အခက်အခဲအကျပ်အတည်းကာလအတွင်း ကလေးတွေကို ဘယ်လိုစကားပြောနှစ်သိမ့်မလဲ

0
1084
- Advertisement -

ပဋိပက္ခပြဿနာတွေဟာ ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ ၎င်းတို့က ဘေးအန္တရာယ်တွေ၊ ကိုယ်ပိုင်မိသားစုပြဿနာတွေ (သို့) ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ပြဿနာတွေကြောင့် ကမ္ဘာပေါ်ရှိမည်သည့်နေရာမှာမဆိုဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ အချိန်မှာ ကလေးတွေဟာ ကွင်းဆက်ကနေ ထွက်ခွာသွားလေ့ရှိပါတယ်။ အရာအားလုံးက သူတို့အတွက် ကြောက်စရာကောင်းရုံသာမက ရှုပ်ထွေးပြီးတော့ လူကြီးတွေတော်တော်များများကလည်း သူတို့ရဲ့မေးခွန်းတွေကို မဖြေရှင်ကြပါဘူး။ သို့ပေမယ့် ဒီလိုအချိန်ကာလအတွင်းမှာ ကလေးတွေက မိမိတို့ချစ်မြတ်နိုးရသူတွေရဲ့ အကူအညီနှင့် လမ်းညွှန်မှုကို ပိုလိုအပ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးတွေနှင့်အတူ အကျပ်အတည်းတွေနှင့် ပတ်သက်တဲ့အခက်ခဲတဲ့ စကားလုံးတွေကို မရှောင်ပါနှင့်။ အရေးပေါ်အခြေအနေကာလအတွင်း ကလေးတွေနှင့် စကားပြောဖို့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေက အကောင်းဆုံးနည်းလမ်းတွေလို့ ကျွမ်းကျင်သူတွေက ရှင်းပြကြပါတယ်။

၁။ သူတို့ကို လုံခြုံမှုတယ်လို့ ခံစားမိအောင် ပြုလုပ်ပါ

ဆိုလိုတာက ပြဿနာက ကြောက်စရာကောင်းပြီး ကလေးတွေရဲ့ သက်ရောက်မှုကြောင့် ဖိစီးမှု၊ ကြောက်ရွှံ့မှုတွေကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို သင်လုံခြုံမှုရှိအောင် ကူညီဖို့လိုပါတယ်။ ဒီ့အတွက်ကို ဘယ်လိုလုပ်နိုင်မလဲ။
(က) ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိစေမယ်

- Advertisement -

ကလေးတွေကို အကျွမ်းတဝင်ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိစေဖို့ ကူညီပေးပါ။ သူတို့ကြိုက်နှစ်သက်သော အရုပ်တွေကို ကစားခွင့်ပေးပြီး သူတို့ကြိုက်တဲ့အစားအစာတွေကို စားစေပါ။

(ခ) Limit News ထိတွေ့မှု
ကလေးစိတ်ရောဂါကု Mattew Biel ရဲ့ အဆိုအရကလေးတွေဟာ သတင်းတွေမှာ သူတို့မြင်တွေ့နေရတဲ့အရာတွေကို အလျင်အမြန်သိရှိနိုင်ပါတယ်။ သတင်းတွေက ထင်ရှားပြီးတော့ မကြာခဏစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဗွီဒီယိုနှင့် အသံတွေက အလွန်ကြောက်စရာကောင်းနိုင်ပါတယ်။ သင့်ကလေးကို ဖြစ်ပျက်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီးတော့ ဖန်သားပြင်နဲ့ ပြသခြင်းမဟုတ်ဘဲ ကလေးကို အချက်အလက်ပေးသူသာဖြစ်သင့်ပါတယ်။

(ဂ) ကလေးတွေနဲ့အတူ ရှိနေပေးပါ

ကလေးတစ်ယောက်နှင့် အချိန်ဖြုန်းခြင်းက အရာရာတိုင်းမရေရာတဲ့အခါ သူတို့ကိုလုံခြုံမှုရှိစေပါတယ်။ သူတို့ကို clingy ဖြစ်ခြင်းကို မကျေမနပ်ဖြစ်မနေပါနှင့်။

