သိပၸံပညာအရ ေျမးထိန္းတဲ့ ဘိုးဘိုးဘြားဘြားေတြက ပိုၿပီးအသက္ရွည္တယ္လို႔ဆို

0
231
- Advertisement -

ကြၽန္မတို႔အမ်ားစုမွာ အဘိုးအဘြားေတြႏွင့္အတူ ေပ်ာ္႐ြင္စရာ အမွတ္တရအခ်ိန္ေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ သူတို႔ဟာ အနမ္းေပးၿပီး ေပြ႕ဖက္ယုယေပးဖို႔၊ သူတို႔ရဲ႕ အသိပညာေတြကို အၿမဲတမ္း မွ်ေဝေပးဖို႔ အနီးအနားမွာ ရွိေနခဲ့ၾကပါတယ္။ သူတို႔မွာ ဘဝနဲ႔ပတ္သတ္တဲ့ အံ့ၾသစရာ အေတြ႕အႀကဳံ ဇာတ္လမ္းေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ဒီလိုေန႔ေတြက ဘယ္ေတာ့မွ ေမွးမွိန္ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး။

သားအခ်စ္၊ ေျမးအႏွစ္ဆိုတဲ့ စကားအတိုင္းပါပဲ။ အဘိုးအဘြားအမ်ားစုဟာ ေျမးေတြကို အရမ္းခ်စ္ၾကပါတယ္။ တခ်ိဳ႕မိသားစုထဲမွာဆိုရင္ အိမ္ေထာင္မျပဳေသးတဲ့ သားသမီးေတြ၊ အိမ္ေထာင္က်ကာစ သားသမီးေတြကို မိဘေတြက အေမတို႔ အေဖတို႔ ေျမးခ်ီခ်င္ၿပီ၊ ဘယ္ေတာ့ေျမးခ်ီရမွာလဲ ေျပာေလ့ရွိပါတယ္။ သားသမီးေတြအေနနဲ႔ မိဘေတြ ခုလိုေတာင္းဆိုလာၿပီဆိုရင္ ျပန္လည္စဥ္းစားရမယ့္ အခ်ိန္ပါပဲ။ ဘာ့ေၾကာင့္လဲဆိုေတာ့ အဘိုးအဘြားေတြဟာ ေျမးေတြနဲ႔ ထိေတြ႕ဆက္ဆံျခင္းကေန အက်ိဳးေက်းဇူးေကာင္းေတြ ရရွိတယ္ဆိုတာကို သုေတသနေလ့လာမႈမ်ားအရ ေတြ႕ရွိရပါတယ္။

ဒီေလ့လာမႈေတြအရ ေျမးေတြကို ေစာင့္ေရွာက္တဲ့ အဖိုးအဘြားေတြဟာ ဘာတာဝန္ယူေစာင့္ေရွာက္မႈမွ မလုပ္ရတဲ့ အသက္အ႐ြယ္တူ အဘိုးအဘြားေတြထက္ ေသဆုံးမႈ အႏၲရာယ္ ၃၇%ေလ်ာ့နည္းတယ္လို႔ ဆိုပါတယ္။

ေလ့လာမႈအတြင္းမွာ သုေတသီမ်ားက အသက္ ၇၀အ႐ြယ္ အဖိုးအဖြား ၅၀၀ေက်ာ္ကေန က်န္းမာေရး စစ္တမ္းေကာက္ယူခဲ့ပါတယ္။ ပါဝင္သူမ်ားကို အင္တာဗ်ဴးမ်ား လုပ္ခဲ့ၿပီး ၁၉၉၀ ကေန ၂၀၀၉အထိ ၂ႏွစ္တစ္ခါ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။

ရလဒ္မ်ားကေတာ့ ေျမးေလးေတြကို ထိန္းရတဲ့ အဖိုးအဖြား ၅၀%ေလာက္က ပထမအင္တာဗ်ဴးနဲ႔ စမ္းသပ္ျခင္း ျပဳလုပ္ၿပီးေနာက္မွာ ၁၀ႏွစ္ၾကာ အသက္ရွင္ဆဲျဖစ္ေၾကာင္း ျပသခဲ့ပါတယ္။ ယွဥ္ၾကည့္လိုက္ရင္ ဘာေစာင့္ေရွာက္မႈ၊ ေျမးမထိန္းရတဲ့၊ ေျမးေတြကို ဘာအကူအညီမွ မေထာက္ပံ့ေပးရတဲ့ အဘိုးအဘြား၅၀% ဟာ အင္တာဗ်ဴးစလုပ္ျခင္းရဲ႕ ၅ႏွစ္အတြင္းမွာ ဆုံးပါးခဲ့ၾကပါတယ္။

