သူတို့ရဲ့ ကြီးပြင်းလာတဲ့ ကလေးတွေအတွက် ငွေကြေးပြဿနာများကို ဖြစ်စေနိုင်သော မိဘတွေရဲ့အမှား (၉)ခု

0
376
- Advertisement -

မိဘတွေဟာ သားသမီးတွေရဲ့အနာဂတ်ကို ဂရုစိုက်လေ့ရှိပြီး ဒီပူပန်မှုများက သူတို့ရဲ့သားသမီးတွေအား အောင်မြင်သော အသက်မွေးဝမ်းကျောင်းကို တည်ဆောက်ဖို့နှင့် အစဉ်အမြဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရဖို့ အထောက်အကူဖြစ်စေမယ့် ပြုစုပျိုးထောင်နည်းတွေကို ရှာဖွေဖို့ တွန်းအားပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက ပြောင်းလဲနေတာကြောင့် အောင်မြင်မှု စည်းမျဉ်းဟောင်းတွေကလည်း ထိရောက်မှု မရှိတော့ပါဘူး။

ယနေ့မှာ ကလေးတွေအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်ရှိသော မိဘအုပ်ထိန်းမှု အမှားတွေကို ပြောပြပေးချင်ပါတယ်။ ဒီဆောင်းပါးကို ရေးသားသူမှာ စိတ်ပညာရှင်ဖြစ်ပြီး သူမရဲ့ ဖောက်သည်အမည်တွေနဲ့ သူတို့ရဲ့ဇာတ်လမ်း အသေးစိတ်အချက်အလက်တွေကို ပြောင်းလဲပြီး သူမရဲ့ပရော်ဖက်ရှင်နယ်အလေ့အကျင့်မှ ဥပမာတွေကို ထည့်သွင်းခဲ့ပါတယ်။

၁။ သူတို့ရဲ့အနာဂတ်နှင့်ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချဖို့ ကလေးကို အတင်းအကျပ်ခိုင်းခြင်း

- Advertisement -

လူတစ်ယောက်ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး အလုပ်တသတ်မတ်တည်း ရှိသင့်တယ်ဆိုတဲ့ အယူအဆဟာ ယနေ့ခေတ်မှာ ကျရှုံးနိုင်ဖွယ်ရှိပါတယ်။

မက်စ်ဟာ ငယ်စဉ်ကလေးဘဝကတည်းက ကွန်ပျူတာတွေကို လေ့လာခြင်းနှင့် ကွန်ပျူတာ ပရိုဂရမ်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို လေ့လာရတာ နှစ်သက်ပါတယ်။ သို့သော် သူ့ရဲ့ မိဘတွေက သူ့ဝါသနာဟာ အန္တရာယ်ရှိတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ တစ်ချိန်တုန်းက သူဟာဆော့ဖ်ဝဲစစ်ဆေးခြင်းဆိုင်ရာ အွန်လိုင်းသင်တန်းများအကြောင်း လေ့လာခဲ့ပြီး ယခုသူဟာ ဒီနယ်ပယ်မှာ သူ့အလားအလာကို အောင်မြင်စွာ တိုးတတ်အောင်လုပ်နေပါတယ်။

