သားသားမီးမီးလေးတွေရဲ့ မွေးကင်းစကနေ တစ်နှစ်အတွင်း ဖွံဖြိုးလာမှု အဆင့်ဆင့်

0
233
- Advertisement -

သိပ္ပံပညာရှင်များက ကလေးတွေဟာ မမွေးခင်ကတည်းက ဘာသာစကားတစ်ခုနှင့် ရင်းနှီးနေတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုလဲဆိုတော့ သူတို့ရဲ့မိခင်ဆီကနေ နားထောင်ခြင်းဖြင့် သူတို့မွေးဖွားလာတဲ့အခါ သူတို့ငိုသံက မိခင်ရဲ့nativeဘာသာစကားကဲ့သို့ တေးသွားတွေ၊ ပုံစံတွေ တူညီမှုရှိပါတယ်။ ကလေးတွေရဲ့ ပထမဆုံးနှစ်မှာ ဘယ်လိုဖွံ့ဖြိုးသလဲဆိုတဲ့အကြောင်းကို ပိုမိုစွာ သိရှိစေဖို့အတွက်၊ မေမေဖေဖေ အသစ်လေးတွေအတွက် ကလေးတွေရဲ့ မွေးကင်းစကနေ လစဉ်လတိုင်း ရောက်ရှိတဲ့ အရေးပါသော မှတ်တိုင်များအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

သင့်ကလေးက ဖွံ့ဖြိုးမှု တစ်ခုခုမှာနောက်ကျတာ သို့မဟုတ် အကုန်လုံးနောက်ကျတာက တစ်စုံတစ်ခုမှားယွင်းနေတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ကလေးတိုင်းက တစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှု မတူကြတာကြောင့်ပါ။
၁။ တစ်လသားအရွယ်

ခေါင်းကို ဘယ်၊ညာပြောင်းတတ်နေပါပြီ။
လက်သီးတင်းတင်းဆုပ်ထား တတ်ပါတယ်။
တုံ့ပြန်တဲ့ လှုပ်ရှားမှုလေးတွေ ရှိပါတယ်( ဥပမာသူ့ပါးစပ်ထဲ သင်လက်ထည့်ပေးရင် စုပ်နေတာ၊ အလင်းရောင်စူးစူးရရင် မျက်လုံးမှိတ်လိုက်တာ)
၈လက်မကနေ ၁၂လက်မအကွာအဝေးကိုသာ အာရုံစိုက်နိုင်ပါတယ်။
ဆန့်ကျင်ဘက် patterns တွေကို ပိုမိုနှစ်သက်ပါတယ်။
မိခင်ရဲ့အနံ့ကို မှတ်မိပါတယ်။
အကြားအာရုံ အပြည့်အဝဖွံ့ဖြိုးပြီး ဖြစ်ပါတယ်။
မထောက်ပံ့ပေးထားရင် ခေါင်းက အနောက်ကိုလှန်ပါတယ်။
ဆတ်ခနဲ လှုပ်ရှားမှုလေးတွေ ရှိပါတယ်။
၂။ ၂လသားအရွယ်

- Advertisement -

– လူတွေကို စတင်ပြုံးပြတတ်လာပါပြီ။
– အသံကြားရာဘက်ကို ခေါင်းလှည့်ကြည့်တတ်နေပါပြီ။
– သူ့ဘာသာသူ ပါးစပ်ထဲကို လက်ထည့် လေ့ရှိပါတယ်။
– ဖေဖေ၊မေမေတို့ရဲ့မျက်နှာကို မှတ်မိနေပြီး သင့်မျက်နှာပေါ်က အစိတ်အပိုင်းတချို့ပေါ်မှာ အာရုံစိုက်တတ်နေပါပြီ။
– သူတို့ကို မှောက်ခုံမှောက်ပေးတဲ့အခါ ခေါင်းထောင်နိုင်ပြီး ယက်ကန်ယက်ကန်ဖြစ်နေပါပြီ။
၃။ ၃လသားအရွယ်

