ဟားဗတ်မှ ကျွမ်းကျင်သူများအဆိုအရ ကလေးကောင်းတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် လျှို့ဝှက်ချက် (၅)ချက်

0
133
- Advertisement -

မိဘအားလုံးက ကိုယ့်ကလေးတွေကို ကိုယ့်ထက်ပိုကောင်းတဲ့သူတွေအဖြစ် ကြီးပြင်းစေလိုကြပါတယ်။ မေမေတို့လည်း အပါအဝင်ဖြစ်မှာပါနော်။ ဒါ့ကြောင့် မေမေတို့ကလေးကို ကြင်နာမှု၊ တာဝန်ယူမှုနှင့် စာနာမှုရှိစေဖို့ ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဟားဗတ်ပညာရှင်တွေဆီက အကြံဉာဏ် ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ သင်ပေးပါ

ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်ပျက်ခြင်းဟာ အရွယ်ရောက်သူတွေလိုပဲ ကလေးတွေမှာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မေမေတို့ဟာ ကလေးတွေကို ဒီမကောင်းတဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာနှင့် ပတ်သတ်ပြီး သင်ခန်းစာတွေ သင်ပေးနိုင်ပါတယ်။ ဥပမာ_ သူတို့အရုပ်မလေးကို တစ်ယောက်ယောက်က ယူကိုင်လို့ လက်တစ်ဖက်ပြုတ်သွားရင် ဒေါသထွက်မယ်၊ အော်ငိုမယ့်အစား လူကြီးတွေကို ပြန်လုပ်ခိုင်းဖို့ ပြောထားနိုင်ပါတယ်။

၂။ သူတို့လုပ်ရပ်တွေအတွက် တာဝန်ယူမှုနှင့် ပတ်သတ်ပြီး ပြောပြပါ

အဖေနဲ့ အမေဆိုတာဟာ ကလေးတွေ အတုခိုးပြီး ထပ်တူလိုက်လုပ်ဖို့ ကြိုးစားတဲ့ စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားကောင်းဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးဖို့နှင့် ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ စတဲ့အကြောင်းတွေကို ပြောပြပေးပါ။ ကိုယ့်ရဲ့ လုပ်ဆောင်မှုများအတွက် တာဝန်ယူခြင်းဆိုတာ ဘာကိုပြောတာလဲဆိုတာ ရှင်းပြပါ။
အရေးအကြီးဆုံးကတော့ မေမေတို့ဟာ ကိုယ်ပြောတဲ့ စကားနှင့်အညီ ပြုမှုဆောင်ရွက်ဖို့နှင့် ကလေးကို ကောင်းတဲ့အရာ ပြုလုပ်ရန် တိုက်တွန်းဖို့ မမေ့သင့်ပါဘူး။
ဥပမာ- မုန့်စားပြီးရင် အိတ်ခွံကို လွှင့်မပစ်ပဲ အမှိုက်ပုံးထဲ ထည့်ခိုင်းတာမျိုး၊ ကစားစရာတွေ ကစားပြီးရင် ပြန်သိမ်းခိုင်းတာမျိုးပါ။

၃။ ကလေးကို စာနာတတ်ဖို့နှင့် အားနည်းသူကို ကူညီပေးဖို့ သင်ပေးပါ

မေမေတို့ကလေးဟာ သူချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေသာမက အကူအညီလိုသူအားလုံးအတွက် သနားကရုဏာခံစားနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။ အကယ်၍ သူဟာ အတန်းထဲမှာ ကျောင်းသားအသစ်တစ်ယောက်ဖြစ်ရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားခိုင်းပါ။ စားစရာမရှိတဲ့ ကလေးတွေအတွက် သား/သမီးတို့ ဘာလုပ်ပေးနိုင်သလဲ? အိမ်မရှိတဲ့ သူတွေရော? စသဖြင့် ပိုမိုကျယ်ပြန်တဲ့ ပြဿနာတွေကိုလည်း ပြောပြပေးပါ။ မိဘတစ်ဦးဟာ ကလေးတွေကို လူမှုရေးတာဝန်ဝတ္တရားတွေ နားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ- ကျောင်းသားအသစ်တစ်ယောက်ကို ဝိုင်းပြီး အနိုင်ကျင့်မယ့်အစား ၊ သူငယ်ချင်းအဖြစ် အကူအညီပေးဖို့ ၊ စားစရာမပါရင် မျှဝေကျွေးဖို့ ပြောပြပေးပါ။