အသက် ၃၇နှစ်အရွယ်ရှိ လော်ရာဟာ အတိုင်ပင်ခံကုမ္ပဏီကြီးတစ်ခုမှာ လူမှုဗေဒပညာရှင်တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ သို့သော် သူမဟာ ကလေးမွေးဖွားပြီးနောက် ယခင်ကလို အလုပ်ကို အချိန်အများကြီး မပေးနိုင်ခဲ့ပါဘူး။ လော်ရာဟာ ဓါတ်ပုံပညာကို နှစ်သက်လေ့ရှိပြီး သူမမီးဖွားခွင့်ကာလအတွင်းမှာ စိတ်အားထက်သန်ခဲ့ပါတယ်။ သူမဟာ သူမကလေးရဲ့ ပုံမှန်မဟုတ်သော ဓါတ်ပုံတွေကို ရိုက်ကူးခြင်းဖြင့် စတင်ခဲ့ပြီး သူမရဲ့ သူငယ်ချင်းတွေနဲ့ အသိမိတ်ဆွေတွေရဲ့ ကလေးတွေအတွက် ဓါတ်ပုံရိုက်ပေးခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးနောက် လော်ရာဟာ ကိုယ်ပိုင်ဓါတ်ပုံစတူဒီယိုကို ဖွင့်နိုင်ခဲ့ပါတယ်။ သူမဟာ ယခုခင်ပွန်းဖြစ်သူနှင့် တန်းတူဝင်ငွေရရှိပြီး သူမနှင့် သူမမိသားစုကို ဂရုစိုက်ခြင်းဖြင့် သူမဘဝရဲ့ အောင်မြင်သော ဟန်ချက်ညီမှုကို ထိန်းညှိနိုင်ခဲ့ပါတယ်။

၂။ သူတို့ရဲ့ ကလေးကို အမှားတွေ လုပ်ခွင့်မပြုခြင်း

မိဘတွေဟာ သူတို့ကိုယ်သူတို့ ပြည့်စုံအောင် ကြိုးစားလေ့ရှိသော်လည်း ကလေးတွေ ကြီးပြင်းလာတာနှင့်အမျှ မိဘတွေဆီကနေ ပိုပြီးတောင်းဆိုလာနိုင်ပါတယ်။ ကလေးရဲ့ ပန်းချီကားတွေဟာ အမြဲတမ်းအလုံအလောက် မကောင်းနိုင်ပါဘူး။ သူတို့ရဲ့အိပ်ရာကို ပြည့်စုံစွာ မခင်းတတ်ကြပါဘူး။ ဒါမှမဟုတ် သူတို့ဟာ အရမ်းခက်ခဲတာကို မလေ့လာကြပါဘူး။ ကလေးတွေဟာ အဆက်မပြတ် ဝေဖန်ခံရသလို ဆူပူကြိမ်းမောင်းခံရပါတယ်။ သို့သော် သူတို့အမှားတွေကို ပြုပြင်ဖို့ အခွင့်အရေးမရှိပါဘူး။ ပြည့်စုံသော မိဘတွေရဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ ပြီးပြည်စုံသူများ အဖြစ်ကြီးပြင်းလာကြတာ (သို့) ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနည်းပါးပြီး ယုံကြည်မှု ကင်းမဲ့သူများအဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒီရလဒ်နှစ်ခုလုံးဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ဆိုးပါတယ်။

“နင်အရမ်းရှုပ်ပွနေတာပဲ! မေရီကို ကြည့်လိုက်, သူမက အမြဲတမ်းသန့်ရှင်းတယ်”လို့ အမေက အန်နာကို ပြောလေ့ရှိပါတယ်။ မေရီလိုဖြစ်လာဖို့ အန်နာရဲ့ ကြိုးပမ်းမှုအားလုံးက မအောင်မြင်ခဲ့ပါဘူး။ သူ့အမေက သူမကိုတောင် ပိုပြီး ဝေဖန်လာပါတယ်။ သို့သော် အန်နာရဲ့ အမေက သူမရဲ့အပြုအမှုကို ပြောင်းလဲဖို့နှင့် ရိုးရှင်းသော အိမ်မှုကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမည်ဆိုတာကို လေ့လာဖို့ အခွင့်အရေးတစ်ခါမျှ မပေးခဲ့ပါဘူး။ ယခုအန်နာဟာ အသက် ၂၅နှစ်ရှိပြီး သူဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်ခံနေရဆဲဖြစ်ပါတယ်။ သူမက ဒီနှိုင်းယှဉ်မှုမှာ ဘယ်တော့မှ အနိုင်မရဘူးဆိုတာ ပြောစရာတောင် မလိုပါဘူး။