ဒီသုေတသနက အသက္ႀကီးသူေတြမွာ ဘဝသက္တမ္းၾကာရွည္မႈႏွင့္ ကေလးေတြကို ျပဳစုေစာင့္ေရွာက္မႈေပးျခင္းအၾကား ေကာင္းေသာခ်ိတ္ဆက္မႈရွိေၾကာင္း ျပသခဲ့ပါတယ္။ ဒါေပမယ့္ ဘာ့ေၾကာင့္လဲဆိုတာ ေတာ့ကြၽန္ေတာ္တို႔ မွန္းဆႏိုင္ယုံသာျဖစ္တယ္လို႔ သိပၸံပညာရွင္မ်ားထဲကတစ္ေယာက္ျဖစ္တဲ့ Dr.David Coall ကဆိုပါတယ္။ ျဖစ္ႏိုင္တဲ့အေၾကာင္းရင္းေတာ့ ကြၽန္ေတာ္တို႔ရဲ႕အတိတ္ကာလမွာ ခ်စ္ျခင္းေမတၱာဟာ နက္ရႈိင္းစြာ အျမစ္တြယ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ အတိတ္ကာလမွာ Childcare ႏွင့္အတူ အကူအညီေပးျခင္းဟာ လူသားမ်ိဳးစိတ္ရဲ႕ရွင္သန္မႈ အတြက္ အေရးပါပါတယ္။

တကယ္ေတာ့ ေျမးေတြဟာလည္း သူတို႔ရဲ႕အဘိုးအဘြားေတြႏွင့္အတူ အခ်ိန္ကုန္ျခင္းကေန အက်ိဳးေက်းဇူးေတြရရွိပါတယ္။ ေအာက္စဖို႔ဒ္တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနမွာ ျပသထားတာေတာ့ ေျမးေလးေတြရဲ႕ က်န္းမာေပ်ာ္႐ြင္မႈမွာ အဘိုးအဘြားေတြဟာ အေရးပါတဲ့ အခန္းက႑တစ္ခု ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီထက္ပိုပီး အဘိုးအဘြားေတြနဲ႔ အနီးကပ္ရင္းႏွီးေႏြးေထြးစြာေနရတဲ့ ကေလးေတြဟာ စိတ္ခံစားမႈႏွင့္ အျပဳအမႈဆိုင္ရာ ျပႆနာမ်ား ပိုနည္းပါတယ္။
ေျမးေတြနဲ႔ အတူတူအခ်ိန္ကုန္ဆုံးျခင္းဟာ အဘိုးအဘြားနဲ႔ ေျမးႏွစ္ေယာက္စလုံးအတြက္ ေကာင္းက်ိဳးရရွိေစၿပီး အဘိုးအဘြားေတြကို စိတ္ဖိစီးမႈ ကင္းေဝးေစပါလိမ့္မယ္။

LM_Nandar

Lifestyle_Myanmar

Source-brightside

Unicode

သိပ္ပံပညာအရ မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေက ပိုပြီးအသက်ရှည်တယ်လို့ဆို
ကျွန်မတို့အများစုမှာ အဘိုးအဘွားတွေနှင့်အတူ ပျော်ရွင်စရာ အမှတ်တရအချိန်တွေ အများကြီးရှိခဲ့ပါတယ်။ သူတို့ဟာ အနမ်းပေးပြီး ပွေ့ဖက်ယုယပေးဖို့၊ သူတို့ရဲ့ အသိပညာတွေကို အမြဲတမ်း မျှဝေပေးဖို့ အနီးအနားမှာ ရှိနေခဲ့ကြပါတယ်။ သူတို့မှာ ဘဝနဲ့ပတ်သတ်တဲ့ အံ့သြစရာ အတွေ့အကြုံ ဇာတ်လမ်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒီလိုနေ့တွေက ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

သားအချစ်၊ မြေးအနှစ်ဆိုတဲ့ စကားအတိုင်းပါပဲ။ အဘိုးအဘွားအများစုဟာ မြေးတွေကို အရမ်းချစ်ကြပါတယ်။ တချို့မိသားစုထဲမှာဆိုရင် အိမ်ထောင်မပြုသေးတဲ့ သားသမီးတွေ၊ အိမ်ထောင်ကျကာစ သားသမီးတွေကို မိဘတွေက အမေတို့ အဖေတို့ မြေးချီချင်ပြီ၊ ဘယ်တော့မြေးချီရမှာလဲ ပြောလေ့ရှိပါတယ်။ သားသမီးတွေအနေနဲ့ မိဘတွေ ခုလိုတောင်းဆိုလာပြီဆိုရင် ပြန်လည်စဉ်းစားရမယ့် အချိန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အဘိုးအဘွားတွေဟာ မြေးတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကနေ အကျိုးကျေးဇူးကောင်းတွေ ရရှိတယ်ဆိုတာကို သုတေသနလေ့လာမှုများအရ တွေ့ရှိရပါတယ်။