– လက်သီးဆုပ်ခြင်း၊ ဖြန့်ခြင်း ပြုလုပ်နိုင်ပါပြီ။
– လက်နဲ့ ကစားစရာတွေကို လှုပ်နိုင်၊ ဆုပ်ကိုင်နိုင်ပါပြီ။
– အရာဝတ္တုရွေ့လျားရာကို လိုက်ကြည့်နေတတ်ပါပြီ။
– အကွာအဝေးတစ်ခုက အရာဝတ္တုတွေ၊ မျက်နှာတွေကို အကျွမ်းတဝင် မှတ်မိနေပါပြီ။
– သင့်အသံကြားရင် ပြုံးတတ်နေပါပြီ။
– ဝူးဝူးဝါးဝါး စတင်ပြောနေပါပြီ။
၄။ ၄လသားအရွယ်

– အလှဆုံး ပြုံးပြတတ်နေပါပြီ
– မျက်နှာအမှုအရာတွေ၊ လှုပ်ရှားမှုတွေကို အတုခိုးတတ်နေပါပြီ။
– ချစ်ခင်မှုကို တုံ့ပြန်တတ်နေပါပြီ။
– သူတို့မျက်စိရှေ့ကို အရုပ်တွေ ရောက်လာတဲ့အခါ လက်ကော၊ မျက်လုံးပါ အတူတကွ အသုံးပြုနေတတ်ပါပြီ။
– အကူအညီမပါဘဲနဲ့တောင် ခေါင်းကိုမတ်မတ်ထောင်နိုင်ပါပြီ။
– မျက်နှာပြင်အမာတစ်ခုပေါ်မှာ ခြေထောက်နဲ့ကန်ပြီး ရွေ့လျားတတ်နေပါပြီ။
၅။ ၅လသားအရွယ်

– ထောက်ပံ့ပေးတဲ့အခါ အချိန်အတော်ကြာကြာ ထိုင်နိုင်နေပါပြီ။
– တညလုံး နှစ်ခြိုက်စွာ အိပ်နေပါလိမ့်မယ်။
– အရောင်တွေကို သိမြင်နားလည်နေပါပြီ
– လက်ချောင်းလေးတွေသုံးပြီး အရာဝတ္တုတွေကို ကိုင်နိုင်ပါပြီ။
– မှောက်ခုံ၊ ပက်လက်လှိမ့်နေပါပြီ။
၆။ ၆လသားအရွယ်

– မှန်ထဲမှာ သူတို့ကိုယ်သူတို့ ရှာဖွေနေတတ်ပါပြီ။
– သူတို့ရဲ့အမည်ကို တုံ့ပြန်နေတတ်ပါပြီ။
– ပစ္စည်းတွေကို ယူပြီး ပါးစပ်နဲ့ ကိုက်နေတတ်ပါပြီ။
– အမှီအခိုမပါဘဲ ထိုင်နေတတ်ပါပြီ။
– သွားစတင်ပေါက်နေပါပြီ။
– ဝမ်းလျားထိုး စတင်သွားနေနိုင်ပါပြီ။
၇။ ၇လသားအရွယ်
– လက်ကမ်းနေတတ်ပါပြီ။
– လက်တစ်ခုကနေတစ်ခုကို အရာဝတ္တုတွေ ပြောင်းတတ်နေပါပြီ။
– အရောင်လေးတွေကို ခွဲခြားလာနိုင်ပါပြီ။
– စကားသံ tone ကို စိတ်ခံစားမှုဖြင့် ခွဲခြားသိမြင်လာပါပြီ။
– တစ်စိတ်တပိုင်း ဖွက်ထားတဲ့ အရာဝတ္တုတွေကို ရှာနိုင်လာပါပြီ။
၈။ ၈လသားအရွယ်

စိုးရိမ်ပူပန်စိတ် ခွဲခွားမှု ဖွံ့ဖြိုးလာပါပြီ။
– အရာဝတ္တုတွေပေါ်ကို ကိုင်ထားရင်း မတ်တပ်စရပ်လာပါပြီ။
– လက်ညိုးနှင့် လက်မကို အသုံးပြုပြီး အရာဝတ္တုတွေကို ကောက်ကိုင်တတ်နေပါပြီ။
– စိတ်ဆိုးမှုကို စတင်ဖော်ပြနေပါပြီ။
– စိတ်ခံစားမှုများကို ပိုပြီး ပြသနေတတ်ပါပြီ။
– သီချင်းသံကိုကြားတဲ့အခါ စတင်ပြီးစည်းချက်လိုက်နေတတ်ပါပြီ။
– မေမေနဲ့အတူ တူတူရေ-ဝါး ကစားတတ်နေပါပြီ။
၉။ ၉လသားအရွယ်

