
ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအဆင့်တိုင်းက သူ့နည်းလမ်းနဲ့သူ အရေးပါပြီး အရမ်းတန်ဖိုးရှိတဲ့ မှတ်တိုင်တွေ ပါရှိပါတယ်။ သို့သော် သုံးနှစ်အရွယ်ကလေးတွေဟာ ကြီးကြီးမားမား တိုးတက်လာနေတဲ့ အသက်အရွယ်ထဲမှာပါ။ ဘာကြောင့်လဲဆိုတော့ ယခုအချိန်ဟာ မွေးကင်းစကလေးတွေရရှိတဲ့ အသိဉာဏ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အရွယ်ရောက်မှုက သူတို့ရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ သင့်မှာ သုံးနှစ်အရွယ်ကလေးတစ်ဦးရှိရင် ဒီအရာတွေက သင်သတိပြုရမယ့် အဓိကမှတ်တိုင်တွေနဲ့ တိုးတက်မှုတွေ ဖြစ်ပါတယ်။
သုံးနှစ်သားကလေးတွေက အသွင်ကူးပြောင်းရေးအဆင့်မှာရှိနေတာကို သတိပြုမိသင့်ပါတယ်။ ကလေးအများစုက ဒီအသက်အရွယ်မှာ နေ့ကလေးထိန်းကျောင်း (သို့) မူကြိုကျောင်းကို စတက်နေကြပြီး သူတို့ရဲ့လူမှုရေးလောကက သူတို့မိသားစုထက် ကျယ်ပြန့်လာပါတယ်။ ဒါက သူတို့ကို ကွဲပြားသော လှုံ့ဆောင်မှုတွေ ရရှိစေသည့်အပြင် အမှီအခိုကင်းမှုနဲ့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းခွင့်ရရှိစေပါတယ်။
- သုံးနှစ်အရွယ် ကလေးတွေမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ယေဘုယျအားဖြင့် သုံးနှစ်အရွယ်ကလေးတွေဟာ သူတို့ရဲ့ ဒုတိယမွေးနေ့ကနေ ၄.၅ ပေါင်လောက်နဲ့ ၃လက်မခန့် တတ်လာကြပါတယ်။ ကလေးငယ်တွေရဲ့ လုံးဝန်းတဲ့ ဝမ်းဗိုက်လေးတွေဟာ ပြားသွားပါတယ်။ ပါးလျပြီး ကျစ်လစ်တဲ့ အသွင်အပြင် ဖြစ်လာပါတယ်။ သူတို့ရဲ့ ကလေးသွားလေးတွေ စုံသလောက်ရှိနေပါပြီ။
Motor skill တွေက ဒီအသက်အရွယ်မှာ ကြီးမားတဲ့ ခြေလှမ်းတွေကို တိုးလာစေပါတယ်။ gross motor skills အရ ကလေးငယ်တွေဟာ ပြေးခြင်း၊ အမြင့်တတ်ခြင်း၊ ခုန်ခြင်းနဲ့ အထောက်အကူမပါဘဲ ထိုင်ထခြင်းတို့ကို လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ လှေကား အတက်အဆင်းလုပ်တဲ့အခါ ခြေထောက်တွေကို လှည့်နိုင်ပြီး သုံးဘီးဆိုင်ကယ်နင်းခြင်း၊ ဘောလုံးကန်ခြင်းကဲ့သို့သော ကစားခြင်းတွေမှာ ပါဝင်နိုင်ပါပြီ။
Fine motor skills တွေလည်း ပြည့်စုံသွားပြီး ကလေးတွေဟာ ဇွန်း၊ ခရင်းတွေလည်း သုံးနိုင်ပါပြီ၊ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာတွေကိုလည်း လှန်နိုင်သလို ဘောပင်ကိုလည်း မှန်ကန်စွာ ကိုင်တတ်နေပါပြီ၊ ဒါ့အပြင် သူတို့ရဲ့ coordination (ပူးပေါင်းဆောင်ရွက်မှု) တိုးတတ်လာတာကြောင့် လှုပ်ရှားမှုနှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ- သီချင်းဆိုနေစဉ် လှေကားထစ်တက်ခြင်း။

