ကလေးတွေဟာ မွေးဖွားတဲ့အချိန်ကနေစပြီးတော့ ငိုခြင်းကနေတဆင့် ဆက်သွယ်ကြတယ်။ ဒါကြောင့် သင့်ကလေးမငိုဘူးဆိုရင် အားလုံးအဆင်ပြေမပြေသင်သိချင်နေလိမ့်မယ်။ တစ်ခုခုကိုလိုချင်တဲ့အချိန်မှာ ဒါမှမဟုတ် နို့ဆာတဲ့အချိန်တွေတောင် မငိုဘူးဆိုရင် ဒါဟာတကယ်ခက်ခဲနိုင်ပါတယ်။ သူနေမကောင်းတာလား အဲ့လိုမဟုတ်ဘဲ အကြားအာရုံတစ်ခုခု ဒါမှမဟုတ်ဆက်သွယ်ရေးပြဿနာရှိနေလားလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ ”ငါ့ကလေးမငိုတာ ပုံမှန်ရောဟုတ်ရဲ့လား”လို့ တွေးမိပါလိမ့်မယ်။ ကလေးရဲ့ငိုသံဟာ အဓိကဆက်သွယ်ရေးကိရိယာဖြစ်ပါတယ်။
ကလေးမွေးတဲ့အချိန်မှာ ဘာလို့မငိုတာလဲ
ကလေးအားလုံးက မွေးဖွားချိန်(သို့) ဆရာ၀န်က လှုံ့ဆော်တာခံရတဲ့အခါ အလိုလျောက်ငိုလိမ့်မယ်လို့ သင်ယုံကြည်ကောင်း ယုံကြည်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာအပြည့်အ၀မမှန်နိုင်ပါဘူး။ သဘာ၀အလျောက်မွေးဖွားခြင်းက မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ စိတ်ဖိစီးမှုတွေကို ခံစားကြရတယ်။ ဒီမွေးဖွားမှုပုံစံကကလေးငယ်တွေကို အလိုလျောက်ငိုစေတဲ့ စိတ်ဒဏ်ရာကို ဖြစ်စေတယ်။ ၎င်းက သူ့ရဲ့အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်ပေးတယ်။
ကလေးပေါင်းများစွာက ငိုယိုခြင်းမရှိဘဲမွေးဖွားလာကြတယ်။ ဒီလိုဖြစ်ပျက်ရတာက တစ်ချို့ကလေးတွေဟာ ပိုအိပ်တတ်ကြပြီး တည်ငြိမ်အေးဆေးတတ်ကြလို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အချိန်မှာ ဆရာ၀န် (သို့) ကလေးမွေးဖွားသူက ငိုဖို့စတင်လှုံ့ဆော်ပေးပါလိမ့်မယ်။ amniotic အရည်တွေပြည့်၀ေနတဲ့ သူ့ရဲ့လေကြောင်းလိုင်းကို ချက်ချင်းရှင်းလင်းပါလိမ့်မယ်။

Cesareanပိုင်းမှ တဆင့်မွေးဖွားလာတဲ့ကလေးတွေဟာ ငိုခြင်းထက် သန်း၀ေခြင်းနှင့် ချောင်းဆိုးခြင်းကို ပိုတွယ်တာတတ်ကြပါတယ်။ ငိုတာက ကျန်းမာရေးပြဿနာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် ပုံမှန်မဟုတ်တဲ့အရာတွေကို ဖယ်ထုတ်ဖို့ ကလေးငယ်ကို အရင်စစ်ဆေးသင့်ပါတယ်။
ဘယ်လိုစစ်ဆေးမလဲ
ဒီလိုအခြေအနေမျိုးမှာ မွေးကင်းစအထူးကုဆရာ၀န်က ဒီအချက်ငါးချက်နဲ့ စမ်းသပ်အကဲဖြတ်ကြပါတယ်။ ကြွက်သားလေသံ၊ တုန့်ပြန်မှု၊ အရေပြားအရောင်၊ နုလုံးခုန်နှုန်း၊ အသက်ရှုနှုန်း စတဲ့အချက်ငါးချက်နဲ့ စမ်းသပ်ကြည့်ပါတယ်။ ရလဒ်တွေအရ ကလေးကိုအောက်စီဂျင်ပေးသင့်မပေးသင့် ဆုံးဖြတ်ပါလိမ့်မယ်။

