သုတေသနအရ အစဉ်လိုက် မွေးလာကြတဲ့ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ကွာခြားမှု

0
298
- Advertisement -

ေမာင္ႏွမေတြထဲမွာ ေနာက္ဆုံးေမြးတဲ့အငယ္ဆုံးေတြဟာ မိဘအေပၚအရမ္းမွီခိုလြန္းေၾကာင္း သင္ၾကားဖူးပါလိမ့္မယ္။ ေမာင္ႏွမထဲမွာ အႀကီးဆုံးေတြဆိုရင္လည္း ေမာင္ႏွမေတြအေပၚ ၾသဇာရွိၾကပါတယ္။ အေမရိကန္အထက္တန္းေက်ာင္းသားေတြကို သုေတသနျပဳခ်က္အရအစဥ္လိုက္ေမြးျခင္းဟာ လူတစ္ေယာက္ရဲ႕ကိုယ္ရည္ကိုယ္ေသြးနဲ႔ အိုင္က်ဴအေပၚသက္ေရာက္မႈရွိေၾကာင္း သိရွိရပါတယ္။

၁။ ပထမဆုံးေမြးသူ

အရင္ဆုံးေမြးတဲ့ ကေလးေတြဟာ အနည္းဆုံး ဒုတိယကေလးမေမြးခင္ကပင္ မိဘနဲ႔အခ်ိန္အမ်ားဆုံး အတူရွိေနၾကသူေတြ ျဖစ္ပါတယ္။ အႀကီးဆုံးကေလးေတြဟာ သဘာဝအရ တာဝန္ယူမႈနဲ႔ ဂ႐ုစိုက္မႈဟာ အငယ္ေတြထက္ သာလြန္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အငယ္ေလးေတြကို မိဘေတြက ဂ႐ုစိုက္တဲ့အခါ သူတို႔ပါဝိုင္းဝန္းကူညီၾကရေတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ အငယ္ေတြကို ငယ္စဥ္ကတည္းက ဦးေဆာင္ၾကရတာေၾကာင့္လည္း ေခါင္းေဆာင္မႈအရည္အေသြးေတြလည္း ရွိေနၾကပါတယ္။ ဒါ့ေၾကာင့္ မိဘေတြအတြက္ သားဦးဟာ ယုံၾကည္ရတဲ့သူ၊ စနစ္က်သူ၊ သတိရွိၿပီး ထိန္းခ်ဳပ္ျခင္းနဲ႔ ေအာင္ျမင္မႈေတြ ရရွိသူေတြ ျဖစ္ေလ့ရွိပါတယ္။

- Advertisement -

၂။ အလယ္ေမြးသူေတြ

အလယ္ေမြးသူေတြဟာ အႀကီးဆုံးအကိုအမေတြထက္ ပိုမိုသာလြန္ေအာင္ ႀကိဳးစားတတ္သူေတြ ျဖစ္ေလ့ရွိပါတယ္။ သူတို႔ေတြဟာ ရည္မွန္းခ်က္ႀကီးၿပီး အကိုႀကီးအမႀကီးေတြထက္ ပိုမိုျမန္ဆန္ေအာင္ တိုးတက္လိုစိတ္ႀကီးမားၾကေပမယ့္ တစ္ကိုယ္ေကာင္းဆန္သူေတြေတာ့ မဟုတ္ၾကပါဘူး။
ဒါ့အျပင္ သူတို႔ေတြဟာ မိသားစုအတြင္း ၿငိမ္းခ်မ္းေအာင္ျပဳလုပ္တတ္သူေတြပါ။ လူတိုင္းကိုလည္း သူတို႔ကိုႏွစ္သက္လာၿပီး သတိထားမိေအာင္ ႀကိဳးစားတတ္ၾကပါတယ္။ အလယ္ေမြးသူေတြဟာ အဆိုးဆုံးအေျခအေနမွာေတာင္မွ အေကာင္းဆုံးဘဝကို ဘယ္လိုျပဳလုပ္ရမယ္ဆိုတာကို သိရွိၾကသူေတြ ျဖစ္ၾကပါတယ္။တကယ္လို႔သင္ဟာ ေမာင္ႏွမေတြထဲမွာ အလယ္ေမြးတဲ့သူတစ္ေယာက္ဆိုရင္ အနည္းငယ္ပုန္ကန္တတ္သူ၊ ခင္မင္မႈကို အေလးထားသူ၊ လူေပါင္းဆံ့သူ စတဲ့အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားပါလိမ့္မယ္။