၄။ မေမေတို့ကလေးကို ကျေးဇူးတင်တတ်အောင် သင်ပေးပါ

ကိုယ့်ကလေးက တစ်စုံတစ်ရာကို ၊ တစ်ယောက်ယောက်ကို ကျေးဇူးတင်ကြောင်း ဝန်ခံဖို့ အရမ်းရှက်နေတာ မဖြစ်သင့်ပါဘူး။ သေးငယ်တဲ့အရာတွေနှင့် စတင်ပါ။ ဥပမာ- အဘွားလုပ်ပေးတဲ့ မုန့်ကိုစားတဲ့အခါတိုင်း အဘွားကိုဖက်ပြီး ကျေးဇူးတင်ဖို့ ပြောပါ။ လိုအပ်တဲ့အခါတိုင်း ကျေးဇူးတင်ကြောင်း ပြောဖို့ အမြဲတမ်း သတိပေးပါ။ သုတေသနမှာ ဖော်ပြထားချက်အရ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ မတွန့်ဆုတ်သူများဟာ အခြားသူတွေထက် ပိုပြီး ပျော်ရွှင်၊ ကျေနပ်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

၅။ အတူတူ ပိုပြီး အချိန်ဖြုန်းပေးပါ

မေမေတို့ကလေးနဲ့ မေမေတို့ရဲ့ ပြောဆိုဆက်ဆံမှုအားလုံးမှာ စည်းကမ်းနှင့် ပတ်သတ်ပြီး လျော့ပြောရင် ဘယ်ကိစ္စရပ်တွေမှာမဆို အောင်မြင်မှုတွေ မရနိုင်ပါဘူး။ ကလေးနှင့် ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကြိုးစားပါ။ သူတို့နှင့် စကားပြောပါ။ သူတို့နှင့်အတူ ကစားပါ။ အတူတူအချိန်ဖြုန်းပြီး တစ်နေရာရာကို ခရီးသွားပါ။ မေမေတို့ ဘယ်လောက်ချစ်တယ်ဆိုတာ သူတို့ကိုပြသဖို့ မမေ့ပါနဲ့။ ဒီအရာအားလုံးက သူတို့ကို ချစ်ခြင်းမေတ္တာနှင့် ရိုသေလေးစားမှုအကြောင်း နားလည်စေပြီး အခြားသူတွေကို ထိုခံစားချက်တွေ ဝေမျှနိုင်မှာ ဖြစ်ပါတယ်၊ ကြင်နာတတ်ပြီး စိတ်ရင်းမှန်သူတစ်ယောက်ဖြစ်လာစေပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source- brightside

Zawgyi

ဟားဗတ္မွ ကြၽမ္းက်င္သူမ်ားအဆိုအရ ကေလးေကာင္းတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္ (၅)ခ်က္
မိဘအားလုံးက ကိုယ့္ကေလးေတြကို ကိုယ့္ထက္ပိုေကာင္းတဲ့သူေတြအျဖစ္ ႀကီးျပင္းေစလိုၾကပါတယ္။ ေမေမတို႔လည္း အပါအဝင္ျဖစ္မွာပါေနာ္။ ဒါ့ေၾကာင့္ ေမေမတို႔ကေလးကို ၾကင္နာမႈ၊ တာဝန္ယူမႈႏွင့္ စာနာမႈရွိေစဖို႔ ဘယ္လို ျပဳစုပ်ိဳးေထာင္ရမယ္ဆိုတာနဲ႔ ပတ္သတ္ၿပီး ဟားဗတ္ပညာရွင္ေတြဆီက အႀကံဉာဏ္ ငါးခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ဖို႔ သင္ေပးပါ