၃။ ပိုက်ဆံစုဆောင်းဖို့ ကလေးကို သင်ပေးခြင်း

ကမ္ဘာကြီးဟာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး အတိတ်တုန်းက ငွေစုဆောင်းဖို့ ၊ဝင်ငွေရဖို့ နည်းလမ်းက ယနေ့မှာ အလုပ်မလုပ်တော့ပါဘူး။ အနာဂတ်စီးပွားရေး အခြေအနေသစ်မှာ ကျွန်တော်တို့ ဆက်လက်ရှင်သန်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုကို ဘယ်သူမှ မသိပါကြပါဘူး။ ထို့ကြောင့် ငွေစုဆောင်းခြင်းထက် ကလေးတွေကို ပြောင်းလွယ် ပြင်လွယ်ဖြစ်အောင် သင်ပေးဖို့ အရေးကြီးပါတယ်။

ဂျက်စီကာရဲ့ အဘိုးဟာ သူ့ဘဝတစ်လျှောက်လုံး ငွေစုဆောင်းနေခဲ့ပါတယ်။ သို့သော် အမှုဖြစ်လာတဲ့အခါ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် တန်ဖိုးကျဆင်းခဲ့ပါတယ်။ သူမကြီးပြင်းလာစဉ် ဒီအခြေအနေဟာ ဂျက်စီကာရဲ့ ရှေ့မှောက်မှာ ဖြစ်ပျက်ခဲ့ပြီး ယခုအခါ သူမစီးပွားရေးဟာ ဘယ်အချိန်မှာမဆို ပြိုလဲလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သူမအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုမှာ သူမရဲ့ ကိုယ်ပိုင်စွမ်းရည်နှင့် ဗဟုသုတအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

၄။ ကလေးကို သူတို့ရဲ့ ခံစားချက်တွေ ထုတ်ဖော်ပြောဆိုခွင့်မပြုခြင်း

တစ်ခါတစ်ရံ လူကြီးတွေဟာ ကလေးငယ်တွေအား သူတို့ရဲ့ခံစားချက်တွေမှာ မှားတယ်လို့ ဖျောင်းဖျဖို့ ကြိုးစားကြပါတယ်။ သူတို့ကလေးတွေကို စေတနာကောင်းပြီး စနစ်တကျ ကြီးပြင်းလာစေချင်ကြတာကြောင့် သူတို့ကလေးရဲ့ တကယ့်ခံစားချက်တွေကို “လက်သင့်ခံနိုင်တာ”နှင့် အစားထိုးဖို့ ကြိုးစားကြပါတယ်။ သို့သော်ကျွန်တော်တို့ဟာ “ခေတ်သစ်”လူတွေရဲ့ အဓိကစွမ်းရည်တွေထဲက တစ်ခုမှာ သူတို့ရဲ့ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ လိုအပ်ချက်တွေကို အသိအမှတ်ပြုပြီး စီမံခန့်ခွဲနိုင်စွမ်းဖြစ်တယ်ဆိုတာကို နားလည်သင့်ပါတယ်။

Blondy daughter feeling bored, mother talking by phone and looking at laptop, kitchen interior, copy space

ကိတ်ဟာ ၃၇နှစ်ရှိပြီဖြစ်သော်လည်း သူမရဲ့အမေက တစ်ချို့မိန်းကလေးတွေကို သူမရဲ့ အရုပ်မလှလှလေးတွေ ပေးပစ်ခိုင်းတာကို သူမမှတ်မိနေဆဲပါ။ သူမကို အရုပ်တွေအများကြီးနဲ့ လောဘအရမ်းမကြီးသင့်ဘူး။ အသုံးမကျတဲ့ အရုပ်တွေကြောင့် သင်တမ်းတမ်းစွဲ မဖြစ်သင့်ဘူးလို့ သူမက ဆိုပါတယ်။ ကိတ်ဟာ သူမရဲ့အရုပ်တွေကို ပြန်မရခဲ့ပါဘူး။ သူမဟာ သူဌေးနှင့် လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် မာနထောင်လွှားသူတွေကို “နိုး”လို့ပြောဖို့ အချိန်များစွာ သင်ယူခဲ့ပါတဘ်။ သူမတစ်ခုခုလုပ်ဖို့ ငြင်းဆန်တဲ့အခါတိုင်း အပြစ်ရှိသလို ခံစားခဲ့ရပါတယ်။

