Home Child Entertainment သားသားမီးမီးလေးတွေ ပုံဆွဲဖို့နဲ့ အရောင်ခြယ်ဖို့အတွက် App (၅)မျိုး

သားသားမီးမီးလေးတွေ ပုံဆွဲဖို့နဲ့ အရောင်ခြယ်ဖို့အတွက် App (၅)မျိုး

0
သားသားမီးမီးလေးတွေ ပုံဆွဲဖို့နဲ့ အရောင်ခြယ်ဖို့အတွက် App (၅)မျိုး

ပုံဆွဲခြင်းနဲ့ ဆေးရောင်ခြယ်ခြင်း activities ဟာ အကောင်းဆုံး လေ့ကျင့်မှုလည်းဖြစ်သလို ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဘယ်အသက်အရွယ်မဆို ဖျော်ဖြေမှုပေးတဲ့အပြင် ကလေးရဲ့ စိတ်ကူးဉာဏ်နဲ့ တခြားစွမ်းရည်တွေကိုပါ တိုးတက်စေပါတယ်။ ကလေးအများစု သူတို့ရဲ့ ပုံဆွဲစွမ်းရည် ဘယ်လိုပဲရှိပါစေ၊ စာရွက်အလွတ်တစ်ရွက်ကို ရှာဖွေချင်ကြပါတယ်၊ အဲ့စာရွက်ပေါ်မှာ သူတို့ရဲ့အတွေးတွေကို အသက်ဝင်စေပါတယ် (သို့) တောက်ပတဲ့ အရောင်လှလှလေးတွေနဲ့ ဖြည့်စွက်ကြပါတယ်။

နည်းပညာအသစ်တွေ ရောက်ရှိလာတာနှင့်အမျှ ကလေးတွေဟာ ဖုန်းနဲ့ပဲအချိန်ကုန်ကြပြီး ပုံဆွဲတာမျိုး၊ စာဖတ်တာမျိုး မရှိကြတော့ပါဘူး။ ပုံဆွဲခြင်းနဲ့ စာဖတ်ခြင်းကဲ့သို့ အဖိုးတန်တဲ့ လှုပ်ရှားမှုတွေက ယခုအခါမှာ ချောင်ထိုးခံရပါတယ်။ ဒါ့ကြောင့် သားသားမီးမီးတွေ ပုံဆွဲ၊ ပန်းချီဆွဲ ၊ ဆေးရောင်ခြယ်တဲ့အခါ အသုံးဝင်မယ့် App အနည်းငယ်ကို မျှဝေပေးချင်ပါတယ်။

၁။ Animals Coloring Book

ကလေးတိုင်းလိုလို တိရိစ္ဆာန်တွေကို ချစ်ကြပါတယ်။ ဒါ့ကြောင့် ဒီApp ကရေပန်းအစားဆုံး ကလေး အက်ပ်တွေထဲမှ တစ်ခုဖြစ်ပါတယ်။ အပလီကေးရှင်းမှာ ကလေးတွေ အရောင်ခြယ်နိုင်တဲ့ တိရိစ္ဆာန်ရုပ်ပုံများစွာ ပါရှိပါတယ်။ Animals Coloring Book app မှာတွေ့ရမယ့် ပုံတွေက အရွယ်အစားကြီးမားပြီး အသေးစိတ်အချက်အလက်တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် မူကြိုကလေးတွေအတွက် အထူးသင့်လျော်ပါတယ်။

၂။ Colorfy Live 3D App

ဒီကလေး App က အသုံးပြုတွေအား ဂိမ်းအစမှာ အသက်ဆက်တင်တွေကို ရွေးချယ်နိုင်စေပါတယ်။ ဒါ့ကြောင့် ပုံဆွဲခြင်းရဲ့ ရှုပ်ထွေးမှုတွေဟာ အသုံးပြုသူရဲ့ အသက်အရွယ်အရ တိုးလာပါတယ်။ အရိုးရှင်းဆုံးပုံလေးတွေပါသလို ၊ အသေးစိတ်ဆုံးဒီဇိုင်းတွေအထိ ပါဝင်တာကို တွေ့ရပါလိမ့်မယ်။ ဒီအက်ပ်က လူတစ်ဦးရဲ့ အသက်အရွယ် (သို့) ပုံဆွဲစွမ်းရည် ဘယ်လောက်ပဲရှိပါစေ ဆေးရောင်ခြယ်ခြင်းနဲ့ ပုံဆွဲခြင်းအတွက် အရမ်းကောင်းပါတယ်။ မေမေတို့တောင် စိတ်ဝင်စားသွားမှာ သေချာပါတယ်။

