
ယောင်္ကျားလေးတွေကို ပြုစုပျိုးထောင်ရခြင်းက ခက်ခဲသော အလုပ်ဖြစ်တာကြောင့် မိခင်နဲ့ သားအကြားက နှောင်ကြိုးက ခိုင်မြဲနေစေဖို့ အရေးကြီးပါတယ်။ ပုံမှန်သံယောဇဉ်ရှိစေသော လှုပ်ရှားမှုတွေက မိခင်နှင့် သားအကြားနှောင်ကြိုးကို ခိုင်မြဲစေသော နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သံယောဇဉ်ရှိစေသော လှုပ်ရှားမှုတစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။
ဒီနေရာမှာ သားဖြစ်သူနဲ့အတူ မွေးကင်းစအရွယ်ကနေ ဆယ်ကျော်သက်အရွယ်အထိ အတူတူလုပ်ဆောင်နိုင်မယ့် လှုပ်ရှားမှုတစ်ချို့ကို မျှဝေပေးမှာဖြစ်ပါတယ်။
၁။ ရည်ရွယ်ချက်ရှိရှိ မိဘအုပ်ထိန်းခြင်း

သင့်ကလေးနဲ့ တက်ကြွစွာ ထိတွေ့လှုပ်ရှားခြင်းဖို့အတွက် သီးသန့်အချိန်လိုအပ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေအတွက် အထူးနေ့ရက်တွေစီစဉ်တဲ့အခါ မိဘအုပ်ထိန်းမှုအပေါ်မှာလည်း သင်ကိုယ်တိုင်ပိုပြီး စိတ်ဝင်စားလာပါလိမ့်မယ်။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေက ရှုတ်ထွေးပွေလီပြီး မကြာခဏစိတ်ပင်ပန်းစရာတွေကြုံတွေ့ရပါတယ်။
သို့ပေမယ့် သင့်ရဲ့ သားလေးအနီးမှာရှိနေတဲ့အခါ သူနဲ့အတူပြီးမြောက်မယ့် မစ်ရှင်တွေကိုပဲ အာရုံစိုက်ပေးပါ။ ကျန်တဲ့လူမှုကိစ္စဝစ္စအားလုံးကို မေ့ထားပါ။ သားလေးနဲ့အတူ အရည်အသွေးကောင်းမွန်တဲ့အချိန်ကို သီးသန့်ထားပေးခြင်းက သံယောဇဉ်တွေပိုခိုင်မြဲစေမယ့် နည်းလမ်းလည်းဖြစ်ပါတယ်။
၂။ စိတ်လှုပ်ရှားမှုနှင့် မျှော်မှန်းချက်

လှုပ်ရှားမှုတစ်ခုခုလုပ်တဲ့အခါ မိခင်ရော ကလေးအတွက် ရလဒ်တစ်ခုခု(စိတ်လှုပ်ရှားမှုတစ်ခုခု) မျှော်လင့်နိုင်မယ့်အရာမျိုးကို လုပ်ပေးပါ။ အထူးသီးသန့်ရက်တစ်ခု စီစဉ်ခြင်းက ကလေးနဲ့အတူ အချိန်ဖြုန်းခြင်းအပြင် သူတို့ရဲ့ အတွေးကို နားထောင်ခြင်းအပေါ် ဘယ်လောက်အထိတန်ဖိုးထားကြောင်း ပြောပြပါ။ နှစ်ယောက်စလုံးက ဒီလိုနေ့ရက်မျိုးကို မျှော်လင့်စောင့်စားပြီး အဲ့ဒီ့နေ့ရောက်ဖို့ ရေတွက်နေရသလိုမျိုး ဖြစ်နေပါစေ။
၃။ မိခင်နှင့် သားအကြား ထာဝရနှောင်ကြိုးကို မွေးမြူဖို့ ကူညီခြင်း