ကလေးမငိုရတဲ့အကြောင်းရင်း
သင့်ကလေးက မငိုသေးတာ သေချာလား။ စိတ်မပူပါနဲ့ အရေးကြီးတာက သူ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးတယ်။ ဒီလိုဖြစ်ပေမယ့် မွေးကင်းစကလေးတိုင်းက မတူကြပါဘူး။ ငိုခြင်းအားဖြင့် ဖော်ပြလို့မရတဲ့ ဆာလောင်မွတ်သိပ်မှုတွေ ရှိနေတတ်ပါတယ်။
ဆရာ၀န်တွေက အရာအားလုံးကောင်းမွန်တယ်လို့ သင့်ကိုပြောပြတယ်ဆိုရင် သင့်ကလေးက ငိုဖို့သင်ယူနေတာလည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ အမူအယာများမှတစ်ဆင့် ဘယ်လိုခံစားရတယ်ဆိုတာ ဆုံးဖြတ်သင့်ပါတယ်။
ကလေးငိုနေတာမဟုတ်လို့ အဆင်ပြေနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့လိုအပ်ချက်တွေကို သိဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် သူက သူ့ရဲ့အစားအစာ၊ အိပ်စက်ချိန်၊ နောက်ပြီးအ၀တ်အစားလဲပေးခြင်းစတဲ့အရာတွေကို အချိန်မှန်လုပ်ပေးဖို့လိုပါတယ်။
မိခင်တစ်ယောက်ဟာ ကလေးရဲ့လိုအပ်ချက်တွေအားလုံးကို ဂရုစိုက်ဖို့ သင်ယူမှုဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ကလေးရဲ့ ဆက်သွယ်ပြောဆိုပုံနှင့် သင့်တင့်လျောက်ပတ်တဲ့တုန့်ပြန်မှုတွေကို အနက်ဖွင့်တတ်ဖို့ လိုအပ်ပါတယ်။

အိပ်ချင်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
အကယ်၍သင့်ကလေးက တင်းတင်းမာမာ (သို့) လက်သီးလက်များနှင့် ကြည့်နေမယ်ဆိုရင် သူရဲ့မျက်စိကို ပွတ်သပ်မယ်ဆိုရင် ဒါဟာသူအိပ်ချင်နေပါတယ်။ မကြာခဏသန်းခြင်း သို့ မျက်လုံးတွေကိုဖွင့်ထားဖို့ မတတ်နိုင်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါတွေအားလုံးက သူအိပ်ချင်ပြီလို့ ပြောပြနေတဲ့လက္ခဏာတွေဖြစ်ပါတယ်။

အနှီး ညစ်ပေနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ
ပထမဆုံးနိမိတ်လက္ခဏာကတော့ မစင်ရဲ့အနံ့ပါ။ ၎င်းက အနှီးကိုစုပ်ယူပြီးကတည်းက ကလေးက မသက်မသာနှင့် မငြိမ်မသက်ဖြစ်နေပါလိမ့်မယ်။ သူအိပ်ပျော်နေတဲ့အချိန်မှာ ရုတ်တရက်နိုးလာပါလိမ့်မယ်။ နောက်ပြီးသူ့ရဲ့ မျက်နှာမှာ တင်းမာမှုနှင့် အမျက်ဒေါသကို တွေ့မြင်ရပါလိမ့်မယ်။
Chit_May_May
Nyein_Thu
sources-Youaremom