– အကြိုက်ဆုံးကစားစရာတွေ ရှိလာပါပြီ။
– “no”ဆိုတာကို နားလည်လာပါပြီ။
– မတူညီတဲ့ အသံတွေ၊ ဆူညံသံတွေ အများကြီး ပြုလုပ်နေတတ်ပါပြီ။
– အခြားသူများရဲ့ အမူအရနှင့် အသံတွေကို အတုခိုးနေတတ်ပါပြီ။
– သူတို့ကစားချင်တဲ့ အရုပ်တွေကို ကောက်ယူတတ်နေပါပြီ။
– လေးဖက်ထောက်သွားဖို့ ကြိုးစားနေတတ်ပါပြီ။
၁၀။ ၁၀လသားအရွယ်

– ကြမ်းပြင်ကနေကုန်းထပြီး အရာဝတ္တုတွေကို ကောက်ယူဖို့ ကြိုးစားနေပါပြီ။
– လက်ကိုမြှောက်ပြီး ချီဖို့ ပြသနေတတ်ပါပြီ။
– ဖေဖေမေမေတို့ပြောတာကို နားလည်နေပြီး ဖေဖေ၊ မေမေလို့ ပီပီသသခေါ်တတ်နေပါပြီ။
– အကူအညီမပါဘဲ နို့ဘူးထဲကနေ သောက်နိုင်ပါပြီ။
၁၁။ ၁၁လသားအရွယ်

– သူတို့ဘယ်နေရာမှာလဲလို့မေးတဲ့အခါ အမှုအရာနဲ့ ညွှန်ပြနေတတ်ပါပြီ။
– ခဏတတာ အကူအညီမပါဘဲ မတ်တပ်ရပ်နေတတ်ပါပြီ။
– သင့်ရဲ့လက်တွေ ဒါမှမဟုတ် ပရိဘောဂတွေကို ကိုင်ပြီး ပတ်ပတ်လည် လမ်းလျောက်ဖို့ ကြိုးစားနေပါပြီ။
– သူတို့ဘာသာသူတို့လက်ချောင်းလေးတွေနဲ့ အစားအစာတွေကို စားနိုင်လာပါပြီ။
– ဒေါသထွက်လာရင် အော်ငိုတတ်လာပါပြီ။
၁၂။ ၁၂လသားအရွယ်

– လမ်းလျှောက်တတ်စပြုလာပါပြီ။
– သူ့ဘာသာသူ လက်လွှတ်ပြီး မတ်တပ်ရပ်ဖို့ ကြိုးစားပါလိမ့်မယ်။
– အရာဝတ္တုတွေကို ကောက်ယူပြီး ဘူးထဲသို့ ထည့်တတ်နေပါပြီ။
– လက်ညိုးထိုးတတ်နေပါပြီ။
– ရုပ်ပုံလေးတွေကို စိတ်ဝင်စားတတ်နေပါပြီ။
– မေမေ၊ ဖေဖေလို့ခေါ်တတ်နေပါပြီ။
– စကားလုံးများကို တုပဖို့ ကြိုးစားနေပါပြီ။
– အရာဝတ္တုတွေကို ပစ်တာ၊ ကန်တာ၊လှုပ်တာ စတဲ့နည်းလမ်းတွေနဲ့ စူးစမ်းပါတယ်။
– အရာဝတ္တုတွေကို မှန်ကန်စွာ စတင်အသုံးပြုတတ်နေပါပြီ( ဘီးနဲ့ခေါင်းဖြီးတာ၊ ခွက်တစ်ခုပေးရင် မော့သောက်တာ၊ ဖုန်းကို နှိပ်တာ/ပြောဖို့ကြိုးစားတာ)
– လူတွေ၊ အရုပ်တွေကို ကြိုက်နှစ်သက်ကြောင်း ပြသပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi Font

