သုံးနှစ်အရွယ်ကလေးနှင့်အတူ ခရီးသွားခြင်းနှင့် နို့တိုက်ကျွေးခြင်း

0
163

မေမေတို့ရေ ကလေးငယ်တွေနဲ့ လေယာဉ်စီးပြီး ခရီးသွားရတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးနော်။ ဒါ့ကြောင့် မေမေတို့အတွက် သုံးနှစ်အောက်ကလေးနဲ့ ခရီးသွားတဲ့အခါ ကြိုတင်လိုက်နာ ပြင်ဆင်သင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အဓိကအချက်များ
လေယာဉ်ပျံတတ်ချိန်နှင့် ဆင်းသက်စဉ်အတွင်းမှာ နို့တိုက်ကျွေးခြင်းက ကလေးရဲ့နားအူတာကို သက်သာစေပါတယ်။
သင်ခရီးသွားနေတဲ့ နိုင်ငံတွေမှာ မိခင်နို့တိုက်ခြင်းရဲ့ သဘောထားတွေကို စစ်ဆေးပါ။ ဖုံးအုပ်ထားဖို့ လိုကောင်းလိုပါလိမ့်မယ်။
ခရီးသွားတဲ့အခါ သောက်တဲ့ ဆေးတွေက သင့်ကလေးကို ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာ ဆရာဝန်အားမေးမြန်းပါ။ အချို့က မိခင်နို့မှတစ်ဆင့် ကလေးဆီရောက်နိုင်ပါတယ်။
ခရီးသွားစဉ်အတွင်း ကလေးကို မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်ဖို့ ရေဓါတ်ပြည့်ဝအောင် ထိန်းသိမ်းပါ။ အနားယူပါ။

မိခင်နို့တိုက်ကျွေးခြင်းနှင့် လေယာဉ်ဖြင့် ခရီးသွားခြင်း

တခါတရံ လေယာဉ်၊ ပျံတတ်ချိန်နှင့် ဆင်းသက်ချိန်မှာ လေဖိအားအပြောင်းအလဲကြောင့် ကလေးငယ်တွေဟာ နားအူတာကို ခံစားရပါတယ်။ လေယာဉ်အတတ်/အဆင်းလုပ်နေချိန်အတွင်း နို့တိုက်ခြင်းဟာ သင့်ကလေးရဲ့ အဆင်မပြေမှုကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။ နို့တိုက်နေစဉ်မှာ ဘေဘီလေးကို မွေးကင်းစကလေးတွေရဲ့ ခါးပတ် ဝတ်ပေးထားရပါမယ်။
တကယ်လို့ လေယာဉ်ပေါ်ကို နို့ဘူးသယ်သွားမယ်လို့ စီစဉ်ထားလျှင် အရည်သယ်ဆောင်မှုအပေါ် ကန့်သတ်တာနဲ့ ပတ်သတ်ပြီး ကြိုတင်စုံစမ်းပါ။

အခြားနိုင်ငံတွေမှာ နို့တိုက်ကျွေးခြင်း

အကယ်၍ မေမေတို့ဟာ နိုင်ငံခြားကို ခရီးထွက်လျှင် မေမေတို့သွားမယ့်နိုင်ငံတွေမှာ နို့ချိုတိုက်ကျွေးခြင်းနှင့် ပတ်သတ်တဲ့ သဘောထားတွေကို အရင်စုံစမ်းပါ။ အွန်လိုင်းမှာ ရှာဖွေလို့ရသလို၊ ခရီးသွားအေဂျင်စီတွေကို မေးမြန်းနိုင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများစုက လူကြားထဲမှာ မိခင်နို့တိုက်ကျွေးခြင်းကို လက်ခံနိုင်ကြပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေက ဒါကို ရွံစရာ လို့ယူဆကြပြီး မိခင်နို့တိုက်နေစဉ်မှာ မိခင်တွေအနေနဲ့ ဖုံးကွယ်ပြီး တိုက်ရနိုင်ပါတယ်။ အကယ်၍ လူမြင်ကွင်းမှာ နို့တိုက်လို့ မရနိုင်တဲ့ နေရာတွေကို သွားလျှင် ခြုံပုဝါ (သို့) စောင်ယူသွားပါ။

Travel medications၊ travel vaccinationsနှင့် နို့တိုက်ကျွေးခြင်း

Travel medication

မေမေတို့ဟာ နာမကျန်းမှုတွေကို ကုသဖို့ ဆေးသောက်နေရလျှင် မိခင်နို့မှတဆင့် ကလေးဆီကို အနည်းငယ်ရောက်နိုင်ပါတယ်။ တကယ်လို့ ငှက်ဖျားရောဂါ တိုက်ဖျက်ဆေးတွေ သောက်သုံးနေရပါက မိခင်နို့ကိုလည်း ထိခိုက်ပါလိမ့်မယ်။ သင်သောက်တဲ့ ငှက်ဖျားဆေးပေါ်မူတည်ပြီး safe မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဘယ်ဆေးပဲသောက်သောက် မိခင်နို့တိုက်ကျွေးမယ်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်ပါ။

travel vaccinations

အကယ်၍ သင်ခရီးသွားဖို့အတွက် ကာကွယ်ဆေးထိုးထားလျှင် yellow fever ကာကွယ်ဆေးအသစ်ထိုးခြင်းမှ လွဲပြီး ကလေးအပေါ် အကျိုးသက်ရောက်မှာ မဟုတ်ပါဘူး။ yellow fever ကာကွယ်ဆေးက မိခင်နို့ကနေ လွှဲပြောင်းနိုင်ပြီး ကလေးငယ်အတွက် safe မဖြစ်ပါဘူး။

ခရီးသွားစဉ်မှာ ဖြစ်တတ်တဲ့ ဝမ်းလျှောခြင်းနှင့် နို့တိုက်ကျွေးခြင်း

မေမေတို့အနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရလျှင် နို့တိုက်ပါ။ ခရီးသွားစဉ် ဝမ်းပျက်ဝမ်းလျောတာက သင့်ကလေးကို မထိခိုက်စေပါဘူး။

မေမေတို့အနေနဲ့ အရည်သောက်သုံးမှုကို တိုးမြှင့်ဖို့ ကြိုးစားပါ ။

မကြာခဏ နို့တိုက်ကျွေးပါ။

ခရီးသွားနေစဉ် နို့ထွက်နည်းခြင်း

တချို့မိခင်တွေဟာ စိတ်ဖိစီးမှု၊ ရေဓါတ်ခန်းခြောက်မှုတွေကြောင့် ခရီးသွားနေစဉ် နို့ထွက်နည်းတာကို တွေ့ရပါတယ်။ နို့ထွက်နည်းတယ်လို့ ယူဆပါက အနားများများယူပါ။ အထူးသဖြင့် ရေနှင့် အရည်များများသောက်ပါ။ လက်ဖက်ရည်၊ ကော်ဖီနှင့် ကဖိန်းပါတဲ့ အခြားအချိုရည်တွေကို ရှောင်ပါ။ ဖြစ်နိုင်လျှင် မကြာခဏ အစာပိုစားပါ။

Lifestyle_Myanmar

LM_Nandar

Source-raisingchildren.

LEAVE A REPLY

Please enter your comment!
Please enter your name here