ဒီ content ရဲ့ အဓိကအကြောင်းအရာက မိခင်နှင့် သားဖြစ်သူအကြား နှောင်ကြိုးတွေကို ဖန်တီးဖို့ပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးရဲ့ အကျိုးကျေးဇူးတွေကို ထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။ သင်က အာဏာရှိသူမိခင်တစ်ယောက်ဖြစ်ပြီး သင့်စကားကိုပဲ နားထောင်စေလိုတဲ့ ကလေးတစ်ယောက်ကို ပျိုးထောင်မလား? အပြန်အလှန်ညှိနှိုင်းပြီး တစ်ချိန်လုံးပျော်ဖို့ကောင်းတဲ့ မိခင်တစ်ယောက်လုပ်မလား?ဆိုတာ သင့်အပေါ်မှာ မူတည်ပါတယ်။
၄။ အိမ်အပြင်ဘက် မိခင်နှင့် သားဖြစ်သူတို့အတွက် အတူတကွလှုပ်ရှားမှုများ
နှစ်ယောက်စလုံးတက်ကြွပျော်ရွှင်ဖို့ ရယ်စရာလှုပ်ရှားမှုတစ်ချို့ကို ပထမဆုံးမျှဝေးပေးပါမယ်။ ယောင်္ကျားလေးတွေဆိုတာ အားအင်တွေပြည့်နေပြီး အဲ့ဒီ့အရာကို လောင်ကျွမ်းစေဖို့ တက်ကြွတဲ့ထွက်ပေါက်တစ်ခု လိုအပ်နေပါတယ်။ ဒါ့ကြောင့် ချွေးထွက်စေမယ့် လှုပ်ရှားမှုလေးတွေကနေ စတင်လိုက်ပါ။
- အတူတူခရီးထွက်ပြီး သဘာဝကို စူးစမ်းပါ
- ရေကူးကန် ဒါမှမဟုတ် ကမ်းခြေမှာ ရေကူးပါ
- ဘောလုံးအတူတူ ကစားပါ
- လေးပစ်ပါ
- mini – golf ရိုက်ပါ
- ကားကို ရေအတူတူဆေးပါ
- လိုက်ဖမ်းတမ်း ကစားပါ
- စက်ဘီးစီးပါ
- ကနူးလှေစီးခြင်း
- ငါးဖမ်းခရီးထွက်ခြင်း
- စွန်လွှတ်ခြင်း
- ဘိုးလင်းကစားခြင်း
- ရိုလာစကိတ်စီးခြင်း စတာတွေလုပ်နိုင်ပါတယ်။ ဒီအရာတွေကတော့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
အပြင်ထွက်ပြီး သားအမိနှစ်ယောက် အတူတူ ဒိတ်ပါမယ်

- ice cream ဒိတ်
- ရုပ်ရှင်အတူတူကြည့်ပါမယ်
- တိရစ္ဆာန်ရုံကိုလည်း သွားနိုင်ပါသေးတယ်
- လယ်သမားစျေးကိုလည်း သွားလည်သင့်ပါတယ်
- ဘေ့စ်ဘောဂိမ်းလည်း ကစားနိုင်သလို ကိုယ်ကြိုက်တဲ့အသင်းအတွက်လည်း အောင်ပွဲခံနိုင်ပါတယ်
- အသီးကောက်ဂိမ်း
- ကမ်းခြေခရီးတစ်ခုတည်ဆောက်ခြင်းနှင့် သဲတိုက်တည်ဆောက်ပါ ယှဉ်ပြိုင်ပါ
- Pizza date
- ပန်းခြံထဲ ပျော်ပွဲစားထွက်ခြင်း
- ဖြေမလား? ခိုင်းတာလုပ်မလား ဂိမ်းဆော့ပါ
အိမ်တွင်းမှာပဲ ပြုလုပ်နိုင်သော ဂိမ်းများ

- ခေါင်းအုံးအချင်းချင်း တိုက်ခိုက်တမ်း
- စူပါဟီးရိုးဝတ်စုံ ဝတ်ဆင်ကစားခြင်း
- တစ်မူထူးခြားသော ဟင်းချက်တမ်းကစားခြင်း
- စာအုပ်တစ်ခုခုဖတ်ခြင်း (စာအုပ်ထဲက ဇာတ်ကောင်တွေလို သရုပ်ဆောင်ခြင်း)
- ရုပ်ရှင်အတူတူကြည့်ခြင်း
- ရုပ်သေးရှိုးလုပ်ပါ
- အကပါတီလုပ်ပါ
- သိပ္ပံစမ်းသပ်မှုတစ်ခုခုလုပ်ပါ။ ဗီဒီယိုဂိမ်းတွေကို ကစားပါ
- ကွက်ကီး၊ ကိတ်မုန်း (သို့) တစ်ခြားချိုသော မုန့်တစ်မျိုးမျိုးကို ဖုတ်ပြီး အလှဆင်ပါ။
Lifestyle_Myanmar
Nyein_Thu
ref- cenduparam