အကာအကွယ် လွန်ကဲသော မိခင်တွေအတွက် အကြံပြုချက် (၅)ချက်

0
173
- Advertisement -

မေမေတို့ရေ…မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့် အန္တရာယ်တွေကို စိုးရိမ်ပူပန်တတ်ကြတာ ထုံးစံပါပဲနော်။ ဒါပေမယ့် ဘယ်အန္တရာယ်မှ မကျရောက်အောင် ဝေးဝေးရှောင်စေလိုတဲ့ ဆန္ဒက overprotection ကိုဖြစ်ပေါ်စေပါတယ်။ အဲဒီအရာရဲ့နောက်ကွယ်မှာ ကောင်းမွန်သော ရည်ရွယ်ချက်တွေထက် ကျော်လွန်ပါက လုပ်ပိုင်ခွင့် (autonomy )ဖွံ့ဖြိုးတိုးတက်မှုအတွက် အတော်လေး အပျက်သဘောဆောင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အကာအကွယ်လွန်ကဲသော မိခင်တွေထဲမှ တစ်ယောက်လို့ ယူဆပါက အသုံးဝင်မယ့် အကြံပြုချက်အချို့ကို မျှဝေပေးပါမယ်။

အကာအကွယ်လွန်ကဲခြင်းက စွဲလမ်းမှုတစ်ခုမှာ အဆုံးသတ်နိုင်ပြီး ပြင်ပလောကနဲ့ ကလေးရဲ့ထိတွေ့မှုကို ကန့်သတ်နိုင်ပါတယ်။ ကလေးဟာ သူတို့ပတ်ဝန်းကျင်ရှိ အဖြစ်မှန်ကို အပြည့်အဝ သိခွင့်မပြုသော bubble တစ်ခုထဲမှာ ကြီးပြင်းလာရပါတယ်။ ဒါက စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းမရှိသော ခံစားချက်ဖြစ်လာစေသလို ကလေးရဲ့ self- esteem ပေါ်မှာလည်း များစွာထိခိုက်စေပါတယ်။

အကာအကွယ်လွန်ကဲတဲ့ မိခင်တွေက ဘယ်လိုပြုမှုကြသလဲ?

  • သူတို့ဟာ ကလေးတွေကို အမှီအခိုကင်းအောင် တားဆီးနေမိပြီး ဘယ်အရာမဆို သူတို့ကိုယ်တိုင် လုပ်ပေးတတ်ပါတယ်။
  • သားသမီးတွေ လုပ်မိတဲ့ အမှားမှန်သမျှကို justify လုပ်တတ်ကြပါတယ်။
  • သူတို့ရဲ့ သားသမီးတွေကို တာဝန်ယူခွင့်မပေးထားပါဘူး။
  • သူတို့ဟာ ကလေးတွေကို လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်(သို့) သဘာဝ ပတ်ဝန်းကျင်မှာကစားခွင့် မပေးကြပါဘူး။
  • သားသမီးတွေ ကြုံလာရတဲ့ ပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းခွင့်မပေးဘဲ အမြဲတမ်း ဖြေရှင်းပေးတတ်ကြပါတယ်။

အကာအကွယ်လွန်ကဲသော မိခင်တွေအတွက် အကြံပြုချက်များ

အကာအကွယ်လွန်ကဲခြင်းရဲ့ အပျက်သဘောဆောင်သော လက္ခဏာတွေကို မေမေတို့ ယခုသိလောက်ပါပြီ။ ဒါ့ကြောင့် မေမေတို့ ကလေးငယ်တွေကို အန္တရာယ်မဖြစ်စေဖို့အတွက် မေမေတို့ရဲ့ကြောက်ရွံ့မှုနဲ့ မလုံခြုံမှုတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာကို လေ့လာကြည့်ရအောင်။

၁။ ဒီအကာအကွယ်လွန်ကဲသော အပြုအမူက မေမေ (သို့) မေမေ့ကလေးအတွက် မကောင်းကြောင်းနားလည်ထားပါ

အချို့သော အပြုအမှုတွေရဲ့ အဆိုးမြင်သွင်ပြင်တွေကို သိရှိလာတဲ့အခါ ကိုယ်လုပ်တာ မမှန်ကြောင်းအသိအမှတ်ပြုဖို့နဲ့ ပြဿနာအတွက် အဖြေကို ရှာဖွေဖို့ ပိုလွယ်ကူလာပါတယ်။