သားသားမီးမီးေလးေတြရဲ႕ ေမြးကင္းစကေန တစ္ႏွစ္အတြင္း ဖြံၿဖိဳးလာမႈ အဆင့္ဆင့္

သိပၸံပညာရွင္မ်ားက ကေလးေတြဟာ မေမြးခင္ကတည္းက ဘာသာစကားတစ္ခုႏွင့္ ရင္းႏွီးေနတယ္လို႔ ဆိုၾကပါတယ္။ ဘယ္လိုလဲဆိုေတာ့ သူတို႔ရဲ႕မိခင္ဆီကေန နားေထာင္ျခင္းျဖင့္ သူတို႔ေမြးဖြားလာတဲ့အခါ သူတို႔ငိုသံက မိခင္ရဲ႕nativeဘာသာစကားကဲ့သို႔ ေတးသြားေတြ၊ ပံုစံေတြ တူညီမႈရွိပါတယ္။ ကေလးေတြရဲ႕ ပထမဆံုးႏွစ္မွာ ဘယ္လိုိဖြံ႔ၿဖိဳးသလဲဆိုတဲ့အေၾကာင္းကို ပိုမိုစြာ သိရွိေစဖို႔အတြက္၊ ေမေမေဖေဖ အသစ္ေလးေတြအတြက္ ကေလးေတြရဲ႕ ေမြးကင္းစကေန လစဥ္လတိုင္း ေရာက္ရွိတဲ့ အေရးပါေသာ မွတ္တိုင္မ်ားအေၾကာင္းကို မွ်ေဝေပးလိုက္ပါတယ္။

သင့္ကေလးက ဖြံ႔ၿဖိဳးမႈ တစ္ခုခုမွာေနာက္က်တာ သို႔မဟုတ္ အကုန္လံုးေနာက္က်တာက တစ္စံုတစ္ခုမွားယြင္းေနတဲ့ အဓိပၸာယ္မဟုတ္ပါဘူး။ ကေလးတိုင္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ဖြံ႔ၿဖိဳးမႈ မတူၾကတာေၾကာင့္ပါ။
၁။ တစ္လသားအရြယ္

ေခါင္းကို ဘယ္၊ညာေျပာင္းတတ္ေနပါၿပီ။
လက္သီးတင္းတင္းဆုပ္ထား တတ္ပါတယ္။
တံု႔ျပန္တဲ့ လႈပ္ရွားမႈေလးေတြ ရွိပါတယ္( ဥပမာသူ႔ပါးစပ္ထဲ သင္လက္ထည့္ေပးရင္ စုပ္ေနတာ၊ အလင္းေရာင္စူးစူးရရင္ မ်က္လံုးမိွတ္လို္က္တာ)
၈လက္မကေန ၁၂လက္မအကြာအေဝးကိုသာ အာရံုစိုက္ႏိုင္ပါတယ္။
ဆန္႔က်င္ဘက္ patterns ေတြကို ပိုမိုႏွစ္သက္ပါတယ္။
မိခင္ရဲ႕အနံ႔ကို မွတ္မိပါတယ္။
အၾကားအာရံု အျပည့္အဝဖြံ႔ၿဖိဳးၿပီး ျဖစ္ပါတယ္။
မေထာက္ပံ့ေပးထားရင္ ေခါငး္က အေနာက္ကိုလွန္ပါတယ္။
ဆတ္ခနဲ လႈပ္ရွားမႈေလးေတြ ရွိပါတယ္။
၂။ ၂လသားအရြယ္

– လူေတြကို စတင္ၿပံဳးျပတတ္လာပါၿပီ။
– အသံၾကားရာဘက္ကို ေခါင္းလွည့္ၾကည့္တတ္ေနပါၿပီ။
– သူ႔ဘာသာသူ ပါးစပ္ထဲကို လက္ထည့္ ေလ့ရွိပါတယ္။
– ေဖေဖ၊ေမေမတို႔ရဲ႕မ်က္ႏွာကို မွတ္မိေနၿပီး သင့္မ်က္ႏွာေပၚက အစိတ္အပိုင္းတခ်ိဳ႕ေပၚမွာ အာရံုစိုက္တတ္ေနပါၿပီ။
– သူတို႔ကို ေမွာက္ခံုေမွာက္ေပးတဲ့အခါ ေခါင္းေထာင္ႏိုင္ၿပီး ယက္ကန္ယက္ကန္ျဖစ္ေနပါၿပီ။
၃။ ၃လသားအရြယ္

– လက္သီးဆုပ္ျခင္း၊ ျဖန္႔ျခင္း ျပဳလုပ္ႏိုင္ပါၿပီ။
– လက္နဲ႔ ကစားစရာေတြကို လႈပ္ႏိုင္၊ ဆုပ္ကိုင္ႏိုင္ပါၿပီ။
– အရာဝတၱဳေရြ႕လ်ားရာကို လိုက္ၾကည့္ေနတတ္ပါၿပီ။
– အကြာအေဝးတစ္ခုက အရာဝတၱဳေတြ၊ မ်က္ႏွာေတြကို အကၽြမ္းတဝင္ မွတ္မိေနပါၿပီ။
– သင့္အသံၾကားရင္ ၿပံဳးတတ္ေနပါၿပီ။
– ဝူးဝူးဝါးဝါး စတင္ေျပာေနပါၿပီ။
၄။ ၄လသားအရြယ္