၂။ ထုတ်ဖော်ပြောဆိုခြင်းနှင့် ဆက်သွယ်ခြင်းဆိုင်ရာ အခြားနည်းလမ်းတွေကို အားပေးပါ

အချို့သောကလေးတွေဟာ သူတို့စိုးရိမ်ပူပန်မှုတွေနှင့် ခံစားချက်တွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး။ အခြားအရာတွေအားဖြင့် ဖော်ပြဖို့ သင့်အနေနဲ့ သူတို့ကိုအကူအညီတောင်းဆိုနိုင်ပါတယ်။ ဥပမာ – ပုံဆွဲခြင်း (သို့) ပန်းချီကား၊ ဇာတ်လမ်းများရေးသားခြင်း၊ ကစားစရာတွေနှင့် ပြသခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက သူတို့ကိုကူညီဖြေရှင်းနိုင်ဖို့ ကူညီပေးပြီး ကလေးငယ်တွေက အနုပညာမှတစ်ဆင့် စိတ်လှုပ်ရှားမှုကို ဖော်ပြခြင်းမှ ကောင်းကျိုးတွေရရှိနိုင်ပါတယ်။

၃။ ရိုးသားဖြောင့်မတ်ပါ

အရွယ်ရောက်သူတော်တော်များများကကလေးတွေကို ပိုမိုလေးနက်သောကိစ္စတွေနှင့် ပတ်သက်၍ အမှောင်ထဲတွင် ထားသင့်တယ်လို့ ထင်မြင်ကြပေမယ့်လည်း ဒီလိုလုပ်ခြင်းက ပိုမိုကြောက်လန့်စေနိုင်ပါတယ်။ ရှုပ်ထွေးသော အခြေအနေတွေကို ရှင်းပြဖို့ မခက်ခဲပါ။ သို့ပေမယ့် သူတို့ကိုရိုးသားနူးညံ့သိမ်မွေ့သောနည်းလမ်းဖြင့် ရိုးရှင်းသော စိတ်ကူးပေးဖို့ လိုအပ်ပါတယ်။ အကျပ်အတည်းကာအလအတွင်း ကလေးတွေကို လိမ်လည်ခြင်းက ကလေးတွေကို ကူညီရာမရောက်ပါဘူး။ နောက်တစ်ကြိမ်မှာ ဒီအကြိမ်ထက်လေးနက်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပျက်လာသည်နှင့်အမျှ သင့်ကို သူတို့ယုံကြည်တော့မှာ မဟုတ်ပါဘူး။

၄။ သူတို့စကားကို နားထောင်ပါ

မိဘအများစုက ကလေးတွေကို ၎င်းတို့စကားကိုသာ နားထောင်စေလိုကြတယ်။ သို့ပေမယ့် သူတို့စကားကို နားထောင်ခြင်း သင်အလုပ်လုပ်နေစဥ် သူတို့မကြာခဏမကိုက်ညီသော ပြောဆိုချက်တွေကို သင်ထက်ဝက်ကိုမျှ အာရုံမစိုက်နိုင်ပါဘူး။ ကလေးတစ်ဦးရဲ့ စကားကို နားထောင်ခြင်းက သူတို့ကိုလက်ခံဖို့နှင့် အခက်အခဲတွေကို ဖြေရှင်းဖို့ ကူညီနိုင်တယ်လို့ အမေရိကန်ကလေးအထူးကုဆရာဝန် Kennet R.Ginsburgက ပြောကြားခဲ့ပါတယ်။ မိဘတွေအနေနဲ့ ၎င်းတို့ကလေး နားလည်သောအရာနှင့် သတင်းအချက်အလက်တွေကို စုဆောင်းဖို့နည်းလမ်းတစ်ခုအနေနဲ့ အကျပ်အတည်းတစ်ခုမှာ ပိုအရေးကြီးပါတယ်။ ကလေးနဲ့အတူ စိတ်ဝေဒနာခံစားမှုတွေကို အတူတကွခံစားကြည့်ပါ။ သူတို့က သင့်ကိုစကားပြောချင်တဲ့အချိန်မှာ သင့်အာရုံကို အပြည့်အဝပေးပါ။

