို) စတင္မိတ္မဆက္ခင္မွာ အနည္းဆံုး ၃ရက္ေလာက္ ေစာင့္သင့္ပါတယ္။ သူတို႔အသက္အရြယ္ေပၚမႈတည္ၿပီး ေကၽြးသင့္တဲ့ အသီးေတြကုိ ေအာက္မွာေဖာ္ျပထားပါတယ္။

၆လအရြယ္မွာ
ဖရံုသီး၊ စပ်စ္သီး(အခြံႏွင့္ အေစ့မပါရ)၊ ဇီးသီး၊ ငွက္ေပ်ာသီး၊ သစ္ေတာ္သီး၊ ပန္းသီး၊ ကီဝီသီး၊ ဖရဲသီး၊ႏွင့္ သရက္သီး။
၆လေနာက္ပိုင္းမွာ
တခ်ိဳ႕ဆရာဝန္မ်ားက အသက္၆လေက်ာ္ၿပီးေနာက္မွာ နာနတ္သီးႏွင့္ လိေမၼာ္သီးေတြကဲ့သို႔ အခ်ဥ္ကို မိတ္ဆက္ေပးဖို႔ အႀကံျပဳပါတယ္။ သို႔ေသာ္ တျခားသူေတြက ဓါတ္မတည့္ တံု႔ျပန္မႈျဖစ္ႏိုင္တာေၾကာင့္ အသက္ ၁၂လတိုင္ေအာင္ ေစာင့္ဆိုင္းဖို႔ အႀကံျပဳထားပါတယ္။ လိေမၼာ္သီးမွာပါဝင္တဲ့ အက္စစ္ဓာတ္ကို သားသားမီးမီးေလးေတြရဲ႕ အစာအိမ္က ေခ်ဖ်က္ႏိုင္စြမ္းမရွိေသးတာေၾကာင့္လည္းျဖစ္ပါတယ္။
အသက္ ၁၂လမွာ
တစ္ႏွစ္သားကေလးေတြကို မက္မြန္သီးကဲ့သို႔ အသီးအႏွံေကၽြးဖို႔ အမ်ားစုက အႀကံျပဳထားပါတယ္။
အသက္ ၁၂လေနာက္ပိုင္းမွာ
တစ္ခ်ိဳ႕ကေလးအထူးကုမ်ားက အသက္၁ႏွစ္ျပည့္ၿပီးေနာက္ပိုင္းမွာ ဘယ္ရီသီးထည့္ေကၽြးဖို႔ အႀကံျပဳထားပါတယ္။ သို႔ေသာ္ တခ်ိဳ႕ဆရာဝန္မ်ားက ကေလးေတြမွာ ဓါတ္မတည့္တံု႔ျပန္မႈမ်ား ရွိနိုင္တာေၾကာင့္ အသက္ ၁၅လတိုင္ေအာင္ မေကၽြးသင့္ဘူးလို႔ အႀကံျပဳထားပါတယ္။
၂၄လေနာက္ပိုင္း
သစ္သီးေျခာက္မ်ားကို အသက္ ၂ႏွစ္ေက်ာ္ၿပီးကေလးေတြကို ေကၽြးဖို႔ အႀကံျပဳထားပါတယ္။

