
သေခြင်းအကြောင်း ကလေးတစ်ဦးနှင့် စကားပြောခြင်းက အရွယ်ရောက်ပြီးသူလုပ်နိုင်သော အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်ရဲ့ ကလေးဖြစ်မယ်ဆိုရင် ပိုခက်ခဲနိုင်ပေမယ့် ဘယ်လိုစကားပြောရမယ်ဆိုတာ သိမယ်ဆိုရင် အနည်းငယ်ပိုလွယ်ကူနိုင်ပါတယ်။ ဝမ်းနည်းပူဆွေးနေသော ကလေးတွေကို ကူညီဖို့ မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံပြချက်တစ်ချို့ကို မျှဝေပေးထားပါတယ်။
သေခြင်းတရားကို ရင်ဆိုင်ဖို့ ဘယ်တော့မှ မလွယ်ကူပါဘူး။ အရွယ်ရောက်ပြီးသူတွေမှာတောင် ဒီအရာတွေကို ရင်ဆိုင်ဖို့ မလွယ်ကူသလို ကလေးတွေကတော့ ကျော်ဖြတ်ဖို့ ပိုခက်ခဲပါလိမ့်မယ်။ ဘဝရဲ့ မလွဲမရှောင်သာကိစ္စရပ်ဖြစ်ပေမယ့် နာကျင်စေတဲ့အကြောင်းအရာဖြစ်တာကြောင့် ကျွန်မတို့အများစုက အစမဖော်ကြပါဘူး။
၁။ အဖြစ်အပျက်ကို အမှန်အတိုင်း ချက်ချင်းပြောပြပါ

အမှန်တရားက သင့်ရဲ့ မျက်ရည်တွေနဲ့ နာကျင်မှုတွေအတွက် ရှင်းပြပေးပါတယ်။ ပွင့်လင်းပြီး စိတ်ခံစားမှုတစ်ခုရှိခြင်းက ကလေးငယ်ကို ဘယ်လိုညည်းတွားရမယ်ဆိုတာ ကူညီပေးပါလိမ့်မယ်။
၂။ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအမျိုးမျိုးအတွက် ပြင်ဆင်ထားပါ
ဒီအကြောင်းအရာဟာ ကလေးငယ်အတွက် စိတ်ပိုင်းဆိုင်ရာအခြေအနေအမျိုးမျိုးနဲ့ တုံ့ပြန်လာနိုင်တာကို သတိရပါ။ သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို လက်ခံပါ။ သင့်ကလေးရဲ့ ကနဦးစိတ်ဒဏ်ရာကို စီမံဆောင်ရွက်ဖို့ အချိန်ယူပြီး အကြောင်းအရာတွေကို ပြန်လည်ရှင်းပြပါ။
၃။ သေခြင်းတရား (သို့) သေဆုံးခြင်းဆိုတဲ့ စကားလုံးကို သေချာစွာ အသုံးပြုပါ

လူများစွာက သေခြင်းကို စိတ်မသက်မသာဖြစ်စေသည်ဟု မှတ်ယူကြပြီး ခရီးထွက်သွားခြင်း၊ ကွယ်လွန်သွားခြင်း၊ အိပ်ပျော်ခြင်းစတဲ့ စကားစုတွေကို သုံးကြပါတယ်။ သို့ပေမယ့် သုတေသနပြုချက်တွေအရ သေခြင်းတရားကို ဖော်ပြဖို့အတွက် လက်တွေ့ကျသော စကားလုံးတွေကို အသုံးပြုခြင်းက ဝမ်းနည်းပူဆွေးခြင်းဖြစ်စဉ်ကို အထောက်အကူဖြစ်စေတယ်လို့ ဖော်ပြကြပါတယ်။
၄။ အချက်အလက်တွေ ပေးပါ
တစ်ကြိမ်လျှင် အချက်အလက်အနည်းငယ်ဖြင့် ကလေးငယ်ကိုင်တွယ်နိုင်သည်အထိ ပြောပြပါ။ သင့်ကလေးမေးသော မေးခွန်းတွေပေါ် အခြေခံပြီး ဘာလုပ်သင့်တယ်ဆိုတာ ဆက်စဉ်းစားပါ။
၅။ မေမေ မသိဘူးဆိုတဲ့ စကားလုံးကို သက်သာစွာပြောပါ
အထူးသဖြင့် ဒီလိုစိတ်ပျက်နေချိန်မျိုးမှာ အဖြေအားလုံးရဖို့ဆိုတာ ဘယ်တော့မှ လွယ်လေ့မရှိပါဘူး။ အဘိုးက ဘယ်လိုသေသွားတာလဲ ဆိုတဲ့ မေးခွန်းတွေကို သင်မသိတဲ့အခါ မသိဘူးလို့ ပြောခြင်းကလည်း အထောက်အကူတစ်ခုဖြစ်စေပါလိမ့်မယ်။
၆။ ငိုကြွေးခြင်း

