အကောင်းမြင်တတ်ပြီး စိတ်ချမ်းသာစရာကောင်းသော အိမ်ဝန်းကျင်လေးကို ဖန်တီးခြင်း

0
36
- Advertisement -

သင့်ကလေးအတွက် ပျော်စရာကောင်းသော အိမ်တစ်လုံးဖန်တီးမယ်ဆိုရင် ဘေးကင်းဖို့၊ ချစ်ခြင်းမေတ္တာတွေ ပြည့်ဝဖို့၊ နားထောင်တတ်ဖို့နှင့် လေးစားမှုတွေကို ခံစားရဖို့ အရေးကြီးပါတယ်။ ပျော်ရွှင်သောကလေးတစ်ယောက်ကို ပျိုးထောင်ခြင်းက တစ်ဘဝလုံးစာအဆင်ပြေသော လူတစ်ယောက်အဖြစ်ပြောင်းလဲနေခြင်းလည်းဖြစ်ပါတယ်။

ပျော်ရွှင်သော ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ ပျော်စရာကောင်းသော ဘယ်လိုဝန်းကျင်ကို ဖန်တီးမလဲဆိုတာ မျှဝေပေးမှာဖြစ်ပါတယ်။

၁။ သင့်ရဲ့ စကားလုံးတွေကို ပညာရှိစွာ ရွေးချယ်ပါ

- Advertisement -

ကလေးရဲ့ self- image နှင့် self-esteem နှစ်ခုစလုံးက အိမ်မှာရှိနေစဉ်ဘဝနှင့် ရွယ်တူကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့ ဘဝနှစ်ခုနှင့် ဆက်စပ်နေပါတယ်။ Self-image နိမ့်ကျခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှု နည်းပါးစေတဲ့ အဓိကအကြောင်းရင်းက ကလေးရဲ့ ရှင်သန်ကြီးပြင်းရာ အသိုင်းအဝိုင်းကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် မေးပါ။ သင့်အိမ်ဟာ သူတို့ရှင်သန်ကြီးပြင်းဖို့ ကောင်းမွန်ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်ပြီလား? ဒါမှမဟုတ် အဆိုးမြင်ခြင်းတွေ၊ စိတ်ပျက်စရာ ဆဲဆိုဒေါသထွက်နေတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလား? သင့်ရဲ့ စကားသံတွေ၊ စကားလုံးတွေကို သေချာရွေးချယ်ပြောဖြစ်ရဲ့လား? ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင်ဆန်းစစ်ပါ။

၂။ ပျော်စရာကောင်းတဲ့ အိမ်မှာ အပြုသဘောဆောင်သော ချီးမွမ်းခြင်းနှင့် သင့်လျော်သော အားပေးမှုတွေ လိုအပ်ပါတယ်

မေမေတို့အနေနဲ့ ကလေးကို စက်ဘီးစီးနည်းသင်ကြားပေးနေချိန်မှာ သူတို့ကိုယ်တိုင်စမ်းသပ်ကြတဲ့အခါ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိစေဖို့ ဘယ်လိုအရာတွေက အထောက်အကူဖြစ်စေမယ်လို့ တွေးမိပါသလဲ?

နံပါတ်တစ်အခြေအနေ – မေမေတို့ဟာ ဟန်ချက်ညီညီနဲ့ သူတို့ကိုယ်သူတို့ထိန်းနေတဲ့ပုံကို မြင်ပြီး စိတ်လှုပ်ရှားပါလိမ့်မယ်။ ထောက်ခံအားပေးဖို့ ကြိတ်မနိုင် ခဲမရဖြစ်ပြီး စကားထွက်မလာတာ မျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံး အပြုသဘောဆောင်အားပေးမိတယ်ဆိုပါစို့။
နံပါတ်နှစ်အခြေအနေ – ကလေးပြုတ်ကျသွားတဲ့အခါ ကိုယ်ဂရုမစိုက်မိလို့ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ်ရော၊ ကလေးကိုပါ အပြစ်တင်မယ်ဆိုပါစို့။

ဒုတိယအခြေအနေမှာ ကလေးတွေဟာ ရှုံးနိမ့်သွားတယ်ဆိုတဲ့ ခံစားချက်များကို ရရှိစေပြီး သူတို့ကြိုးစားလုပ်နေပေမယ့် အပျက်သဘောဝေဖန်ခြင်းတွေပဲ ရလိုက်ပါတယ်။ ထပ်ပြီး ကြိုးစားရမယ့်အစား ကျရှုံးမှုနဲ့အတူ ကိုယ့်ကိုယ်ကိုယ်အရှုံးပေးလိုက်ပါတယ်။