ေဒါသျဖစ္ျခင္း၊ ဝမ္းနည္းျခင္းႏွင့္ စိတ္ပ်က္ျခင္းဟာ အ႐ြယ္ေရာက္သူေတြလိုပဲ ကေလးေတြမွာလည္း ရွိႏိုင္ပါတယ္။ ဒါေပမယ့္ ေမေမတို႔ဟာ ကေလးေတြကို ဒီမေကာင္းတဲ့ စိတ္ခံစားမႈေတြကို ဘယ္လိုေျဖရွင္းရမယ္ဆိုတာႏွင့္ ပတ္သတ္ၿပီး သင္ခန္းစာေတြ သင္ေပးႏိုင္ပါတယ္။ ဥပမာ_ သူတို႔အ႐ုပ္မေလးကို တစ္ေယာက္ေယာက္က ယူကိုင္လို႔ လက္တစ္ဖက္ျပဳတ္သြားရင္ ေဒါသထြက္မယ္၊ ေအာ္ငိုမယ့္အစား လူႀကီးေတြကို ျပန္လုပ္ခိုင္းဖို႔ ေျပာထားႏိုင္ပါတယ္။

၂။ သူတို႔လုပ္ရပ္ေတြအတြက္ တာဝန္ယူမႈႏွင့္ ပတ္သတ္ၿပီး ေျပာျပပါ

အေဖနဲ႔ အေမဆိုတာဟာ ကေလးေတြ အတုခိုးၿပီး ထပ္တူလိုက္လုပ္ဖို႔ ႀကိဳးစားတဲ့ စံျပပုဂၢိဳလ္ေတြ ျဖစ္ပါတယ္။ ကိုယ့္က်င့္တရားေကာင္းဖို႔၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အကူအညီေပးဖို႔ႏွင့္ ကိုယ့္ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ဖို႔ စတဲ့အေၾကာင္းေတြကို ေျပာျပေပးပါ။ ကိုယ့္ရဲ႕ လုပ္ေဆာင္မႈမ်ားအတြက္ တာဝန္ယူျခင္းဆိုတာ ဘာကိုေျပာတာလဲဆိုတာ ရွင္းျပပါ။
အေရးအႀကီးဆုံးကေတာ့ ေမေမတို႔ဟာ ကိုယ္ေျပာတဲ့ စကားႏွင့္အညီ ျပဳမႈေဆာင္႐ြက္ဖို႔ႏွင့္ ကေလးကို ေကာင္းတဲ့အရာ ျပဳလုပ္ရန္ တိုက္တြန္းဖို႔ မေမ့သင့္ပါဘူး။
ဥပမာ- မုန္႔စားၿပီးရင္ အိတ္ခြံကို လႊင့္မပစ္ပဲ အမႈိက္ပုံးထဲ ထည့္ခိုင္းတာမ်ိဳး၊ ကစားစရာေတြ ကစားၿပီးရင္ ျပန္သိမ္းခိုင္းတာမ်ိဳးပါ။