၂။ သူတို့ရဲ့ self-confidence ကို တိုးတတ်စေပါ

ကလေးတွေကို အလွန်အကျွံကာကွယ်ဖို့ ဒီစိတ်အားထက်သန်မှုဟာ ကလေးတွေ လောကကြီးကို ရှာဖွေတွေ့ရှိလာတာနှင့်အမျှ မိခင်တွေ ခံစားရနိုင်တဲ့ သံသယရှိမှု၊ ကြောက်ရွံ့မှုနဲ့ မလုံခြုံမှုတို့ကနေ ပေါ်ပေါက်လာပါတယ်။ ဒါက တူညီတဲ့ပုံစံအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ မိခင်တွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့် သားသမီးတွေဆီ မလုံခြုံမှုတွေ မလွှဲပြောင်းမိစေဖို့ သင့်ကိုယ်သင် ယုံကြည်မှုရှိလာအောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

၃။ ကလေးတွေကို သူတို့ကိုယ်တိုင် လုပ်ခွင့်ပေးပါ

မိဘတွေအနေနဲ့ ကလေးတွေ လုပ်နိုင်နေပြီဖြစ်တဲ့ ဘယ်အရာမဆို မလုပ်ပေးသင့်ပါဘူး။ ဥပမာ- သူတို့ဘာသာ အင်္ကျီဝတ်နိုင်တဲ့အရွယ်မှာ သူတို့ဘာသာ ဝတ်ခွင့်ပြုပါ။ သူတို့အား လုပ်ပိုင်ခွင့်ပေးဖို့၊ သူတို့လုပ်ဆောင်ရန် အဆင်သင့်ဖြစ်စေဖို့ အရေးကြီးပါတယ်။ ယုတိဗေဒအရ သူတို့အသက်အရွယ်နဲ့ သင့်လျော်ပြီး သူတို့ကိုယ်သူတို့ မထိခိုက်နိုင်စေတဲ့ အရာတွေကိုပါ။

၄။ သူတို့ရဲ့အရည်အချင်းကို ယုံကြည်ပါ

သူတို့ရဲ့အသက်အရွယ်ပေါ် မူတည်ပြီး ကလေးတွေဟာ အချို့သောအရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ ကျွန်မတို့ဟာ သူတို့အား ယုံကြည်မှုပေးဖို့နဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ဖြည့်ဆည်းပေးပြီး သူတို့အား ကြိုးစားစေရပါမယ်။ အရာရာတိုင်းက မှားသွားနိုင်သော်လည်း သူတို့ကို အမှားလုပ်ခွင့် ပေးရမှာဖြစ်ပါတယ်။ ” မင်းအဲ့ဒါကို မလုပ်နိုင်ပါဘူး”, “ငါလုပ်ပေးမယ်” , “မင်းအရမ်းကြာတယ်၊ ငါလုပ်ရင် ပိုကောင်းမယ်” စတဲ့စကားစုတွေကို ရှောင်ပါ။

၅။ လိုအပ်တဲ့အခါမှသာ ကူညီပေးပါ

မိဘတွေက သူတို့သားသမီးတွေကို support လုပ်ပေးပြီး လိုက်ပါပေးတဲ့ လမ်းပြသူတွေသာ ဖြစ်သင့်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့အမှားတွေကနေ သင်ယူခိုင်းပြီး အမှီအခိုကင်းတဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့ ကလေးတွေအဖြစ် ပျိုးထောင်ဖို့ အရေးကြီးပါတယ်။ ဒီသင်ယူမှုက သူတို့ရဲ့ သုခချမ်းသာအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့အခါမှသာ အကူအညီပေးပါ။ သို့သော် သူတို့တောင်းဆိုမှသာဖြစ်ပါတယ်။

ဒီအကြံပြုချက်တွေက မေမေတို့အား အပြုအမှုတွေကို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရာရာတိုင်းဟာ ကြိုးစားမှု၊ လှုံ့ဆော်မှု ၊ဆန္ဒတွေနဲ့ ပြောင်းလဲနိုင်ပါတယ်။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here