
ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သင့်ကလေးတွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အချက်ကအလွန်အရေးကြီးပါတယ်။ ကလေးတွေကို ထိန်းသိမ်းဖို့ သင့်တော်ဖို့နည်းလမ်းတွေကို အထူးဂရုစိုက်ဖို့အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြီးတော့ ကလေးကို ချီပွေ့သယ်ဆောင်တဲ့ နေရာမှာ အန္တရာယ်ရှိနိုင်တဲ့ နည်းလမ်းတွေကို ဒီကနေ့ မျှဝေပေးချင်ပါတယ်။

၁။ ကလေးငယ်တစ်ဦးကို ၎င်းတို့ရဲ့ လက်မောင်းအောက်ကနေ ပင့်ချီခြင်း
သင့်ကလေးတစ်ယောက်ကို ပွေ့ချီတဲ့အခါ သူတို့ရဲ့ဦးခေါင်းကို ထောက်ပံ့ဖို့ အလွန်အရေးကြီးပါတယ်။ မွေးကင်းစ လည်ပင်းကြွက်သားတွေက မဖွံ့ဖြိုးသေးပါဘူး။ သူတို့က ရုတ်တရက် သူတို့ရဲ့ လည်ပင်းကို စနစ်တကျမထောက်ပံ့နိုင်တယ်ဆိုရင် အသက်ရှူရခက်ခဲမှုတွေနှင့် ဒဏ်ရာတွေ ရနိုင်ပါတယ်။ ဒါ့အပြင် လည်ပင်းစောင်းတာတွေ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အနည်းဆုံး ၄- ၆ လအရွယ်မရောက်ခင်အထိ သူတို့ခေါင်းကို သူတို့ဘာသာ မသယ်နိုင်သေးပါဘူး။

၂။ Carrier ထဲထည့်ပြီး ကလေးထိန်းခြင်း
သင့်အနေနဲ့ carrier တွေကို အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အဓိကအချက်ကတော့ ၎င်းတို့ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိဖို့ဖြစ်ပါတယ်။ ကလေးရဲ့ ခြေထောက်ကို တွဲလောင်းကျနေတာမျိုးမဖြစ်သင့်ဘဲ အမှန်တကယ်သယ်ဆောင်သွားတာမျိုးပဲ ဖြစ်သင့်ပါတယ်။ မိခင်ကိုယ်တိုင်က ကလေးကို ကိုင်ထားသလိုမျိုး တူညီတဲ့နည်းလမ်းနဲ့ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ သို့မှသာ အဆစ်တွေက သူ့နေရာနဲ့ သူရှိနေမှာဖြစ်ပါတယ်။ ဒါမှလည်း ကျောရိုးကို မထိခိုက်စေမှာပါ။ ဒီလိုမဟုတ်ဘဲ ကလေးရဲ့ ခြေထောက်တွေကို ဆုပ်ကိုင်ထားသလိုဖြစ်နေမယ်ဆိုရင် dysplasia (သို့) dislocation စတဲ့ တင်ပါးဆုံရိုးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

၃။ သင့်ပခုံးပေါ်မှာ ကလေးကို ထိန်းသိမ်းထားခြင်း
သင့်ကလေးကို သင့်ရင်ဘတ်မှာ တင်ပြီးတော့ ဂရုစိုက်မယ်ဆိုရင် သူတို့ရဲ့ မျက်နှာအနေအထားကို အာရုံစိုက်သင့်ပါတယ်။ မျက်နှာက ပခုံးအထက်မှာ ဖြစ်သင့်ပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ မျက်နှာက ပခုံးပေါ်ကို ကျနေမယ်ဆိုရင် အသက်ရှူရခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့အဝတ်အချို့က သူတို့ရဲ့ ပါးစပ်ထဲကို ရောက်သွားနိုင်ပါတယ်။

၄။ ချီပိုးထားတဲ့အခါ လုံးဝဘက်မပြောင်းခြင်း
သင့်ကလေးကို ချီပိုးထားတဲ့အခါ တစ်နေရာတည်း မထားသင့်ပါဘူး။ ကျွန်တော်တို့အစောပိုင်းက ပြောခဲ့သလိုပဲ ကလေးက လည်ပင်းအားနည်းနေတယ်။ ဒါ့ကြောင့် ကြွက်သားနှစ်ဖက်စလုံးဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ဖက် လည်ပင်းကြွက်သားတွေများလာပြီး ကလေးတွေက ခေါင်းကို လှည့်တဲ့အခါ ပြဿနာတက်နိုင်ပါတယ်။

၅။ နောက်ကျောကို ထောက်ပံ့မပေးနိုင်ဘူး
ကလေးတွေကို တင်ပါးနှင့် ခေါင်းကိုပဲ သီးသန့်မကိုင်သင့်ပါဘူး။ ပထမအချက်မှာ ကလေးငယ်ပြုတ်ကျနိုင်ခြေရှိပါတယ်။ ဒုတိယအချက်ကတော့ သင့်တော်တဲ့ ကျောထောက်နောက်ခံပံ့ပိုးမှုမရှိခြင်းကြောင့် ကျောရိုးတွေက အဆမတန်ဝန်ကို ထမ်းနေရသလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကလေးချီတဲ့အခါ ကျောအောက်က ကျောထောက်နောက်ခံရှိဖို့ လိုအပ်ပါတယ်။

၆။ ကလေးကို နောက်ပြန်ချီခြင်း
သင်ထံမှ ဝေးကွာနေတဲ့ ပုံစံမျိုးနဲ့ ကလေးတွေကို သယ်ဆောင်တာက လုံးဝမကောင်းပါဘူး။ သင့်ကလေးကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် ၎င်းက သူတို့ရဲ့ကျောရိုးနှင့် ခြေထောက်တွေကို ဖိအားဖြစ်စေပါတယ်။ ၎င်းက မှားယွင်းတဲ့ ချီပိုးမှုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးကို ရင်ဘတ်နဲ့ ကပ်ထားတာက ပိုကောင်းပါတယ်။ အာရုံစူးစိုက်မှုက ကလေးရဲ့ ခြေထောက်နှင့် နောက်ကျောကို ထောက်ပံ့ထားဖို့ ရှိတာသေချာပါစေ။

အပိုဆု- ကလေးကို လက်ဖြင့်ဆွဲခြင်း
ကလေးတစ်ဦးကို ခေါ်ဆောင်တဲ့အခါမှာ သူတို့ရဲ့ လက်တွေကို မဆွဲပါနှင့်။ တံတောင်ဆစ်အရိုးတွေ နေရာလွဲသွားတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကို အသက်(၅) နှစ်မပြည့်သေးတဲ့ ကလေးတွေကြားမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။
Chit_May_May
Nyein_Thu
Ref- Brightsideme