၅။ သူစိမ်းတွေရှေ့မှာ ကိုယ့်ကလေးဘက်က ရပ်တည်မပေးခြင်း

ပဋိပက္ခတိုင်းမှာ ဘယ်လိုပင်ဖြစ်စေ မိဘတွေက မျှမျှတတရှိပေးပြီး ဆရာ၊ ကျောင်းအုပ် (သို့) အိမ်နီးချင်းတစ်ယောက်ရဲ့ စကားကို အပြည့်အဝယုံကြည်မှာ မဟုတ်ကြောင်း ကလေးတိုင်းသိထားဖို့ လိုပါတယ်။ မိဘတွေက ကိုယ့်ကလေးတွေကို အာဏာရှိသော လူတွေရဲ့ ရှေ့မှာ ရပ်တည်ပေးတဲ့အခါ ကလေးတစ်ယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေအတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ရင် ၎င်းတို့ဟာ ကျန်းမာသန်စွမ်းသော ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားမှုကို တည်ဆောက်ဖို့ နှင့် သူတို့ရဲ့ဘဝအတွက် တာဝန်ယူမှုကို တိုးပွားစေပါတယ်။

မဂ္ဂီကို “တခြားလူတွေ ဘယ်လိုထင်ကြမလဲ”ဆိုတဲ့ စကားတစ်ခွန်းကိုလက်ကိုင်ထားသူ အဖွားက ပျိုးထောင်ပေးခဲ့တယ်။ မဂ္ဂီဟာ သူမကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ သင်ယူခြင်းမရှိသေးသော်လည်း သူမအချိုပွဲတစ်ခုခုကို ရွေးချယ်တဲ့အချိန်မှာတောင် သူမရဲ့ သူငယ်ချင်းတွေဆီကနေ သူတို့ရဲ့ ထင်မြင်ချက်ကို တောင်းခံလေ့ရှိပါတယ်။

၆။ အောင်မြင်သောလူတွေကို ဥပမာတစ်ခုအဖြစ် အသုံးပြုခြင်း

မျိုးဆက်တိုင်းမှာ လူငယ်တွေ အတုယူဖို့ ကြိုးစားတဲ့ သူရဲကောင်းများရှိပါတယ်။ မကြာသေးမီ ဆယ်စုနှစ်တွေ အတွင်းမှာ ချမ်းသာကြွယ်ဝသော သြဇာရှိသောသူတွေရဲ့ အောင်မြင်မှုပုံပြင်တွေဟာ အရမ်းပျံ့နှံ့သွားပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့ဘဝလမ်းကြောင်းကို လေ့လာပြီး ပျော်ရွှင်လာအောင် လုပ်နိုင်တယ်လို့ ထင်ရပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် အလုပ်မဖြစ်ပါဘူး။ ဒီလိုမှမဟုတ်ရင် သူတို့ရဲ့ စာအုပ်တွေကို ဖတ်တဲ့လူတိုင်းဟာ ငွေရေးကြေးရေးပြဿနာအားလုံးကို ဖြေရှင်းပြီးလောက်ပါပြီ။