ဒီလေ့လာမှုတွေအရ မြေးတွေကို စောင့်ရှောက်တဲ့ အဖိုးအဘွားတွေဟာ ဘာတာဝန်ယူစောင့်ရှောက်မှုမှ မလုပ်ရတဲ့ အသက်အရွယ်တူ အဘိုးအဘွားတွေထက် သေဆုံးမှု အန္တရာယ် ၃၇%လျော့နည်းတယ်လို့ ဆိုပါတယ်။

လေ့လာမှုအတွင်းမှာ သုတေသီများက အသက် ၇၀အရွယ် အဖိုးအဖွား ၅၀၀ကျော်ကနေ ကျန်းမာရေး စစ်တမ်းကောက်ယူခဲ့ပါတယ်။ ပါဝင်သူများကို အင်တာဗျူးများ လုပ်ခဲ့ပြီး ၁၉၉၀ ကနေ ၂၀၀၉အထိ ၂နှစ်တစ်ခါ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။

ရလဒ်များကတော့ မြေးလေးတွေကို ထိန်းရတဲ့ အဖိုးအဖွား ၅၀%လောက်က ပထမအင်တာဗျူးနဲ့ စမ်းသပ်ခြင်း ပြုလုပ်ပြီးနောက်မှာ ၁၀နှစ်ကြာ အသက်ရှင်ဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ယှဉ်ကြည့်လိုက်ရင် ဘာစောင့်ရှောက်မှု၊ မြေးမထိန်းရတဲ့၊ မြေးတွေကို ဘာအကူအညီမှ မထောက်ပံ့ပေးရတဲ့ အဘိုးအဘွား၅၀% ဟာ အင်တာဗျူးစလုပ်ခြင်းရဲ့ ၅နှစ်အတွင်းမှာ ဆုံးပါးခဲ့ကြပါတယ်။

ဒီသုတေသနက အသက်ကြီးသူတွေမှာ ဘဝသက်တမ်းကြာရှည်မှုနှင့် ကလေးတွေကို ပြုစုစောင့်ရှောက်မှုပေးခြင်းအကြား ကောင်းသောချိတ်ဆက်မှုရှိကြောင်း ပြသခဲ့ပါတယ်။ ဒါပေမယ့် ဘာ့ကြောင့်လဲဆိုတာ တော့ကျွန်တော်တို့ မှန်းဆနိုင်ယုံသာဖြစ်တယ်လို့ သိပ္ပံပညာရှင်များထဲကတစ်ယောက်ဖြစ်တဲ့ Dr.David Coall ကဆိုပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတော့ ကျွန်တော်တို့ရဲ့အတိတ်ကာလမှာ ချစ်ခြင်းမေတ္တာဟာ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ အတိတ်ကာလမှာ Childcare နှင့်အတူ အကူအညီပေးခြင်းဟာ လူသားမျိုးစိတ်ရဲ့ရှင်သန်မှု အတွက် အရေးပါပါတယ်။

တကယ်တော့ မြေးတွေဟာလည်း သူတို့ရဲ့အဘိုးအဘွားတွေနှင့်အတူ အချိန်ကုန်ခြင်းကနေ အကျိုးကျေးဇူးတွေရရှိပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ပြသထားတာတော့ မြေးလေးတွေရဲ့ ကျန်းမာပျော်ရွင်မှုမှာ အဘိုးအဘွားတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပီး အဘိုးအဘွားတွေနဲ့ အနီးကပ်ရင်းနှီးနွေးထွေးစွာနေရတဲ့ ကလေးတွေဟာ စိတ်ခံစားမှုနှင့် အပြုအမှုဆိုင်ရာ ပြဿနာများ ပိုနည်းပါတယ်။
မြေးတွေနဲ့ အတူတူအချိန်ကုန်ဆုံးခြင်းဟာ အဘိုးအဘွားနဲ့ မြေးနှစ်ယောက်စလုံးအတွက် ကောင်းကျိုးရရှိစေပြီး အဘိုးအဘွားတွေကို စိတ်ဖိစီးမှု ကင်းဝေးစေပါလိမ့်မယ်။

LM_Nandar

Lifestyle_Myanmar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here