- သုံးနှစ်အရွယ် ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
စိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုအဆင့်ပေါ်မှာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှု မတိုင်ခင်နဲ့ အပြီးမှာ အရေးကြီးတဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ပေါ်လာပါတယ်။ အောက်ဖော်ပြပါ ကဏ္ဍတွေက ဆက်စပ်မှုအရှိဆုံးဖြစ်ပါတယ်။
- Self-assertion
သုံးနှစ်အရွယ်ကလေးတွေဟာ ဂျီကျဝုန်းဒိုင်းကြဲတဲ့အဆင့်ရဲ့ အလယ်မှာ ရှိနေပါတယ်။ တကယ်တော့ ဒါက ကလေးတစ်ဦးချင်းစီအနေဖြင့် သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို အခိုင်အမာဖော်ပြဖို့ ကြိုးပမ်းတဲ့ ဖွံ့ဖြိုးတိုးတတ်မှု အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ မိဘတွေကို ဆန့်ကျင်လေ့ရှိပါတယ်။ သူတို့ဖြစ်ချင်တဲ့အတိုင်း မဖြစ်တဲ့အခါ ဘယ်လိုလုပ်ရမှန်းမသိသေးတဲ့အတွက် စိတ်ပျက်လာပြီး ဂျီကျဝုန်းဒိုင်းကြဲခြင်းကို ဖြစ်ပေါ်စေပါတယ်။
ပိုလွတ်လပ်မှုကိုလည်း တောင်းဆိုပါလိမ့်မယ်။ သူတို့ဘာသာသူတို့ အဝတ်အစားဝတ်လိုခြင်း၊ လူကြီးလက်ကို မကိုင်ဘဲ လမ်းပေါ်မှာလျှောက်ခြင်း၊ သူတို့ရဲ့ မနက်စာခွက်ထဲကို သူ့တို့ဘာသာနို့လောင်းထည့်ခြင်းတို့ကိုလည်း တောင်းဆိုကြမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပိုပိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာမှာဖြစ်ပြီး သူတို့မိဘတွေဆီက အကူအညီ နည်းနည်းပဲ လိုအပ်လာမှာ ဖြစ်ပါတယ်။

- လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုကို ဖော်ပြခြင်း
ဒီအရွယ်မှာ ကလေးတွေဟာ စိတ်ခံစားမှုအမျိုးမျိုးကို ခံစားရပြီး ချစ်ခင်မှုကို သူ့အလိုလို ဖော်ပြလေ့ရှိပါတယ်။ ခွဲခွာခြင်းဆိုင်ရာ စိုးရိမ်စိတ်တွေ လျော့နည်းလာကာ အရွယ်ရောက်ပြီးသူတွေနဲ့ မရင်းနှီးသော ကလေးငယ်တွေဆီမှာ ပိုသက်တောင့်သက်သာ ရှိလာပါတယ်။ အထူးသဖြင့် မူကြိုကျောင်းရှိ ရွယ်တူတွေနဲ့ သူတို့ရဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတတ်လာပါတယ်။

- စဉ်းစားခြင်းနဲ့ ဆင်ခြင်သုံးသပ်ခြင်း
မေမေတို့ရဲ့ သုံးနှစ်သားလေးက သူတို့ရဲ့ နာမည်နဲ့ အသက်ကို သိထားပြီးသားဖြစ်ပြီး ယောကျ်ားလေး (သို့) မိန်းကလေးလို့ ခွဲခြားနိုင်ပါပြီ။ ဒီကိစ္စနဲ့ စပ်လျဉ်းလို့ တခြားသူတွေကိုလည်း ခွဲခြားနိုင်ပါပြီ။ သူတို့ဟာ ကဏန်းတွေကို အစဉ်လိုက်ကျက်ပြီး အက္ခရာတွေကို ရွက်ဆိုနိုင်သော်လည်း တစ်ခုချင်း (သို့) စကားလုံးတွေကို အမြဲတမ်း အသိအမှတ်ပြုနိုင်တယ်လို့ မဆိုလိုပါဘူး။
သူတို့ဟာ အဆင့်နှစ်ဆင့်ကနေ သုံးဆင့် လမ်းညွှန်ချက်တွေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာနိုင်ပြီး ရိုးရှင်းသော ပဟေဠိတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါပြီ။ ဒါ့အပြင် သူတို့ရဲ့ မှတ်ဉာဏ်စွမ်းရည်တွေ တိုးတက်လာပြီး အတိတ်ကဖြစ်ရပ်တွေကို ပြန်ပြောကာ မတူညီတဲ့ အယူအဆတွေကို မှတ်မိနိုင်ကြပါတယ်။
သူတို့ရဲ့ တွေးခေါ်မှုက ယုတ္တိမတန်သေးပါဘူး။ အတွေ့အကြုံနဲ့ အာရုံတွေကတဆင့် သိမြင်နိုင်တဲ့အရာတွေဖြင့် မူတည်ပါတယ်။ မေမေတို့ရဲ့ သုံးနှစ်အရွယ်ကလေးအတွက် သူတို့အမြင်နဲ့ မတူတဲ့အမြင်တွေကို လက်ခံကျင့်သုံးဖို့ ဒါမှမဟုတ် နားလည်ဖို့ မဖြစ်နိုင်သေးပါဘူး။