အဲလက်စ်ဟာ ကလေးဘဝကတည်းက ကွန်ပျူတာတွေကို ချစ်မြတ်နိုးခဲ့ပါတယ်။ တစ်ချိန်က သူ့အဖေဟာ စတိဂျော့ချ်ရဲ့ ဇာတ်လမ်းကို ဖတ်ပြခဲ့ပြီးတဲ့နောက် ကွန်ပျူတာဉာဏ်ကြီးရှင်ဒီလူငယ်လေးဟာ သူရှာတွေ့နိုင်သော Apple နှင့်ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို စတင်စုဆောင်းခဲ့ပါတယ်။ တက္ကသိုလ်တစ်ခုကို ရွေးချယ်ဖို့ အချိန်ရောက်လာတဲ့အခါ အဲလက်စ်ဟာ အဆင့်မြင့် ပညာရေးမလိုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ စတိဗ်ဂျော့စ်ဟာ ပညာရေးမပါဘဲ အောင်မြင်သူဖြစ်လာတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ရာထူးတိုးဖို့ပဲဖြစ်ဖြစ် ကောလိပ်ကို သွားတတ်ရတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ “စတိဗ်ဂျော့ဘ်အတွက် ကောင်းတဲ့အရာက သာမန်ကောင်လေးတစ်ယောက်အတွက်တော့ အချိန်ဖြုန်းတီးခြင်းပဲ”လို့ အဲလက်စ်က ရယ်စရာလုပ်ပြောခဲ့ပါတယ်။

၇။ လူကြီးဘဝရဲ့ ရုန်းကန်ရမှုတွေကို ပြသခြင်း

ကလေးတွေအနေနဲ့ လူ့ဘဝကြီးမှာ ရုန်းကန်နေရတဲ့ မိဘတွေကို တစ်ခါတရံ ဝမ်းနည်းစွာ တွေ့မြင်ရတာက အမှားမဟုတ်ပါဘူး။ သို့သော် ၎င်းက တစ်ချိန်လုံး ဖြစ်ပျက်နေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒီအခြေအနေမျိုးမှာ မိသားစုအတွင်း အခန်းကဏ္ဍတွေ ပြောင်းလဲသွားပြီး ကလေးက မိဘတွေအတွက် ကျောက်တုံးဖြစ်လာဖို့ ကြိုးစားကြပါတယ်။ သို့မဟုတ်ပါက လူကြီးဘဝက ဘယ်လိုဆိုးရွားကြောင်း သူတို့မြင်တာကြောင့် ကြီးပြင်းလာရမှာကို ကြောက်ရွံ့လာနိုင်ပါတယ်။ ဒါပေမယ့် ပညာရှင်ဆန်ဆန် တစ်ခုခုရရှိဖို့ဆိုရင် ရင့်ကျက်တဲ့ ချဉ်းကပ်မှုနဲ့ ယုံကြည်မှု လိုအပ်ပါတယ်။

စာရာရဲ့ မိဘတွေဟာ အများကြီး စောဒကတတ်ခဲ့ပါကြပါတယ်။ သူမဘဝဟာ ခက်ခဲပါတယ်။ သူတို့ရဲ့ မိသားစုဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကံမကောင်းကြောင်းနှင့် သူမမိခင် တစ်ချိန်လုံးညည်းညူခဲ့တာကို နားထောင်ခဲ့ရပါတယ်။ အသက် ၁၇နှစ်အရွယ် စာရာဟာ သူမကောလိပ်တတ်ပြီး အခြားမြို့တစ်မြို့သို့ ပြောင်းရွေ့ခဲ့ပါတယ်။ သို့သော် သူဟာ ပိုမိုအောင်မြင်သော လူတွေနဲ့ ဝေးဝေးရှောင်ဖို့ ကြိုးစားအားထုတ်ခဲ့ရပါတယ်။

၈။ ကလေးအားပဋိပက္ခဖြစ်ခွင့်မပြုခြင်း

လူတွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ စွမ်းရည်ဟာ တစ်စုံတစ်ယောက် ရရှိနိုင်သော အရေးအကြီးဆုံး ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ သို့သော် ကလေးတစ်ယောက်အား မိတ်ဆွေဖြစ်ရုံသာမက ကျန်းမာသောနည်းဖြင့် အငြင်းအခုံပြုဖို့ သင်ကြားရန် မရှိမဖြစ်လိုအပ်ပါတယ်။ လူအများ ထင်မြင်ယူဆချက်က မတူညီကြသော်လည်း သူတို့ရဲ့ စိတ်ခံစားမှုကို ဖော်ပြဖို့ နည်းလမ်းများစွာ ရှိပါတယ်။ ကျွန်တော်တို့ ဒါကိုစောစော နားလည်လေ စီးပွားရေးဆက်ဆံမှုတွေ အပါအဝင် လူတွေနဲ့ ပြောဆိုဆက်ဆံမှု ပိုလွယ်လေဖြစ်ပါတယ်။

