သွေးကြွနေတဲ့ ဆယ်ကျော်သက်တွေကို ထိန်းနိုင်မယ့်နည်းလမ်းများ

0
239
- Advertisement -

ဆယ်ကျော်သက်အရွယ်ဆိုတာ သူတို့ကိုသူတို့ကလွဲပြီးကျန်တဲ့သူဆို သိပ်ဂရုမစိုက်တတ်တဲ့ပုံစံမျိုးလေးတွေဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ဒီခေတ်မှာ ၈တန်းလောက်ဆိုရင်ပြီးဆေးလိပ်သောက် ကွမ်းစား ဒါမျိုးလေးတွေလုပ်တတ်နေကြပါပြီ။

တကယ်ကကလေးတစ်ယောက်ဆိုးသွမ်းသွားတာ ပျက်စီးသွားတာဟာ လက်ဦးဆရာမိနဲ့ဖနဲ့ အများကြီးဆိုင်ပါတယ်။ ကျွန်တော်တို့ ခုပြောချင်တာက ဆယ်ကျော်သက်အရွယ်တွေကို မဆိုးသွားအောင် ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့အကျင့်တွေရအောင်ထိန်းပေးနိုင်မယ့်နည်းလမ်းတွေဖြစ်ပါတယ်။ ကဲဖတ်ကြည့်လိုက်ရအောင်..

အဓိကသော့ချက်များ

- Advertisement -

ဒီအရွယ်တွေမှာ လိမ္မာအောင်ပုံသွင်းဖို့ဆိုတာ မိဘတွေဘက်က ကောင်းမွန်တဲ့ ပြောဆိုဆက်သွယ်မှုတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးတွေက အဓိကကျပါတယ်။ နောက်အကြံပြုချင်တာတွေကတော့အောက်မှာ ဆက်ဖတ်ပေးကြည့်လိုက်ပါနော်..

၁.သူတို့ဘာပြောချင်လဲဆိုတာ တက်ကြွစွာနားထောင်ပေးဖို့အချိန်ယူပါ၊ သူဘာပြောချင်လဲဆိုတာ ဂရုစိုက်ပေးပါ။

၂.မိသားစုစည်းမျဉ်းတွေချမှတ်ဖို့မိသားစုလိုက်တိုင်ပင်ပါ။ ဒီစည်းမျဉ်းတွေက အားလုံးအတွက်ကောင်းမွန်တဲ့အတွက် အချင်းချင်းလေးလေးစားစားလိုက်နာကြဖို့ပြောဆိုပါ။

၃.စည်းမျဉ်းချိုးဖောက်မှုအတွက်ဒဏ်ပေးမှုကို သင့်ကလေးနဲ့မျှမျှတတဖြစ်စေရန်ဆွေးနွေးပါ၊ ပြောြပပါ။ ဆိုလိုတာက “မင်းအချိန်မှန် အိမ်မပြန်လာရင် ကျောင်းပိတ်ရက် ဘယ်မှမသွားရဘူးဆိုတာမျိုးပေါ့”

၄.စည်းမျဉ်းကို သင့်ကလေးကချိုးဖောက်လာခဲ့ရင် သင်ဘာကြောင့်ခုလိုလုပ်နေတာလဲဆိုတာပြောပြပါ၊ဒါကသူ့ကိုစဉ်းစားခွင့်ပေးလိုက်တာမျိုးဖြစ်ပြီး သူဘာတွေလုပ်ခဲ့လဲ ဘာတွေလုပ်နေလဲဆိုတာ အကျိုးအကြောင်းမေးပါ။
နောက်တစ်ခါဆက်ချိုးဖောက်ခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ သူ့ကိုရှင်းပြပါ။

၅.သင်ကိုယ်တိုင်စံပြဖြစ်အောင်နေထိုင်ပါ၊ သင်ကသင့်ကလေးရဲ့အပြုအမူကောင်းတွေရဖို့ လမ်းညွှန်မှုတစ်ခုပဲဖြစ်ပါတယ်။ မိသားစုစည်းမျဉ်းအတိုင်း သင်ကိုယ်တိုင်နေပါ။

