အချင်းချင်း ငြင်းခုံရန်ဖြစ်နေတတ်တဲ့ ကလေးတွေကို ဘယ်လိုထိန်းမလဲ?

0
990
- Advertisement -

ကလေးတစ်ယောက်တည်းမွေးထားရင် ပြဿနာမရှိပေမယ့် ကလေး ၂ယောက် ၃ယောက် မွေးထားတဲ့မိဘတွေအတွက်တော့ သူတို့အချင်းချင်းရန်ဖြစ်နပမ်းလုံးတိုင်းကစားတတ်တဲ့ ကလေးတွေကြောင့်တော့ မိဘတွေစိတ်ညစ်ရပါတယ်။ အော်ရငေါက်ရ ခြိမ်းရခြောက်ရ တစ်ယောက်ငို တစ်ယောက်ကစ အဲ့ဒီလိုတွေဖြစ်တတ်ပါတယ်။ ဒီတော့ အဲ့ဒီလို ဆော့တတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာလေး ပြောပြချင်ပါတယ်။

သူတို့အလုပ်သူတို့လုပ်ပါစေ

ကလေးတွေ ငြင်းခုံစကားများနေတာက သဘာဝပါ။ သူတို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အနိုင်ကျင့်ခြင်း ဒါမှမဟုတ် နာကျင်အောင်မလုပ်မချင်း သူတို့ကို ဒေါသမထွက်ပြပဲရှောင်နေပေးပါ။ သူတို့ကဒီက တစ်ဆင့် နားလည်မှု သည်းခံမှု အလျော့ပေးမှုတွေသင်ယူလာနိုင်ပါတယ်။ သူတို့ကလေးသဘာဝအလုပ်သူတို့လုပ်ပါစေ

- Advertisement -

သင်ဝင်ပါပါ

ကလေးတွေက သူတို့ခံစားမှုကို မထိန်းချုပ်နိုင်ရင်ဖြစ်ဖြစ် ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း ငြင်းခုံနေရင်းကအကြမ်းဖက်ထချတာမျိုးတွေ နပမ်းလုံးတာမျိုးတွေ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာမျိုးတွေဖြစ်လာရင် သင်ဝင်ပါဖို့ အချိန်ရောက်ပါပြီ။ သူတို့ ရန်ဖြစ်ရတဲ့ အကြောင်းရင်းကိုမေးပါ။ ဒါပေမယ့်ဆုံးဖြတ်ချက်တော့မချလိုက်ပါနဲ့။

ရန်ဖြစ်တာကိုဆုံးဖြတ်ချက်ချတာကို ရှောင်ပါ

သင်က တကယ်လို့ အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို မမြင်ပဲ ခန့်မှန်းဖို့ဘယ်တော့မှ မကြိုးစားပါနဲ့။ အဖေနဲ့အမေရှိနေတဲ့အချိန်တွေမှာ ကုတ်နေတဲ့ ကလေးတွေတောင် မသိမသာလေး တိုက်ပွဲဆင်ဖို့လုပ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုရန်ဖြစ်လာခဲ့ရင် ဘယ်သူက ရန်စတယ် ဘယ်သူအမှားပိုတယ်ဆိုတာမျိုးကိုဆုံးဖြတ်ချက်ချလိုက်တာက ကလေးတွေကို စိတ်ပျက်စရာတွေနဲ့ မကျေနပ်မှုတွေကို ပိုဖြစ်စေလိမ့်မယ်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

သူတို့ကိုခွဲထုတိပါ

သူတို့ကိုခွဲထုတ်လိုက်ပြီး သီးခြားစီထားပါ။ ဒီလိုရန်ဖြစ်တယ် စကားနိုင်လုတယ်ဆိုတာ ဖြစ်နိုင်ချေရှိတာက သူတို့အချိန်တွေများလွန်းနေလို့ သင့်ဆီက အထူးအာရုံစူးစိုက်မှုကို ရချင်လို့လည်းဖြစ်နိုင်ပါတယ်။ သူတို့က သင့်စိတ်ဝင်စားမှုကိုလိုချင်တာမျိုးပေါ့။

သူတို့ကိုရန်လိုတတ်အောင် ဆု မချမိပါစေနဲ့

ဆိုလိုတာက ဘယ်သူမှားတယ် ဘယ်သူက ဘယ်လိုဆိုတာ သူတို့ကို မကျေနပ်စိတ်တွေ မနာလိုမှုတွေ စိတ်အားငယ်မှုတွေဖြစ်စေတတ်လို့ ဘယ်သူမှားတယ် မှန်တယ်ဆုံးဖြတ်မပေးပါနဲလို့ဆိုလိုတာပါ။ တခါတရံ ကလေးတွေက သူတို့ အကိုတွေ အမတွေက သူတို့ကို အာရုံစိုက်ဖို့ ကြိုးစားနေတာမျိုးပါ။

မကောင်းတဲ့အပြုအမူဖြစ်ပေမယ့် သူတို့စိတ်ထဲ ဘာအရောင်မှရှိနေတာမှမဟုတ်တာ။ ဒါကြောင့် အကောင်းဆုံး ပြဿနာဖြေရှင်းနည်းက အေးအေးဆေးဆေး ကလေးတွေနဲ့စကားပြောပါ။ ကလေးတွေနဲ့ သင်ကစကားပြောနေရင်းနဲ့မှ သူတို့ဖြစ်ပျက်နေတာတွေနဲ့ပက်သက်ပြီး သူတို့ကိုသူတို့ ဘယ်သူကဘာကြောင့်မှားမှန်းသိအောင် သဲလွန်စပေးနိုင်ပါတယ်။ ဒါက အမျှော်အမြင်ရှိတဲ့ မိဘအုပ်ထိန်းနည်းတစ်မျိုးပါပဲ။ ဒါက အရမ်းငယ်တဲ့ ကလေးတွေအတွက်နော်။

#Chit_May-May

#Mf_Htet

REF>QLPHA MOM

LEAVE A REPLY

Please enter your comment!
Please enter your name here