၅။ သူတို့ဘယ်လိုအကျိုးသက်ရောက်နိုင်မယ်ဆိုတာ သေချာအောင်လုပ်ပါ

ကလေးတွေဟာ ကိုယ့်ကိုယ်ကို ဗဟိုထားတတ်သူတွေဖြစ်နိုင်ပါတယ်။ မကြာခဏမိမိတို့အမှားတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ကမ္ဘာကြီးဟာ သူတို့အသက်အရွယ်မှာ အရမ်းသေးငယ်ပါတယ်။ ဆိုလိုတာကကလေးတွေဟာ ပြဿနာက သူတို့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ တွေးမိနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးက ၎င်းက ၎င်းတို့ကို ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာ သေချာအောင် လုပ်ပါ။

၆။ ဝီရိယရှိခြင်းနှင့် ကြောက်ရွှံ့ခြင်းတွေကို ပိုမိုနားလည်ဖို့

ကလေးသူငယ်များစွာက ပြဿနာတွေကို ပိုမိုဆိုးရွားလာစေပြီး ၎င်းတို့ရဲ့စိုးရိမ်မှုတွေ၊ သူတို့မှောင်မိုက်နေတဲ့ ကြောက်လန့်ခြင်း၊ သူတို့က ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ အိပ်စက်ခြင်းနှင့် အခြားရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလို ပိုဆိုးလာတဲ့ စိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားပါ။ ပြီးတော့ သင့်ကလေးအတွက် သူတို့ကိုမလေးမစားမဆူပါနှင့်။ သူတို့ကို ချစ်ခြင်း၊ ချစ်ခြင်တွယ်တာခြင်းနှင့် နူးညံ့သိမ်မွေ့သော စကားများဖြင့်သာ စိတ်ချစေခြင်းဖြင့် သူတို့ကို လုံခြုံမှုရှိစေဖို့ ကူညီပါ။

၇။ အသက်အရွယ်အလိုက် သင့်လျော်တဲ့ ထိန်းသိမ်းမှုပြုလုပ်ပါ

ကလေးငယ်တွေအတွက် အကျပ်အတည်းကို ရှင်းပြတဲ့အခါ ရိုးသားမှုရဲ့ အရေးကြီးမှုကို အထက်မှာ ပြောခဲ့ပါတယ်။ သို့ပေမယ့် အသက်အရွယ်သင့်လျော်မှုကို မမေ့ပါနှင့်။ ဒေါက်တာ ချင်းဝီလျံက သဘာဝဘေးန္တရာယ်နှင့် ပတ်သက်ပြီးတော့ အချက်အလက်အားလုံးကို မျှဝေဖို့ မလိုပါဘူးတဲ့။ သင့်မှာ အသက်အရွယ်အမျိုးမျိုးရှိသော ကလေးများစွာရှိမယ်ဆိုရင် သင်က ၅နှစ်အရွယ် ကလေးငယ်နှင့် ဆယ်ကျော်သက်အရွယ်ကလေးကို သင်ပြောကောင်းပြောပါလိမ့်မယ်။ သင့်ကလေးတွေကို ရှုပ်ထွေးစေခြင်း (သို့) ထိတ်လန့်အားဖြင့် စိတ်ဒဏ်ရာကို ပိုမိုဆိုးရွားလာအောင်မလုပ်ပါနှင့်။

၈။ Role Model ထားပါ

ဆိုလိုတာက ကလေးတွေဟာ အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းတတ်ပြီး ပြဿနာရဲ့ ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ တစ်ခြားသူတွေဆီက သင်ယူနိုင်တဲ့အရာတွေကို အတုယူတတ်ကြတယ်။ ဒါဆို သင်ကိုယ်တိုင် အကောင်းဆုံး စံပြဖြစ်ချင်တယ်ဆိုရင် ဒီအချက်တွေကို လိုက်နာပါ။

(က) အကြီးအကျယ်စကားများ ရန်ဖြစ်တဲ့အခါ

အခြားအခန်းကို သွားပါ။ တံခါးကို သွားပါ။ အထူးသဖြင့် သင်အလွန်အကျွံစိတ်လှုပ်ရှားခံစားနေရတယ်ဆိုရင် သင်ဆွေးနွေးဖို့လိုအပ်တဲ့အခါ အခြားအခန်းမှာ ကြိတ်ဆွေးနွေးပါ။