မစ်ချယ်လာဟာ ဘဝတစ်လျှောက်လုံး ပဋိပက္ခတွေကို ရှောင်ရှားဖို့ ကြိုးစားနေခဲ့ပါတယ်။ အငြင်းပွားမှုတွေမှာ ပါဝင်ခြင်းထက် လူတစ်ယောက်ကို သဘာတူပေးဖို့ ပိုလွယ်ပါတယ်။ သူမဟာ ငယ်စဉ်ကလေးဘဝကတည်းက “စမတ်ကျသူဖြစ်ရမယ်”လို့ သိခဲ့သော်လည်း ဒီချဉ်းကပ်မှုက သူကိုကောင်းကျိုးထက် ပိုပြီး ဆိုးကျိုးဖြစ်စေပါတယ်။ တစ်ချိန်က မစ်ချယ်လာဟာ တတ်ကြွသော နားထောင်ခြင်းအကြောင်း ဖတ်ပြီး သူမရဲ့ အသက်မွေးဝမ်းကျောင်းမှာ ဒီချဉ်းကပ်မှုကို ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ အခြားသူတွေရဲ့ ပြောဆိုချက်ကို ဂရုစိုက်ကြောင်း ပြသခဲ့ပါတယ်။ သို့သော် တစ်စုံတစ်ယောက်က သူမကို သူတို့အကျိုးအတွက် အသုံးပြုဖို့ ကြိုးစားတဲ့အခါ တစ်ချိန်တည်းမျာပဲ သူမရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့ပါတယ်။ လူတွေဟာ အစမှာ ဒီဆက်သွယ်ရေးနည်းလမ်းက ထူးဆန်းတာကို တွေ့ရှိခဲ့ရသော်လည်း နောက်ပိုင််းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပဋိပက္ခတွေဟာ ပိုမိုအကျိုးဖြစ်ထွန်းပြီး အပြန်အလှန်အကျိုးရှိသော ဖြေရှင်းနည်းများကို စတင်ဦးတည်လာခဲ့ပါတယ်။

၉။ ကျောင်းအပြင်ဘက်မှာ မသင်ယူခြင်း

ကျောင်းမှာ လေ့လာခြင်းနှင့် အသစ်သောအရာတစ်ခုကို သင်ယူခြင်းကို ခွဲခြားဖို့ အရေးကြီးပါတယ်။ ပြတိုက်တွေ၊ ပြဇာတ်ရုံတွေနဲ့ အနုပညာပြခန်းတွေသို့ အလည်အပတ်ခရီးစဉ်မှာ မိသားစုသင်ခန်းစာများနှင့် ဖတ်စာအုပ်တွေက ပျင်းစရာကောင်းပုံရပါတယ်။

ဒီဆောင်းပါးရဲ့ စာရေးသူဟာ သူမရဲ့အဘိုးက သူမကို ပထမဆုံးအကြိမ် ဒေသခံသမိုင်းပြတိုက်သို့ ဘယ်လိုခေါ်ဆောင်သွားသလဲဆိုတာကို အမြဲမှတ်မိနေပါလိမ့်မယ်။ ထိုအချိန်မှစပြီး သူမဟာ သမိုင်းဝင်တွေကို စိတ််ဝင်စားသူ ပရိတ်သတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မှတ်တမ်းရုပ်ရှင်များကို ကြည့်ရှုခြင်း၊ ခရီးသွားခြင်းကို နှစ်သက်လာပါတယ်။ ပျင်းစရာလည်း မရှိခဲ့ပါဘူး။ အပိုဆုအဖြစ် ဒီအသိပညာအားလုံးဟာ သူမရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ သူမကို မကြာခဏ ကူညီပေးပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here