– အလွဆံုး ၿပံဳးျပတတ္ေနပါၿပီ
– မ်က္ႏွာအမႈအရာေတြ၊ လႈပ္ရွားမႈေတြကို အတုခိုးတတ္ေနပါၿပီ။
– ခ်စ္ခင္မႈကို တုံ႔ျပန္တတ္ေနပါၿပီ။
– သူတို႔မ်က္စိေရွ႕ကို အရုပ္ေတြ ေရာက္လာတဲ့အခါ လက္ေကာ၊ မ်က္လံုးပါ အတူတကြ အသံုးျပဳေနတတ္ပါၿပီ။
– အကူအညီမပါဘဲနဲ႔ေတာင္ ေခါင္းကိုမတ္မတ္ေထာင္ႏိုင္ပါၿပီ။
– မ်က္ႏွာျပင္အမာတစ္ခုေပၚမွာ ေျခေထာက္နဲ႔ကန္ၿပီး ေရြ႕လ်ားတတ္ေနပါၿပီ။
၅။ ၅လသားအရြယ္

– ေထာက္ပံ့ေပးတဲ့အခါ အခ်ိန္အေတာ္ၾကာၾကာ ထိုင္ႏိုင္ေနပါၿပီ။
– တညလံုး ႏွစ္ၿခိဳက္စြာ အိပ္ေနပါလိမ့္မယ္။
– အေရာင္ေတြကို သိျမင္နားလည္ေနပါၿပီ
– လက္ေခ်ာင္းေလးေတြသံုးၿပီး အရာဝတၱဳေတြကို ကိုင္ႏိုင္ပါၿပီ။
– ေမွာက္ခံု၊ ပက္လက္လွိမ့္ေနပါၿပီ။
၆။ ၆လသားအရြယ္

– မွန္ထဲမွာ သူတို႔ကိုယ္သူတို႔ ရွာေဖြေနတတ္ပါၿပီ။
– သူတို႔ရဲ႕အမည္ကို တံု႔ျပန္ေနတတ္ပါၿပီ။
– ပစၥညး္ေတြကို ယူၿပီး ပါးစပ္နဲ႔ ကိုက္ေနတတ္ပါၿပီ။
– အမွီအခိုမပါဘဲ ထိုင္ေနတတ္ပါၿပီ။
– သြားစတင္ေပါက္ေနပါၿပီ။
– ဝမ္းလ်ားထိုး စတင္သြားေနႏိုင္ပါၿပီ။
၇။ ၇လသားအရြယ္
– လက္ကမ္းေနတတ္ပါၿပီ။
– လက္တစ္ခုကေနတစ္ခုကို အရာဝတၱဳေတြ ေျပာင္းတတ္ေနပါၿပီ။
– အေရာင္ေလးေတြကို ခြဲျခားလာႏိုင္ပါၿပီ။
– စကားသံ tone ကို စိတ္ခံစားမႈျဖင့္ ခြဲျခားသိျမင္လာပါၿပီ။
– တစ္စိတ္တပိုင္း ဖြက္ထားတဲ့ အရာဝတၱဳေတြကို ရွာႏိုင္လာပါၿပီ။
၈။ ၈လသားအရြယ္

စိုးရိိမ္ပူပန္စိတ္ ခြဲခြားမႈ ဖြံ႔ၿဖိဳးလာပါၿပီ။
– အရာဝတၱဳေတြေပၚကို ကိုင္ထားရင္း မတ္တပ္စရပ္လာပါၿပီ။
– လက္ညိဳးႏွင့္ လက္မကို အသံုးျပဳၿပီး အရာဝတၱဳေတြကို ေကာက္ကိုင္တတ္ေနပါၿပီ။
– စိတ္ဆိုးမႈကို စတင္ေဖာ္ျပေနပါၿပီ။
– စိတ္ခံစားမႈမ်ားကို ပိုၿပီး ျပသေနတတ္ပါၿပီ။
– သီခ်င္းသံကိုၾကားတဲ့အခါ စတင္ၿပီးစည္းခ်က္လိုက္ေနတတ္ပါၿပီ။
– ေမေမနဲ႔အတူ တူတူေရ-ဝါး ကစားတတ္ေနပါၿပီ။
၉။ ၉လသားအရြယ္

