အကောင်းမြင်တတ်သော ကလေးတွေရဲ့ မိဘတွေ ကျင့်သုံးကြသော လွယ်ကူသော ပျိုးထောင်နည်း (၅) ချက်

0
1576
- Advertisement -

ဇာတ်လမ်းတွေက ရိုးရှင်းပေမယ့် ရလဒ်တွေကတော့ အများကြီးကွာခြားပါတယ်။

ဘောလုံးအသင်းတစ်သင်းထဲက ကောင်လေးနှစ်ယောက်ဟာ တစ်ခြားလူတွေထက် ပိုထူးချွန်နေတာကြောင့် လူအုပ်ရဲ့ အသံတွေမှာ သူတို့နှစ်ယောက်ရဲ့ နာမည်တွေချည်းထပ်နေပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးဂိုးသွင်းခါနီးမှာ သူတို့ပွဲကြည့်နေတဲ့ အပြင်က လူကြီးတစ်ယောက် ကွင်းထဲ ဘောလုံးဝင်လုရင်း သူတို့ပွဲလေးကို ဖျက်ဆီးလိုက်တယ်။

ဒီအချိန်မှာ ကောင်လေးတစ်ယောက်က သူ့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဂုဏ်ယူကြောင်းပြောပြီး နည်းပြအကြံဉာဏ်နဲ့ သူကြိုးစားမယ်လို့ ခံယူခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ယောက်ကတော့ ခုံတန်းကို တရွေ့ရွေ့လျှောက်လာပြီး ရေပုလင်းကို ကန်ထုတ်ကာ ဘောလုံးမကန်တော့ဘူးလို့ ပြောခဲ့ပါတယ်။ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဘယ်လိုဖန်တီးမလဲ ?

- Advertisement -

၁။ Risk ယူခြင်းကို အားပေးပါ

သင့်ကလေးကို မိုးပေါ်က ခုန်ချခြင်းအကြောင်းတွေကို မပြောလိုပေမယ့် ထိခိုက်မှုအနည်းငယ်လောက်ရှိတဲ့ စွန့်စားမှုတွေက ယုံကြည်မှုနှင့် စာနာမှုတွေကို သင်ကြားပေးတဲ့အပြင် ၎င်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ သင့်ကလေးကို သစ်ပင်ပေါ်တက်ဖို့၊ တောင်ကုန်းပေါ်ကနေ လှိမ့်ဆင်းခွင့်ပြုပါ (သို့) တစ်ခြားကလေးတွေလို လွတ်လွတ်လပ်လပ်ကစားခွင့်ပြုပါ။

ခက်ခဲသော အခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖို့ သင်ယူခြင်းက ကလေးတွေကို အပြုသဘောဆောင်သော မိမိကိုယ်ကိုယ်ပုံရိပ်ကို တည်ဆောက်ပေးပါတယ်။

၂။ သင့်ရဲ့ ရည်မှန်းချက်တွေကို ကလေးတွေကို ပုံမချပါနဲ့

မကြာခဏဆိုသလို မိဘတွေက သူတို့ရဲ့ သားသမီးတွေကို ၎င်းတို့မရရှိခဲ့သော အခွင့်အရေးပေးပြီး သူတို့ရဲ့ ပန်းတိုင်တွေကို ကလေးတွေကို အကောင်အထည်ဖော်စေပါတယ်။ သားသမီးတွေအောင်မြင်မှုမရလာတဲ့အခါ မိဘအုပ်ထိန်းမှုအရည်အသွေးက တစ်ခုခုမှားယွင်းနေသလို ခံစားကြရပါတယ်။ ဒီလိုထပ်လောင်းဖိအားတွေက ကလေးငယ်တွေထံ ရောက်သွားနိုင်ပြီး စိတ်ပျက်မှုနှင့် အဆိုးမြင်စိတ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ သင့်ကိုယ်တိုင်က အပြုသဘောဆောင်သော မိဘဖြစ်နေပါစေ

သင့်ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေအကြောင်း သင့်ကလေးတွေကို ပြောပြပါ။ သင်လုပ်ခဲ့တဲ့ အမှားတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေကို ပြသပါ။ အပြုသဘောဆောင်ပြီး စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး သူတို့နဲ့ ဆွေးနွေးပါ။ ဒီလိုစကားဝိုင်းတွေက ကလေးတွေကို တကယ့်ကမ္ဘာ့အခြေအနေတွေကို နားလည်စေပြီး လက်တွေ့ဘဝမျှော်လင့်ချက်တွေကို ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။

၄။ အပျက်သဘောဆောင်တဲ့ ဘာသာစကားတွေကို ပယ်ရှားပါ

ကျွန်မတို့ရဲ့ ကလေးတွေနဲ့ စကားပြောဆိုပုံက ၎င်းတို့ရဲ့ အတွင်းပိုင်းအသံဖြစ်လာပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို စကားလုံးတွေနဲ့ ပုံဖော်မယ့်အစား ခံစားချက်တွေကို စာနာနားလည်ပေးဖို့ အချိန်ပေးပါ။ ပြဿနာကို ဖြေရှင်းဖို့ ၎င်းတို့ ဘာလုပ်နိုင်တယ်ဆိုတာ အဖြေရှာဖို့ ကြိုးစားစေပါ။ စာမေးပွဲကြောင့် စိတ်ညစ်နေတဲ့ ကလေးကို သားစိတ်ပျက်နေမယ်ဆိုတာ အမေနားလည်တယ်၊ ဒါပေမယ့် နောက်တစ်ကြိမ် ပိုကောင်းအောင် ပြင်ဆင်နိုင်ဖို့ ဒီလိုဖြစ်ရတယ် လို့ နားလည်ပေးပါ။

၅။ သူတို့ရဲ့ ခံစားချက်တွေကို တံဆိပ်တပ်တတ်ဖို့ သင်ပေးပါ

ဒီနည်းလမ်းက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ဘာဖြစ်နေတယ်ဆိုတာသိမှ ဘယ်လိုဖြေရှင်းမယ်ဆိုတာ အဖြေရှာနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ စိတ်ခံစားချက်အစစ်အမှန်ကို ဖော်ပြတတ်ဖို့ သူတို့ကို အားပေးပါ။ စိုးရိမ်နေချိန်မှာ ဗိုက်နာနေတယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေနဲ့ စိတ်ရှုတ်နေရတာမျိုးမဖြစ်ပါစေနဲ့။

Chit_May_May

Nyein_Thu

ref-simplyrootedfamily

LEAVE A REPLY

Please enter your comment!
Please enter your name here