အတူတူငိုကြွေးပါ။ မကြာခဏ သတိရတိုင်း ငိုကြွေးနိုင်ပါတယ်။ ဒါဟာ ကျန်းမာပြီး အနာကျက်စေမယ့်နည်းလမ်းဖြစ်ပါတယ်။
၇။ ကလေးငယ်ကို ဓလေ့ထုံးတမ်းတွေမှာ ပါဝင်စေပါ
ကလေးများကို သင်ချစ်ရသူအတွက် အဝတ်အစား၊ အမှတ်တရ ဓာတ်ပုံများ၊ သီချင်းတစ်ပုဒ် (သို့) ဝိညာရေးရာစာဖတ်ခြင်းအတွက် ကလေးငယ်တွေကို ရွေးချယ်ခွင့်ပြုပါ။ သို့မှသာ စိတ်ထိခိုက်စရာ ဆုံးရှုံးမှုကို ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။
၈။ သင့်ကလေးကို သူ့နည်းသူ့ဟန်ဖြင့် ဝမ်းနည်းပါစေ
သေခြင်းအတွက် ကလေးကို နှုတ်ဆိတ်နေခွင့်ပြုပါ။ ကလေးတစ်ယောက်အနေနဲ့ ဒီလိုအချိန်မျိုးမှ အထီးကျန်ပြီးရင်း အထီးကျန်နေတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ကလေးငယ်များ ဆုံးရှုံးခြင်းအတွက် သက်ရောက်မှုမရှိတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းနည်းဖို့ နည်းလမ်းမှန်တယ်ဆိုတာ မရှိပါဘူး။
၉။ အသုဘအိမ် (သို့) ဝတ်ပြုရာအိမ်မှာ တွေ့ရမယ့်အရာတွေအတွက် သင့်ကလေးအတွက် ပြင်ဆင်ပါ
သူတို့မြင်ရမယ့်အရာတွေ၊ ဘယ်သူတွေရှိမယ်၊ လူတွေက ဘယ်လိုခံစားနေကြမယ်၊ ဘာတွေလုပ်နေကြမယ်ဆိုတာ ကလေးတွေကို ပြောပြပါ။ ကလေးတွေအတွက် ပတ်ဝန်းကျင်က ဘယ်လိုဖြစ်မယ်ဆိုတာ အတိအကျဖော်ပြနိုင်လျှင် ပိုကောင်းပါတယ်။
၁၀။ သင့်ကိုယ်သင် ဂရုစိုက်ဖို့ သတိရပါ

မိဘတစ်ဦးအနေနဲ့ ကျွန်မတို့က တစ်ခါတလေမှာ ဒီလိုကာလမျိုးတွေဆိုရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ကလေးတွေက သူတို့မြင်တဲ့အရာကနေ သင်ယူကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပြုစုစောင့်ရှောက်ဖို့ စံပြအဖြစ်နေပါ။
မလုပ်ရမယ့်အရာများ
- သင့်ရဲ့ ဝမ်းနည်းမှုကို သင့်ကလေးရှေ့မှာ ဖုံးကွယ်မထားပါနဲ့
- သင်ချစ်ရသူနဲ့ အမှတ်တရတွေကို မျှဝေဖို့ မကြောက်ပါနဲ့
- ကူကယ်ရာမဲ့ပြီး စိတ်မသက်မသာခံစားရခြင်း (သို့) ဘာပြောရမှန်းမသိတာကြောင့် သင့်ကလေးနဲ့ အဆက်ဖြတ်တာမျိုး မလုပ်ပါနဲ့။
- သင့်အခန်းထဲကို ကလေးလာတဲ့အခါ ပစ္စည်းတွေကို ပြောင်းလဲမပစ်ပါနဲ့
- သေခြင်းတရားက ရယ်မောခြင်းကို တားမြစ်ထားတယ်လို့ မတွေးပါနဲ့
Chit_May_May
Nyein_Thu
ref-themindjournal