၆.ကလေးနဲ့တိုက်ပွဲဖြစ်သင့်လာ၊ ဒီကိစ္စမျိုးကဖြစ်နိုင်စရာလိုလို့လားဆိုတာကို ရွေးချယ်ပါ၊ သင့်ကိုသင်မေးပါ။ ဖြစ်သင့်တယ်ဆိုမိဘပါဝါသုံးပါ။ အရမ်းတင်းကြပ်ရင်လွတ်ထွက်သွားပါလိမ့်မယ်။

၇.သင့်ကလေးရဲ့စကားတွေ အကြံပြုချက်တွေကို အလေးအနက်ထားပါ။ သူတို့က သူတို့ကိုတန်ဖိုးထားခြင်း လက်ခံခြင်းနဲ့လေးစားခြင်းကို သိဖို့လိုအပ်ပါတယ်။

၈.သင့်ကလေးကို ကိုယ်တိုင်တာဝန်ယူတတ်စိတ်ကိုသင်ပေးပါ။ ဒါကမြီးကောင်ပေါက်အရွယ်အတွက် အရေးကြီးဆုံးဖြစ်ပီးရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်ဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။ ဆိုလိုတာ ဆံပင်တို့ အဝတ်တို့ကိုရွေးချယ်ခွင့် ပေးသလိုတချို့နေရာတွေမှာ တာဝန်ပေးခြင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့လွတ်လပ်ခွင့်ကိုတိုးစေနိုင်ပါတယ်။ သေးငယ်တဲ့အရာတွေအတွက်တိုက်ပွဲဖြစ်တာကိုလည်းရှောင်ရှားနိုင်ပါတယ်။

၉.သင့်ကလေးကိုချီးမွမ်းပါ သို့သော်ချီးမွမ်းသင့်တာကိုသာမွမ်းပါ

၁၀.ဆက်ဆံရေးကိုနွေးထွေးအောင်လုပ်ဖို့လိုပါတယ်။ အတူအချိန်ဖြုန်း၊ ပျော်စရာတွေလုပ် ကူညီပံပိုးပေးတာတွေလုပ်ပေးပါ။ ဖြစ်နိုင်ရင်သေးငယ်တဲ့အငြင်းပွားစရာတွေကိုကို ရှောင်ပါ။ ဆိုလိုတာက တင်းသင့်ရင်တင်း ရှော့သင့်ရင်ရှော့ဆက်ဆံရေးနဲ့သွားဖို့ပါ။

၁၁.ကတိတည်ပါ..သင့်ကလေးကသင့်ကိုအတုယူနေမှာဖြစ်ပါတယ်။ သင်လုပ်နိုင်တာကိုသာကတိပေးပါ။ သင်ကအမေပဲဆိုပီးတခုခုချိုးဖောက်လိုက်ရင် စည်းမျည်းချိုးဖောက်မှုတွေကို သူတို့ဘက်ကလည်းလုပ်နိုင်ပါတယ်။ ဒါမှမဟုတ်သူတို့ဘက်ကစဖောက်တာလည်းလုပ်နိုင်ပါတယ်။ တင်းမာမှုတွေကိုလျော့ဖို့နဲ့ သူတို့အပြုအမူတွေကောင်းလာဖို့ဆို အာဏာရှင်ဆန်တဲ့ဆက်ဆံရေးနဲ့မရပါဘူး။ သင့်တင့်မျှတတဲ့နည်းနဲ့ထိန်းကျောင်းနိုင်မှရပါမယ်နော်.ဒီလောက်ဆို မေမေတို့ မြီးကောင်ပေါက်လေးတွေကိုထိန်းဖို့အချက်တွေ တော်တော်ရသွားလောက်ပီထင်ပါတယ်နော်.

LEAVE A REPLY

Please enter your comment!
Please enter your name here