Home Lotaya သံယောဇဉ်နဲ့ ပြုစုပျိုးထောင်ခြင်းဆိုတာ ဘာကို ဆိုလိုသလဲ

သံယောဇဉ်နဲ့ ပြုစုပျိုးထောင်ခြင်းဆိုတာ ဘာကို ဆိုလိုသလဲ

0
သံယောဇဉ်နဲ့ ပြုစုပျိုးထောင်ခြင်းဆိုတာ ဘာကို ဆိုလိုသလဲ

သံယောဇဉ်တွေနဲ့ မိဘအုပ်ထိန်းမှုတွေဟာ အသစ်အဆန်းတော့လည်း မဟုတ်ပါဘူး။ သံယောဇဉ်တွေနဲ့ မိဘအုပ်ထိန်းမှုဆိုတာ ကလေးကို ဗဟိုပြုမိဘအုပ်ထိန်းမှုပုံစံဖြစ်ပြီး ကလေးတွေ ပျော်ရွှင်ဖို့၊ ကျန်းမာဖို့ နှင့် စိတ်ခံစားမှုဆိုင်ရာ ဆက်သွယ်မှုတွေရှိစေဖို့ ဖြစ်ပါတယ်။ သံယောဇဉ်တွေနဲ့ မိဘအုပ်ထိန်းမှုတွေမှာ ဘယ်လိုအရာတွေကို ပါဝင်သလဲဆိုတာကို မျှဝေချင်ပါတယ်။

၁။ အတူအိပ်စက်ခြင်း

အတူအိပ်စက်ခြင်းဆိုတာ မေမေတို့ရဲ့ အိပ်ခန်းထဲမှာ ကလေးနဲ့အတူ အိပ်စက်ခြင်းကို ဆိုလိုပါတယ်။ ဒီ့ထက်ပိုပြောရမယ်ဆိုရင်တော့ မေမေတို့ရဲ့ ကလေးကြုံတွေ့ရနိုင်တဲ့ ဘယ်လိုအန္တရာယ်မျိုးကိုမဆို လုံခြုံအောင်ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ စိတ်မကကောင်းစွာနဲ့ပဲ တစ်ချို့မိဘတွေရဲ့ အအိပ်မက်မှုကြောင့် ကလေးမှာ ပိုထိခိုက်သွားတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။ နောက်တစ်ခုထပ်စဉ်းစားဖို့ လိုတာက ကလေးဟာ သိတတ်နားလည်တဲ့အရွယ်တစ်ခုရောက်လာပြီဆိုရင်တော့ ခွဲအိပ်တာကပိုအဆင်ပြေပါလိမ့်မယ်။ အရွယ်အတိုင်းအတာတစ်ခုအထိပဲ အတူအိပ်တဲ့ ပျိုးထောင်နည်းကို ကျင့်သုံးပါ။

၂။ ပွေ့ဖက်ခြင်းနှင့် နမ်းခြင်း

ကလေးလေးတစ်ယောက် ကမ္ဘာလောကကြီးကို ရောက်လာတဲ့အခါ သူတို့ဟာ ကလေးဟာ သန်မာဖို့လိုအပ်ပါတယ်။ နောက်ပြီး သင့်ဆီက အထောက်အပံ့တွေကိုလည်း အပြည့်အဝရရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ခြားလူတွေနဲ့ ချိတ်ဆက်မှု၊ ဆက်သွယ်မှုရှိဖို့ နှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတွေဟာလည်း အရေးကြီးပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေမှာ သံယောဇဉ်တွေနဲ့ မိဘအုပ်ထိန်းမှုတွေမှာ အမှန်တကယ်အရေးကြီးပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးကို ရင်ဘတ်နဲ့ ကပ်ထားပြီး ပွေ့ချီခြင်း၊ ထုပ်ပိုးပြီး ပိုးထားခြင်းနှင့် နမ်းခြင်း (ပါးပြင် (သို့) နဖူး) တွေကို ပြုလုပ်ပေးသင့်ပါတယ်။

၃။ ငိုကြွေးခြင်းကို တုံ့ပြန်ခြင်း

တစ်ချို့မိဘတွေဟာ သူတို့ရဲ့ ဘေဘီလေးကို ငိုကြွေးနေတဲ့အခါ ”သူ့ကို သွားမချီနဲ့၊ ငိုနေပါစေ၊ တစ်ချိန်လုံးငိုနေတာ အမြဲတမ်းပွေ့မထားနိုင်ဘူး၊ အဲ့ဒီ့ကလေးက အကျင့်ကို မကောင်းတာ’ စသဖြင့်ပြောကောင်းပြောပါလိမ့်မယ်။ တကယ်လို့ နို့စို့အရွယ်ကလေးငယ်လေးဟာ ငိုကြွေးနေမယ်ဆိုရင် သူတို့ကို ချက်ချင်းပြန်ပြီး တုန့်ပြန်သင့်ပါတယ်။ ဆိုလိုတာက ကလေးဟာ တစ်ခုခုအဆင်မပြေဖြစ်နိုင်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ သံယောဇဉ်တွေနဲ့ မိဘအုပ်ထိန်းမှုဟာ ကလေးငိုကြွေးခြင်းကို ဂရုစိုက်သင့်ပါတယ်။ သူတို့ရဲ့ အဓိကရည်မှန်းချက်တွေက ယုံကြည်မှုနှင့် နားလည်မှုအခြေခံဖန်တီးဖို့ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-lifehack.org

LEAVE A REPLY

Please enter your comment!
Please enter your name here