– အႀကိဳက္ဆံုးကစားစရာေတြ ရွိလာပါၿပီ။
– “no”ဆိုတာကို နားလည္လာပါၿပီ။
– မတူညီတဲ့ အသံေတြ၊ ဆူညံသံေတြ အမ်ားႀကီး ျပဳလုပ္ေနတတ္ပါၿပီ။
– အျခားသူမ်ားရဲ႕ အမူအရႏွင့္ အသံေတြကို အတုခုိးေနတတ္ပါၿပီ။
– သူတို႔ကစားခ်င္တဲ့ အရုပ္ေတြကို ေကာက္ယူတတ္ေနပါၿပီ။
– ေလးဖက္ေထာက္သြားဖို႔ ႀကိဳးစားေနတတ္ပါၿပီ။
၁၀။ ၁၀လသားအရြယ္

– ၾကမ္းျပင္ကေနကုန္းထၿပီး အရာဝတၱဳေတြကို ေကာက္ယူဖို႔ ႀကိဳးစားေနပါၿပီ။
– လက္ကိုေျမွာက္ၿပီး ခ်ီဖို႔ ျပသေနတတ္ပါၿပီ။
– ေဖေဖေမေမတို႔ေျပာတာကို နားလည္ေနၿပီး ေဖေဖ၊ ေမေမလို႔ ပီပီသသေခၚတတ္ေနပါၿပီ။
– အကူအညီမပါဘဲ ႏို႔ဘူးထဲကေန ေသာက္ႏိုင္ပါၿပီ။
၁၁။ ၁၁လသားအရြယ္

– သူတို႔ဘယ္ေနရာမွာလဲလို႔ေမးတဲ့အခါ အမႈအရာနဲ႔ ညႊန္ျပေနတတ္ပါၿပီ။
– ခဏတတာ အကူအညီမပါဘဲ မတ္တပ္ရပ္ေနတတ္ပါၿပီ။
– သင့္ရဲ႕လက္ေတြ ဒါမွမဟုတ္ ပရိေဘာဂေတြကို ကိုင္ၿပီး ပတ္ပတ္လည္ လမ္းေလ်ာက္ဖို႔ ႀကိဳးစားေနပါၿပီ။
– သူတို႔ဘာသာသူတို႔လက္ေခ်ာင္းေလးေတြနဲ႔ အစားအစာေတြကို စားႏိုင္လာပါၿပီ။
– ေဒါသထြက္လာရင္ ေအာ္ငိုတတ္လာပါၿပီ။
၁၂။ ၁၂လသားအရြယ္

– လမ္းေလွ်ာက္တတ္စျပဳလာပါၿပီ။
– သူ႔ဘာသာသူ လက္လႊတ္ၿပီး မတ္တပ္ရပ္ဖို႔ ႀကိဳးစားပါလိမ့္မယ္။
– အရာဝတၱဳေတြကို ေကာက္ယူၿပီး ဘူးထဲသို႔ ထည့္တတ္ေနပါၿပီ။
– လက္ညိဳးထိုးတတ္ေနပါၿပီ။
– ရုပ္ပံုေလးေတြကို စိတ္ဝင္စားတတ္ေနပါၿပီ။
– ေမေမ၊ ေဖေဖလို႔ေခၚတတ္ေနပါၿပီ။
– စကားလံုးမ်ားကို တုပဖို႔ ႀကိဳးစားေနပါၿပီ။
– အရာဝတၱဳေတြကို ပစ္တာ၊ ကန္တာ၊လႈပ္တာ စတဲ့နည္းလမ္းေတြနဲ႔ စူးစမ္းပါတယ္။
– အရာဝတၱဳေတြကို မွန္ကန္စြာ စတင္အသံုးျပဳတတ္ေနပါၿပီ( ဘီးနဲ႔ေခါင္းၿဖီးတာ၊ ခြက္တစ္ခုေပးရင္ ေမာ့ေသာက္တာ၊ ဖုန္းကို ႏွိပ္တာ/ေျပာဖို႔ႀကိဳးစားတာ)
– လူေတြ၊ အရုပ္ေတြကို ႀကိဳက္ႏွစ္သက္ေၾကာင္း ျပသပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here