၃။ Kids Doodle

ကလေးတွေမှာ သူတို့ရဲ့အာရုံကို အလွယ်တကူဖမ်းစားနိုင်သော အရောင်တောက်တောက်လေးတွေကို စိတ်ဝင်စားတဲ့ သဘာဝရှိပါတယ်။ ဒီအချက်ကို ကောင်းစွာသိရှိခဲ့ကြတဲ့ Kids Doodle အပလီကေးရှင်း ဖန်တီးသူတွေဟာ နီယွန်အရောင်တွေကို အရောင်ခြယ်ဖို့ ရွေးချယ်မှုမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါက ဂိမ်းရဲ့ကောင်းမွန်တဲ့ အင်္ဂါရပ်တွေထဲက တစ်ခုပါ။ ဒီအက်ပ်မှာ ကလေးတွေဟာ အနုပညာလက်ရာမြောက်မြားစွာကို ရေးဆွဲ၊ ဆေးရောင်ခြယ်ပြီးတာနဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကို ပြသနိုင်ပါတယ်။

၄။ ABC Coloring Games

ဒီအပလီကေးရှင်းရဲ့ တင်ပြမှုက ကျွန်မတို့အပေါ်မှာဖော်ပြထားတဲ့ Animals Color Book app နှင့်ဆင်တူပါတယ်။ သို့သော် ABC Coloring Games ကပိုပြီးအဆင့်မြင့်ပါတယ်။ ဒီအက်ပ်ကို အသုံးပြုတဲ့ ကလေးတွေဟာ အရောင်ခြယ်၊ ပုံဆွဲဖို့ ရွေးချယ်ခွင့်တွေရှိရုံသာမက သင်ယူလို့လည်းရပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ အနုပညာစွမ်းရည်တွေ တိုးတက်လာတာနဲ့အမျှ အက္ခရာတွေနဲ့ စာလုံးတွေကို ကျော်သွားပါလိမ့်မယ်။ ဒီသဘောဖြင့် သူတို့ဟာ စာဖတ်ခြင်းနဲ့ စာရေးခြင်းလောကကို ပထမဆုံး ခြေလှမ်းလှမ်းကြပါလိမ့်မယ်။

၅။ Drawing Pad

ဒီဆောင်းပါးရဲ့အစမှာ ကျွန်မတို့ဖော်ပြထားတဲ့အတိုင်း ပုံဆွဲခြင်းနဲ့ စာရွက်က အမြဲတမ်းလက်တစ်ကမ်းမှာရှိနေပါတယ်။ ကျွန််မတို့ဘဝမှာ နည်းပညာအသစ်တွေ ပေါ်လာပေမယ့် စက္ကူ၊ ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းနဲ့ ပန်းချီဆွဲခြင်းက အမြဲတစေ တွဲနေပါတယ်။ ကလေးတွေရဲ့ အပလီကေးရှင်းတွေကို ဖန်တီးသူတွေဟာ ဒီသဘောတရားတွေကြားရှိ ဆက်နွယ်မှုကို သတိပြုမိကြပါတယ်။ ဒါ့ကြောင့် Drawing Pad ရဲ့နောက်ကွယ်ရှိ ဦးနှောက်တွေက စက္ကူနှင့်တူတဲ့ စခရင်ကို ဖန်တီးဖို့ စီစဉ်ခဲ့ကြပါတယ်။ တနည်းဆိုရသော် ကလေးတွေဟာ တက်ဘလက်ပေါ်မှာ ပုံဆွဲကာ အရောင်ခြယ်နေပေမယ့် အက်ပ်က သူတို့အား စက္ကူကို အသုံးပြုနေရတဲ့ ခံစားချက်ကို ပေးပါတယ်။

လက်တွေ့ဘဝ ပုံဆွဲခြင်းနဲ့ ဆေးရောင်ခြယ်ခြင်းတို့ကို ဒီနည်းပညာဆိုင်ရာ ရွေးချယ်မှုတွေဖြင့် လုံးဝအစားမထိုးသင့်တာတော့ သတိထားရပါလိမ့်မယ်။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here