၃။ ေနာက္ဆုံးေမြးသူ

အငယ္ဆုံးကေလးေတြကေတာ့ မိဘေတြနဲ႔ အကိုအမေတြရဲ႕ အလိုလိုက္မႈေတြကို ခံရသူေတြပါ။ ဒါေပမယ့္သူတို႔ေတြဟာ အႀကီးေတြထက္ေတာင္ သာလြန္လိုတဲ့စိတ္ဆႏၵျပင္းျပၾကတာေၾကာင့္ အေကာင္းဆုံးအဆိုေတာ္ေတြ၊ သ႐ုပ္ေဆာင္ေတြဟာ ေမာင္ႏွမေတြထဲမွာ အငယ္ဆုံးေတြ ျဖစ္ေနၾကတာကို မ်ားစြာေတြ႕ရပါတယ္။ မိသားစုထဲမွာေတာ့ အငယ္ဆုံးကေလးေတြဟာ ခ်စ္စရာေကာင္းသူ၊ ႐ိုးရွင္းသူ၊ ခ်ယ္လွယ္တတ္သူ၊ ကိုယ့္ကိုယ္ကိုဦးစားေပးတတ္သူ နဲ႔ အာ႐ုံစိုက္ခံလိုသူေတြအျဖစ္ ျမင္ေတြ႕ႏိုင္ပါတယ္။

၄။ တဦးတည္းေသာ ကေလး

 တစ္ဦးတည္းေသာကေလးေတြဟာ မိသားစုရဲ႕အလယ္မွာရွိေနတတ္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ ရွိၾကတာမ်ားပါတယ္.။မိဘရဲ႕အခ်စ္ကို စုပုံရသူေတြျဖစ္တာနဲ႔အမွ် အျခားသူေတြၾကားမွာလည္း ကိုယ့္ကိုသာဦးစားေပးေစလိုၾကပါတယ္။ ယခုလိုကေလးေတြဟာ မိဘအေပၚအရမ္းမွီခိုတတ္ၿပီး တစ္ကိုယ္ေကာင္းဆန္စိတ္ရွိတာေၾကာင့္ ငယ္စဥ္တည္းက ယခုလိုအမူအက်င့္ေတြမရွိေအာင္ အရမ္းအလိုမလိုက္ပဲ သင္ၾကားထားေပးဖို႔လိုပါတယ္။ တကယ္လို႔အလိုလိုက္ထားရင္ေတာ့ အျခာေပါင္းသင္းဆက္ဆံေရးေတြမွာ ခက္ခဲႏိုင္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

Unicode

မောင်နှမတွေထဲမှာ နောက်ဆုံးမွေးတဲ့အငယ်ဆုံးတွေဟာ မိဘအပေါ်အရမ်းမှီခိုလွန်းကြောင်း သင်ကြားဖူးပါလိမ့်မယ်။ မောင်နှမထဲမှာ အကြီးဆုံးတွေဆိုရင်လည်း မောင်နှမတွေအပေါ် သြဇာရှိကြပါတယ်။ အမေရိကန်အထက်တန်းကျောင်းသားတွေကို သုတေသနပြုချက်အရအစဥ်လိုက်မွေးခြင်းဟာ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အိုင်ကျူအပေါ်သက်ရောက်မှုရှိကြောင်း သိရှိရပါတယ်။

၁။ ပထမဆုံးမွေးသူ
အရင်ဆုံးမွေးတဲ့ ကလေးတွေဟာ အနည်းဆုံး ဒုတိယကလေးမမွေးခင်ကပင် မိဘနဲ့အချိန်အများဆုံး အတူရှိနေကြသူတွေ ဖြစ်ပါတယ်။ အကြီးဆုံးကလေးတွေဟာ သဘာဝအရ တာဝန်ယူမှုနဲ့ ဂရုစိုက်မှုဟာ အငယ်တွေထက် သာလွန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အငယ်လေးတွေကို မိဘတွေက ဂရုစိုက်တဲ့အခါ သူတို့ပါဝိုင်းဝန်းကူညီကြရတောကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အငယ်တွေကို ငယ်စဥ်ကတည်းက ဦးဆောင်ကြရတာကြောင့်လည်း ခေါင်းဆောင်မှုအရည်အသွေးတွေလည်း ရှိနေကြပါတယ်။ ဒါ့ကြောင့် မိဘတွေအတွက် သားဦးဟာ ယုံကြည်ရတဲ့သူ၊ စနစ်ကျသူ၊ သတိရှိပြီး ထိန်းချုပ်ခြင်းနဲ့ အောင်မြင်မှုတွေ ရရှိသူတွေ ဖြစ်လေ့ရှိပါတယ်။