၃။ ကေလးကို စာနာတတ္ဖို႔ႏွင့္ အားနည္းသူကို ကူညီေပးဖို႔ သင္ေပးပါ

ေမေမတို႔ကေလးဟာ သူခ်စ္ရတဲ့သူေတြ၊ သူငယ္ခ်င္းေတြသာမက အကူအညီလိုသူအားလုံးအတြက္ သနားက႐ုဏာခံစားႏိုင္စြမ္းရွိဖို႔ အေရးႀကီးပါတယ္။ အကယ္၍ သူဟာ အတန္းထဲမွာ ေက်ာင္းသားအသစ္တစ္ေယာက္ျဖစ္ရင္ ဘယ္လိုခံစားရမလဲဆိုတာ စဥ္းစားခိုင္းပါ။ စားစရာမရွိတဲ့ ကေလးေတြအတြက္ သား/သမီးတို႔ ဘာလုပ္ေပးႏိုင္သလဲ? အိမ္မရွိတဲ့ သူေတြေရာ? စသျဖင့္ ပိုမိုက်ယ္ျပန္တဲ့ ျပႆနာေတြကိုလည္း ေျပာျပေပးပါ။ မိဘတစ္ဦးဟာ ကေလးေတြကို လူမႈေရးတာဝန္ဝတၱရားေတြ နားလည္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဥပမာ- ေက်ာင္းသားအသစ္တစ္ေယာက္ကို ဝိုင္းၿပီး အႏိုင္က်င့္မယ့္အစား ၊ သူငယ္ခ်င္းအျဖစ္ အကူအညီေပးဖို႔ ၊ စားစရာမပါရင္ မွ်ေဝေကြၽးဖို႔ ေျပာျပေပးပါ။

၄။ ေမေမတို႔ကေလးကို ေက်းဇူးတင္တတ္ေအာင္ သင္ေပးပါ

ကိုယ့္ကေလးက တစ္စုံတစ္ရာကို ၊ တစ္ေယာက္ေယာက္ကို ေက်းဇူးတင္ေၾကာင္း ဝန္ခံဖို႔ အရမ္းရွက္ေနတာ မျဖစ္သင့္ပါဘူး။ ေသးငယ္တဲ့အရာေတြႏွင့္ စတင္ပါ။ ဥပမာ- အဘြားလုပ္ေပးတဲ့ မုန္႔ကိုစားတဲ့အခါတိုင္း အဘြားကိုဖက္ၿပီး ေက်းဇူးတင္ဖို႔ ေျပာပါ။ လိုအပ္တဲ့အခါတိုင္း ေက်းဇူးတင္ေၾကာင္း ေျပာဖို႔ အၿမဲတမ္း သတိေပးပါ။ သုေတသနမွာ ေဖာ္ျပထားခ်က္အရ ေက်းဇူးတင္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုဖို႔ မတြန္႔ဆုတ္သူမ်ားဟာ အျခားသူေတြထက္ ပိုၿပီး ေပ်ာ္႐ႊင္၊ ေက်နပ္မႈရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

၅။ အတူတူ ပိုၿပီး အခ်ိန္ျဖဳန္းေပးပါ

ေမေမတို႔ကေလးနဲ႔ ေမေမတို႔ရဲ႕ ေျပာဆိုဆက္ဆံမႈအားလုံးမွာ စည္းကမ္းႏွင့္ ပတ္သတ္ၿပီး ေလ်ာ့ေျပာရင္ ဘယ္ကိစၥရပ္ေတြမွာမဆို ေအာင္ျမင္မႈေတြ မရႏိုင္ပါဘူး။ ကေလးႏွင့္ ယုံၾကည္စိတ္ခ်ရတဲ့ ဆက္ဆံေရးကို တည္ေဆာက္ဖို႔ ႀကိဳးစားပါ။ သူတို႔ႏွင့္ စကားေျပာပါ။ သူတို႔ႏွင့္အတူ ကစားပါ။ အတူတူအခ်ိန္ျဖဳန္းၿပီး တစ္ေနရာရာကို ခရီးသြားပါ။ ေမေမတို႔ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ သူတို႔ကိုျပသဖို႔ မေမ့ပါနဲ႔။ ဒီအရာအားလုံးက သူတို႔ကို ခ်စ္ျခင္းေမတၱာႏွင့္ ႐ိုေသေလးစားမႈအေၾကာင္း နားလည္ေစၿပီး အျခားသူေတြကို ထိုခံစားခ်က္ေတြ ေဝမွ်ႏိုင္မွာ ျဖစ္ပါတယ္၊ ၾကင္နာတတ္ၿပီး စိတ္ရင္းမွန္သူတစ္ေယာက္ျဖစ္လာေစပါလိမ့္မယ္။

Chit_MayMay

LM_Nandar

Source- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here