သံပရာရည်သောက်တတ်တဲ့ချစ်မေမေတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ

0
651
- Advertisement -

နေ့တဓူဝအိမ်အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ ချစ်မေမေတို့အနေနဲ့ သံပရာရည်လေးတစ်ခွက်လောက်ကိုတော့ တောင့်တမိမှာ အသေအချာပါပဲ။ သံပရာရည်က ရှိသမျှဖျော်ရည်ထဲမှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး လူကြိုက်အများဆုံးဖျော်ရည်တစ်မျိုးလို့ဆိုနိုင်ပေမယ့် သံပရာရည်ကို အာဟာရဓာတ်ပြည့်ပြည့်ဝဝနဲ့ ဘေးကင်းကင်းသောက်သုံးနိုင်ဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ချစ်မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။

၁။ သံပရာရည်သောက်သုံးရမယ့်အချိန်။

သံပရာရည်သောက်သုံးရမယ့် အသင့်တော်ဆုံးအချိန်က မနက်စောစောအိပ်ရာနိုးတဲ့အချိန်နဲ့ အစာစားပြီးမိနစ် (၃၀) နောက်ပိုင်းအချိန်ဖြစ်ပါတယ်။ အသင့်ဖျော်အမှုန့်တွေကို လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပရာသီးနဲ့ ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။

၂။ ရေအေးနဲ့ဖျော်မလား၊ ရေနွေးနဲ့ဖျော်မလား။

သံပရာရည်ဖျော်တဲ့နေရာမှာ ရေနွေးအသုံးပြုတာကို ရှောင်ရှားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗီတာမင်စီလို အာဟာရဓာတ်တွေက အပူနဲ့ထိတွေ့တဲ့နေရာမှာ ပျက်စီးသွားနိုင်တာကြောင့်ပါ။ အဲ့ဒါကြောင့် သံပရာရည်ဖျော်တဲ့နေရာမှာ ရေအေးကိုသာ အသုံးပြုသင့်ပါတယ်။

၃။ သံပရာသီးသိမ်းဆည်းတဲ့နေရာမှာ ပြုလုပ်မိတဲ့အမှားများ။

အများစုလုပ်တတ်တာက သံပရာသီးကို တစ်ဝက်ဖြစ်ဖြစ်၊ တစ်ခြမ်းဖြစ်ဖြစ် လှီးပြီး လိုအပ်တဲ့အပိုင်းကို အသုံးပြုပြီးတဲ့နောက် ကျန်တဲ့အပိုင်းကို ရေခဲသေတ္တာထဲမှာ ဒီအတိုင်းသိမ်းထားတတ်ပါတယ်။ ဒါပေမယ့် ဒါကမလုပ်သင့်တဲ့အပြုအမူဖြစ်ပြီး ဒီလိုလုပ်ထားခြင်းအားဖြင့် လက်ကျန်သံပရာသီးအစိတ်အပိုင်းမှာ အန္တရာယ်ရှိတဲ့ပိုးမွှားတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါ့အပြင် ပြင်ပလေနဲ့အလင်းရောင်ကို တိုက်ရိုက်ထိတွေ့နေတာကြောင့် သံပရာသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေလျော့ပါးသွားနိုင်ပါတယ်။

၄။ သံပရာရည်ကို ဘယ်လိုမျိုးပြင်ဆင်နိုင်ဦးမလဲ။

သံပရာရည်ထဲမှာ သံပရာခွံပါးပါး၊ သခွားသီးခွံပါးပါးနဲ့ ပူစီနံအရွက်အနည်းငယ်ကို ထည့်သွင်းဖျော်စပ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်မယ်ဆိုရင်တော့ သံပရာခွံ၊ သခွားသီးခွံနဲ့ပူစီနံအရွက်တို့ကို သန့်ရှင်းအောင် ဆေးကြောထားသင့်ပါတယ်။

၅။ သံပရာရည်ဖျော်ပြီးရင် အမြန်ဆုံးသောက်သုံးသင့်သလား။

သံပရာရည်ကို ဖျော်ပြီးသွားပြီဆိုရင် တတ်နိုင်သလောက် အမြန်ဆုံး သောက်သုံးသင့်ပါတယ်။ တစ်ခါတလေကျ ချက်ချင်းမသောက်ဖြစ်ရင်လည်း လုံခြုံတဲ့ဘူးတစ်ဘူးထဲကို ထည့်၊ အဖုံးသေချာပိတ်ပြီး ရေခဲသေတ္တာမှာ သိမ်းဆည်းထားပါ။ ဒါပေမယ့် သံပရာသီးကို လတ်လတ်ဆတ်ဆတ် ညှစ်ပြီး ဖျော်ထားတဲ့သံပရာရည်ကို ဘယ်တော့မှ အချိန်အကြာကြီး မသိမ်းဆည်းထားသင့်ပါဘူး။ ဒါ့အပြင် သံပရာရည်ကို ကြေးနီနဲ့ပြုလုပ်ထားတဲ့ပုလင်းထဲကို မထည့်ပါနဲ့။ သံပရာရည်မှာ ပါဝင်တဲ့ citric အက်ဆစ်က ကြေးနီနဲ့ ဓာတ်ပြုနိုင်ပြီး အဲ့ဒီကထွက်လာတဲ့ ဓာတ်ပေါင်းတွေက ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အော့အန်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့နည်းလမ်းတွေကတော့ နို့တိုက်မိခင်တွေအတွက်တင်မကဘဲ အိမ်ရှင်မတိုင်းအတွက်၊ မိသားစုတိုင်းအတွက် သံပရာရည်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေပဲဖြစ်တာကြောင့် ချစ်မေမေတို့အားလုံးလည်း သံပရာရည်ဖျော်တော့မယ်၊ သောက်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

#HM

#ChitMayMay

Source: momjuction

LEAVE A REPLY

Please enter your comment!
Please enter your name here