အသီးအႏွစ္ကို ျပင္ဆင္ျခင္း
ကေလးကို ေကၽြးဖို႔အတြက္ မွည့္တဲ့အသီးကို တတ္ႏိုင္သမွ် ေရြးခ်ယ္ပါ။ မမွည့္တဲ့ အသီးကို မဝယ္ပါနဲ႔။
အသီးေတြကို ေသေသခ်ာခ်ာ ေဆးေၾကာပါ။
အခြံခြာၿပီး အတံုးေသးေသးေလးေတြ ပိုင္းပါ။ အူတိုင္မ်ား၊ အေစ့မ်ားကို ဖယ္ပါ။
အသီးေတြကို ျပဳတ္ျခင္း သို႔မဟုတ္ ေပါင္းျခင္းျပဳလုပ္ပါ။ ေပါင္းေကြၽးျခင္းဟာ အာဟာရဓာတ္မ်ား မဆံုးရံႈးေစတဲ့အျပင္ အနံ႔အရသာေကာင္းမြန္တာေၾကာင့္ ကေလးမ်ားအတြက္ အေကာင္းဆံုးနည္းလမ္းပါ။ (ငွက္ေပ်ာသီး ၊ ေထာပတ္သီးကဲ့သို႔ အသီးမ်ား ေပါင္းဖို႔ မလိုအပ္ပါဘူး)
ပန္းကန္ထဲမွာထည့္္ၿပီး သင့္ကေလးကို မေကၽြးခင္ အေအးခံထားပါ။
သၾကားထည့္ျခင္း ေရွာင္ၾကဥ္ပါ။ အသီးမွည့္မွာ အရသာဓါတ္ေတြရွိတာေၾကာင့္ ျဖစ္ပါတယ္။ အနာဂတ္မွာ အဝလြန္ျခင္းကိုဦးတည္ေစနိုင္တာေၾကာင့္ ခ်ိဳတဲ့အစားအစာမ်ားကို ေကၽြးျခင္းက သင့္ကေလးရဲ႕က်န္းမာေရးအတြက္ မေကာင္းပါဘူး။
မတူတဲ့ အရသာကို ရရွိႏိုင္ေစဖို႔ တခ်ိဳ႕အသီးမ်ားကို ေပါင္းစပ္ေကၽြးႏိုင္ပါတယ္။

ကေလးေတြအတြက္ အသီးအႏွစ္လုပ္နည္း

Recipe 1: သရက္သီးႏွင့္ ပန္းသီးအႏွစ္

ပါဝင္ပစၥညး္
တံုးထားတဲ့ သရက္သီး ၁ခြက္
အခြံႏြာၿပီးစိတ္ထားတဲ့ ပန္းသီး ၁ခြက္
အသီးေတြကို ေသခ်ာေဆးေၾကာၿပိီး အတံုးေသးေသးေလးေတြ တုံးပါ။ ေပါင္းအိုးထဲမွာ ေရ ခြက္တစ္ဝက္ထည့္ပါ။ ပန္းသီးႏွင့္ သရက္သီးကို ႏူးအိသြားေအာင္ ၂မိနစ္ေလာက္ ေပါင္းေပးပါ။ ေခ်ာမြတ္ၿပီး အႏွစ္ျဖစ္သြားတဲ့အထိ ႀကိတ္ေခ်ေပးပါ။ ပန္းကန္တစ္ခုထဲကိုထည့္ၿပီး ကေလးကိုမေကၽြးခင္ အေအးခံထားပါ။

Recipe 2: ငွက္ေပ်ာသီး၊ သစ္ေတာ္သီး၊ ပန္းသီးအႏွစ္

ပါဝင္ပစၥည္းမ်ား
ပန္းသီးတစ္လံုးရဲ႕ ၄ပံု ၁ပံု
သစ္ေတာ္သီး လိုသေလာက္
ငွက္ေပ်ာသီးတစ္လံုး ရဲ႕ ၄ပံု၁ပံု
ေရဖန္ခြက္တစ္ဝက္
အသီးေတြကို အခြံႏႊာၿပီး အတံုးေသးေသးေလးေတြတံုးထားပါ။ အိုးထဲမွာ ေရထည့္ၿပီး သစ္ေတာ္သီးနဲ႔ ပန္းသီကို ၁၅မိနစ္ေလာက္ ေပါင္းေပးပါ။ ၿပီးေနာက္ အိုးကို မီးဖိုေပၚကခ်ပါ။ အိုးအလြတ္တစ္လံုးထဲမွာ ငွက္ေပ်ာသီးကို ခုနက ေပါင္းထားတဲ့ ပန္းသီးႏွင့္ သစ္ေတာ္သီးကိုေရာထည့္ၿပီး ခ်က္ျပဳတ္ေပးပါ။ ေရဖန္ခြက္တစ္ဝက္ထည့္ၿပီး အသီးေတြကို အခဲေတြ/အဖက္ေတြ ျဖစ္မေနေအာင္ အႏွစ္ျဖစ္သြားတဲ့အထိ ေခ်ေပးပါ။

Lifestyle_Myanmar

LM_Nandar

Source- steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here