(ခ) အပြုသဘောဖြေရှင်းနိုင်တဲ့ စွမ်းရည်

ကလေးတွေဟာ မွေးကင်းစကလေးတွေလိုပါပဲ အတုအပကတစ်ဆင့် သင်ယူကြပါတယ်။ ဒါ့ကြောင့် သင်က အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်းတွေကို ပုံစံချမယ်ဆိုရင် သင့်ကလေးကို ထိုနည်းအတိုင်း လိုက်နာဖို့အလားအလာရှိပါတယ်။ အပြန်အလှန်အားဖြင့် သင်မကောင်းတဲ့ ဖြေရှင်းနိုင်တဲ့ကျွမ်းကျင်မှုကို ပေါ်ပေါ်ထင်ထင်ပြလျှင်လည်း ကူးယူပါလိမ့်မယ်။ ဒါ့ကြောင့် ခက်ခဲကျပ်တည်းတဲ့အခြေအနေမှာ သင်ဘယ်လိုပိုကောင်းအောင် ပြုလုပ်တယ်ဆိုတာ သူတို့ကိုပြပါ။ သင်ဘယ်လိုခံစားရလဲဆိုတာ မျှဝေပါ။ အချိန်တိုင်းမှာ အတွေ့အကြုံကနေ သင်ယူတတ်ပါစေ။

(ဂ) သူတို့ကို အပြုသဘောတစ်ခုခုပြုလုပ်ပါ

သင့်ကလေးရဲ့ စွမ်းအင်နှင့် ခံစားချက်တွေကို အကျိုးဖြစ်ထွန်းစေတဲ့အရာသို့ ညွှန်ကြားပါ။ သူတို့ဟာ ချစ်ရသူတွေအတွက် ကဒ်ပြားတွေရေးသားနိုင်ခြင်း၊ စေတနာ့ဝန်ထမ်း (သို့) ပရဟိတလုပ်ငန်းတွေမှာ ပါဝင်နိုင်ခြင်း (သို့) တစ်ယောက်ယောက်အတွက် ကောင်းတဲ့အရာတစ်ခုခုပြုလုပ်ဖို့ လမ်းညွှန်နိုင်ပါတယ်။

(၉) သင့်ကလေးကို သိပါ

တစ်ခုခုမှားနေတဲ့ အချိန်ကို သိဖို့သင့်ကလေးကို ကောင်းစွာ သိကျွမ်းပါ။ သင့်ကလေးရဲ့ ပုံမှန်အပြုအမူနှင့် ပုံမှန်မဟုတ်တဲ့စိတ်ဒဏ်ရာ တုံပြန်မှုတွေကို သင်မျှော်လင့်သင့်ပါတယ်။ ကလေးတိုင်းက စိတ်ဒဏ်ရာကို အခြားနည်းလမ်းဖြင့် တုံ့ပြန်နိုင်သည်ဟု လက်တွေ့စိတ်ပညာရှင် Carol Dekk’Oliverက ပြောခဲ့ပါတယ်။ သင့်ကို စောင့်ကြည့်ပြီး သူတို့ဘယ်လိုပြုမူတယ်ဆိုတာ သတိပြုပါ။ အခုဖော်ပြပေးမယ့်နယ်ပယ်တွေ အပြောင်းအလဲဖြစ်တယ်ဆိုရင် (အစာစားချင်စိတ်၊ လူမှုရေး၊ ကစားခြင်း၊ အိပ်ခြင်း၊ လေ့လာခြင်း၊ နှစ်သိမ့်မှုရှာခြင်း၊ အထွေထွေအပြုအမူ)စတဲ့ အရာတွေကို tabsများ ထားရှိပြီး ၎င်းတို့ကို စောင့်ကြည့်ခြင်းက ၎င်းတို့ကောင်းမွန်စွာပြန်လည်ထူထောင်ခြင်းရှိ၊ မရှိ ရှာဖွေနိုင်ပါလိမ့်မယ်။

Chit_May_May

Nyein_Thu

ref-Pop

LEAVE A REPLY

Please enter your comment!
Please enter your name here