၂။ အလယ်မွေးသူတွေ
အလယ်မွေးသူတွေဟာ အကြီးဆုံးအကိုအမတွေထက် ပိုမိုသာလွန်အောင် ကြိုးစားတတ်သူတွေ ဖြစ်လေ့ရှိပါတယ်။ သူတို့တွေဟာ ရည်မှန်းချက်ကြီးပြီး အကိုကြီးအမကြီးတွေထက် ပိုမိုမြန်ဆန်အောင် တိုးတက်လိုစိတ်ကြီးမားကြပေမယ့် တစ်ကိုယ်ကောင်းဆန်သူတွေတော့ မဟုတ်ကြပါဘူး။
ဒါ့အပြင် သူတို့တွေဟာ မိသားစုအတွင်း ငြိမ်းချမ်းအောင်ပြုလုပ်တတ်သူတွေပါ။ လူတိုင်းကိုလည်း သူတို့ကိုနှစ်သက်လာပြီး သတိထားမိအောင် ကြိုးစားတတ်ကြပါတယ်။ အလယ်မွေးသူတွေဟာ အဆိုးဆုံးအခြေအနေမှာတောင်မှ အကောင်းဆုံးဘဝကို ဘယ်လိုပြုလုပ်ရမယ်ဆိုတာကို သိရှိကြသူတွေ ဖြစ်ကြပါတယ်။တကယ်လို့သင်ဟာ မောင်နှမတွေထဲမှာ အလယ်မွေးတဲ့သူတစ်ယောက်ဆိုရင် အနည်းငယ်ပုန်ကန်တတ်သူ၊ ခင်မင်မှုကို အလေးထားသူ၊ လူပေါင်းဆံ့သူ စတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားပါလိမ့်မယ်။

၃။ နောက်ဆုံးမွေးသူ
အငယ်ဆုံးကလေးတွေကတော့ မိဘတွေနဲ့ အကိုအမတွေရဲ့ အလိုလိုက်မှုတွေကို ခံရသူတွေပါ။ ဒါပေမယ့်သူတို့တွေဟာ အကြီးတွေထက်တောင် သာလွန်လိုတဲ့စိတ်ဆန္ဒပြင်းပြကြတာကြောင့်
အကောင်းဆုံးအဆိုတော်တွေ၊ သရုပ်ဆောင်တွေဟာ မောင်နှမတွေထဲမှာ အငယ်ဆုံးတွေ ဖြစ်နေကြတာကို များစွာတွေ့ရပါတယ်။ မိသားစုထဲမှာတော့ အငယ်ဆုံးကလေးတွေဟာ ချစ်စရာကောင်းသူ၊ ရိုးရှင်းသူ၊ ချယ်လှယ်တတ်သူ၊ ကိုယ့်ကိုယ်ကိုဦးစားပေးတတ်သူ နဲ့ အာရုံစိုက်ခံလိုသူတွေအဖြစ် မြင်တွေ့နိုင်ပါတယ်။

၄။ တဦးတည်းသော ကလေး
တစ်ဦးတည်းသောကလေးတွေဟာ မိသားစုရဲ့အလယ်မှာရှိနေတတ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့စိတ် ရှိကြတာများပါတယ်.။မိဘရဲ့အချစ်ကို စုပုံရသူတွေဖြစ်တာနဲ့အမျှ အခြားသူတွေကြားမှာလည်း ကိုယ့်ကိုသာဦးစားပေးစေလိုကြပါတယ်။ ယခုလိုကလေးတွေဟာ မိဘအပေါ်အရမ်းမှီခိုတတ်ပြီး တစ်ကိုယ်ကောင်းဆန်စိတ်ရှိတာကြောင့် ငယ်စဥ်တည်းက ယခုလိုအမူအကျင့်တွေမရှိအောင် အရမ်းအလိုမလိုက်ပဲ သင်ကြားထားပေးဖို့လိုပါတယ်။ တကယ်လို့အလိုလိုက်ထားရင်တော့ အခြာပေါင်းသင်းဆက်ဆံရေးတွေမှာ ခက်ခဲနိုင်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here