ကလေးတွေဟာ ချီးကျူးစကားတွေ၊ အပြုသဘောဆောင်သော အားပေးစကားတွေကို လိုအပ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းကို ဝေဖန်နေမယ့်အစား သူတို့ရဲ့ အားထုတ်မှု၊ ကောင်းတဲ့လုပ်ရပ်တွေကို ချီးမွမ်းပေးမှသာ ပျော်စရာကောင်းတဲ့ မိသားစုရပ်ဝန်းလေးကို ဖန်တီးမိမှာဖြစ်ပါတယ်။

၃။ လေးနက်ပေါ့ပါးစွာ ချစ်ပြပါ

ချစ်ကြောင်း ပြောဖို့လိုအပ်သလို ပွေ့ဖက်ပေးဖို့၊ လက်ကလေးတွေနဲ့ ခြေထောက်လေးတွေကို ဆုပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ပြသတဲ့ မှန်ကန်သော ဘယ်လိုနည်းလမ်းနဲ့မဆို ပြသသင့်ပါတယ်။ နောက်ဆုံးမှာ ကလေးဟာ သူတို့ကို ထိခိုက်နစ်နာစေနိုင်သော စည်းကမ်းဖောက်ဖျက်မှုမျိုးလုပ်လာတဲ့အခါ သူတို့ကို ဘာကြောင့် မလုပ်စေချင်ရကြောင်းနဲ့အတူ သူတို့ကို ချစ်ကြောင်း တစ်ကြိမ်တည်းတွဲပါလာစေသင့်ပါတယ်။

၄။ ပျော်ရွှင်တတ်သော ကလေးတွေကို ပျိုးထောင်ဖို့ အကောင်းမြင်တတ်တဲ့စိတ်ထားကို ပျိုးထောင်ပေးခြင်း

ရုပ်ဆိုးလိုက်တာ၊ အို…ထိုင်းလိုက်တာ၊ ဝလိုက်တာ၊…စတဲ့ စကားလုံးတွေဟာ သင့်အိမ်မှာ ရှိနေသင့်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဒီစကားလုံးတွေက တစ်ခြားနေရာမှာ ကြားလာနိုင်တာမှန်ပေမယ့် သင့်အိမ်မှာ နေ့စဉ်လုပ်နေတဲ့ အသုံးအနှုန်းတွေမဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ အိမ်ဆိုတာ ကလေးတွေအတွက် လုံခြုံတဲ့နေရာဖြစ်ပြီး သူတို့နှင့် တစ်ခြားလူတွေအပေါ် ကဲ့ရဲ့ဝေဖန်ခြင်းမရှိသင့်သော နေရာဖြစ်ပါတယ်။

၅။ သင်မြင်ချင်တဲ့ လှုပ်ရှားမှု၊ အပြုအမူတွေအတိုင်း သင်ကိုယ်တိုင် ပြုမူပါ

ကလေးတွေအတွက် စံပြဖြစ်ခြင်းနဲ့ပတ်သက်ပြီး ချစ်မေမေမှာ မကြာခဏရေးသားဖူးပါတယ်။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြကြောင်း သင်ယူလွယ်ကြကြောင်းလည်း သင်ကြားဖူးပါလိမ့်မယ်။ သူတို့ကိုယ်သူတို့ လေးစားမှု၊ ဂရုစိုက်မှုနှင့် ချစ်မြတ်နိုးမှု၊ အကောင်းမြင်တတ်မှုနှင့် ယုံကြည်မှုတွေဟာ မိဘတွေဆီကနေ ရောင်ပြန်ဟပ်လာတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် လုံခြုံသောဝန်းကျင်တစ်ခုဖန်တီးမယ်ဆိုရင် သင့်ရဲ့ အပြုအမူတွေဟာ သင်ကိုယ်တိုင်မြင်ချင်တဲ့ အပြုအမူတွေဖြစ်ရဲ့လားဆိုတာ သတိပြုပါ။

၆။ နေ့ရက်တိုင်းကို ပျော်စရာကောင်းတဲ့နေ့တွေဖြစ်အောင် ဖန်တီးပေးပါ

သူတို့နဲ့အတူ အရည်အသွေးပြည့်ဝသော အချိန်တွေကို ဖန်တီးပါ။ မိသားစုအတူ ညစာစားတာမျိုး ဒါမှမဟုတ် အနီးဝန်းကျင်မှာ လမ်းလျှောက်ပြီး အေးအေးဆေးဆေးစကားပြောခြင်းတွေက အင်မတန်ရိုးရှင်းသော နည်းလမ်းတွေဖြစ်ပါတယ်။ ကလေးတွေကို Quality Time တွေ ပေးပါ။

Chit_May_May

Nyein_Thu

ref-goodreads

LEAVE A REPLY

Please enter your comment!
Please enter your name here