- အိမ်သာတက် လေ့ကျင့်ခြင်း
ကလေးအများစုက နှစ်နှစ်သားကနေ စတင်ပြီး အိမ်သာတက် လေ့ကျင့်ခြင်းကို စတင်ကြပါတယ်။ ဒါ့အကြောင့် ယခုအချိန်မှာ ကလေးဟာ ဒိုက်ပါ အသုံးမပြုတော့ဘဲ အိမ်သာကို စတင်အသုံးပြုဖို့ စိတ်ဝင်စားလာဖွယ်ရှိပါတယ်။ ဒါ့အပြင် ဝမ်းနဲ့ဆီးကို ထိန်းချုပ်တဲ့ အလေ့အကျင့်ရလာပါတယ်။ ညအချိန်မှာ အိပ်ရာထဲ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ ကလေး ၇၅ ရာခိုင်နှုန်း- ၈၀ ရာခိုင်နှုန်းဟာ အသက်သုံးနှစ်အရွယ်မှာ ဒီလုပ်ငန်းစဉ်ကို ပြီးမြောက်ဖို့ အဆင့်သင်ဖြစ်နေကြသော်လည်း မေမေတို့ ကလေးက အချိန်အနည်းငယ်လိုကောင်းလိုနိုင်ပါတယ်။ ဒါက အဆင်ပြေပါတယ်။
- ဘာသာစကားနဲ့ တတ်မြောက်ခြင်း
ဒီကာလအတွင်းမှာ ဘာသာစကားက အဆမတန် ဖွံ့ဖြိုးလာမှာပါ။ မေမေတို့ကလေးက ဝေါဟာရတွေကို စတင်နားလည်လာပြီး သုံးလာနိုင်ပါပြီ။ သူတို့ရဲ့ အသံထွက်ကို မွမ်းမံပြီး နာမ်စားတွေ၊ အများကိန်းတွေဖြင့် ပြီးပြည့်စုံတဲ့ ဝါကျတွေကို ဖန်တီးနိုင်ပါပြီ။
အသက်သုံးနှစ်အရွယ်မှာ သင့်ကလေးဟာ သူတို့ရဲ့ နာမည်ကို(ပုံသဏ္ဍာန်မမှန်သော်လည်း) ရေးသားနိုင်ပြီး လက်ရေးဖြင့် recognize ပြုနိုင်လာပါပြီ။ သို့သော် သူတို့မှာ ကျွမ်းကျင်တတ်မြောက်မှုကို သွားဖို့ ခရီးရှည်ကျန်သေးပြီး ဒီလုပ်ငန်းစဉ်ကို အတင်းအကြပ် (သို့) အရှိန်မြှင့်ဖို့ မသင့်ပါဘူး။

သုံးနှစ်သားအရွယ်ကလေး – ဖြစ်နိုင်ခြေရှိသော ကမ္ဘာ
တိုတိုပြောရရင် မေမေတို့ရဲ့ သုံးနှစ်အရွယ်ကလေးဟာ ကမ္ဘာကြီးကို ဖွင့်ဖို့ လုပ်ဆောင်နေပါပြီ။ သူတို့ဟာ အိမ်အပြင်ဘက်မှာရှိတဲ့ သူတို့ရဲ့ အတွေ့အကြုံဗဟုသုတတွေကို ရှာဖွေနေပြီး အံ့သြစရာကောင်းတဲ့ ကိုယ်ပိုင်စွမ်းရည်အသစ်တွေကို ရှာဖွေနေပါပြီ။ သူတို့ဟာ အမှီအခိုကင်းမှုကို မြတ်နိုးလာပါတယ်။ အသံတွေနဲ့ လှုပ်ရှားမှုတွေကို သဘောကျလာပြီး အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကို နှစ်သက်လာကြပါတယ်။
ကျွန်မတို့ရဲ့ အကြံပြုချက်တွေက ဒီအဆင့်ရဲ့ စက္ကန့်တိုင်းကို မြည်းစမ်းပြီး မေမေတို့ ကလေးလေးနှင့်အတူ ရှိနေမယ့် အဖိုးတန်အမှတ်တရတွေကို တန်ဖိုးထားဖို့ပဲ ဖြစ်ပါတယ်။
Chit_MayMay
Nandar
Source-youaremom